အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, March 24, 2010

ဝက်သားဟင်းတခွက်ရဲ့ရာဇ၀င်လေးပါ..

ဒီနေ့တော့ စားရသောက်ရတာလဲ.အဆင်မပြေတော့ အသားဟင်းလေးစားခြင်တဲ့ဆန္ဒလေးဖြစ်မိတာနဲ့.၅ ကီလိုဈေး
လေးသို့ လက်စွဲတော်အဖေါ်လေးနဲ့ထွက်ရတယ်ပေါ့.တနှစ်လောက်မှ ၂ ခါလောက်ပဲစားမိတယ်ပေါ့.ခုတော့ ရာသီ
လေးကပြောင်းလာတာနဲ့အမျှ.ခံတွင်းကလဲ ပြတ်ခြင်လာတယ်လေ.လွန်ခဲ့တဲ့တပါတ်လောက်ကလဲ ဆန္ဒရဲ့နောက်
ကွယ်မှာအပြေးလေးထွက်ခဲ့သော်လည်း.ကိုရွှေကုလားတို့ရဲ့ဘာသာရေးပွဲနဲ့ ကြုံခဲ့ရတော့ စားခွင့်မကြုံခဲ့ရတော့ချေ
အပြန်ကြက်သားလေးများရလိုရငြားကြက်သားရှိရာနေရာလေးသို့ မနားတမ်းစက်ဘီးလေးကိုအပြေးနင်းခဲ့သော်လဲ
ကြက်တွေက အရှင်တွေချည်းဆိုတော့ ဆန္ဒကို.ကရုဏာစိတ်လေးနဲ့ဖြေဖျောက်လို့လက်စွဲတော်ခရမ်းချဉ်သီးလေး
ကီလိုဝက်ဝယ်ကာ.ခြွေးစို့စို့နဲ့.တိုးခွေ့ကာနင်းသော်လည်း.ဒီ.နေ့တော့လဲ.ဗာရာဏသီကျောင်းသားလေးတို့ကံမ
ကောင်ပါလားဆိုပြီးအတွေးလေးနဲ့.ပြန်လာခဲ့ရပါပကောလား......
အင်း..ဒီနေ့တော့လဲ..သွားရပေဦးမည်ဆိုပြီး.လက်စွဲတော်စက်ဘီးအိုလေးနဲ့ ထွက်လာခဲ့တယ်ပေါ့.ရုံးဆင်း
ချိန်ကလဲနီးပြီ..အလုပ်ပြန်ကြသူများ.ဈေးဝယ်လာကြသူများနဲ့.လမ်းကလဲခပ်ရှုတ်ရှုတ်.ပေါ့.ကိုရွှေကုလားနိုင်ငံ
မှာတော့ ရှင်းတဲ့နေရာဟူ၍ မရှိသလောက်ရှားပါး၏.နေရာတိုင်းမှာ လူတွေနဲ့ပြည့်ညပ်လို့နေတာချည်းပဲလေ.
ပါနီပူရ် ဆိုတဲ့နေရာလေးတော့ ပိုလို့ရှုတ်ထွေးနေတယ်လေ..ကားဂိတ်နှင့်.၅ကီလိုဈေးသို့သွားမည့်လူများ မြို့ထဲသို့သွားမည့်သူများနှင့် ခပ်ရှုတ်ရှုတ်..ရှုတ်နေတဲ့အထဲမှာ ..မြန်မာစကားမပီကလာပီကလာနဲ့.
မင်္ဂလာပါ.ဘန္တေကြီး..တဲ့..ဗျာ.။ ဘယ်သူလဲဘယ်ဝါလဲလို့ကြည့်မိတော့..အို့.. ဆိုနိုဆိုသောကားသမားပေါ့.သူသည်
မြန်မာဘုန်းတော်ကြီးများနဲ့အဆက်ဆံများလာတော့ မြန်မာစကားလေးနဲ့နှုတ်ဆက်လိုက်တော့ပျော်လိုက်သည်
ဖြစ်ခြင်း..မိမိသည်လည်း...နမာစကား ဆိုနို.လို့ ပြန်နှုတ်ဆက်လိုက်ပါတယ်..ဒီလိုနဲ့ ပါနီပူရ် နဲ့ ၁၅ မိနစ်ခန့်
လောက် သွားရမယ်ဆိုတော့.သတိလေးထားပြီး ဘရိတ်လေးကိုလက်မှမလွတ်တမ်းကိုင်လို့ပေါ့..လမ်းသည်လည်း
ကြမ်းစပြုလာတော့ ခပ်ဖြေးဖြေးလေးနဲ့နင်းနေရင်းပဲ..ဗျောင်း..ဆိုပြီး စက်ဘီးပေါက်ပြီ..တော်သေးရဲ့ သတိနဲ့
ဘရိတ်လေးအုပ်လို့.အနားမှာလဲ.ပြင်တဲ့ဆိုင်ကမရှိ.လက်မှတွန်းကာဖြည်းဖြည်းခြင်းသွားခဲ့ရတယ်လေ.
တနေရာအရောက်.အပြင်ဆိုင်တွေ့လို့ဝင်မိပြန်တော့.သူမအားဘူးတဲ့အလုပ်တွေသိပ်များနေတယ်တဲ့.လေ.
မင်းအရေးကြီးရင်ဆိုပြီး သူလက်ညှိုးထိုးရာနေရာလေးသို့ ရှက်ကလဲရှက်.အားကလဲငယ်လာမိတယ်ပေါ့.လေ.
သူလက်ညှိုးထိုးရာသို့ တမျှော်တခေါ်ကြီး ပေါ့ ၅ ကီလိုဈေးသို့ရောက်ခါနီးလာတော့ ကား.ဆိုင်ကယ်.လီရှော.
ကုန်ကားကြီးများ.တွန်းလှည်းများ.နွားလှည်းများ..အလိုလို လမ်းတကာသို့လျောက်သွားနေတတ်သော နွားများ.
ဈေးသည်များ..ဈေးဝယ်များတို့သည်လည်း ပြည့်ကြပ်နေတဲ့အကြားမှာစက်ဘီးလေးလက်မှကိုင်လို့.ခပ်ကုတ်
ကုတ်လေးတွန်းကာသွားလာနေတဲ့ပုံစံလေးတော့မမေ့နိုင်ခဲ့ပါ.အမှတ်တရအဖြစ် ဒီ post လေးကိုတော့ တင်လိုက်ရတယ်ပေါ့..ဟော..တွေ့လိုက်ရပြီပေါ့..၀မ်းသာအားရနဲ့ဝင်မိပြန်တော့လဲ..လက်နဲ့ ပြကာမိမိအား.ပြော
နေတော့၏..ဘာကြောင့်လဲ ဘာလဲလို့ စဉ်းသားမိရဲ့.လက်စသက်တော့ သူက စက်ဘီးပြင်ဆိုင်မဟုတ်ဘူးဆိုတာ
ပြန်လှည့်ခဲ့ရပြန်တယ်ပေါ့..၂၀၀၈ ခုနှစ်လောက်က.ဒီ ၅ကီလိုဈေးမှာ သူငယ်ချင်းနဲ့အတူဈေးဝယ်လာရင်းမိမိကား
လူတွေများ..စက်ဘီးဆိုင်ကယ်တွေကြားမှာ မလိုက်ရဲလို့.ဆိုင်တဆိုင်ရှေ့သို့ရပ်ကာသူငယ်ချင်းအလာကိုစောင့်
နေမိတယ်ပေါ့..ဆိုင်ပိုင်ရှင်သည် မိမိအား.သူဆိုင်ရှေ့မှာလာရပ်လို့ မောင်းထုပ်ခံခဲ့ဘူး၏။
သူဆိုင်နှင့်ဆိုအတော်လေးဝေးပါ၏။မရှက်နိုင်ပေါင်ပြောပြလိုက်မိတော့၏.မိမိမြန်မာပြည်မှာဆို ဒီလိုရိုင်းစိုင်းမှု
မရှိခဲ့ သို့သော် မဇ္ဈိမသားတို့ရဲ့ အခြားနိုင်ငံခြားသားများကို ဘာလို့ဦးစားမပေးတာလဲဆိုတာတွေးလို့မရခဲ့ပါ..
အမိမြန်မာပြည်ဆိုရင်တော့ ဒီလိုအပြုအမူများမတွေ့ရ..ကဲရှိပါစေတော့..ဒီလိုနဲ့.ရှေးဆက်လို့သွားတော့.
ဝမ်းသာမိလိုက်သည်ဖြစ်ခြင်း.ဘန္တေကြီး.COME ON.တဲ့..ဒါနဲ့မိမိသည်လည်း ရှောက်လှမ်းရတာလဲညောင်းလာ
တာနဲ့စက်ဘီးလေးအပ်ခါ လွတ်နေသောခုန်လွတ်လေးပေါ်ထိုင်မိတော့၏.ပြင်ဆင်မှုကတော့မကြာလှ.အိပ်ထဲမှ
ပါလာသောကြွေနုတ်လေး ၅ရုပီး ၃ စေ့ထုပ်ပေးကာ.ရှေ့ဆက်ပြီးသုတ်ခြေတင်မိတော့၏..
ရောက်ပါပြီ..ဘာဘူကြီး နမာစကား..ဆိုပြီးပြောကာ.တကီလိုယူမယ်ပြောပြီး.အညောင်းပြေလမ်းလျောက်ရင်း
စောင့်နေတော့၏.ကုလားများတို့သည်.ဟိုမှသည် ဒီသို့သွားလာလှုပ်ရှားနေကြ၏.ကလေးများသည်လည်း
ဆော့ကစားနေကြ၏.ကားကြီးတစီးပေါ်တွင်မှာတော့ ဓါတ်ပုံအကြီးကြီးတင်ကာ.၄င်းကားပေါ်တွင် တီးဝိုင်းများဖြင့်
ခုန်ပေါက်ကနေသောလူရွယ်များ.တို့ဖြင့် ပျော်ရအင်နေကြ၏.။ထိုအပျော်ဆီသို့ရောက်ကာ.ဘာဘူမှ.
ဟေး..ဘန္တေကြီး..ဆိုမှ.သတိရတော့၏.ကြသင့်သော.ရူပီး၁၀၀ ကိုပေးကာ.ပြန်လာခဲ့တော့၏..။ထိုနေ့သည်ကား
ဝက်သားတခွက်ရဲ့ အမှတ်တရအဖြစ် ဘလော့မှာ အမှတ်တရ အဖြစ်ပေါ့လေ..ဒီနေ့မှာတော့ဝက်သားကားရခဲ့ပါ
၏..သို့သော်.၀က်သားတခွက်စားရဘို့အရေး..အရှက်တွေ.နဲ့ရောထွေးကာ.၀က်သားစားခြင်စိတ်တို့သည်လည်း
ဒီ..၂၀၁၀ .မှာ ဗာရာဏသီရွှေမြို့တော်ကြီးမှာ နောက်ဆုံးပဲဆိုတာ........

No comments:

Post a Comment