အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, March 7, 2010

ပျင်းလိုက်တာနော်

ဒီနေ့ နေရတာကချောက်ကပ်ကပ်နဲ့.ပင်အိုတွေလဲမွဲလို့ရိုးတံတွေကခပ်ကြဲကြဲ ဟို.အဝေးကို မျှော်ကြည့် ပြန်တော့လဲ.မြောက်လေလေးက ခပ်သုတ်သုတ်လေးနဲ့.နားထဲကြားလိုက်ရတဲ့ အသံကဥသြသံပမာ.ပေါ့. အော်..နွေရာသီကိုတောင် အကြွင်းမဲ့ရောက်လို့လာခဲ့ပြီ.ဆိုတာ. သဘာဝပတ်ဝန်းကျဉ်က. နိုးဆော် နေမိတော့လဲ.အော် နွေရာသီ.. နွေရာသီ.. အမိမြန်မာပြည်မှာတော့ဥသြငှက်တို့အလွမ်းသီချင်းဆိုနေချိန်ပေါ့..
မီးကလဲ ပြတ်နေလိုက်တာ.လက်သုံးတော်ဖြစ်တဲ့မစ္ဖျိမဒေသ ပုံရိပ်များစာအုပ်လေးကို ကောက်ပြီး လှန်လိုက် မိရဲ့မြတ်စွာဘုရားရဲ့ အကြောင်းလေးတွေတွေ့သမျှ ကုန်ကြမ်းလုပ်ဘို့ ရင်ထဲမှာတန်းစီနေပါပကော လားဆိုပြီး.ပီတိတွေလဲဖြစ်နေမိတယ်ပေါ့..အတွေးစတို့သည်လည်းဟိုမှသည်ဒီ..ပေါ့့.. လေပြေလေးတချက် တိုးဝှေးလိုက်တာ.ရင်ထဲမှာတော့ အေးသွားခဲ့.အင်း..အမိမြန်မာပြည်မှ မယ်တော်ကြီးတော့ ကျမ္မာလို့ ချမ်းသာပါစ..ဆိုတဲ့အတွေးကလဲ.နှလုံးသည်းပွတ်တနေရာမှာ ၀င်ရောက် လာမိပြန်တော့လဲ.. အော်.. မယ်တော်ကြီးနဲ့ ဝေးကွာလွန်းတဲ့ နေရာမှာဒီရာသီအချိန်လေးမှာဆိုရင်. မယ်တော်ကြီးရဲ့ပြုတ်ပေးသော ပြောင်းဖူးနုနုနဲ့ ထန်းပင်ပေါက်လေးတွေကို လွမ်းလိုက်တာလေ မပြောပါနဲ့လား. ဒီမှာတော့ဝေးခဲ့ရပါတယ်လေ မယ်တော်ကြီးရယ်.အမေ ကိုပြောမိတယ်နော်.သားတို့နေရာက အေးရင်လဲ တအားအေးတယ် ပူရင်လဲအရမ်းပူတယ်လို့..ခု .ဆောင်းကုန်လို့ နွေကူးပြန်တော့လဲ အပူဒါဏ်ကိုအံတုလို့. မပြီးပြတ်သေးတဲ့ ကျောင်းကိစ္စကိုစောင့်ရင်းဘ၀သမိုင်းပေးတာဝန်လေးကြောင့်သီးခံပြီးနေနေရတယ်မယ်တော်ကြီးရယ်. အချိန်တန် ပြန်လာရင်တော့ မယ်တော်ကြီးရဲ့အနားမှာ ရက်ရှည်လများကြာကြာနေမယ်လို့လဲစိတ်ကူး တွေနဲ့ပေါ့..ဟော..အချိန်တန်လာတော့လာပြီပေါ့..မီး..ကွန်ပြူတာလေးကိုကောက်လို့ဖွင့်လိုက်တယ်ပေါ့. အမိမြန်မာပြည်မှညီမတယောက်ရဲ့gtalk.မှ..တိန်..ဆိုပြီး.နေကောင်းလား.?ဘာညာပေါ့.ပူနေပြီလားတဲ့ အဲဒီမှာ.သိပ်တော့မပူတတ်သေးဘူးဆိုပြီးဖြေလိုက်မိရဲ့..အလဲ့..အလာကြီးပါလား..နွေရာသီရဲ့သရုပ်လေးကို ဖေါ်ထုတ်လို့အလွမ်းသည်ထားလိုက်တာ.. (ပူသမျှကိုအလှဆင်....စိတ်ပူ..ရင်ပူ..အတွေးပူ..တစ်ပိုက်တစ်ထွေးနဲ့..ဟောဒီလူသား..လှမ်းသော်မှ.ရောက်လာခဲ့
တဲ့အမုန်းနွေ..ပူသမျှကို..ရင်နှင့်အမျှ..ပိုက်ကာထွေးတော့..နွေရှိနေကရွေ့.အပူဆိုတာရင်ဆိုင်ရစမြဲမို့..ပူပါစေ
တော့နွေတရာ..)ဆိုပြီးရောက်လာပြန်တော့ တိုက်ဆိုင်မှုလေးတွေပေါ့.နွေအကြောင်းလေးကိုစဉ်းစားနေချိန်မှာ
အော်..အမိမြန်မာပြည်မှာအပူတွေနဲ့ရင်ဆိုင်နေကြပြီဆိုတာလဲ တွေးမိပြန်ရဲ့..ရွာမှာ ငယ်စဉ်ကဆော့ကစားဘူး
တဲ့.လက်ပန်ပွင့်ကြီးတွေအခုချိန်ဆိုကြွေကြနေလို့..ငယ်သူငယ်ချင်းတို့ကောက်နေကြပြီပေါ့ဆိုပြီး ငယ်သူ ငယ်ချင်းတွေကိုလဲတမ်းတ မိပါတယ်လေ.အတွေးတို့သည်လည်း မစ္ဖျိမတနေရာကနေ. အောက်မေ့ရုံမှတပါး.မတတ်နိုင်တော့ပါ.အပျင်းတိုကသည်လည်း.စာလေးဖတ် မယ်တော်ကြီးရဲ့အကြောင်းတွေး ငယ်စဉ်က ဆော့ကစားဘူးတဲ့ကြွေကြလာသမျှလက်ပန်ပွင့်ကြီးတွေကို အလုအယက်ပြေးလွှားလုခဲ့ရတာလေးတွေ တွေးရင်း..အပျင်းတို့သည်လည်း.အပျင်းတော်ကိုပြေစေခြင်းငှာ.... စာလေးတပိုဒ်ဖန်ဆင်းလိုက်ရချေသည် တကား...

No comments:

Post a Comment