အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, May 7, 2012

ကြိုဆိုနေမလား..ကွယ်

မိမိအိမ်ရှေ့မှ အသီးများဝေဆာစွာဖြင့် စောင့်မျှော်နေသော လေခြူပင်
မိမိ၏အိမ်ရှေ့ နွေရာသီအပူကို ဤသစ်ပင်ရိပ်အောက်မှာ
မိမိအိမ်ရှေ့အပူရှိန်ကို ဤသို့ အခန်းဝတွင်
ကာလကတ္တားမြို့အမှတ်တရပေါ့
ကာလကတ္တားမှ ဗာရာဏသီသို့အပြန် ရထားပေါ်ဝယ် ဤသို့ အပေါ်ထပ်မှာ
အမှတ်တရ အလွမ်းပြေ သူရှိလို့သာပေါ့ သူသာမရှိခဲ့ရင် အရမ်းပူမှာလေ
ကာလကတ္တားမြို့ တွင် မြန်မာနွယ်ဖွား ကုလားမလေးနှင့်ပေါ့
SCIENCE ရှေ့တွင်အမှတ်တရ
ဘန်ကောက်မှ ကာလကတ္တားသို့ လေယာဉ်ပေါ်ဝယ်
နှုတ်ဆက်ခဲ့ပါတယ် ဘန်ကောက်လေဆိပ်ရယ်
မေလ (၃)ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ နံနက် ၁၀နာရီ ၅၀ မိနစ်အချိန်တွင် ထွက်ခွာခဲ့ပါသည်။ အိန္ဒိယစံတော်ချိန် ၁၂နာရီ ၅၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပါသည်။ ကာလကတ္တား လေဆိပ်ရောက်ပြန်တော့လဲ အော် အမိနေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကြီးက နွေးထွေးစွာကြိုဆိုနေပါသည်လားဟု  အတွေးလေးဖြင့် အင်မိဂရေးရှင်းသို့ လိုအပ်သည်များဖြည့်စွက်လို့ အကြိုခိုင်းသော ဦးရှောင်ဒရီ(မြန်မာပြည်ဖွား) လာမှလာပါလေစလို့ စိတ်စောလို့ မျှော်ကြည့်မိပြန်တော့ ရောက်နေပါပြီလေ.မြန်မာတွေအားကိုးရသော မြန်မာပြည်နွယ်ဖွားကြီးပါလား သမီးပါသည်ဟူ၏။ ဦးရှောင်သည် အလုပ်အမြဲတမ်းများနေတတ်၏။ ယ္ခုလည်း မိမိတို့နည်းတူ မြန်မာပြည်ပြန်ရန် ဦးဇင်းတပါးအားအကူညီပေးနေကြောင်း ဦးဇင်းတို့လည်းဒီညပဲ ရထားလက်မှတ်ရတယ် ည ၈နာရီဟူသတတ်။ ဘယ်လိုလုပ်ချင်လဲ ဘယ်လို ဖြစ်ချင်လဲ ဟု ပြောနေ၏။ ဟိုတည်မှာသွားနေပြန်ရင်လဲ စရိတ်ကမနည်း ။ မထူးပြီ ဈေးပဲသွားမလား (သို့)ကာလကတ္တားတွင် science city သို့ အချိန်ဖြုန်းရင်း ဗဟုသုတအဖြစ် သွားရောက်ခဲ့သည်။ ဦးရှောင် တယောက်အလုပ်ရှုတ်နေရှာသည်မို့ သူ၏ သမီး sweettytina ဟု အမည်ရတဲ့ ကုလားမလေးနဲ့ ထိုနေရာထဲတွင် ၂ နာရီလောက်အချိန်ဖြုန်းရင်း ဗဟုသုတရစေခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အပူဒဏ်သည် ထိုင်းနိုင်ငံ ဘန်ကောက်လောက်တော့မဆိုးခဲ့ချေ။ လှည့်လည်ကြည့်ရှုသည်။ ဓါတ်ပုံတွေရိုက်ကြသည်။ အချိန်သည် ဒီလိုနေ့မျိုးကြပြန်တော့မကုန်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် မိမိနေရာ ဗာရာဏသီရွှေမြို့တော် ရထားစီးရန်အချိန်မှာ ည ၈ နာရီမှာမို့ ရထားရုံထဲ စောင့်နေပြန်သော်လည်း အဆင်မပြေခဲ့သည်မို့ အမှန်စင်စစ် အချိန်ကို ကုန်စေချင်ရင် အချိန်သည် တဖြည်းဖြည်းသာကုန်တတ်၏။ အချိန်ကိုမကုန်စေလိုလျှင်လည်း ကုန်မှန်းမသိကုန်ခဲ့သည်။ ဓမ္မတာပါလား။ science city သို့ လှည့်နေရင်း တနေရာအရောက် မွန်ရည်သော မိသားစုတယောက် မိမိတို့လာနှုတ်ဆက်သည်။ သူ၏ ကလေး၂ယောက်နှင့်အတူ ဓါတ်ပုံရိုက်ခွင့်လာတောင်းသည်။ အိန္ဒိယနိုင်ငံသား မေးကြည့်သော် ဗုဒ္ဒဂယာ မှဟူ၏။ မိမိတို့နှင့်အမှတ်တရ သူ၏ကလေးများနှင့် ဓါတ်ပုံရိုက်ပေးပြီးသည်နှင့် အရိုအသေပေးပြီး သူလိုရာသို့ ဆက်သွားသည်။ မိမိတို့လည်း ကျန်ရှိနေသောနေရာများ လှည့်ကြည့်၏။ အထဲတွင် ဂေါ်ဇီလာကောင်ကြီးများနှင့် တောရိုင်းတိရစ္ဆာန်ကြီးများ အမှောင်ထဲမှာ ပြခန်းလုပ်ထား၏။ အမှောင်ဆိုသည်မှာ တမင်ဖန်တီးထားခြင်းသာဖြစ်၏။ အသံတို့မှာလဲ ကြောက်စရာကောင်းလောက်အောင်ဖန်တီးထားပြန်သည်။ ဂေါ်ဇီလာကောင်ကြီး များသည် အနားရောက်လာသူတိုင်း လိုက်တော့မည့်ဟန်ဖြင့် သဘာဝကြလှ၏။ထိုအထဲမှာ လှည့်လည်ကြည့်ပြီးသည်နှင့် ဦးရှောင်ဖုန်းလာတော့၏။ တနေရာရာတွင်အအေးသောက်မည် ဟု ပြောာဆိုရင်း မိမိတို့ကားလေးမှာတော့ ကာလကတ္တားမြို့ထဲမှာ ထုံးစံအတိုင်း အီန္ဒိယနိုင်ငံ၏ နေရာတိုင်း လမ်းပိတ်လမ်းကြပ်ကြသည်မှာ မထူးခြားတော့။ အလွတ်ရနေသည်။ မိမိကားလေးသည် ရှေ့သို့တိုးလျှက် ရပ်တန့်လျှက် ဟွန်းသံပေးလျှက်နဲ့ အလုပ်ရှုတ်နေသည်။ မြို့ထဲရောက်လာသည်နှင့် ကားပိတ်ဆို့မှုမှာ သာ၍ ဖြစ်တော့သည်။ ဆိုင်ကယ်သမားသည် လမ်းကိုဖြောင်းပြန်မောင်းနှင်လျှက် ဂရုမစိုက်သယောင်။ အင်း….စင်္ကာပူနိုင်ငံ နှင့်မလေးရှားနိုင်ငံတို့မှာ ၂ ပတ် ၃ ပတ်နေခဲ့သည်နှင့်အမျှ မိမိနေရာ အိန္ဒိယနိုင်ငံသည် အကြီးတန်နေတော့၏။ မှန်၏ မလေးရှားနိုင်ငံမှာ သူနေရာနှင့်သူ မော်တော်ပီကယ်မရှိ။ ကားသမားတို့ထင်တိုင်းမောင်းလို့မရ အေးအေးဆေးဆေးမောင်းလို့လဲမရ။ တအားမောင်းပြန်ရင်လဲမရ။ သူ့လမ်းကြောနှင့်သူ စပိအမြန်လိုသောသူတို့အဖို့တလမ်း။ထိုလမ်းမှာ ဖြည်းညှင်းစွာမောင်းလိုက မရ။ တနေရာ တဖက်သို့ ကားကို ရှောင်ပေးရသည်။ မိမိမလေးရှားမှာလည်ပတ်စဉ် ကားသမားကိုအောင်သူ အမြဲကြည့်လိုက် ၁၀၀ အကျော်မှာပဲရှိသည်။ ယခု မိမိတို့ကားသမားမှာတော့ ဘေးဘီကြည့်ရင်း ဂရုတစိုက်မောင်းနေရတော့၏။ ဟော မိုဃ်းသံသဲ့သဲ့ကြားလာ၏။ နေလို့တော့ကောင်းသည်။ မကြာခင် မိုဃ်းသည် ညာသံပေးလျှက် ရွာချတော့၏။ ဘူတာသို့ရောက်၏။ မိုခ်းကားမစဲသေး။ ရွာမြဲရွာလျှက် သို့သော် အနည်းငယ်သာရွာနေတော့၏။ ဘူတာထဲဝင်လာခဲ့သည်။ မိမိတို့ ထိုင်ခုံနေရာ ကပ်ထားသော နေရာကိုရှာကြည့်ရပြန်သည်။ ရထားတွဲသည် 2A ။ ထိုင်ခုံနံပါတ်ကား 6 နှင့် 12 ဖြစ်၏။ အပေါ်ထပ်မှာပဲ နေရာရသည် အိန္ဒိယနိုင်ငံရထားသည် အမိမြန်မာပြည်လို မဟုတ်။ ၃ ထပ်ပြုလုပ်ထားသည်။ အပေါ်ထပ် အလယ်ထပ် အောက်ထပ်။ နေ့အခါတွင် ၃ ယောက် တန်းထိုင်နိုင်သည်။ ညအချိန်ရောက်လျှင် အောက်ထပ်မှ မှီ၍ထားသော အမှီကို အပေါ်သို့ မတင်လိုက်ရသည်။ အပေါ်ဆုံးအထပ်မှာတော့ ပုံမှန်အတိုင်း ၄င်းအလယ်ထပ်ခုံကို မလိုက်လျှက် အောက်မှ ထိုင်လို့အဆင်မပြေတော့ ။အိပ်ချိန်လည်းရောက်နေကြပြီမို့ အသီးသီးနေရာယူကြသည်။ မိမိတို့မှာတော့ သူတို့နှင့် ညာဘက်မှာရှိသည်။ မိမိတို့ကား ၂ ထပ်သာဖြစ်၏။ မိမိသည်အပေါ်ထပ်မှာနေရာရသည်။ ဘာညာရယ်တော့မပြောတော့ ရောက်သည်နှင့်အပေါ်ထပ်သို့တတ်ခါ အိပ်နေတော့၏။ ရထားသည် မကြခင် အ၇ှိန်ပြင်းစွာ မောင်းနှင်လျှက် ကာလကတ္တားမြို့မှ ၈ နာရီကျော်ကျော်လေး စတင်ထွက်ခဲ့တော့၏။ ဥသြသံ ကြာမြင့်စွာ ဆွဲလျှက် သူ့တာဝန်ကျေအောင် ဂျုံးဂျုံး ဂျက်ဂျက် ဖြင့် မောင်းနှင်နေတော့၏။ မနက် ၇နာရီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှထွက်လာကထဲက ခုမှပဲ ကျောခင်းရတော့၏။ ပင်ပန်းမှုဒဏ်ကြောင့် ဟန်မဆောင်နိုင်တော့ အိပ်ပျော်သွားခဲ့သည်။ မကြာခင် ရထားသည် AC မို့ အေးစိမ့်စိမ့်ဖြစ်လာသည်။ ၀န်ထမ်းတယောက်မှာလာ၍ အခင်းနှင့်ခြုံရန်စောင် မျက်နှာသုတ်ပုဝါများလာပေးသည်။ အခင်းမှာ အဖြူရောင် နောက်တခုမှာလည်းအဖြူရောင် မျက်နှာသုတ်ပုဝါသည်လည်းအဖြူရောင် နွေးစေတတ်သော စောင်သာလျှင် အညိုရောင်ဖြစ်တော့၏။ အပြင်မှာ အပူဒဏ်ကိုမခံနိုင်ပေမဲ့ ရထား၏ ၀န်ဆောင်မှုကောင်းမှုကြောင့် အေးစိမ့်စိမ့်ဖြစ်လာသည်မို့ အခင်းကိုခင်း၍ စောင်ခြုံလျှက် လိုက်ကာပိတ်ကာ အိပ်လိုက်တော့သည်။ ကိုယ့်နေရာနှင့်ကိုယ် လိုက်ကာကိုယ်စီဖြင့် ပြုလုပ်ပေးထားသည်။ မိမိ၏ ခေါင်းရင်း ကုလားမိသားစု တသိုက်မှာတော့ ရယ်လိုက် မောလိုက် စားလိုက် သောက်လိုက်နှင့် ဆူညံနေလျှက်ရှိသည်။ မည်မျှကြာအောင်ဆူညံနေသည်ကိုတော့ မိမိမသိတော့ တရေးနိုးလို့ ပတ်ဝန်းကျဉ်ကြည့်မိတော့ အားလုံးတချို့ ဟောက်လျှက် တချို့ယောင်နေလျှက် ထိုအထဲမှာ မိမိသည် ယောင်မိ၏။ ကုလားကို အော်နေခြင်းဖြစ်၏။ သို့သော် အိပ်မက်မှယောင်ခြင်းကို သိလိုက်သည်။ ဟိုဟိုဒီဒီကြည့်မိ၏။ မည်သူမှတော့မကြားဘူးဟု ထင်မိ၏။ အချိန်ကြည့်လိုက်တော့ ၃နာရီထိုးဘို့ ၁၀ မိနစ်ခန့် ပြန်လည် မှေးလိုက်သည်။ ဘူတာရပ်သည် ထွက်သည်ကိုပင်မသိတော့။ မနက် ၈ နာရီခန့်ပြန်လည်နိုးလာ၏။ အိပ်လို့မဖြစ်တော့ ကျမ္မားရေးသွားမျက်နှာသစ်ကာ အောက်မှာ ထိုင်လို့ရအောင် အိပ်စင်ကို ခေါက်လိုက်သည်။ အပြင်မှအပူရှိန် အထဲမှ အအေးဓါတ်ကြောင့် ရထားပြတင်းမှ အပြင်အာရုံမမြင်ရ။ ဘူတာတနေရာအရောက် ၀န်ထမ်းများ တံခါးများကို လိုက်လံသုတ်လျှက်ရှိသည် ဒီတော့မှ အပြင်မှ မြင်စရာများ တွေ့လိုက်ရတော့၏။ မိမိတွေ့လိုက်သည်မှာကား ကုလား ၄/၅ ယောက် ဘူတာသံလမ်း အနီးနားတွင် (ယိုသူမရှက် မြင်သူရှက်၏) အိန္ဒိယနိုင်ငံသားတို့ထုံးစံအတိုင်း သံလမ်းဘေးတွင် မစင်စွန့်နေကြသော ကုလားနိုင်ငံသားများ။ အမြင်အာရုံမှ လွှဲလိုက်မိ၏။ ရထားသည် မောင်းနှင်လျှက် တနေရာအရောက်ပြန်လည်ကြည့်မိပြန်တော့ လဲ ဒီတခါ မြင်တွေ့လိုက်ရသည်ကား ကုလားမများ ခေါင်းမြီးခြုံလျှက် ကျမ္မာရေးဖြေရှင်းနေကြသည်။ မိမိ ကြည့်စရာကား အခြားဘယ်မှာရှိတော့အံ့နည်း။ မိမိရှေ့တည့်တည့်မှ လိုက်ကာကာလျှက် အိပ်မောကြနေသော ကုလားမသည်လည်း လိုက်ကာကာရံထားခြင်းကြောင့် လုံခြုံစွာအိပ်နေသည် သို့သော်..အမြင်အာရုံသည် မမြင်အာရုံသာဖြစ်နေတော့သည်မို့ အပေါ်ထပ်သို့ပြန်တတ်မည်ဟု ဟန်ပြင်နေချိန်မှာ မိမိရှေ့တည့်တည့်မှ လူရွယ်တယောက်ရဲ့ အပြုံးကြောင့် မိမိလည်း ပြန်လည်ပြုံးပြရင်း အပေါ်ထပ်သို့ပြန်လည် မှေးနေမိတော့၏။ မကြာခင် မွန်ဂိုစလိုက် ဘူတာသို့ ရောက်တော့မည်မို့ ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ ထိုအထဲ မလုံတလုံနှင့် ပတ်ဝန်းကျဉ်ကြည့် စောင်ကိုခွာရင်း မွန်ဂိုစလိုက် ဆင်းရတော့မည်ဆိုတာအတတ်ပြောရဲ၏။ သူ အလုပ်ရှုတ်နေပုံထောက်၍သိနိုင်သည်။ မှန်၏ မကြခင် မျက်နှာတောင်မသစ်ပဲ စောင်နှင့် အခင်းများရောထွေးကာပုံပြီး  အပေါက်ဝသို့ဦးတည်လျှက်                        ရထားကြီးမှာတော့ မွန်ဂိုစလိုက်ဘူတာသို့ရောက်ရှိကြောင်း ဥသြရှည်ကြီးဆွဲနေတော့၏။ နောက်တဘူဆိုလျှင် ဗာရာဏသီရွှေမြို့တော်ပေါ့။ မိမိလည်း အိပ်များချလျှက် အောက်သို့ပြန်ဆင်းခဲ့တော့သည်။ မိမိနေရာ ရောက်တော့မှာဆိုတော့ မိမိအိမ်ရှေ့မှ အပူဒဏ်လေးကိုကာကွယ်ပေးတတ်သော လေခြူပင်လို့ခေါ်ဆိုတဲ့ တရုတ်ဇီးသီးပင်အရိပ်လေးသည် မိမိအားအပြုံးလေးနှင့် ကြိုဆိုလေမလား..ဟု တွေးရင်း ရထားကြီးမှာတော့ ခုတ်မောင်းနေလျှက် မိမိ ၂၀၀၈ ခု (M.A) ဖိုင်နယ်တတ်စဉ်က အအေးဓါတ်လေးပေးခဲ့ဘူးသည်မဟုတ်ပါလော…?ခု ရော အအေးဓါတ်လေး ပြန်လည်ပေးအုံးမှာလား စသည်ဖြင့် ပေါက်တတ်ကရအတွေးနှင့် မကြာခင်အချိန်အတော်အတွင်းမှာ နေရပ်ဖြစ်တဲ့ (ဗီယက်နမ်နိုင်ငံ)သို့ ၆ ရက်နေ့ပြန်တော့မှာဖြစ်ကြောင်း အင်တာနက်မှ စာပို့ကာ အသိပေးသော ဗီယက်နမ်ဆရာလေး တယောက် ရှိမှရှိပါသေးလား ဟု တွေးရင်း နှင့်မကြာခင် ဗာရာဏသီရွှေမြို့တော်သို့ ၀င်တော့မည့်အကြောင်း ဥသြ ဆွဲတော့၏။ ခရီးသည်များ သူထက်ငါ တိုးဝှေ့လျှက် ဆင်းရန် ပြင်ဆင်ကြတော့၏။ မိမိလည်း လွယ်အိပ်ကိုလွယ်။အိပ်၂လုံးကိုဆွဲပြီး ဆင်းခဲ့တော့၏။ ဘူတာကြီးထဲမှာတော့ ခရီးသည်တို့ ရှုတ်ထွေးရောပြွမ်းလျှက် ထိုအထဲမှာ မိမိလည်းအပါဝင်မို့ ရထားထဲမှ အအေးဓါတ်သည် အပြင်ထွက်လာပြန်တော့ ပူလိုက်သည်ဖြစ်ခြင်း အပူဒဏ်ကိုအံတု မိမိနေရာ စရဏသို့ ကားကလေးဖြင့် ကားကလေးသည်လည်း မိမိအလိုရှိရာ နေရာသို့ အပြေးလေးမောင်းနှင်လျှက်…..။

No comments:

Post a Comment