တသိန်တန်ကျောင်း လဟယ်မြို့နယ် လခြမ်းကျေးရွာ |
နာဂတိုင်းရင်းသားဝတ်စုံနဲ့ဗိုလ်ကြီး(ခ.လရ.၂၂၂ဟုမ္မလင်း) |
ခ.လ.ရ ဗိုလ်ကြီးနှင့် တပ်စခန်းတနေရာတွင် |
သူတို့ဆောက်ပေးသောကျောင်းရှေ့တွင် နေပူဆာလှုံရင်း သတင်းလေးနားထောင် |
နာဂတိုင်းရင်းသားလူမျိုးတို့သည် ရေဒီယိုပင်မမြင်ဘူးကြ။ သူတို့သည် တနေ့လုံး တောင်ယာတောမှာပင်အချိန်ကုန်နေကြရှာသည်။ ရေမချိုးကြ အိပ်ယာထသော်မှ မျက်နှာသစ်ရိုးထုံးစံသူတို့မှာမရှိချေ။ မိမိနေရာအား မြင်စေခြင်သည် သိစေခြင်ကြသည်မို့ တီဗွီတလုံးနှင့် ဆိုလာပြား( ဘတ္ထရီအားသွင်းကိရိယာ) ထိုအချိန် အိန္ဒိယဆိုလာပြားတချက်မှ မြန်မာငွေ ၇၅၀၀ကျပ် တီဗွီတလုံး ၉၀၀၀ ၀န်းကျဉ်ပေါ့။ မ၀ယ်နိုင်ပါ ။ ၀ယ်ပြန်လျှင်လဲ ခန္တီးမြို့သို့ ဆင်းဝယ်ရမည်။ ၃ ည အိပ်၎ ရက်ခရီး မိုးမိနိုင်သည်။ အဆင်မပြေခဲ့။ နိုင်ငံတော်အား တောင်းဆိုလျှင်မူကား နေရာအရောက်ရောက်နိုင်သည် ဟု အကြံဖြင့် နိုင်ငံတော် သာသနာတော်ထွန်းကားပြန့်ပွားရေးသို့ တင်ပြသည်။ အဖြေကား..တောင်ပေါ်ဒေသမို့ နေမပူခြင်းကြောင့် ဘတ္ထရီအားသွင်းမှုသည် အဆင်မပြေနိုင် ဟု ပြန်ကြားခဲ့သည် ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရ၏။ အပြစ်မပြောလိုပါ အမှန်စင်စစ် နေပူအချိန်သည် အင်မတန်နည်းပါးလှ၏။ မိုဃ်းပဲရွာနေတော့၏။ နိုင်ငံတော်မှ စာရောက်လာ၏။ သာသနာပြုနေရာများ ကျောင်းဆောက်နိုင်ရန် ငွေ တသိန်းဆီချပေးခဲ့၏။ နာဂတိုင်းရင်းသားတို့ဆောက်ပေးသောကျောင်းသည် အဆင်မပြေခဲ့ တမိုးကုန်ရင် ချများလိုက်လာတော့၏။ ၀ါးများသည်လည်း အစိမ်းချည်းဖြစ်သောကြောင့် ဖြစ်၏။ နိုင်ငံတော်အစီစဉ်ဖြင့် ကျောင်းဆောက်ရတော့မည်မို့ လွှသမား ကျောင်းဆောက်ရန်လက်သမားများလိုတော့၏။ မြေပြန်မှမှာယူရ၏။ ဟုမ္မလင်းမြို့မှ လက်သမားဆရာရောက်လာ၏။ မှတ်မှတ်ရရ နာမည်တောင်သတိရနေမိသည် ကိုဝါလို။ ကျောင်းဆောက်ရန် လူအတော်များများလိုသည် ရပ်ရွာဥက္ကဋ္ဌကိုအကူညီတောင်းသည်။ တောင်ယာတွေမှ သစ်ပင်များကို ဖြတ်ပြီး ကျောင်းတိုင်လုပ်ခြင်း အခင်းများလုပ်ခြင်း အကာများလုပ်ခြင်းဖြင့် သစ်ပင်အတော်များများအလိုရှိသည်။ တော်ပေါ်ဒေသဖြစ်သည့်အလျှောက် မြေသည်လည်းမညီညာ။ တောင်ယာသွားပြန်ရင်လဲ ကွေ့ကောက်ကာ တောင်တွေကျော်ဖြတ်သွားလာရသည်မို့ သယ်ယူရေး အဆင်မှပြေပါလေစ ဟု တွေးပူနေမိသည်။ သူတို့ဆောက်ပေးသောကျောင်းအထက်တွင် ဆောက်ရန်သဘောတူမိ၏။ သို့သော် မြေကမညီညာခဲ့။ ကျေးရွာအကူညီတောင်းကာ မြေကိုညီညာအောင် အရင်ပြုလုပ်ရပေမည်။ တရက် ၁၀ ယောက်ခန့် လုပ်အားပေးရသည်။ တနေ့ မြေကိုညီညာအောင်ပြုလုပ်နေသော နာဂအမျိုးသမီးတယောက် မျက်နှာမှာ ယောင်လျှက် ခြေတို့သည်လည်းထိုနည်းတူ မိမိအနားသွားမေးမိသည်။ မိုးလိမ်းမိုး..=နေကောင်းလားဟူ၏။ မီးယမ်း ဟု အဖြေထွက်၏။ ကောင်းတယ်တဲ့။ မင်းကောင်းတယ်သာပြောနေတယ် မင်မျက်နှာတွေက ပြောလို့ပင်မဆုံးသေး အတွင်းရေးမှူးက ၀င်လို့ဖြေသည် သူက မနေ့ကမှ ကလေးမွေးတာလေတဲ့..။ ဟင် အဲလို ဆို မင်းပြန်တော့ လို့ မိမိပြောမိသည် သူပြန်ပြောသည် တာဝန်ကျေအောင်လုပ်ရမည်တဲ့။ ကဲ အမိမြေပြန့်မှ မီးနေသူများ နာဂတိုင်းရင်းးသားလူမျိုးတွေက ပျင်းတောင် ပျင်းသေးတယ် လို့တောင် ပြောတော့မယ်။ထားတော့ တောင်ယာသို့သွားသူသွားကြသည် တိုင်တွေ သယ်လာကြသည်။ ကောင်းမှကောင်း ရေတမာသားတွေချည်း အသားတို့သည် နီမြန်းလျှက် ပိတောက်သားနှင့်ဆင်သည်။ မိမိရွာသားများပင်ပန်းနေသည်မို့ ဥက္ကဋ္ဌနှင့်တိုင်ပင်သည် ဥက္ကဋ္ဌရေ ရွာလဲလူကုန်ပြီ အားလဲနာလှပြီ။ ငါ ဟိုရွာကို အကူညီတောင်းကြည့်မယ်ဟူသတဲ့ လက်ညှိုးညွှန်ပြလျှက် တွေးတွေရွာ(ထိုရွာသည် သူပုန်ရွာ)ဖြစ်၏။ ဖြစ်ပါ့မလားဥက္ကဋ္ဌရ.. ပြောမယ်လေတဲ့ ။ သူပြောသည် လူတယောက်လွှတ်သည်။ အဆင်မပြေခဲ့ ။ ထိုအခြင်းအရာကို သိနေသောဗိုလ်ကြီးနှင့် မိမိတိုင်ပင်လိုက်၏။ စစ်တပ်အမိန့်နဲ့ဆိုရင် ရနိုင်လောက်တယ်။ စာအိပ်တလုံးထဲတွင် မီးသွေးခဲတခဲ..ငြုပ်သီးတတောင့်..ကျည်ဆန်အခွံ တခု ထည့်ကာ ပြောလိုက်သည်။ မနက်ဖြန် ဒီစာရရခြင်း လူ အယောက် ၂၀ နှင့် တပတ်စာစားစရာများယူဆောင်၍ လာပါ လို့ပြောခိုင်းလိုက်သည်။ နောက်နေ့ ရောက်လာ၏။ သူတို့ပြောစကားသည်အမှန်။ ငါတို့လဲပါးစပ်ပါတယ်လေ စားဘို့လုပ်နေရတယ်တဲ့။ မှတ်ချက်။ ။ မီးသွေးခဲသည် ရွာကို မီးရှို့မည်။ ကျည်ဆန်သည် ပစ်ခတ်မည်ဟူသောသဘော..ငြုတ်သီးတောင့်သည် ပူသည်။ ဒီအတိုင်းသူတို့သိထားသည် ရှေးရှေး ရှေ့တန်း တပ်မတော်တို့ရဲ့ အပြုမူတည်း။ မိမိလည်း အားလဲနာမိသည် သို့သော် ရပ်ရွာသူတွေလဲ ပင်ပန်းနေကြပြီမို့ တွေးတွေ ရွာ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအား အကျီ င်္တထည်စီပေးလိုက်၏။ နောက်နေ့ သူတို့၏ တုန့်ပြန်မှုသည်ကား ဆိတ်တကောင်နှင့်ကြက်တကောင် ပြန်လည်ပေး၏။ ကျောင်းမြေညိညာသွားသည် ကျောင်းတိုင်များထူသည်။ မိမိလည်းပါဝင် ရိုက်သင့်တာရိုက်သည် ။ နာဂတိုင်းရင်းသားတို့သည် သွပ်ပြားကိုလည်းမမြင်ဘူး လွှများကိုပင်မမြင်ဘူး သံဆိုသည်လည်းဝေးစွ။ မိမိကျောင်းဆောက်ရန် သံများ သွပ်မိုးများ ရောက်လာသည်။ အခင်းများခင်းသည်။ လက်သမားတယောက် အလုပ်မလုပ်နိုင် နေများမကောင်းလေရော့အလား ဆိုပြီးမေးကြည့်မိ၏။ မဟုတ်ရေးချမဟုတ်။ ဘိန်းမရှူရခြင်းအကြောင်းကြောင့် အလုပ်လဲမလုပ်နိုင် အစားလဲမစား ရော ခက်ချေပြီ ဘိန်းရရင် သူလုပ်နိုင်မှာလားလို့ မေးကြည့်မိ၏။ သိပ်လုပ်နိုင်တာပေါ့တဲ့..။ ဒါနဲ့ မနေနနိုင်ခဲ့။ ထိုအချိန်တွင် မိမိရွာသို့ တူးအိုင်စီ ဗိုလ်မှူး ရောက်နေချိန်ဖြစ်၏။ မိမိသည် ရွာထဲသို့ဆင်းကာ (ကန်းနီ အကိုင်မိုး သက္ကာကြရှိမိုး.)လို့အော်ဟစ်ကာ ရွာထဲ ဘိန်းရှာထွက်ခဲ့ရ၏။ ဘိန်းရှိလား ပိုက်ဆံရှိတယ်လို့ ဆိုလိုပါ၏။ တနေရာအရောက် ..အဆာဝေး..ငါ့သားတဲ့ ..မင်း အတွက်လားပေါ့ .. မဟုတ်ဘူး.ငါ့အိမ်ဆောက်နေတဲ့ သူတွေ အတွက်လို့ပြောတော့ သူ ဘိန်းထုတ်လာ၏။ မိမိသည် တဆယ်တန် ၂ ရွက်ပေးကာ ကျောင်းသို့ အပြေးလွှားပြန်လာခဲ့တော့၏။ ဗိုလ်မှူးမှပြော၏ တောင်တန်းသာသနာပြုက ဘိန်းလဲဝယ်ပေးရတာပါလားဘုရားဟူ၏။ မိမိ၂၀ တန် ဘီးပိတ်စလေး ၂ စ ပေးလိုက်သည်နှင့် လူနာဖြစ်နေသော ထိုသူမှာ တခါထည်း လိုအပ်သည်များကို ရှာဖွေပြီး ဘိန်း၇ှူရန် လုပ်ငန်းစတော့၏။ ဘိန်းရှူပြီးသည်နှင့် မနားမနေ လုပ်လိုက်သည်မှာ မိုးချုပ်မှ နားတော့၏။ မကြာခင် ထိုကျောင်းလေးကို ခ.လ.ရ ၂၂၂ ဟုမ္မလင်းမြို့ ဗိုလ်ကြီးသောင်းဦးနှင့် ရေစက်ချခဲ့၏။ ရေစက်ချချိန် ရလိုက်သည့်အလှူငွေသည်ကား မြန်မာကျပ်ငွေ ၅၀ ကျပ် နှင့် အအေးသံဘူးတဘူး ဖြစ်ပေတော့၏။
No comments:
Post a Comment