အချိန်ကား ဆောင်းတွင်းပိုင်းကာလ
သို့သော် မိုဃ်းကားသဲသဲမဲရွာနေတော့၏။ဒီနေ့ အခဏ်းနားကပ်လျှက်နေသော သူငယ်ချင်း အရှင်ကုဏ္ဍလ သူရဲ့ ဒကာ ဒကာမ ၏သမီးငယ် မဇင်မိုးခိုင်(ကနေဒါနိုင်ငံ-အိုတာဝါမြို့)မှ(၄)နှစ်ပြည့်မွေးနေ့အတွက်
ဗာရာဏသီမြို့ရှိ တက္ကသိုလ်အသီးသီးတွင်အဆင့်မြင့်ပညာများကို သင်ကြားနေကြသော မြန်မာ ရဟန်းတော်
အပါး (၄၀)ကျော်အား နေ့ဆွမ်းဆက်ကပ်သော နှစ်သစ်ဦးရဲ့ ဒုတိယရက်မှာ ကုသိုလ်လေးတခု ပြုလုပ်ခဲ့တဲ့နေ့လေးတနေ့ပေါ့.။
တနည်းအားဖြင့် မြန်မာရဟန်းတော်များစုံစုံညီညီတွေ့ဆုံခွင့်ပေးခြင်းဟု ပြောခဲ့သော်လည်းမမှားခဲ့ချေ။ဗာရာဏသီမြို့မှာ
မြန်မာရဟန်းတော်များတတ်ရောက်သင်ကြားနေသောတက္ကသိုလ်မှာ ၂ ခု ဖြစ်၏။Sanskrit တက္ကသိုလ်
နှင့် B.H.U တက္ကသိုလ် ဖြစ်ပါတယ်။ ကိုယ့်စာကိုယ်တတ် တွေ့ဆုံမဲ့ရက်ဆိုတာ မရှိသလောက်ပေါ့.။သို့သော်
နှစ်သစ်မင်္ဂလာရက်မြတ်ဒုတိယရက်မှာတော့ ကနေဒါနိုင်ငံမှ သမီးငယ်လေးမဇင်မိုးခိုင် မှ အိန္ဒိယနိုင်ငံ
ဗာရာဏသီမြို့ရှိသံဃာတော်အပါး (၄၀)ကျော်အား ကာ အလှူတခုနဲ့
တွေ့ဆုံခွင့်ပေးခဲ့သည်။ မနေ့ညမှာလည်း နေရာဋ္ဌာန အသီးသီးသို့
ဖုန်းဖြင့် ဗာရာဏသီမြို့ ဆေးဝင်္ကဘာမြန်မာကျောင်းမှာ နေ့ဆွမ်းဘုဉ်းပေးရန် ဖုန်းနဲ့တမျိုး
လူကိုယ်တိုင်တသွယ် မမောနိုင်မပန်းနိုင် ပင့်နေသည်မှာ မိမိကြားနေမိသည်။ အင်း…ခက်တော့အခက်သား
မိုဃ်းတွေကရွာနေသည် သံဃာတော်တွေလာမှလာပါ့မလားဆိုပြီး မိမိမှလည်း ကြားမှနေ၍ တွေးပူနေမိ၏။
မနက်မိုးလင်းသော် မိုဃ်းကားမရွာချေ.သို့သော်ထုံးစံအတိုင်း
မိုးကားအုပ်ဆိုင်းလျှက်
လွန်ခဲ့သည့်တပတ်လောက်ကဆိုလျှင် နေရောင်မတွေ့ရတဲ့ရက်တို့သည်လည်းရှိခဲ့၏။
ကနေဒါနိုင်ငံ မှသမီးငယ်ရဲ့
စေတနာအမှန်ကြောင့်ပြောရမည်လော။မမြင်ဘူးပေမဲ့
ချစ်စရာတော့ကောင်းမည်ဟု တွေးထင်မိ၏။
မောင်ကုဏ္ဍလ ဖုန်းဆက်သောအချိန်တခါတရံ ဘေးမှနေ၍ ကြားမိ၏။ ၄ နှစ်သားရဲ့အပြောအဆိုသည် ယဉ်ကျေး၏။ချစ်စဖွယ်တီတီတာတာပြောသံကြားရ၏။တခါတရံလူကြီးစကားဆန်သောစကားလည်းကြားမိ၏။
သမီးငယ်ရဲ့စေတနာကြောင့် သံဃာတော်များသည် တက္ကစီကားလေးတွေ ကိုယ်စီငှားကာ ဆေးဝင်္ကဘာမြန်မာကျောင်းဆီသို့
ကြွလာခဲ့ကြ၏။ မတွေ့ဆုံရတာကြာပြီဖြစ်သော မြန်မာအခြင်းခြင်းတို့မှာလည်း ပြုံးပျော်ရွှင်သောမျက်နှာကိုယ်စီဖြင့်
တွေ့ကြဆုံကြ၏။မိမိလည်း ဘေးဘီတနေရာမှနေ၍ ပီတိသောမနဿလေးတွေဖြစ်ပြီးကနေဒါနိုင်ငံမှ သမီးငယ်
မဇင်မိုးခိုင် ရဲ့ မွေးနေ့မှာ ခုလို ကြွရောက်ကြမည်ဟု မထင်ခဲ့ပါ ။အကြောင်းကား တက္ကသိုလ်မှာအသီးသီးကျောင်းတွေတတ်ရသည်
ကျောင်းစာတွေလေ့လာနေရသည်။
သို့သော် သံဃာတွေကား ကြွလာခဲ့ကြ၏။
အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုကား ဆောင်းတွင်းကာလမှာ အရိုးထိအောင်အေးတတ်၏။နွေရာသီမှာ အိမ်ထဲမှမထွက်ခြင်လောက်အောင်ပူပြင်းလှ၏။တချို့တလေ
အပူဒဏ်ကြောင့် မျက်နှာတွေမှာသော်၎င်း လည်ပင်းတွေမှာသော်၎င်း အနာတွေဖြစ်တတ်ရတတ်၏။ ခုလိုဆောင်းရာသီမှာ
အေးလွန်း၍ အနွေးအင်္ကျီဖြင့်နေရ၏။သမီးငယ် မဇင်မိုးခိုင်သည်
ဗာရာဏသီမြို့ရှိ သံဃာတော်တွေအားအနွေးဓါတ်ပါ
လှူဒါန်း၏။တပါးလျှင်အနွေးအင်္ကျီ
ဆွယ်တာ တထည်စီလှူဒါန်း၏။
ထိုမှမကသေး ဆွမ်းစားကြွလာကြသောသံဃာတော်များကိုလည်း (ယာနဒေါ သုခဒေါ ဟောတိ) ကားခ=တက္ကစီခပါ
လှူဒါန်းပေး၏။ ယဉ်လှူဒါန်းခြင်းသည် ချမ်းသာကိုလှူဒါန်းသည်မည်၏ဟု မြတ်စွာဘုရားဟောကြားခဲ့သည်.။ဆွမ်းအကျိုးသည်လည်း
မဇင်မိုးခိုင်တို့ မိသားစု ရခဲ့ပြီပေါ့.။ ဗာရာဏသီမြို့ရှိသံဃာတော်တို့သည်လည်း မဇင်မိုးခိုင်
ရဲ့ ကုသိုလ်ထူးအတွက်မေတ္တာပို့အမျှဝေမှုပြုလုပ်ပေးသွားကြသည်။ ဟို အဝေးဆုံးတနေရာကနေ အိန္ဒိယနိုင်ငံ
ဗာရာဏသီမြို့ရှိ အဆင့်မြင့်ပညာတွေ သင်ကြားနေသော သံဃာတော်တွေအား တနေ့စာ အာဟာရ နေ့ဆွမ်းဒါနဖြင့်
ပြုလုပ်ရခြင်းအကျိုးကျေးဇူးကြောင့် မရှိဟူသော စကားနှင့်မ၀ဟူသောစကား မပြောဆိုရသည့်ကိုယ်
မကြားရသည့်ကိုယ်ဖြစ်ပါစေလို့ ဗာရာဏသီမြို့ရှိသံဃာတွေရဲ့ကိုယ်စား ကျောင်းသားလေးမှ ဆုမွန်ကောင်းပတ္တနာအမှုပြုလိုက်ပရစေ။
ယနေ့ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုသည် အဖိုး အဖွားအစထားကာ အမိအဖ အဦးပြုပြီး ၃၁ ဘုံသားအားလုံးအတွက်
ဖြစ်ပါစေ လို့သမီးငယ်လေးရဲ့ ကိုယ်စားတဖန်….။
No comments:
Post a Comment