အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, May 30, 2012

“ မေ့လို့မရတဲ့သူတို့အကြောင်း”

အ၀တ်မ၀တ်သူနှင့် အ၀တ်ဝတ်သူဤသို့(၁၉၉၄ခု)မိမိသာသနာပြုစဉ်က
နာဂလှပျိုဖြူမလေးများ တောင်ယာသို့အသွား
ဤသို့ ရွာထဲဆင်းကာ လူကိုခင်မှမူကိုပြင်သည် ဆိုသည့်အတိုင်း အိမ်စဉ်လှည့်လည်ကာ
သူတို့ ၂ ယောက်ကိုတော့ အမျိုးသမီးခေါင်းဆောင်အဖြစ်ထားခဲ့
ပူလိုက်သာမှပြောမနေနဲ့တော့ မမြဲသောမီးသည်လည်း ပျက်လိုက်သာမှပြောမနေနဲ့တော့။ အင်ဗာတာမီးလေးကိုခြွေတာသုံးနေရသည် အလင်မှီအောင်ပေါ့ ဟဲဟဲ။ ။တခါတရံ ည မီးပျက်ရင် အိမ်ရှေ့မှ ရေကန်(ရေလှောင်ထားသည့်)ဘေးမှာ ခုံလေးကိုချပြီး ကောင်းကင်ကိုမော့ကြည့်လို့ လမင်းကြီးကတော့ ထိန်ထိန်မသာပေမဲ့ ၉ ရက်လအတိုင်း အသာကြီးမဟုတ်ပေမဲ့ လမင်းအရောင်လေးကိုအားပြုပြီးထိုင်နေမိသည်။ ပတ်ဝန်းကျဉ်မှာတော့ တိတ်ဆိတ်င်ြမ်သက်လျှက်ရှိသည်။ မိမိအိမ်ရှေ့မှ လေခြူပင်လေးသည်သစ်ရွက်လေးတွေကတော့ လှုတ်ခတ်လျှက် မိမိအိမ်ကြီးရှင်တွေအပေါ်ထပ်မှာတော့ ခလွမ်လို့ တချက်ကြားမိလိုက်သည်။ မြင့်မားလျှက် ပေါက်နေသော သင်္ဘောပင်မှလဲ အသီးများစေဆာလို့ သူတို့တွေကတော့ အဖေါ်တွေနဲ့ငါ့မှာတော့ အဖေါ်ဆိုလို့ လက်ထဲညှပ်ထားသော လကမ္ဘာဆေးလိပ်တိုနဲ့ (မကြာမှီကုန်တော့မည်)တဖက်မှကိုင်ထားသော ရေနွေးခွက်လေးနဲ့ အတွေးနယ်ချဲ့နေမိ၏။ ကောင်းကင်မှာ ကြယ်တာရာတို့သည်လည်းလင်းလတ်လို့ နေကြလေရဲ့ ငါ့မှာတော့ ဟိုတွေးဒီတွေးအတွေးတို့ဖြင့် မတည်ညိမ်သောစိတ်အစဉ်ကို မှောင်မိုက်ထဲမှာ ရန်ဖြစ်နေမိသည်။ ဘေးဘီမှာ ကိုရွှေခြင်တို့ကလည်း တ၀ီဝီနဲ့ ရထားများခုတ်မောင်းနေသည်အလား ဆူညံလို့နေသည်။ ဆေးလိပ်တို့မှမီးနဲ့ ဖွာပြီး ပျောက်စေ လို့အမိန့်ပေးသော်လည်း တန်ခိုးရှင်မဟုတ်လေတော့ ထွက်မသွားအနားမှာ ရစ်သီသီနဲ့ အော် ကောင်းကောင်းတောင်မတွေးရပါလားကွယ်..။ တချိန်က သာသနာပြုခရီးစဉ်အကြောင်းလေးကို တွေးတောနေမိသည်။ ပြန်လည်စဉ်းစားနေမိသည်။ သူတို့တတွေရော ဘယ်လိုတွေနေနေကြပါလိမ့်။ တနေ့ ဒီလိုညတညပေါ့။ ရပ်ရွာဥက္ကဋ္ဌ မှာလာခေါ်၍ ရွာထဲလိုက်သွားခဲ့မိသည်။ အကြောင်းကားသူတို့ အိမ်အသစ်ဖွင့်ပွဲတဲ့လေ.။ မင်းအကြီးဆုံး မင်းကရှေ့ကနေပြီး တူမီးသေနတ်ကို ကိုင်ပြီး ဖေါက်ပေးရမည်ဟူ၏။ ဘာရယ်တော့မသိ လိုက်သွားလိုက်၏။ အိမ်ရောက်သည်နှင့် မူးနေကြသော နာဂလူမျိုးတစု။ ကြိုင်မွန်းရေ ငါတို့တော့ ဂဏန်းလို ဖြစ်နေပြီဟူသတဲ့။ အော်. ဂဏန်းများသည် နှေးကွေးကွေးဖြင့် သွားနိုင်သည်ကိုရည်ရွယ်၍ ပြောသည်ကို သတိရမိသည်။တချို့ ခေါင်ရည်ဘူးကိုကိုင်လျှက် ကနေကြသည့် လူတစု။ မိမိရောက်လာသည်ကို သိသော အတွင်းရေးမှူးသည်လည်း ဘုန်းဘုန်းရေ ဆိုပြီး ထိုင် ကန်တော့လျှက် မူးနေပြီဘုန်းဘုန်းတဲ့။ တချို့မီိးဖိုဘေးတွင် အိပ်နေကြလျှက်မို့ မလိုက်သိမလိုက်သာ နေခဲ့သည်။ မြန်မာစကားအထိုက်အလျှေက်ပေါက်သော ပါခိုဆိုသော လူရွယ်တယောက် မိမိအနားမှာလာ၍၀ါးခွက်ဖြင့်ထည့်ထားသော ရေနွေးခွက်လာပေးသည်။ သောက်ချင်ရက်စရာတော့မရှိခဲ့ ။ပေပွနေ၏။ သို့သော် လူကိုခင်တော့ မူကိုပြင် ပုဂ္ဂိုလ်ခင်တော့တရားမင်ဆိုသလို ယူလိုက်မိသည်။ သောက်လဲသောက်မိ၏။ မိမိသည် ရွံတတ်၏။ စိတ်တိုတတ်၏။ ထိုနေရာ တောင်တန်းဒေသရောက်မှ စိတ်တိုသည့် စရိုက်လေး ဖျောက်လိုက်သည်။ အကုန်စင်တော့မဟုတ်ပါ။ ရွံတတ်သည်လေးကိုလည်း အပြီးပိုင်ဖျောက်လိုက်သည်။ အကြောင်းကား အမြဲရေမချိုးကြသော ဒီနာဂလူမျိုးတွေနှင့် မိမိသည် ရပ်ရွာမှာအကြီးဆုံးမို့ သူတို့ရေမချိုး မျက်နှာမသစ်ကြသောထုံးစံကို မိမိသည် ရေမချိုးခြင်းများခြင်းကြောင့် တခါတရံ သူတို့ကဲ့သို့နေကြည့်လိုက်၏။ ရေမချိုးခြင်းကား အေးခြင်းကြောင့် ဖြစ်၏။ သူတို့သသည် ရေမချိုးကြ။ အ၀တ်မ၀တ်ကြချေ။ ထုံးစံအရ အ၀တ်မ၀တ်လိုကြ။ မိမိအ၀တ်များဝေငှပြီး ဘာသာရေး အရ ပြောဆိုသည်။ မြန်မာစကားသူတို့နားမလည်ခဲ့။ စကားပြန်နဲ့ပြောဆိုရသည်တိုက်ရိုက်ပြောဘို့ အင်အား မိမိမီာမရှိခဲ့။ တနေ့ အ၀တ်များလာယူကြရန် မိမိကျောင်း(တောထန်း ၀ါးများဖြင့်)ပြုလုပ်ထားသည်။ သံဆိုလို့တချောင်းမှမတွေ့ရ သူတို့ဆောက်ပေးထားသည်။ မီးဖိုကို ကျောင်း၏ ဗဟိုတည့်တည့်မှာထားလို့ပေါ့။ ဒီအကြောင်းလေးတွေပြန်လည်တွေးနေမိရင်း တယောက်ထဲ ပြုံးနေမိ၏။ မိမိပြုံးနေသည်ကိုတော့ မည်သူမှမမြင်။ ဆက်ရပေဦးမည်။ ခု န အိမ်သစ်ဖွင့်လှစ်ပွဲအခမ်းနားက မေ့ထားခဲ့ချေပြီ။ မိမိသည်လည်း သူတို့နှင့် မီးဖိုဘေးမှာတူတူယှဉ်ထိုင်လို့ ရေနွေးကို သောက်ရင်း ဥက္ကဋ္ဌမှတူမီးသေနတ်ယူလာပြီး မိမိအားပေးသည်။ ရော့..မင်းကရှေ့ကနေပြီး ခလုပ် ၂ ခါနှိပ်ပါဟူသတတ်။ အားလုံးညီညာစွာ အော်ဟစ်ကြသည်။ မီးဖိုပတ်လည်ခြံရံလို့ အော်ဟစ် သီချင်းဆိုကြသည်။ အမှတ်ရနေမိသည်။ နာဂကြူးလား ကြူးလားဟယ်..။ အာနွေးနီးငွေးဟယ်။ ပြိုင်တူ သီဆိုကြသည်။ မိမိကတော့ ဘာရယ်မဟုတ် တူမီးသေနတ်ကို ကြောက်ကြောက်လန့်လန့်နှင့် လက်ညှိုးလေးကို ကွေးထည့်လိုက်စဉ်။ ဒိန်း…ဒိန်း….အသံသည် မြည်ဟည်းလျှက် ထိုနောက်မှ တလုံးတူမီးသေနတ်များ အလှည့်ကျ ပစ်ဖောက်ကြသည်။ ဒီတော့မှ နာဂလှပျိုဖြူတို့သည် ဆိုင်ရာဆိုင်ရာ ခေါင်ရည်အိုးများဖြင့် လိုက်လံပေးကြသည်။ မီးဖိုဘေးတွင် လှည့်လည်ကာ ကနေကြတော့၏။ မိမိသည် အစတော့ ကြောင်အမ်းအမ်းဖြစ်နေသည်။ အတွင်းရေးမှူးမှ ဘုန်းဘုန်းရေ ဆိုပြီး လက်ကို မလိုက်ချလိုက်လာလုပ်သည်။ သူတို့၏ ယဉ်ကျေးမှုအကသည် လက်ကို ချလိုက်မြှောက်လိုက်လုပ်ခြင်းတည်း။ မိမိလည်းကြောင်းအမ်းနေခြင်းကို ခဏမေ့ကာ သူတို့ကဲ့သို့ ညီညွတ်ရေးအဖြစ် လက်ကို မြှောက်သည် ချလိုက်သည်။ နစ္စ,ဂီတ ကျူးလွန်မိတော့၏။ ရေးခဲ့ဘူးပါသည်။ သူတို့အကြောင်း.၂၀၁၀ ခု လောက်က မိမိဘလော့စာမျက်နှာမှာတွေ့ရှိနိုင်ပါ၏။ တခါတရံ ပရဟိတ သူများအလုပ်လုပ်ရခြင်းကြောင့် အတ္တဟိတ ကိုယ်ကျိုးများ စွန့်လွှတ်ရသည်။ ဥပမာ ကခြင်းဟူသောအကြောင်းကြောင်း သိက္ခာပုဒ်အရ မပြောပလောက်သော အာပတ်သင့်ခဲ့ရသည်။ ဒေသနာကြားလို့ရနိုင်သည့်အာပတ်ပင်ဖြစ်၏။ ထိုအကြောင်းအရာလေးတွေ ကို တယောက်ထည်းအထီးကျန်နေချိန် တွေးဖြစ်သည်။ မိမိတိုတောင်တန်းဒေသမှာ အသက်ပေါင်းများစွာကယ်ခဲ့ဘူးသလို ..လူတဦးတယောက်ရဲ့သန္တာန်မှာ” ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ” လို့ တည်စေအောင် လူပေါင်းများစွာကို သင်ပေးဘူးခဲ့သည်။ ထိုအတွေ့အကြုံကို မမေ့နိုင်ရက်ပါ။ လူတဦးတယောက်သန္တာန်မှာ မြေပြန့်လို နေရာမျိုးတွေ မှာ သင်ပေးရခြင်းထက် တောင်ပေါ်ဒေသ မသိနားမလည်သေးသော အရိုင်းစိုင်းနာဂတိုင်းရင်းသားလူမျိုးများကို သင်ပေးရခြင်းသည် မိမိစိတ်အစဉ်မှာ ယနေ့ထိ တွေးမိလေတိုင်း ပီတိဖြစ်နေမိသည်။ မိမိတို့ တောင်တန်းဒေသ သာသနာပြုခရီးစဉ်သွားချိန်သည် ၁၉၉၄ ခု နှစ် မှတ်မှတ်ရရပေါ့။ လခသည် တလကို ၉၀၀ ကျပ်နှုန်းဖြင့် ရခဲ့သည်။ လစာကို မမြင်ခဲ့ တခါတရံ မိမိရသည့် လစာထဲမှ အိပ်စိုက်လို့ ထုတ်ခဲ့ရသည်။ နာဂတောင်းတန်း နာဂတောင်းတန်းတိ တံဋ္ဌာနံ။ တောင်ဖြုတ်သေး တောင်ဖြုတ်ကြီးတွေက အတိလာဘံ။ အေးခြမ်းလှသည့် တံဒေသံ။ ပိုက်ဆံရှိလို့မှ ၀ယ်စားလို့မရတဲ့ တောင်တန်းဒေသံ ဆိုပြီး မိမိ အမှတ်တရ လက်တန်းရေးခဲ့သော စာလေးကို ပြန်လည်သတိရနေမိသည်။ အမှန်စင်စစ် တောင်ဖြုတ်သေး.တောင်ဖြုတ်ကြီးတို့ပေါများသည်။ ဖြုတ်ကိုက်ခြင်းကြောင့် မတည့်သောသူများအဖို့ ဆင်ခြေတောက်ရောဂါလို ရောင်ကိုင်းလာတတ်သည်။ မြေပြန့်ရောက်ချိန် မိမိလက်ကို ပြန်ကြည့်မိသည်။ လက်မှာ ဖြုတ်များကိုက်ထားခြင်းခံရသော အဖြူကွက်အချို့ တွေ့မြင်နိုင်သည်။ ကျွတ်ဒတ်တို့လည်းပေါများလှ၏။ အေးလိုက်သည်မှာလည်း နွေမရှိပါ။ ဆောင်းနှင့်မိုဃ်း သာရှိ၏။ တခါ တရံ မှာ တချို့သာသနာပြုအချို့ ငှက်ဖြားရောဂါ ရရှိခဲ့သည်အမှတ်တရ။ တချို့အသက်ပေးခဲ့ရသည်။ မိမိရွာသား( န.ပ.သ ကျောင်း B.A ပြီးလို့)တောင်တန်းထွက်ခဲ့ရသည်။ တောင်တန်းတနေရာမှာ ငှက်ဖျားရောဂါနှင့် အသက်ပေးခဲ့ရသည်။ စားစရာမြန်မာငွေရှိလို့ စားခြင်တာမရခဲ့ မြန်မာငွေမရှိ။ ငွေဆိုတာ သူတို့မှာမရှိခဲ့။ တောင်ယာခုတ်ခြင်းဖြင့် ပရိယေသနအမှုပြုလုပ်ကာ စားသောက်နေထိုင်ခဲ့ရသည်။ ဆီလိုလို့ တောင်တန်းတဒေသလို့မသုံးကြ။ မိမိတို့မရောက်ခင်မှာ (ဦးနု) သည် ဆားများပေး၍ စည်းရုံးခဲ့ဘူးသည်။ မိမိတို့ခေတ်မှာတော့ အ၀တ်အစားပေးခြင်း ဆေးဝါးများပေးခြင်းဖြင့် ကုသိုလ်ယူကာ သူတို့၏ သန္တာန်မှာ အသိတရားလေးတွေရရှိလာအောင် သွန်သင်ပြောဆိုခဲ့ရသည်။  မိမိရောက်ရှိစဉ်မှာ သူတို့ ရွာဖြစ် ဘိန်းများကို ယူလျှက် အိန္ဒိယ နယ်စပ် ပန်ဆာ ဒေသသို့ သွားရောက်ကာ ဘိန်းနှင့် ဆားလဲလှည် အသုံးပြုကြသည်။ ယခု အိန္ဒိယနိုင်ငံ သုံးပီလီဆေးလိပ်သည် မိမိ ၁၉၉၄ ခု နှစ်လောက်က စတင်သောက်ဘူး၏။ သူက တမျိုး ဖင်မှ မီးညှိမှ တောက်သည်။ ရူပီးငွေ တွေ့ဘူးခဲ့သည် ထိုအချိန်အခါမှာ တရူပီးမြန်မာငွေ ၂ ကျပ်။ ယခု တရူပီး မြန်မာငွေ ၂၀ ကျပ်နီးပါးရှိနေပြီ။ မြန်မာငွေသည် ဘယ်အချိန်ဘယ်အခါကြမှ တန်ဖိုးကြီးမားတော့မည်လဲ။ ဆက်လက်ဖေါ်ပြတင်ပြပေးပါဦးမည်။( ကျောင်းသားလေး)

No comments:

Post a Comment