အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, May 2, 2012

“နှုတ်ဆက်ခဲ့ပါတယ် ဘန်ကောက်မြို့တော်နှင့် ၀ပ်တလုံးမ်ကျောင်းက ဘော်ဘော်တို့ရယ်”

ဘန်ကောက်မြို့ မိမိတို့တည်းခိုခဲ့ရာ မြန်မာပိုင်ကျောင်း
ဘန်ကောက်မြို့ တွင်အထင်ကရကုန်တိုက်ကြီးထဲတွင်

ကုန်တိုက်ကြီးကို အပြင်မှတွေ့မြင်ရစဉ်
ကျောင်းတော်ကြီးနှင့်မိမိအမှတ်တရ
မနက်ဖြန်ဆိုတဲ့အချိန်လေးမှာ တွေ့ဆုံခြင်းရယ်လို့ နိဒါန်းစခဲ့ပြီး ခွဲခွာခြင်းဆိုတဲ့ နိဂုံးလေးနဲ့ နှုတ်ဆက်ခဲ့ရပါပြီလေ။ တွေ့ဆုံခွင့်လေးတွေနဲ့အမျှ အရာရာ လိုက်လံပို့ဆောင်ပေးသော ဦးခေမာဝံသနှင့် မားသားချိုက်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးရယ် ပင်ပန်းမှုကိုပဓာနမထားပဲ အာရုဏ်ဆွမ်း နေ့ဆွမ်းချက်ကာ ကုသိုလ်လုပ်ပေးသော အရှင်ဘုရားရယ် ကျေးဇူးတွေ အရမ်းအရမ်းတင်မိတယ်လို့ ဤဘလော့တနေရာကနေ ပြောကြားခဲ့ပရစေ။ ကမ္ဘာဆိုတာအလုံးကြီးမို့ ပြန်လည်တနေ့ ဆုံကာတွေ့ခဲ့ရင်ပေါ့။ ခေါ်ကြပါ ပြောကြပါလို့ ထပ်မံပြောပရစေလား….။ခွဲခွာရတော့မယ်ဆိုတဲ့ အသိစိတ်လေးတွေက နာရီမှ မိနစ်သို့ တဖြည်းဖြည်းနီးလာပြီမို့ အပိုစကားမပြောတတ်ပေမဲ့ ရင်ထဲမှာ ခုမှရောက်ဘူးခဲ့တဲ့ ၀ပ်တလုံးမ်ကျောင်းတော်ကြီးရယ် နွေအရောက်ပင်ပျိုပိတောက်ပင်ရိပ်ရဲ့ နေရာလေးကိုတော့ မေ့နိုင်ပါရိုးလား.။ မမေ့လဲ မမေ့နိုင်ဘူးလို့ ရိုးသားစွာဝန်ခံ့ရစေပေါ့နော်။ ပြန်ရတော့မယ်ဆိုတော့လဲ ဒီနေ့နှုတ်ဆက်တဲ့အနေနဲ့ ကုန်တိုက်ကြီးများနှင့် ဈေးများတည်ရှိရာနေရာသို့ ဦးပုည နှင့် မိမိတို့ ၂ ပါးနေ့ဆွမ်းစားအပြီး တက္ကစီကားလေးဖြင့် ထွက်ခဲ့တယ်ပေါ့။ ဘန်ကောက်မြို့တော်သည်လည်း ကုန်တိုက်ကြီးများ ဈေးမားကပ်ကြီးများ  အတော်စည်ကားစွာနှင့် ခေတ်မှီစွာတည်ဆောက်ထားသည်ကိုတွေ့ရသည်။ တနေကုန်နီးပါး လည်ပတ်လိုက်သည်။ ကျောင်းပြန်ရောက်တော့ မိုးချုပ်စပြုနေပြီ။ မနက်ဖြန်ပြန်ရတော့မယ်မို့ ၀ပ်တလုံးကျောင်းတော်မြတ်ကြီးနှင့်အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သည်။ မနက်ဖြန်ဆိုတဲ့ အချိန်လေးမှာ ခွဲရပေဦးမည်။

No comments:

Post a Comment