အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, March 31, 2010

ကျောင်းသားလေးအပျော်တဲ့နေ့

ဒီနေ့ကား.အပျော်ဆုံးနေ့တနေ့ဖြစ်တော့၏။ အောက်ပါ.ဂျိန်းဘုန်းကြီး ဗွီဒီယိုဖိုင်တင်နေတာ ကြာမြင့်လေပြီ. မအောင်မြင်ခဲ့။ ၂နာရီကြာမျှ ထိုင်စောင့်ရင်းကွန်နရှင်ရဲ့ ဆိုးဝါးမှုကြောင့် မအောင်မြင်ခဲ့ချေ။ ၂-လပိုင်း လောက် ကတင်ခဲ့ဘူး၏။ နောက်တကြိမ်.B.H.Uတက္ကသိုလ်၌တခါတင်ခဲ့။ ထိုနည်း၎င်း.တတိယအကြိမ်မြောက်… လည်း မိမိနေရာခပ်စုတ်စုတ်နေရာ၌တင်ခဲ့ဘူးပါ၏ မနက်၅- နာရီမျှသာရှိ၍ မိုးသာလင်းခဲ့။ ရွှေမန်းတင်မောင် သီချင်း လိုပြောကြည့်လိုက်မယ်။ ကျွန်နော်လေထိုနည်း၎င်း. ထိုနည်း၎င်း.ပဲပေါ့ ယ္ခုသည်လည်း ထိုနည်း၎င်း တို့သည်.. အကြိမ်များစွာဖြစ်ခဲ့လေတော့ လက်မှိုင်ချကာငေးမှိုင်လို့နေရုံမှတပါး မတတ်နိုင်တော့.ဒီနေ့တော့ အမိမြန်မာ ပြည်မှ..မနက်.(၇)နာရီ၁၂မိနစ်အချိန်တွင်. အဆိုတော်ဒေါ်မာမာအေး.ရဲ့. မောင့်အချစ်မျှားဆူး ဆိုတဲ့သီချင်းကို ringtones.အဖြစ်ပြုလုပ်ထားတဲ့ အသံလေးနှင့် ဖုန်းသံတချက်ထွက်ပေါ်လာ၍ ဖုန်းကိုကမန်းကတန်း ကောက် ကာငင်ကာကိုင်မိတော့ ..အလို..အမိမြန်မာပြည်မှဖုန်းပါလား.ဆိုပြီး မာကြောင်း သာကြောင်းပြော ဖြစ်ခဲ့၏။

ညကလဲ.အတော်နဲ့မအိပ်ဖြစ်ခဲ့။ အကြောင်းကား.လန်ဒန်မြို့မှာ နေထိုင်သော အသိမိတ် ဆွေနဲ့စကားလက် ဆုံပြောနေမိတော့ မနက် ၃- နာရီကျော်ကျော်လောက်မှ အိပ်ဖြစ်တော့.အိပ်ခြင်စိတ်တို့သည် တား၍မရ.. သို့သော်..အိပ်နေမဲ့အစားဆိုပြီး .ကွန်ပြူတာကိုကောက်လို့ဖွင့်သတိတရ.ဗွီဒီယိုလေးအမှတ်ရလို့ ကောက်တင် မိတော့.၄၄-မိနစ်ခန့်လောက်နဲ့အဆင်ပြေခဲ့၏.မိမိမှ ဒီအချိန်လေး.ပြီးအံ့ဟုမထင်ရေးချာမထင်မိ ဆရာတော် ဦးသြဘာသရေးသားပြုစုထားသော စာအုပ်လေးကိုကောက်ပြီး ဖတ်ရင်းနဲ့စောင့်နေမိ၏။ဖတ်ရင်း. တချက် တော့ငိုက်သွားမိ၏.ပြန်နိုးလာတော့.နိုးရခြင်အကြောင်းကာ.သူငယ်ချင်းလာ၍ အိုးရှာခြင်းကြောင့် ဖြစ်၏။

ယ္ခု.ဗွီဒီယို ဖိုင်တင်ပြီးလို့ပျော်နေစဉ်မှာ.သူငယ်ချင်းမှ မုန့်ဟင်းခါးချက်သည်.လာစားဖို့ပြောတော့ မိမိသည် အလွန်ကြိုက်တတ်သောမုန့်ဟင်းခါးဖြစ်ခြင်းကြောင့်အပြောနောက် ဇလုံကိုကောက်ကာ သွားလွေးမိတော့၏။ ၄င်းစာတင်နေချိန်ဖြစ်တော့၏။ ထိုသူငယ်ချင်းသည်.တလပိုင်းလောက်က မိမိအား အိမ်လခအဖြစ်.ရူပီးငွေ (၁၀၀၀) လှူဘူး၏။ မကြာခင်ရက်ပိုင်းမှာလည်း.ဆီ.ဆံ.ဆားတို့ဝယ်ရန်.ရူပီး ၃၀၀- ထပ်လှူပြန်၏။ ကျးဇူး တင်ရပေတော့မည်။ အရှင်ရဲ့ အားတွေကလဲ.မနည်းလှ.ဘယ်လောက်ကြီးမအားလပ်ပါစေတဲ့ ရွတ်နေကြဖြစ် တဲ့ပဋ္ဌာန်း၊ ပရိတ်တို့ကို မပြတ်ရွတ်၏ဟုဆို၏။ အကြိမ်ကြိမ်.သာဓု ခေါ်မိပါ၏အရှင်။

ဒီနေ့ပျော်ရွှင်မှုကား.တပျော် အပေါ်တပျော်ထပ်လို့.ခုအပျော်ကားကြိုက်တဲ့တဲ့အစား စားရခြင်းကြောင့် ဖြစ်ပေါ် လာသောအပျော်တည်း....။ယ္ခု..အောက်တွင်တင်ဖားသော.ဂျိန်းဘုန်းကြီး ဗွီဒီယိုသည်လည်း.. အမြင်တော့ ရိုင်း ခြင်လဲရိုင်းမည်.သို့သော်...သိစေလို မြင်စေလိုသောကြောင့်တင်ပြမိ၏။ ဂျိန်းဘုန်းကြီးဆိုသည်မှာ တရားဟော ရာ၌သော်လည်းကောင်းကြားဘူးမိ၏။.ယ္ခု..မြင်နိုင်ဘို့အရေး.ကို ဒီနေ့တော့ အောင်မြင်ခဲ့လေ ပြီ။ ၄င်းဗွီဒီယိုခွေ လေးကို အမိမြန်မာပြည်ရောက်စဉ်က ပြသဘူး၏။ ကြည့်ရှုသူတို့က ဟင်..ဆိုပြီး အာမေ ဍိတ်တို့ဖြင့်နှုတ်ခမ်းရှုံ့ တတ်ကြ၏။

သို့သော်..ဘာသာရေးကြောင့် ပြသပေးမှုတို့ကိုပင်လျှင်မရှုခြင်ကြ..ယခု..ခေတ်စားနေကြသည့် ရုပ်ရှင်မင်း သားမင်းသမီးလိုဆွဲဆောင်မှုမရှိလို့ဟုယူဆမိ၏။ မှန်ပါ၏.မပြောဆိုရက်ပါ.. လူကြီးသူမများကိုသာ ပြသရတော့သည်။ ..ဟာ..အဲလိုနေတာလား ဦးဇင်းဟု.မေးကြလေတော့၏.တခါသော် မြစ်ဝကျွန်းပေါ် နေရာတခု၌ ၄င်းခွေ လေးပြမိ၏.ဟေး.ဦးဇင်းပြနေတာသွားကြည့် အသတ်မပါတဲ့ ဘုန်းကြီး..(....) တန်းလန်း ကြီးဟု.. ကရင်တို့ ထုံးစံအတိုင်း.ဒဲ့..ဒိုး ပြောချလိုက်၏.. မိမိသည်ပင်လျှင်.. မထိမ်းနိုင်ပဲ. သွားပေါ်ရုံမဟုတ်. ၀ါး..ခနဲ ရီချမိတော့၏.
ယခု ..အိုစာရှုသူကြည့်စေခြင်၏.အောက်တွင် တင်ပြအပ်သော..ဂျိန်း ဘုန်းကြီး. ဖိုင်ကိုကြည့်ဖြစ်အောင်. ကြည့်ပါဟု...တိုက်တွန်းတွန်းရင်းဖြင့်သာ…….

No comments:

Post a Comment