အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, March 14, 2010

ဗာရာဏသီမြို့တော်အကြောင်း


ခုတလောဘလော့ဘက်သို့မရောက်ဖြစ်ခဲ့.အကြောင်းအမျိုးမျိုးတွေကြောင့်ပေါ့.ကွန်နရှင်ရဲ့ ဆိုးဝါးမှု တွေရယ် ကြောင့် Post.မတင်ဖြစ်ခဲ့။ ဒီနေ့တော့ကောင်းမယ်ထင်လို့ တင်မယ်ဆိုပြီး ကွန်ပြူတာကိုကောက်ဖွင့်မိခဲ့... အချိန်ကတော့.လူခြေတိတ်ချိန်လေးပေါ့.မေတ္တာပို့သံလေးကိုအဖေါ်ပြု.ခပ်ဝေးဝေးမှာကြားနေရတဲ့ "စရဏ" ဘူတာသို့ ၀င်ရောက်မည့် ရထားကြီးရဲ့ရှည်လျားတဲ့ ဥသြရှည်ကြီးဆွဲသံနှင့်ထပ်တူ ရာသီချိန်ကား ဆောင်းအကုန်နွေအကူး.လေပြေနုလေးတွေ ဆော့ကစားချိန်။ ရောရွက်ဝါတို့သည်လည်းဟိုတရွက် ဒီတရွက်ကြွေကျလို့ မြေခတဲ့အချိန် မိမိနေအိမ်ရှေ့မှ မာလကာပင်ကြီးသည်လည်း ရိုးတံတို့သည် ခပ်ကြဲကြဲမို့ အော်..နွေရာသီကိုတောင် အကြွင်းမဲ့ရောက်လုပါပြီလားဟု....အတွေးစတို့နှင့်အတူ မိမိကျေးရွာ အညာဒေသ မှာတော့ ဖုန်လုံးကြီးတွေထနေကြပြီဆိုတာအောက်မေ့မိပါရင်း..ငယ်စဉ်ကကြားဘူးခဲ့သော ဗာရာဏသီ ရွှေမြို့တော်.ယ္ခုမူ.မိမိပညာသင်နေရတဲ့နေရာတစ်ခုအဖြစ်သို့ရောက်ရှိပေါ့.တနည်းအားဖြင့် သံဝေဇနိယ လေးဋ္ဌာနအနက်၊ တခုအပါဝင်ဖြစ်တဲ့ ဗုဒ္ဒဘာသာတို့အားကိုးရာမြတ်စွာဘုရား ၅ ပါးရှိတဲ့ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောရာ နေရာမြတ်ပါ..ဗာရာဏသီရွှေမြို့တော်၏ အကြောင်းကိုရေးမလို့ဆိုပြီး မေ့နေလိုက်တာ၊ အင်း.ခုဆို.မီးကပြတ်စာရိုက်ကမကျွမ်းကျင်နဲ့ ဓါတ်မီးလေးကိုအဖေါ်ပြုကာ ဒီနေ့တော့.တင်ရပေတော့မည်၊ မနေ့ကလဲ..ဂျိမ်းဘုန်းကြီးဗီဒီယို ဖိုင်တင်လိုက်တာမနက်မိုးလင်းခဲ့တယ်.. မအောင်မြင်ပါဘူး.သီးခံကြပါလို့။
မိမိနေတဲ့ ဗာရာဏသီရွှေမြို့တော်သည်.ကာသိက.ကာသိနဂရ စတဲ့အမည်နာမတွေနဲ့ထင်ရှားခဲ့တဲ့မြို့
ကြီးတမြို့ပါ..ဂေါတမမြတ်စွာဘုရားလက်ထက်တော်မှာဗာရာဏသီ(Varanasi)ဟု ကာသိတိုင်းမှာ ရာဇာဓာနီ မင်းနေပြည်တော်မြို့ကြီးဖြစ်လာခဲ့သည်။အနာဂါတ်တွင် အရိမေတ္တေယျဘုရား ပွင့်တော်မူမည်ဟုဗုဒ္ဓ၀ံသကျမ်း မှာဆိုထားတော်မူုပါတယ်။..ဗာရာဏသီရွှေမြို့တော်ကြီးရဲ့အကျယ်ဝန်းကတော့ ၁၂ ယူဇနာကျယ်ဝန်း ပါတယ်။ မြို့အပြင်ဆင်ခြေဖုံးတွေပါဆိုရင်တော့ ယူဖနာ ၂၀- ကျယ်ဝန်းခဲ့ပါတယ်။မြို့အ၀င် တံခါးလေး ပေါက်ရှီပါတယ်.ဗာရာဏသီရွှေမြို့တော်ကြီးဟာ.ရှေးအခါက သြဇာတိက္ကမကြီးကြတဲ့အကိတ္တိပုဏ် ဏားကြီး များ သေဆုံးသွားပြီနောက်ပိုင်းတွင် ထိုပုဏ်ဏားကိုအသစွဲပြု၍ ဂင်္ဂါမြစ်ဆိုတာရှိတယ်။ အဲဒီဂင်္ဂါမြစ် ထိပ်မှာမြို့ဝင် တံခါးပေါက်ရှိတယ်။အဲဒီအ၀င်တံခါးကို (အကိတ္တိဒွါရ)ဟု အမည်ပေးထားတယ်ပေါ့..ဗာရာဏသီ ရွှေမြို့တော်ကြီးဟာ မဏ္ဍလမာလာ ဟုခေါ်သောခန်းမကြီးတခုရှိသည်။ ထိုခန်းမကြီးမှာလည်း ဘုံ (၇)ဆင့်ရှိပြီး အပေါ်ဆုံးအထပ်မှာ ယဿသူဋ္ဌေးသားနေထိုင်သည်ဟု ကျမ်းစာအချို့မှာဆိုထားပါတယ်။ ၎င်းမြို့မှာ ဗြဟ္မဒတ်မင်းနေထိုင်သော ဘုံ(၇)ဆင့်နန်းတော်ကြီးလည်းရှိတယ်ပေါ့ ဗြဟ္မဒတ်ဟူသောအမည်သည် ဗာရာဏသီပြည်ကိုအုပ်ချုပ်သော ဘုရင်များကို အပ်နှင်းသည့်ဘွဲ့တံဆိပ်တော်ဖြစ်၏။ ဗြဟ္မဒတ်ဟု အမည်ရသူတို့သည် ၈၆၀၀၀ မျှရျိကုန်ကြ၏။ ရှေးအခါက မြန်မာအဖိုးအဖွားတို့သည်ကလေးများအား ရာဇ၀င် ပုံပြင်များပြောကြားသည့်အခါတွင် မင်းမသိလျင်ဗြဟ္မဒတ်… တိုင်းမသိလျင် ဗာရာဏသီဟု ငယ်စဉ်ကပြောသံ တို့သည်.ယ္ခု.အချိန်တွင်စာပေတို့ရဲ့တွေ့ထိမှုကြောင့်. အလွန်ပင်မှန်လှ၏ ဆိုတာ တွေးမိ၏.။။
ဆက်လက်ဖေါ်ပြပါမည်....

No comments:

Post a Comment