အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, June 1, 2012

"မေ့မရတဲ့သူတို့အကြောင်း(၃)"

မိမိကျောင်းရှေ့တွင် အ၀တ်ထည်များပထမအကြိမ်ဝေငှခဲ့သည်

နာဂအဖွားအိုကြိးနှင့် အမှတ်တရ ထမီဝတ်လျှက်ရီနေသူကားမြန်မာစကားပေါက်သည် သူအားအမျိုးသမီးခေါင်းဆောင်အဖြစ်ထား၏။
မနက်မိုးလင်းလို့ မိမိကျောင်းအပေါ်စီးမှ ကြည့်မိလိုက်သည်။ တုန်းကြီးအရှည်ကြီးတတုံး နှင့် ရွာအ၀င်ဝတွင် တွေ့ရှိခဲ့သည်။ လန်ကွတ်တီများဖြင့် ဥဒဟိုသွားလာလျှက် လက်ထဲမှလည်း ၀ါးဖြင့်ပြုလုပ်ထားသော ခေါင်ရည်အိုးကိုကိုင်လျှက် ဆံပင်ကို နောက်မှစီးကာ လန်ကွတ်တီတခုထည်းဖြင့် သွားလာနေသောနာဂလူအိုကြီးများနှင့် လူရွယ်လူငယ်များ။ ထမီကို တဘက်သာသာမျှ မွေးရာပါကိုဖုံးလွှမ်းရုံသာ ဖုံးပြီး အပေါ်ပိုင်း အ၀တ်မပါပဲ သွားလာလှုပ်ရှားနေသော နာဂအပျို အအိုများနှင့် မျက်စိထဲ အတော်ကို အကြည့်ရခက်ခဲ့လေ၏။ အင်း..ဂွတော့ကြပြီ.။ငါက သာသနာပြုလုပ်ရမည်။ ခုတော့ သူတို့ကြည့်ရုံနဲ့ကြောက်နေမိပါတကား လို့တွေးရင်း မနေ့က လဟယ်မြို့မှ လာရသည့် ဒဏ်သည် တကိုယ်လုံးရိုက်ထားသကဲ့သို့နှယ်ရှိသည်။ ရာသီဥတုကတော့ သာယာနေသည်မို့ ကျောင်းပရ၀ုဏ်အတွင်း လှည့်လှည်ကြည့်မိသည်။ အပေါ်တနေရာတွင် သစ်သားကို ဒါးဖြင့်ခုတ်ထားလျှက် ရေခံခြင်း။ ဟိုအပေါ်တနေရာမှ ၀ါးများကို ခြမ်းပြီး ရေသွယ်ထားသည်။ မိမိရေချိုးရန်ဖြစ်၏။ အော် ထူးလဲထူး ဆန်းလဲဆန်းသည့် နာဂတောင်တန်းသာသနာပြုဘ၀ပါလားလို့တွေးရင်း ခပ်ဝေးဝေး တောင်ကြောတနေရာကို ကြည့်မိပြန်တော့မီးခိုးများ အထက်ကောင်းကင်သို့ ညီညာစွာ ထောင်တတ်လျှက်ရှိသည်။ ရွတ်လက်စ ပရိတ်ကို ရွတ်ရင်း ဘယ်လို သာသနာပြုရပါလိမ့်ဟု တွေးရင်း အနောက်တောင်ဘက်မှ မှိုင်းပြပြ မိုဃ်းကောင်းကင်ကြောင့် မိုဃ်းရွာတော့မည်လား ဟု တွေးနေရင်း မကြာမီ မိုဃ်းသည် ရွာချတော့၏။ ကျောင်းပေါ်သို့တတ်ခဲ့ရသည်. ဂျလောင်း ဂျလောင်း ၀ါးအစိုတို့ဖြင့် ပြုလုပ်ထားခြင်းကြောင့် မညီညာရကား ဤသို့အသံများဖြင့်ဆူညံလျှက်ရျိသည်။ အင်း.သာသနာပြုရမည်။ သာသနာပြုရမည်..လို့ ရင်ထဲတွေးနေမိသည် ဘယ်လိုစပြီး ဘယ်လိုစခန်းသွားရမှာပါလိမ့် ဟု အတွေးပေါင်းများစွာနှင့် တွေးနေစဉ်ပဲ စစ်သားတယောက် ဆွမ်းလာကပ်တော့၏။ ပဲဟင်းတခွက် ဘူးရွက်ကိုကြော်ချက်ပြီးတခွက် မိုက်ခွက်ပြည့်ဖျော်ထားသော လဘက်ရည်တခွက် အင်း..လို့ သက်ပြင်းတချက်ချပြီး မညီမညာခင်းထားသော ကျောင်းပေါ်မှာ နေ့ဆွမ်းအဖြစ် ဘုဉ်းပေးလိုက်၏။ ပင်ပန်းမှုကြောင့် ခဏတာမှေးလိုက်သည် အော်..သာသနာပြုဘ၀ကလဲ တယ်လဲကြမ်းတမ်းခက်ထန်လှပါလားနော်…။ ခဏတာတွေးလို့ အတွေးပင်မပြီးသေး စခန်းပေါ်မှ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီး ဆင်းလာခဲ့သည်။ ဘယ်လိုလဲအရှင်ဘုရား နေရထိုင်ရတာ အဆင်ပြေပါစ တဲ့။ စားရေးသောက်ရေးကအစပေါ့။ ခု မှ စပြီးဘုဉ်းပေးရသည်မို့ ကောင်းပါတယ် ဒါပေမဲ့ ဘယ်လို သာသနာပြုရမယ်ဆိုတာ စဉ်းစားနေမိတယ်ဗျ..။ အရှင်ဘုရား ရွာထဲ ဆင်းကြမယ်လေ တဲ့ ။ မကြာခင် စစ်ယူနီဖေါင်းအပြည့်နှင့် သေနတ်ကို ထမ်းလျှက် စစ်သားတယောက်တတ်လာသည်။ ရွာထဲ သွားရန် သက်တော်စောင့်လေလား လို့တွေးနေမိသည်။ အမှန်တော့ ဟုတ်လဲ ဟုတ်နိုင် မဟုတ်လဲ မဟုတ်နိုင် အတွေးနှင့်  ဗိုလ်ကြီး တပ်ကြပ်ကြိး စစ်သားလေးနှင့်မိမိ အပါဝင် ရွာထဲသို့ဆင်းသွားမိတော့၏။ အစဦးဆုံးတွေ့လိုက်ရသည်ကား မျက်နှာမှာ ပေပွပြီး မျက်နှာမသစ်ရေမချိုးသည့်ပုံစံဖြင့် အဘိုးအို တယောက် ခေါင်ရည်ဘူးကို လက်မှကိုင်လျှက် မိမိတို့တွေ့သည်နှင့် ဖင်အဆုံးခေါင်းအဆုံးကြည့်နေသည်။ မိမိကတော့ ကြောက်လိုက်သည်ဖြစ်ခြင်း အ၀တ်ကမပါ စစ်သားသည် မိမိအနားမှာနေလျှက်မို့ အားတော့ရှိနေမိ၏။ အမှန်စင်စစ် ဘာမှတော့မလုပ်မှန်းသိနေမိ၏။ သို့သော် မတွေ့ဘူးသည်မို့ ကြောက်စိတ်တော့ရှိမိ၏။ ရိုးသားစွာဝန်ခံခြင်း။ တပ်ကြပ်ကြီးမှ နာဂစကား အနည်းငယ်ပြောပြီး အိမ်ထဲ ၀င်သည် မိမိသည်ကြောင်အမ်းအမ်း မ၀င်ရဲ အရှင်ဘုရားလာ ..ဒါ သူတို့အိမ်ပဲ မီးဖိုဘေးမှာနေ မီးဖိုဘေးမှာစား အိမ်၏ အလည်တွင် မီးဖိုတည်ထား၏။ မီးအပြတ်မခံတဲ့။ ၃.၄. အိမ်မျှ သွားပြီးသည်နှင့် အပေါ်သို့ပြန်တတ်ခဲ့သည်။ ကျောင်းအရောက် ကဲ ဗိုလ်ကြီး..ဆရာကြီးတို့  ဘယ်လို စကြမလဲ။ မနက်ဖြန် ဥက္ကဋ္ဌခေါ်ပြီး အင်္ကျီ င်္တွေဝေငှမယ်ဆိုတာ ပြောထားဗျာ.။ မနက်ဖြန်စကြမယ်။ နောက်နေ့ ကိုယ်တုံးလုံးရော ဖင်ပြောင်ရော ကလေးရော လူကြီးရော ကျောင်းသို့ရောက်လာသည်။ မြန်မာစကားအနည်းငယ်တတ်သော လူအချို့ရှိသည်မို့ တော်သေး၏။ ဘေထုတ်ကြီးစတင်ဖြည်လိုက်သည်။ အို့ ..အကောင်းစားတွေပါလား..။ မိမိနှင့်အတူသာသနာပြုသော သာသနာပြုတပါး ၄င်း ဘေထုတ်ထဲမှ ဒေါ်လာ ၅၀ ခန့်ရသည်ဟု..သိရ။ အချို့စစ်သားများသည် သူတို့ပါလာသောအ၀တ်တို့ဖြင့်လဲလှည်ကြသည်။ ကဲ အားလုံးစားပွဲခုန်ပေါ်တင်ပါ။ ပြီးသည်နှင့် တယောက်ချင်းခေါ်ကာ ကံဆိုးကံကောင်းဝေငှသည်။ ရပ်ရွာအတူးရေးမှူး ဦးကြူး မှ ငါတို့ နာဂလူမျိုးတွေကို အင်္ကျီဝေငှကြောင်း စသည်စသည်ပြောကြားပြီး မိမိမှလည်း စကားပြန်ဖြင့် ဒီနေ့ကစပြီး ငါဟာ ဒီရွာသားဖြစ်ပြီ ည ည ငါ့ဆီလာပါ ဘုရားစာများသင်ပေးခြင်းဖြင့် ယဉ်ကျေးမှုတွေ ရှိလာအောင်သင်ပြရပေးမည်။ အင်္ကျီများကိုကြည့်လျှက် မိမိစကားကို စိတ်မ၀င်စား သူတို့စိတ်ဝင်စားနေသည်ကား အ၀တ်အစားများအပေါ်ဖြစ်၏။ ဒီလိုနှင့် အ၀တ်အစားများဝေငှပြီးသည်နှင့် လူငယ်တယောက်ကို ကျောင်းသို့ လာဘို့ရန် ဆော်သြခိုင်းထား၏။ နာဂလူမျိုးတို့သည် နေ့အခါ တွင် တောင်ယာမှာပဲ နေပြီး စားကြသောက်ကြ လုပ်ကြကိုင်ကြနေသည် ည နေကြမှအိမ်သို့ပြန်လာတတ်ကြ၏။ ထင်းများ ရေများ တောင်ယာထွက်စားစရာများသယ်ကာ ရွာထဲသို့ပြန်လာခဲ့ကြသည်။ တခုသောညနေခင်း တပ်ကြပ်ကြီးမှ အရှင်ဘုရားလာ တောင်ယာကပြန်လာကြတဲ့ နာဂသူတွေ သွားကြည့်ကြမယ် ဟူသတဲ့။ တော်ပြီဗျာ လာပါ အရှင်ဘုရားကလဲ ရပ်ရွာမှာ သာသနာပြုရမှာလေ သူတို့အကြောင်းသိထားပါမှ အဆင်ပြေမှာဟူသတတ်။ အင်း..အဲဒါလဲ အဟုတ်သား.သွားဗျာ လိုက်တာပေါ့။ တောင်ယာမှအပြန်လမ်းမှစောင့်ကြည့်နေမိသည် ။ တချို့ပလိုင်းဖြင့် ထင်းများထည့်လျှက် တချို့ ရေဘူးများထည့်လျှက် ပါးသပ်မှလည်း အော်လာကြသည်။ အ၀တ်မပါသော နာဂတို့သည် အမှန်စင်စစ် အ၀တ်ဝတ်စရာမရှိခြင်းအကြောင်းကြောင်း ဖြစ်နိုင်၏။ တချို့ မနေ့က သေငှသော အင်္ကျီများဝတ်လျှက် မိမိတို့တွေ့သည်နှင့် ရှက်ကိုးရှက်ကန်းအမူယာပြလျှက်ရှိသည်။ အချို့ ခေါင်းကို ငုံ့လျှက် မွေးရာပါကို လက်ဖြင့်ဖုံးကွယ်ထားသည်။ ခဏနေ ရွာထဲမ၀င်ခင် လိုက်လံကြည့်ရှုမိသည်။ တဲအိမ်သေးသေးလေးများ ဘာပါလိမ့်လို့ စူးစမ်းကြည့်နေမိ၏။ တပ်ကြပ်ကြီးမှ အရှင်ဘုရားအဲဒါ လူသေတွေဘုရား..တဲ့.ဗုဒ္ဒေါ….။ ဗျာ ဘယ်လို..ဘယ်လို.. သူတို့က သေရင်မြေမမြှုတ်ကြဘူး ဒီလိုပဲ အိမ်သေးသေးလေးလုပ်ကာ ထားကြသည်တဲ့ သတိရတဲ့အခါတိုင်း လာလာငိုလေ့ရှိသတဲ့။ ဒါ ဘာဟုတ်သေးမလဲ တဲ့ နဂိုရ်ကဆို သေတဲ့လူသေကို အိမ်ထဲမီးဖိုပေါ်မှာ ဒိတိုင်းထားကြတာ တပည့်တော်တို့ မြန်မာစစ်တပ်တွေရောက်လာလို့ အတော် ပြောယူရတာတဲ့…အလိုလေး…။ ဒီလောက်တောင်ပဲလား..ဗျာ လို့ပြောရင်း ကြက်သီးမွှေးညင်းများထလို့ သူတို့အကြောင်းတွေးရင်း ကျောင်းပေါ်သို့ပြန်တတ်ခဲ့တော့၏။ အချိန်မကြာခင် ကျောင်းသားအချို့ကျောင်းရောက်လာချေပြီ။ မိမိသည် ဘောနှင့်မြေဖြူတံကို အသင့်ပြင်လျှက် သြကာသ ကန်တော့ချိုးစတင်သင်ပေးရမည်မို့ ..သြကာသ စသည့် ကန်တော့ချိုးဘောမှာရေးလို့ ထားလိုက်သည်။ ပွစိပွစိ နှင့်တတ်လာကြသော နာဂလူငယ် လူရွယ်များ နာရလှပျိုဖြူများ။ စောင့်ကြောက်ထိုင်သူလဲရှိ၏။ မိမိဘက်ခြေတောက်ထိုးသူလည်းရှိ၏။ ထားတော့ ..လူကိုခင်မှ မူကိုပြင်မယ်.။ ပုဂ္ဂိုလ်ခင်တော့တရားမင်မယ် အဆိုအတိုင်း ဘာမှမပြောလို ဖရောင်းတိုင်းမီးများထွန်းလျှက် သူတို့ကို မထင်မရှားမြင်နေရသည်။ သူတို့သည် ဖရောင်းတိုင်ကြည့်ကာ ရီနေကြသည်။ အမှန်စင်စစ် ဖရောင်းတိုင်ကိုပင် မမြင်ဘူးကြချေ။ မိမိရှေ့မှ သြကာသ ကန်တော့ချိုး စတိုင်ပေးသည်။ မပီပလာ ပီပလာနှင့်လိုက်ဆိုကြသည်။ ဘောကိုမကြည့် မိမိနှင့် ရံခါ ဖရောင်းတိုင်ကိုသာစူးစိုက်ကြည့်နေကြ၏။ နောက်မှသိရ၏။ သူတို့သည် စာမတတ်ကြဟူသတတ်။ သေပါရောလား..နန္ဒိယ ရယ်..။အစကမပြောဘူး.. ဒီလိုနဲ့ ဘောမှာမရေးတော့ ပဲ သြကာသ ကန်တော့ချိုး ၁၅ ရက်ခန့်လောက် နှုတ်တိုက်ချပေးရသည်။ နောက် ၁၅ ရက် ဆုတောင်း။ အဆင်ပြေသေးသည်။ ဘုရားစဉ်ကို လက်ညှိုးထိုးပြလျှက် ငါ့ကျောင်းရောက်တိုင်း..ကြိုင်ပါရ(နာဂစကား) ဘုရားကိုရှိခိုးပါ ။ လို့ပြောထားရသည်။ ဒီဘုရားဟာ ငါ့ရဲ့အဖေ လို့ နားလည်အောင် ပြောပြလိုက်၏။ မနက်ဖြန်က စပြီး မင်းတို့ တောင်ယာမှာရှိတဲ့ ပန်းတွေ ဘုရားကို လှူမယ် ယူခဲ့ကြဘို့ ကျောင်းသားဆော်သြသူကို စကားပြန်နှင့်ပြောပြမိ၏။ ဒီလို လှူတဲ့အတွက်ကြောင့် မြေပြန့်က ဒကာ/မတွေဆိုရင် “ကုသလာ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ” အပြစ်မရှိဘူးကောင်းတဲ့အကျိုးပေးမည်ပေါ့။ သူတို့ကို ဒီလိုပြောလို့မရမှန်းသိတော့ ။ မင်းတို့ နောင်ဘ၀ရောက်ရင် အ၀တ်အစားလေးတွေနဲ့ လှလှပပလေးတွေ ဖြစ်မှာလို့ပြောပြလိုက်သည်။ နောက်နေ့ရောက်သည်နှင့် မမြင်ဘူးသောသစ်ခွပန်းတို့နှင့် ကြက်မောက်ပန်း စသည့် ပန်းတို့သည် များပြားလျှက် ပါလာကြသည်။ အင်း..တွေးရင်းတွေးရင်းနဲ့ သူတို့ရဲ့သန္တာန်မှာ အသိတရားလေးတွေ ရှိလာခဲ့ရင်သော်၎င်း..။ မိမိသည် ဒီတောင်တန်းဒေသ ဖြုတ်ကြီးဖြုတ်သေး ကိုက်ခံရသည့် ဒဏ်။ ရာသီဥတုအေဒသည့်ဒဏ် ခံရကျိုးနပ်ပေပြီလို့တွေးရင်း… ဒီနေ့တော့ ဒီလောက်နဲ့ပဲ .နားပရစေလို့

No comments:

Post a Comment