အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, April 29, 2010

ကဆုန်လပြည့်နေ့.ရဲ့ PH.D ကျောင်းသားဖြစ်ရတဲ့နေ့

ကဆုန်လပြည့်နေ့..
အမိမြန်အာပြည်မှာတော့ ညောင်ရေသွန်းလောင်တဲ့နေ့တနေ့ပေါ့.မိမိမှာတော့ သတိရနေမိပါ၏..အမှတ်ရနေမိပါ၏..တမ်းတနေမိပါ၏.မိမိကျေးရွာတွင်ဗောဓိညောင်ပင်ကြီးရှိ၏.ထိုညောင်ပင်ကြီးကိုရပ်ရွာထဲမှလာသောလူများ၏ရေအိုးများကိုယူကာဗောဓိပင်
ကြီးအား လောင်းပေးဘူးသောငယ်စဉ်ကအကြောင်းကိုပြန်လည်တွေးတောအမှတ်ရနေ
မိ၏..အခု မိမိမှာမပြီးသတ်သေးသောကျောင်းကိစ္စကြောင့်အမှတ်ရနေရုံမှတပါးဘာမှ
မတတ်နိုင်တော့ချေ.မနက်မိုးလင်း ပရိတ်တော်ရွတ်ပြီးကော်ဖီလေးသောက်ကာတက္ကသို
လ်ဆီသို့ပြေးမိတော့၏.မောင်သူရာ.မှပါရမီဖြည့်ကာလိုက်ပါလာတော့၏.ဒီနေ့ထူးထူးခြား
ခြား မနက်မိုးလင်းရေချိုးသော်လည်းရေချိုးနေစဉ်အေးလို့.နေတိုင်းလောက်တော့ပူအံ့
မထင်မိချေ.ပုံမှန်လမ်းတိုင်းမသွားပဲ ကီလိုမီတာ ၃ ကီလိုမီတာလောက်တော့ပိုဝေးမည်
ဟုခန့်မှန်းမိ၏..ဒီနေ့မှာလည်းထုံးစမ်အတိုင်းလမ်းသည် ကြပ်မြဲတည်း.တနေရာရောက်
သော်.ကားတို့သည်လည်း.ရှုတ်ရှပ်ခတ်လျှက်.စက်ဘီးဆိုင်ကယ်တို့သည်လည်း ဟိုဝင် ဒီထွက်.ဆိုက်ကားဆရာတို့သည်လည်းချွေးတို့သည်ပြိုင်းပြိုင်းထွက်လျှက်.ကိုရွှေနွားတို့သည်လည်းလေးဖင့်ကာခပ်ရွေ့ရွေ့မျှသွားလာလျှက်ဟော..ရထားလာနေပြီကော.သံလမ်းကိုပိတ်ထားလေပြီ.ကားဆိုက်ကားဆိုင်ကယ်တို့သည်ပိတ်ကြပ်လို့နေပါပကော…. ဒါနဲ့မောင်သူရာတယောက်အိမ်ကြိုအိမ်ကြားမှဆိုင်ကယ်ကိုသတိထားကာမောင်းနေမိ၏
မိမိလည်းဆိုင်ကယ်ပေါ်မှဆင်းကာလမ်းလျှောက်ရင်းခပ်သွက်သွက်လျှောက်မိ၏.လမ်းမှ
ဆိုင်ကယ်သမားတယောက်သည် မိမိအားသူ၏နောက်မှလိုက်ခဲ့ရန်ပြော၏.မိမိသည်
လည်းမလိုက်လိုကြောင်းမောင်သူရာကိုလက်ညှိုးထိုးကာပြလိုက်တော့၏.မူဆလင်ရပ်ကွက်လော မတွေးတတ်..ဆလန်မလေး ကွန်း ဘန္တေကြီး.လို့နှုတ်ဆက်သူကဆက်.
နမာစတေး ဘန္တေကြီး ဟု နှုတ်ဆက်သူကဆက် မိမိလည်းခေါင်းလေးညိမ့်ရင်းရှေ့မှဆိုင်
ကယ်မျက်ခြေမပြတ်ရေးကိုသတိထားကာခပ်သွပ်သွပ်လျှောက်.အိမ်ကြိုအိမ်ကြားဆိုသော်လည်း.လူ၂ယောက်ရှောင်တိမ်းလို့ရရုံပေါ့..တွေ့ရှိလိုက်ရတဲ့မြင်ကွင်းက အော့အံခြင်
စရာပေါ့..မစင်ပုံများ.လောလောလတ်လတ်ကြီး.ရော..ခက်ချေပြီ.နှာခေါင်းကိုပိတ်.ခပ်သွက်သွက်လျှောက်ခဲ့မိ၏ ရှေ့နားသို့ရောက် လူတစု ကဟံဂျာနား.လို့မေးကာ.ရန်လိုနေ
သရောင်ရောင်.မောင်သူရာမှတတ်လို့ဆိုမှသတိရတော့၏.အဆောင်သို့ရောက်တော့၏
ဆရာဂုရုကြီးတို့နှင့်.ဋ္ဌာနပေါင်းစုံတွေ့ရတော့၏.မိမိသည်စဉ်းစားမနေတော့မိမိသင်ပေးဘူးသောဆရာကိုမြင်သည်နှင့်စာရွက်ကိုထုတ်ပြတော့၏..ထိုနေ့ကား B.A ဖြေဆိုပြီးဘို့ ၂
ရက်သာကျန်တော့၏.မိမိသင်ခဲ့ဘူးသော head ဆရာလက်မှတ်ထိုးရန် head သည်စာ
မေးပွဲဖြေဆိုရာ၌ရှိနေကြောင်း.သွားထိုးရန်ပြောတော့၏.မိမိ၏ဆရာမှ အဖေါ်ကုလား
ပြာတာတယောက်ထည့်ပေးလိုက်၏.ကိုပြာတာမှပြောလိုက်တဲ့စကားတွေမိမိသည်စိတ်
မ၀င်စားမိ.မိမိစိတ်ဝင်စားသည်ကား.head ဆီမှလက်မှတ်ထိုးရန်ဖြစ်လေ၏.ကိုပြာတာ
အားရူပီးငွေ ၂၀ ပေးလိုက်ရာ.၀မ်းသာနေမိတော့၏..နောက်တနေရာ.တက္ကသိုလ်ရဲ့
အကြီးဆုံး head လက်မှတ်ထိုးဘို့ကျန်တော့၏..အားတင်းထားတော့မောင်သီလာရေ ဆိုပြီး မိမိကိုယ်ကိုအားပေးနေမိတော့၏.အကြီးဆုံးလက်မှတ်ထိုးပြီးခဲ့လေပြီ.အို..ပြီးဆုံး
ခြင်းသို့ရောက်ချေပြီ..၄င်းဖေါင်စာရွက်အား မိတ္တူကူးပြီး.မိမိပါဠိဋ္ဌာနသို့ ကော်ပီတရွက်
ပေးရမည်ဖြစ်၏.ဟော .ကံကောင်းခြင်တော့မီးကလဲလာနေပြီ.အပြေးလေးတက္ကသိုလ်ရဲ့
အနီးနားမှာ မိတ္တူကူးလိုက်၏.။ပြန်လာခဲ့တော့ ဆရာဂုရုကြီးသည်ရှိနေဆဲမို့ မိတ္တူတရွက်အား ဆရာဆီသို့ထားပြီး..သြော်..ဒီနေ့ကား..ကဆုန်လပြည့်နေ့ပါလား.
မိမိလည်း..ဒီနေ့ဒီရက်သည်.ကျောင်းသားဖြစ်ဘို့ ကဆုန်လပြည့်နေ့တွင်အောင်မြင်ပြီး
ဆုံးခဲ့ပါပြီလား…ဟု..အတွေးလေးသည်လည်း..မဇ္ဈိမဒေသတနေရာမှာ ပျော်ရွှင်မှုတို့ဖြင့်..မပြီးဆုံးနိုင်သော.ပန်းချီကားတချက် ဒီနေ့တော့.အောင်မြင်ခဲ့ပြီ.မို့
ညနေ မြတ်စွာဘုရားဓမ္မစင်္ကြာတရားဦးဟောရာမြေမြတ်မဟာ၌.အောင်မြင်မှုကြောင့်ပဲ
ဆိုဆို ..ဗုဒ္ဒနေ့လို့ပဲပြောပြော..သွားရပေအုံးမည်…။ ။

ထိုကဆုန်လပြည့်နေ့သည်..အကျွန်ုပ်ရဲ့ ph.d ကျောင်းသားဖြစ်တဲ့နေ့တနေ့တည်း..။။

No comments:

Post a Comment