အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, April 6, 2010

သူတို့ဘာတွေပြောကြတာလဲ.??


ဖြောင့်မှန်သည့်ဓမ္မတာလွန်လူသား.
ဤ ကမ္ဘာတွင် ဗုဒ္ဒသည် ထာဝရတည်မြဲ၍ တန်ခိုးရှိသောသစ္စာတရားတို့ကိုဖေါ်ထုတ်ခဲ့သည်.။ အိန္ဒိယနိုင်ငံသားတို့
ကိုသာမက.လူသားတရပ်လုံးကိုပါ.စာရိတ္တတရားမြင့်မားတိုးတက်စေခဲ့သည်.။ဗုဒ္ဒသည်.ကမ္ဘာပေါ်တွင်.အမြင့်မြတ်
ဆုံး အဖြောင့်မှန်ဆုံးလူသားစာရင်းဝင်တဦးဖြစ်သည်။ ။(အဲလ်ဘတ်ဆွစ်ဇာ)
ကမ္ဘာ့ ယဉ်ကျေးမှု
ဗုဒ္ဒ.၀ါဒသည် လူသမိုင်းတွင်.ကမ္ဘာယဉ်ကျေးမှုတိုးတက်မြင့်မားရေးနှင့်.စစ်မှန်သောယဉ်ကျေးမှု ထွန်းကားရေး
အတွက် အခြားသောသြဇာသက်ရောက်မှုများထက် ပိုမိုသြဇာသက်ရောက်စေခဲ့သည်။ ။(အိပ်ခ်ျ ဂျီ ၀ဲလ်)
အကြင်နာကင်းသောစကားကိုမဆို
ဗုဒ္ဒမြတ်စွာတွင်.ဒေါသအလျံထွက်သောအခါဟူ၍ မည်သည့်အခါမှမရှိချေ.ဘုရားရှင်၏နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမှ မရှိချေ။(DR အက်စ်ရာဓခရစ်ရှ်နန်)
လူသားပန်းတပွင့်ပါ.
ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေကုဋာ တကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များ လောကကိုပြည့်ဝစေတာ. လူသားပန်းတပွင့်ပါ.. ဘယ်..သူလဲ ?? ဗုဒ္ဒ..ဘုရား.ဂေါတမ ဘုရားပင်တည်း။ ။
(ဆာ-အက်ဒွင်အာနိုး)

No comments:

Post a Comment