အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, January 9, 2012

'အမေများနေ့'အမှတ်တရ

                                              မွေးမေမေရဲ့ အလှူတခု
                                                မွေးမေမေ ရဲ့ ပီတိတစုံ
                                                 မွေးမေမေ နဲ့ ရပ်ရွာဘုရားမှာ
                       မွေးမေမေရဲ့ ဥပုသ်နေ့ သီလခံယူပြီး ရပ်ရွာဘုရားနှင့်အတူ
                                 မွေးမေမေ ရဲ့ ခြေရာလေးပါ(၂၀၀၇)ခုနှစ်က
 ပြာသိုလ်လပြည့်နေ့ အမေများနေ့ပေါ့ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းလှတဲ့ဆောင်းရာသီ ပေါ့ အမေ ကို သတိရတမ်းတစိတ်တို့သည် ရင်ထဲမှာ ပြောမပြတတ်လောက်အောင်ဖြစ်တည်လို့နေခဲ့တယ်ပေါ့.။မိမိငယ်စဉ်ကအကြောင်းပြန်ပြောင်းတွေးမိနေခဲ့တယ် အပြင်မှာလဲ ဆောင်းမိုဃ်းလေးတွေကတဖွဲဖွဲ မိမိအမေကိုအမှတ်ရ လွမ်းလွန်းလို့ .အဆိုတော် ဒေါ်မာမာအေးရဲ့ သီချင်းလေးကို အလိုလိုဖွင့်နေမိဆဲပါ.( အရွယ်မတိုင်မီ…မိဘနှစ်ပါး…ပိုးမွေးသလို.မွေးရပါသည်…။အနန္တဂုဏ်ရည် …..ပျိုကြည်အောင် ကျေးဇူးတွေတင်သည်….။ဖ၀ါး လက်နှစ်လုံး ပုခုန်း လက်နှစ်ဘက် လူဖြစ်အောင်လဲ ကျွေးမွေးရသည်…။လူလားမြောက်တဲ့အချိန်မှာအတည်…..) ဆိုတဲ့သီချင်းလေးမှလည်းမိဘရဲ့ကျေးဇူးတွေဖေါ်ညွှန်းပြနေသလို မိမိမှာလည်း လွမ်းစိတ်ကို တိုးလို့လွမ်းနေလျှက်..။ခပ်ဝေးဝေးမှလည်း ဥသြဆွဲသံကြောင့် ကွေးနေရာမှထကာ အမေ့အကြောင်းအမှတ်တရလေး POST တခုအဖြစ်ရေးမယ်ဆိုပြီး။
 အမေအိုမျှော်လေရော့မလား…။
မိမိသည်လည်း မပြီးဆုံးသေးတဲ့ပန်းချီကားတချပ်ကိုချယ်မုန်းနေရင်း အတိတ်က ငယ်စဉ်ဘ၀ကိုပြန်လည်တွေးနေရင်း မျက်လုံးအိမ်မှလည်းမျက်ရည်ဥတို့သည် ၀ဲလို့ ဒီလိုဆောင်းရာသီမှာ အိမ်ရဲ့ နောက်ဖေးတနေရာမှာ မီးဖိုပြီး မိသားစုစုံစုံလင်လင် မီးဖိုဘေးထိုင်ကာ အမေရဲ့ရင်ခွင်အနီးနားမှာ တီတီတာတာချွဲလို့ ပြောင်းဘူးတွေဖုတ် ထန်းသီးမြစ်တွေ ဖုတ်ပြီး အမေရဲ့ ကြီးမားလှတဲ့မေတ္တာရိပ်အောက်မှာ သားသမီးတွေ တစုတဝေးအပြုံးကိုယ်စီနဲ့ ဝေတူဝေမျှ ဘယ်သားသမီးအပေါ်မှငြိုငြင်မှုမရှိပဲ တန်းတူညီမျှ ကျွေးမွေးခဲ့ပုံကိုပြန်လည်အောက်မေ့ရင်း ခုလို ဆောင်းရာသီမှာ အမေနားမှာ ငါမရှိ ငါဘေးမှာလဲ မည်သူမှမရှိ ငါတယောက်ထည်း ခုတော့လဲ အမေရယ် သားဘေးနားမှာ အမေသာရှိနေခဲ့ရင်ပေါ့ သားလေ အနွေးဓါတ်တွေ အမေပေးမှာပဲနော်ဆိုပြီး အမေ့သား မျက်ရည်ကျမိခဲ့ရပါတယ် အမေ ရယ်..။မှတ်မှတ်ရရပေါ့.။အမေ့သားတောကိုစွန့်ခွာ မြို့ကိုပညာရှာစထွက်တဲ့နေ့က အမေရဲ့ မှာတမ်းစကားလေးနဲ့ အဖေရဲ့ မှာတမ်းလေးပေါ့ အဲဒိအချိန်မှာ အဖေတယောက် ကျမ္မာရေးချို့ယွင်းနေတယ်ဆိုတာလဲသိနေမိပါလျှက်နဲ့ ပညာရှာထွက်လာခဲ့တော့ အမေကပြောတယ်လေ သားအဖေလဲကျမ္မာရေးကောင်းတာမဟုတ်ဘူး တဲံ့ အမေရဲ့ပြောစကားပေါ့အဖေရဲ့ပြောစကားကတော့ သွားပါစေ တဲ့လေ။သားပညာသင်ခြင်တာကိုမတားရက်ပေမဲ့ လဲ မိဘမေတ္တာဟာ သားသမီးတိုင်းအပေါ်မှာ အောက်ကျနောက်ကျမဖြစ်စေခြင်တာမိဘတိုင်းရဲ့ စေတနာမေတ္တာတွေပါ.။ ဒီလိုအဝေးဆုံးတနေရာ မိုင်ပေါင်းကုဋေကုဋာဝေးကွာနေတဲ့နေရာတနေရာမှာ ခုတော့ တယောက်ထည်း အမေသာအနားမှာရှိနေရင်ဆိုတဲ့ မဖြစ်နိုင်တဲ့အတွေးလေးတခုရင်တွင်းဖြစ်တည်ခဲ့တယ်ပေါ့အမေ ..။ခုတော့ အဖေတယောက်ကတော့ သားနဲ့ခွဲခွာခဲ့တာ အနှစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီအမေ.။
အမေတခုသားတခု မဟုတ်သော်ငြားလည်း အမေ ကိုတမ်းတမိခဲ့ရင် အမေရဲ့ကိုယ်ပွားအမေရဲ့ ဓါတ်ပုံ အမေ့အကြောင်းလေးတွေ အမြဲတွေးနေမိပါတယ်အမေ.။ငယ်စဉ်အကြောင်းပြန်တွေးမိလေတိုင်း အမေရဲ့ ပုံရိပ်လွှာလေးတွေရင်ထဲမှာ မြင်တွေ့နေမိတယ်လေ ။သိတတ်တဲ့အရွယ်ကစပြီး အမေ့အကြောင်းတွေးတွေးနေမိတယ်လေ.။အမေ က ဘုရားသွား ကျောင်းသွားဥပုသ်သီတင်းဆောက်တည်တဲ့အချိန်ခါတိုင်းမှာ သားလက်ကိုဆွဲပြီး ဘုရားသွားကျောင်းသွားတဲ့ပုံရိပ်တွေဟာ မမေ့နိုင်တဲ့အတိတ်ကအရိပ်လေးတွေပါ အမေ.။အမေ ဥပုသ်စောင့်တဲ့နေ့များမှာညနေရောက်တိုင်းထမင်းစားခေါ်လိုက်တဲ့အခါ
မှာ အမေ ဥပုသ်စောင့်ထားတယ်သားရဲ့ ဆိုပြီးမသိနားမလည်တာတွေအမေပြောပြမိတယ်လေ။ဥပုသ်စောင့်တဲ့အမေတို့ဟာ ညနေစာ မစားရဘူးလေ သားရဲ့ ဆိုပြီးပြောပြတာလေးတွေ အခုချိန်ထိ အဖိတ်နေ့.ဥပုသ်နေ့တွေမှာ ဥပုသ်စောင့်မြဲသော အမေဆိုတာ သားသိနေပါတယ်.။သားရောက်လို့ ဥပုသ်နေ့တွေမှာအမေဟာ ဆွမ်းဆန်တော်နှင့် အချိုပွဲလေးတွေပုဂံထဲထည့်ကာ ယောဂီရောင်ထမီနဲ့ အင်္ကျီအဖြူရောင်ဝတ်ကာ ဥပုသ်စောင့်လာတတ်တဲ့အမေကိုမြင်တွေ့မိပြန်တော့ .ခု အမေ အသက်(၈၀)ကျော်နေပြီလေ။ ခု လူတွေရဲ့သက်တမ်းတွေဟာ နာရေးသတင်းစာမှာကြည့်မိတယ်လေ.၇၀ ကျော်တွေ နာရေးသတင်းစာမှာတွေ့နေရတယ် ။ခုအမေ အသက်(၈၀)ကျော်နေတာတွေဟာ ဥပုသ်
စောင့်ခြင်းရဲ့အကျိုးတွေပါဆိုရင်အမေ ယုံနေမှာလား ။ဥပုသ်စောင့်မြဲသောအမေ အမြဲဖြစ်ပါစေ။အမေအိုနေပေမဲ့ အမေရဲ့ မညီညာသောသွားတွေ ပါးရေတွေတွန့်ပြီး အိုဇာနေတဲ့အမေ ဟာ အိုနေပေမဲ့ ပျိုနေဆဲပါ အမေ လို့ သားထင်နေမိတယ်အမေ ရေ.။
သားတယောက်(M.A)ဘွဲ့ ရယူပြီးအမေအိမ်သို့ အပြန်မှာ အမေ က သားရယ် မသွားပါတော့နဲ့လား…?တဲ့..။အဲဒီနှစ်မှာ သားရဲ့ ရင်တွင်းအပူမီးတွေကလဲ ဖြစ်နေမိတယ်လေ.။သားရဲ့ ရဟန်းခံသိက္ခာထပ်ပေးသော အကို့ရဲ့ ဇနီး မရီးတယောက်ကလဲ ကျမ္မာရေးအတော်ချို့ယွင်းလို့ သေနေ့ကိုသာလက်ချိုးရေတွက်နေရတဲ့အချိန်မှာ။အမေရဲ့ မသွားစေလိုသောဆန္ဒတွေ
ကလဲ ရှိနေတယ်လေ။မကြာလိုက်ပါဘူး သေခြင်းတရားနဲ့ရင်ဆိုင်လို့ သွားခဲ့ရတယ်အမေ..။ဟို အဝေးတနေရာက ရဟန်းအမတွေ မိသားစုကလဲ နာဂစ်မုန်တိုင်းရဲ့ ဒဏ်ကြောင့် မိသားစုလိုက်သေကြေလို့ တရွာလုံးနီးပါးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းတွေကြောင့် ရင်ထဲမှာတမျိုးဖြစ်နေ
ချိန်မှာ အမေရဲ့ လူဆိုတာသေမျိုးချည်းပါ အမေ လဲတနေ့သေရမှာပဲလေ တဲ့.။အဲဒီတုန်း
က အမေရဲ့ စကားတွေက အော်..အမေ ရယ်ဆိုပြီး အမေရဲ့ သေဘို့မကြောက်ဘူးဆိုတာ အမေ သက်သေပြနေတာပဲ သေဘို့အင်အားတွေအမေ့မှာ
ရှိနေပြီဆိုတာ နားလည်သဘောပေါက်မိတော့ အမေ  က သေခြင်းတရားကို ရင်ဆိုင်ဘို့ရာ အမေ့ မှာ လက်နက်တွေပြည့်နေပြီဆိုတာ နားလည်သဘောပေါက်ခဲ့မိတော့ အမေ အတွက် အားရှိစေခဲ့ပါတယ်အမေ.။
 ဒီလိုနဲ့ နေ့ကိုလစားပြီး မမျှော်လင့်ပဲ PH.D ကျောင်းသားတယောက်ဖြစ်ဘို့ အမိတက္ကသိုလ်မှ သူငယ်ချင်းတွေမှ အီးမေးကတဖုံ ဖုန်းနဲ့တသွယ် ဆက်သွယ်လာပြန်တော့ အမေ တားခဲ့သော်လည်း မပြီးဆုံးသေးတဲ့ ပန်းတိုင်တခုအတွက် ခရီးထွက်ရပေဦးမည် ဆိုတော့ အမေ ရဲ့ ကရုဏာတွေက သားအတွက် ပညာသင်စရိတ်ဆိုပြီး အမေရဲ့ လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေတကွက် ကိုပေါင်နှံပြီး ပညာသင်စရိတ်အဖြစ်လှူဒါန်းလိုက်တော့ သားလေ မျက်ရည်ဥတို့သည်ဖြေမဆည်နိုင်ခဲ့.။သားနိုင်ငံရပ်ခြားတိုင်းတပါးမှာ လိုအပ်မှာပေါ့တဲ့..
ပြီးတော့ ဆွမ်းခံဘုဉ်းပေးလို့တောင်မရတဲ့ သားတို့( မဇ္ဈိမဒေသ)အိန္ဒိယနိုင်ငံက ထေရ၀ါဒ ဗုဒ္ဒဘာသာလဲမဟုတ်ကြတော့ဘူးလေ.။ကိုယ်စာကိုတတ် ကိုယ်စားဘို့ကို ကိုယ်တိုင်ဖန်တီးပြီးပညာသင်နေရတဲ့အချိန်မှာ သားအတွက် လိုအပ်လာမှာပါ တဲ့ မှတ်ချက်.ခုအချိန်မှာ ၄င်းမြေကွက်သည် သိန်း၃၀ တန်ပြီ ဟူသတတ်။ တောရွာဓလေ့ဟူသည်မှာ.ဗိုက်နာမှန်းသိရင်နှိမ်တတ်စမြဲ။ အမေ တယောက် သားအတွက် မြေကွက်ကို သွားပြီးအမကြီးနဲ့ သွားပေါင်နှံသတတ်။ မနက်မိုဃ်းလင်းမှ သိရတဲ့ သားဟာ ဘာတတ်နိုင်တော့မှာလဲ ဆိုပြီး တ၀က်သာယူလာခဲ့ပြီးအမေအတွက်ဆေးဝါးခအဖြစ် ပြန်လည်လှူဒါန်းခဲ့တော့၏။
အမေအို မျှော်လေရော့မလား ဆိုတဲ့အတွေးတစုံ..
 အချိန်ရာသီတို့သည် နေ့မှသည် လ။ လ မှသည်နှစ်သို့..ရာသီဥတုတို့သည် တရွေ့ရွေ့ကုန်လာတာနဲ့အမျှ အမေတယောက် မျှော်နေရှာတော့မည်။ဒီနှစ်ရပ်ရွာဘုရားပွဲအမှီ အမေရှိတဲ့ မြန်မာပြည် အညာဒေသတနေရာလေးကို ပြန်လာခဲ့မယ်လို့ကတိတွေပေးလာခဲ့သော်လည်း မပြီးဆုံးသေးတဲ့ ခရီးကို လျှောက်လှမ်းနေရင်းမို့ ခွင့်လွှတ်နားလည်ပေးနိုင်မည်ဆိုတာ အမေ သည် သားသမီးတွေအတွက် ထာဝရ ခွင့်လွှတ်နေမည်ဆိုတာ သိနေခဲ့ပါသည်.။သို့သော် မိမိမှာလည်း အမှန်တကယ် မပြီးဆုံးသေးတဲ့ ပန်းချီကားတချက်ကို ချယ်မုန်းနေရင်းနဲ့ အမေ ကိုသတိရနေပါတယ် အမေ ကို အောက်မေ့နေပါတယ်ဆိုတာ အမေ များနေ့ အမှတ်တရ အဖြစ် ….အပြင်မှာလည်း ဆောင်းလေလေးသည် တဖြူးဖြူးနဲ့ ..ဆောင်းနှင်းမိုဃ်းလေးကလဲ တဖွဲဖွဲ မို့ အအေးဓါတ်သည်လည်း ခိုက်ခိုက်တုန်မျှ အေးချမ်းလှတဲ့ ဆောင်းရာသီချန်မှာ ငယ်စဉ်က အမေ ရင်ခွင်ကိုခုံလှုံခွင့်ရခဲ့သလို..ခုလိုအချိန်မျိုးမှာတော့..အမေ ကျမ္မာပါစေ.။အမေ တယောက် ကိုယ်စိတ်နှစ်ပါးကျမ္မာချမ်းသာစွာဖြင့်..သားသမီးတွေရဲ့အပေါ်မှာ ချစ်ခြင်း မေတ္တာ ကရုဏာတွေနဲ့..အတူ ဆိုပြီး…..အဝေးတနေရာကနေ အမေ့ရဲ့အကြောင်း အမေရဲ့ ပုံ၇ိပ်တွေရဲ့အကြားမှာ... “အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်း သာသော၊ မေတ္တာနှင့် ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” ဟု ပြောခဲ့သည်။ “အမေ… အမေ… အမေ…ငါတို့ အားလုံးရဲ့ အမေ..."ပါလားဆိုပြီး………

No comments:

Post a Comment