အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, May 26, 2012

အိမ်ပြန်ချင်တယ်..ကွယ်..

အချိန်တို့သည် မကုန်နိုင်ခဲ့။ မျှော်လင့်နေရတဲ့အလုပ်သည် ဘာမှမကောင်းမှန်းသိလိုက်ရ၏။ ယခုလည်း ပူပြင်းလှတဲ့ အိန္ဒိယနိုင်ငံ၏ ရာသီဥတုသည် အပြင်ကိုမထွက်ရဲလောက်အောင် ပူနေမိသည်။ တခါတရံ မိမိချက်စားဘို့ ဆန် ဆီ စသည့် ၀ယ်စရာလေးများဝယ်ရန်သွားရမှာကို ကြောက်နေမိသည်။ အခန်းအောင်းနေပြန်တော့လဲ..ကိုလာနဲ့ လေပန်ကာ အလုပ်လုပ်နေရသည်။ သူအလုပ်လုပ်နေရတာကိစ္စမရှိ မီတာခတတ်နေပြီ။ တယူနစ် ၅ရူပီး..ဒီလ မီတာခ ၄၀၀ ကျော်လောက်ကျနိုင်၏။ အိမ်လခနဲ့တွက်ကြည့် ပေါင်းကြည့်မိတော့ ဒေါ်လာ ၅၀ လောက်ခန့်မှန်းမိ၏။ ခုတလော ဟင်းတောင်ချက်မစားရတာကြာခဲ့ပြီပဲ.ရှိတာလေးနဲ့ လွေးနေမိသည်။ လဘက်ကတော့ဒီရာသီမှာ အမိမြန်မာပြည်မှ ခရီးအသွားအလာ မရှိကြတော့ မှာဘို့မလွယ်။ ပဲဆံကြော်လေးနဲ့ နှစ်ပါးသွားရတဲ့ရက်တွေကများနေခဲ့သည်။ အသား ဟင်း ၀ယ်ဘို့ရန်လည်း မလွယ်လှ။ တနေ့ကြက်သားဟင်းစားချင်လို့ သွားခဲ့သည်။ အသေသားကားမရှိ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။ ကြက်သားဆိုင်မှာ ကြက်အရှင်တွေသာရှိသည်။ မိမိလိုချင်သော ကြက်အကောင်ကို လက်ညှိုးထိုးပြရသည်။ ဒီတော့မှ ဘယ်နှစ်ကီလိုရှိ ချိန်ကြည့်သည်။ သတ်သည် သွေးထွက်သံယိုပေါ့။ မိမိ စားရဘို့အရေး သူသေပေးရမည်။ တခါတရံတော့ အသေသားလေးများရှိတတ်သည်မို့ မကြာမကြာသွားကြည့်မိသည်။ သို့သော် နှမလက်လျှော့နေလေတော့ ဆိုသလို လက်လျှော့ကာပြန်ရတဲ့နေ့ရက်များ ဒုနဲ့ဒေး။ မိမိဘလော့စာမျက်နှာတနေရာမှာရေးထားမိသည်။ မည်သည့်အခါမှ အိန္ဒိယနိုင်ငံ ကြက်သားဝယ်မစားတော့ဟု ရေးခဲ့ဘူးသည်။ ရေးပြီးကထဲက ကြက်သားနဲ့လွဲခဲ့ရသည်။ဝက်သား ဆိုပြန်တော့ ကီလိုမီတာ ၈ ကီလိုမီတာဝေးလို့ မရောက်ဖြစ်ခဲ့။ ခရမ်းချဉ်သီးဟင်းနဲ့ ခရမ်းသီးဆီပြန်ဟင်းလေးသည်သာ မိမိနှင့် အနေပျော်နေသည်လားမပြောတတ်။ တခါတရံ သူငယ်ချင်းမှ ချဉ်ရေဟင်းလေး ချက်ပေးတတ်သည် ခု သူလဲမရှိတော့ မစားရတော့ ရှိတာလေးနဲ့နှစ်ပါးသွားနေရသည်။ ကြံကြံဖန်ဖန် လုပ်မစားတတ်သည်လည်း တကြောင်းမို့ မကြိုက်သော်လည်းကြိုက်ခဲ့ရသည်။ မချစ်သော်လည်းချစ်ခဲ့ရသည်။ ဒီရာသီအချိန်မှာ မြန်မာအစားအစားငတ်ခဲ့ရသည်။ ဘုရားဖူးရာသီလဲမဟုတ်တော့ ပူပြင်းသောနွေရာသီမို့ ဘုရားဖူးအေးဂျင့်တို့သည်လည်း ပိတ်ကုန်ပြီ။ ဒီတော့ အကျွန်ုပ်တို့သည်လည်း ရှိသည့်အစားလေးတွေ ခြွေတာစွာနှင့် အဖေါ်လုပ်နေခဲ့ရသည်။ ကော်ဖီစစ်လေးတောင် ခြွေတာလို့ အိပ်ရာထ အာရုဏ်အဖြစ်ဘုဉ်းနိုင်တော့၏။ ကျန်သည့်အချိန်များ မသောက်ရက် ။ ဘယ်အချိန်ထိနေရအုံးမည်ဆိုတာ မဝေခွဲတတ်သေး။ အမိတက္ကသိုလ်ကြီး၏ ကျောင်းကြီးကလဲပိတ်ထားခဲ့သည် ပြန်လည်စတင်ဖွင့်လှစ်ချိန်အထိ ဇွဲဖြင့် စောင့်နေမိသည်။ မိမိ၏ ဗီဇာသည်လည်းကုန်တော့မည်။ သူငယ်ချင်းများအရှိုရှိုပြန်ခဲ့ကြသည်။ ပြန်ချင့်သည့်စိတ်များတားမရခဲ့။ သို့သော် ပြန်ခဲ့ရင် ပြန်လာဘို့ မသေခြာတော့ ။ ရှိသည့်ဗီဇာလေးနှင့် စောင့်လိုက်ဦးမည်ဟု တွေးမိလိုက်၏။ ပူလိုက်သာမှမပြောနဲ့တော့ အမိမြန်မာပြည်ကို မေးကြည့်မိသည် မိုဃ်းတွေရွာနေသည်တဲ့ ။ အိန္ဒိယနိုင်ငံသည် မိုဃ်းနဲဒေသဖြစ်သည်မို့ မိုဃ်းနဲဒေသ ဖြစ်လင့်ကစား မျှော်နေမိသည် ကိုရွှေမိုဃ်း ရယ်။မိမိနေရာမှာ မနက်မိုးလင်းချိန်လေးပဲ နေရောင်သင်သည် ကျန်သည့်အချိန် နေရောင် နဲသည်မို့တော်သေး။ ရှေ့မှာ သူရှိနေသည် လေခြူပင်လေး သူအရိပ်ပေးသည်။ သူနဲ့အသက်ရှင်နေရသည်။ တခါတရံညညများ သူ၏ အောက်မှာ တယောက်ထဲ လမ်းလျှောက်လိုက် ထိုင်ခံလေးမှာထိုင်လိုက်နဲ့အချိန်ကုန်စေခဲ့သည်။ တနေ့ အိမ်တွင်းပုန်းပြီး ကိုလာလေးနဲ့ စာကြည့်နေမိသည်။ ကိုလာသည် ဆူညံနေ၏။ အပြင်မှတံခါးခေါက်လျှက် မိမိမသိ စာထဲစိတ်ဝင်စားနေမိသည်။ (ဒေါက်..ဒေါက်..ဒေါက်.။ ဟလို..ဟလို..ဟလို. )မိမိအမှန်ပင်မကြား ။တံခါးကို နာနာထုနှပ်သည်။ မိမိဒီတော့မှ တံခါးပေါက်ကိုအကြည့်ရောက်မိတော့၏။ TSE YANG (တိဘက်ဆရာလေး)ပေါ့။ လက်ထဲမှ ငါးသေတ္တာဘူး နှင့်သရက်သီးအမှည့် ၂လုံးကိုင်လျှက် နမာစတေးဆိုပြီး ၀င်လာခဲ့တော့၏။ မိမိအပြင်မထွက်သည်ကို သူသိသည်။ ငါးသေတ္တာဘူးများလာလှူသည်ဟူသတတ်။( ဗဟုဒန်နဲဘား =thank you)ဆိုပြီး စကားပြောဖြစ်ကြ၏။ သူလည်းအခန်းအောင်းပြီးတရားထိုင်နေကြောင်း အမှန်စင်စစ် သူသည်လည်း တရားထိုင်ရတာ စိတ်ဝင်စားကြောင်း မြန်မာပြည်ကို တရားထိုင် လာဦးမည်ဖြစ်ကြောင်း ပြောသည်။ ကော်ဖီမစ်လေးတခွက်စီဖျော်ပြီး သောက်ကြသည်။ မိမိမှလည်း နွေရာသီသောက်သုံးရန်အတွက် လိမ္မော် ဓါတ်ဆားထုတ်(၁၅ )ထုတ်လှူလိုက်သည်။ ဒီနေ့အဖို့ အမှတ်တရအဖြစ် ဤpost လေးတင်မိလိုက်ပါ၏။ နွေရာသီမှာ အပူဒါဏ်လေးများနဲ့ ဝေးကွာနိုင်ကြပါစေလို့…

No comments:

Post a Comment