အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, August 2, 2012

ဓမ္မစကြ်ာဟောတော်မူရာနေ့ အမှတ်တရ မိမိတို့ကျောင်းသားတွေမှလည်း

ဗာရာဏသီမြို့ရှိ တက္ကသိုလ်၂ ခုမှ ညီညွတ်စွာ ဓမ္မစကြ်ာရွတ်ဖတ်နေကြပါ၏။

ဓမ္မစကြ်ာရွတ်အပြီး ကိုဂင်္ဂါ နှင့်အတူပေါ့
ဒီနေ့ မြတ်စွာဘုရားရှင်သည် ဓမ္မစကြ်ာသုတ်ကိုဟောတော်မူသောနေ့ဖြစ်၏။ “ ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ အိသိပတန နာမကေ မိဂဒါယေ ဓမ္မ ၀ရံ ယံ တံ နိဗ္ဖာန ပါပကံ” အစရှိသည်ဖြင့် ဓမ္မစကြ်ာသုတ် ကိုဟောတော်မူခဲ့သည်။ နေရာကား မိမိတို့နေထိုင်ရာနှင့် မလှမ်းမကမ်းမှာရှိသည်။ မိမိတို့နေထိုင်ရာသည် မိဂဒါဝုန်တောနှင့် ၂ ကီလိုမျှသာ ဝေးကွာ၏။ ရဟန္တာများ စတင်ပေါ်ပေါက်ရာ သံဃာရတနာစတင်ပေါ်ပေါက်ခဲ့ရာ မြေမြတ်မဟာ ဖြစ်သည်။ သစ္စာတရား ထွန်းကာခဲ့ရာ မြေမြတ်မဟာမှာ ဒီနှစ်ဝါကပ်ရပေမည်။ ဒီနေ့ဆိုရင် အမိမြန်မာပြည်မှာ ဘုရားတွေမှာ လူများပြည့်ကြပ်လို့ ဗုဒ္ဒဘာသာတို့ အမွန်မြတ်ဆုံးနေ့တနေ့ဆိုကမှားအံ့မည်မထင်။ တချို့ ရုံးတွေ ပိတ်ရက်မို့ သံဃာတော်များ မိမိအိမ်သို့ပင့်ဆောင်ပြီး ၀ါဆိုသင်္ကန်းများဆပ်ကပ်ကြမည်။ တချို့ရုံးတွေမှာ လည်း ပင့်ကပ်တတ်ကြ၏။ အင်မတန်ချစ်စရာကောင်းသော မြန်မာပြည်ရဲ့ ဓလေ့ထုံးတမ်းဖြစ်၏။ မိမိတို့ နိုင်ငံရပ်ခြားမှာ တနည်း သစ္စာတရားထွန်းကာခဲ့ရာ မြေမြတ်မဟာပေမင့် ၀ါဆိုသင်္ကန်းဝေးစွ။ သို့သော် အမှတ်တရ ကုသိုလ်ထူးလေးတော့ ရင်ဝယ်ပိုက်ခဲ့ရပြီ။ ဗာရာဏသီမြို့ရှိ တက္ကသိုလ် ၂ခု မှ သံဃာတော်များ ဆေးဝင်္ကဘာမြန်မာကျောင်းမှာ စုပြီး မြန်မာပြည်ကို အမှတ်တရ လွမ်းဆွတ်ခြင်း, သစ္စာတရားထွန်းကားခဲ့ရမြေမြတ်မဟာမှာ  မြတ်စွာဘုရားရှင်ကို အောက်မေ့တသအမှတ်တရ အဖြစ် တက္ကသိုလ်၂ခုတို့ M.A.့ ပထမနှစ်သံဃာတော်မှား.ဒုတိယနှစ်သံဃာတော်များ။ PH.D စောင့်ဆိုင်းနေသော သံဃာတော်များ.တချို့ ကျမ်းတင်ရန် စောင့်နေကြသော သံဃာတော်များ. တချို့တင်ဆဲ viva ထိုင်ရန်စောင့်နေသောသံဃာတော်များ အပါး ၆၀ ခန့်တို့သည် ဆေးဝင်္ကဘာမြန်မာကျောင်း၌ စုပေါင်းညီညာစွာ ဓမ္မစကြ်ာရွတ်ဖတ်ကာ အမှတ်တရ ကုသိုလ်လေး ပြုလိုက်မိပါ၏။ မိမိအိမ်မှာရွတ်လဲ ရသော်ငြားလည်း မိဂဒါဝုန်တော ဓမ္မေခ စေတီတော်အတွင်း၌ ရွတ်လဲရပါသော်လည်း ညီညွတ်ရေး အဖြစ် စုပေါင်းသံပြိုင်ရွတ်ဆိုခဲ့ကြသည်။

No comments:

Post a Comment