အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, April 29, 2010

အတွေ့လေးရယ်က အို အကြုံ..

နောက်တနေ့အရှင်ပညောရဲ့အကူညီဖြင့်နမက္ကာရဋီကာစာအုပ်ကြီးကိုင်ကာ.ဆရာဂုရုကြီးဆီသို့ပြန်လည်ရောက်ရှိတယ်ပေါ့ စာအုပ်ကိုပြမိ၏.မျှော်လင့်ချက်ပန်းတိုင်လေးပိုင်ဆိုင်ခဲ့
ပြီပေါ့..ရေးပါ တဲ့လေ.၄င်းကျမ်းကိုတိုနိုင်သမျှအကျဉ်းချုန်းလို့ရေး.ကွန်ပြူတာဆိုင်သို့
ပြေးခဲ့ရတော့၏.ကွန်ပြူတာစာရိုက်သောနေရာမှာသွားရသည့်အခါပေါင်းကားမရေတွက်
နိုင်ခဲ့ မီးပြတ်နေတယ်.စသည်စသည်တွေကြောင့် အချိန်တို့သည်ကုန်တော့၏.။၂ ရက်
၃ ရက်လောက်အချိန်ယူခဲ့ရ၏.အရေးကြီးနေရင်အရာရာမှာအနှောက်အယှက်တို့သည်
ပေးတတ်စမြဲ.သဘာဝပဲလေ.၄င်း.synopsis ကား.အောင်မြင်ခဲ့လေပြီ.ဆရာဆီသွားကာ
ပြမိတော့၏.အဆင်ပြေခဲ့၏..ဆရာဂုရုကြီးမှ.application rorm တခုထုတ်ပေးလို့ အပြုံး
လေးနဲ့ပြန်လာမိတော့၏.နောက်တနေ့လိုအပ်သောစာများကိုဖြည့်ကာ ပြန်လည်တင်ပြတော့၏..သို့သော်.အမှား ၂ ခုကြောင့် ဆရာဂုရုရဲ့ပြောဆိုမှုခံကာပြန်
လာမိတော့၏.နောက်ထပ်စာရွက်အသစ်တောင်းဘို့ကား.head ဆရာကားမရှိတော့ပြီ.
နောက်တနေ့.မောင်သူရာနန္ဒ မှဆိုင်ကယ်ဖြင့်လိုက်ပို့တော့၏.လမ်းမှာ ရာသီဥတုသည်
ပူနေသော်လည်းလမ်းမှာ လူမပြတ် မဇ္ဈိမသားတို့ဖြင့်ရင်ဘောင်တန်းကာသွားလာခဲ့ရ
တော့၏.လမ်းမှာ လူဦးရေထူထပ်သောကြောင့် လမ်းတို့သည်ပိတ်ဆို့နေမိ၏.မိမိသည်
လည်းအရေးကြီးနေသောကြောင့် မောင်သူရာ မှ လမ်းဆိုးသောလည်း.အမြန်ရောက်
သောလမ်းမှ မောင်းပေးတော့၏.ထိုနေ့အဖို့မှာလည်းစိတ်ဆန္ဒသည် အမိတက္ကသိုလ်
သို့အမြန်ရောက်ခြင်နေမိတော့၏.။ရောက်ပါပြီ အမိတက္ကသိုလ်သို့.ဆရာတို့သည်လည်း
စုံစုံညီညီတွေ့ရတော့၏..မိမိလည်း head ဆရာဆီသို့နောက်ထပ်စာရွက်တရွက်တောင်း
မိ၏.မိမိ M.A တန်းတွင်သုတ္တာန်ဆရာသည် မိမိအပေါ်ဂရုဏာသက်သောစိတ်ထားဖြင့်
လိုအပ်သည်များကိုသေသေခြာခြာရေးပေးတော့၏.မိမိလည်း စာရွက်လေးကိုင်ကာ
အဆောင်အပေါ်ထပ်သို့ ကိုမွတ္တားခူးပေးထားသော ခရမ်းသီးချက်နဲ့ အစိမ်းသုတ်သုတ်
ထားသောဂေါ်ဖီပန်း ခရမ်းချဉ်သီး ကြက်သွန်တို့ဖြင့်လွေးမိတော့၏.။
ဆွမ်းစားအပြီး ကျောင်းကိစ္စ ဖောင်ကို ရိုက်ရန်သွားခဲ့သော်လည်း မီးကပြတ်နေ၍ နေရာ
၃ နေရာသွားသော်လည်းအဆင်မပြေခဲ့.။ဟော..မီးလာပြီ ဆိုသော်လည်း.ဆိုင်မှာ စာရိုက်သူသည်မရိုက်တတ်..မောင်သူရာလေးသည် လျင်မြန်သောလက်ကွက်လေးဖြင့်
၅ မိနစ်အတွင်းပြီးဆုံးစေ၏။ ပရင့်ထုတ်ရာ၌ အရေးကြီးလှ၍နမူနာ၂ ရွက်ဖြင့်အစမ်းထုတ်မိ၏..အဆင်ပြေပြီ ဆိုမှ အဓိကကြသောစာရွက်ပေါ်သို့ပရင့်ထုတ်ရ
တော့၏..အိုကေ..ကျသင့်သော ရူပီး ၂၅ ရူပီးပေးကာ အမိတက္ကသိုလ်ဆရာတို့ဆီသို့
သွားခဲ့သော်လည်း ဆရာတို့သည်ကား..ပြန်သွားခဲ့ချေပြီ။..။
သဗ္ဖေသတ္တာ ကမ္မသကာ

No comments:

Post a Comment