ဗာရာဏသီနေ့ရက်များ အနေကြာလာခဲ့သည်နှင့်အမျှ မကြာခင်ခွဲရတော့မယ်ဆိုတဲ့ အသိစိတ်။ အမိတက္ကသိုလ်ကြီး၏ ခေါင်းလောင်းသံသည်လည်း တိတ်ဆိတ်ငြိမ်သက်ဆဲ ငြိမ်သက်မြဲမို့ ခွဲရတော့မည်ဆိုတာ သိနေပြီပဲ သံယောဇဉ်ကြိုးလေးတွေ ရစ်ချည်ခဲ့သမျှကို အပြီးပိုင်နှုတ်ဆက်ခွဲထွက်ခဲ့ရပေမဲ့ ရင်ထဲမှာ ဟာတာတာနဲ့ မေ့နိုင်အောင်ကြိုးစားရတော့မယ်။ တူတူနေခဲ့ဘူးတဲ့ သူငယ်ချင်းများ လက်ပြနှုတ်ဆက်ရတော့မယ်မို့ အပြန်ခရီးမှာ အောက်မေ့တသခြင်းတွေရယ် မေ့မရနိုင်အောင်ထားရှိဘူးခဲ့တဲ့ မေတ္တာတရားတွေကို သူတယောက်သိပါစေတော့လေ။ နှစ်တိုင်းပြန်နေကြလိုတော့မဟုတ်ခဲ့။ ဒီနှစ်အပြန်ခရီးမှာ ရင်ထဲမှာ အတော်လေး ခံစားနေမိတယ်ပေါ့။ ပြန်မလာတော့ဘူးဆိုတဲ့ သံဒိဋ္ဌာန်ချလိုက်လို့ပဲ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခေါင်းလောင်းသံကို ကြားနိုင်စွမ်းမရှိတော့သလို ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ (ဘုရားဖူးများလာခဲ့ရင်)မှတပါး မလာနိုင်တော့ ခေါင်းလောင်းသံသည် ဘယ်သောအခါ ဘယ်အချိန်ကြမှ ကြားရမှန်းမသိခဲ့တော့ အိမ်တွင်းပုန်းကုလားမ လုပ်နေတတ်တဲ့ မိမိ။ မိမိတက္ကသိုလ်ကိုသာ သံယောဇဉ်ကြီးစွာနဲ့ စောင့်ဆိုင်းခြင်းသည် မဟာအမှားကြီးဖြစ်ခဲ့ရတယ်။ အမှန်တော့ ဗီဇာ ၂ နှစ်ခွဲအတွင်းမှာ ခေါင်းလောင်းသံကြားရမည်ဆိုတဲ့ အသိစိတ်ကြောင့်ရယ် ရိုးစဉ်းစွာဝန်ခံရရင် မိမိတက္ကသိုလ်အပေါ်ယုံကြည်မှုတွေ ထားလွန်းခြင်း၏ အကျိုးကတော့ ဗီဇာ ၂ နှစ်ခွဲ ကုန်လို့မှ (PH.D)ကျောင်းသားတယောက် ဖြစ်ခွင့်မရခဲ့တော့ တက္ကသိုလ်အပြစ်လဲ မဟုတ်ခဲ့သလို မိမိလည်း မိမိတက္ကသိုလ်အပေါ် အားကိုးမှုကြောင့် ခုတော့ အချိန်တန် အိမ်ပြန်ရုံမှတပါး အခြားမရှိတော့။ မိမိနည်းတူ ဗီဇာကုန်လို့ မြန်မာပြည်မှ စောင့်ဆိုင်းနေကြသော သူငယ်ချင်းများ မိမိလည်း ခုတော့ ဗီဇာကုန်လို့ ပြန်လာခဲ့ရပြီပေါ့။ ခေါင်းလောင်းသံကတော့ ၂၀၁၂ ကုန်တဲ့ထိမသေခြာခဲ့။ ၂၀၁၃ တောင် ဘယ်လ ဘယ်နေ့ဘယ်ရက်ဆိုတာ တက္ကသိုလ်အုပ်ချုပ်သော ဆရာ(ဂုရုကြီး)များသည်ပင် မပြောနိုင်သမျှ ခေါင်းလောင်းသံသည် တိတ်ဆိတ်ငြိမ်သက်လျှက်မို့..။
No comments:
Post a Comment