နေသည်သာလျှက်ရှိ၏ သို့သော်မကြာလိုက်ချေ။ ကောင်းကင်တပြင်လုံး မဲရောင်သန်းလာကာ ဘယ်အငြိုးတေးရယ်ကြောင့်မသိခဲ့ မိုးသည် သဲသဲမဲမဲရွာချနေမိသည်။ ၀န်းကျဉ်တခုလုံးဘာမှမမြင်ရတော့ လေတွေလဲတိုက်ပါဘိနှယ်။ မထင်မှတ်ပဲ ဗာရာဏသီမိုးနေ့တွေ များနေခဲ့ပြီ ခုတလော မီတာခတွေ သက်သာနေခဲ့ချေ၏။ ကိုလာလဲ နားနေရ၏။ လေပန်ကာသည်လည်း ပျင်းနေရော့မည်။ ပျင်းပျင်းရှိတာနဲ့ ဖေ့ဘုတ်စာမျက်နှာများ မွှေနှောက်ကာ ကြည့်နေမိတော့သည်။ ဗာရာဏသီမြို့၏ မိုးနေ့တွေများလို့နေ၏။ မချိန်းပဲလဲရွာတတ်၏။ တခါတရံ နေပူမရှောင် မိုးသည်ရွာချတတ်၏။ မိုးရွာလိုက်သည်နှင့် မဇ္ဈိမသားတို့ ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်ကြ၏။ သူတို့သည် မိုးကိုကြောက်၏။ မနေ့ကလဲ မထင်မှတ်ပဲ စရဏဘူတာဘက်အပျင်းပြေ သွားခဲ့၏။ မချိန်းပဲရွာလိုက်ရတဲ့မိုး။ ရွှဲရွှဲစိုကာသွားခဲ့၏။ တက္ကသိုလ်၏ခေါင်းလောင်းသံသည်လည်း မကြားရသေး။ အချိန်တို့သည် ကြာလာသည်နှင့်အမျှ ဒီနေ့ဖြစ်နိုး ဟိုနေ့ဖြစ်နိုး နဲ့ ကြာလာတော့ ရူးချင်လို့လာခဲ့သည်။ စောင့်ဆိုင်းရသောနေ့ရက်များသည်.နေ့မှသည် လသို့…။ လမှသည်နှစ်သို့..။နှစ်မှသည် ၂နှစ်သို့ အချိန်တွေသာ ကြာညောင်းလို့လာခဲ့သည် တက္ကသိုလ်ခေါင်းလောင်းသံကတော့ တိတ်ဆိတ်ငြိမ်သက်လို့နေ၏။မသေခြာခဲ့.။နောက်နှစ်ဆိုတာလဲ မသေခြာ။ ဘယ်လိုလုပ်တော့မလဲ အတွေးစကို ရင်ဝယ်ပိုက်ပြီး တနေ့တော့ဖြစ်လာမှာပါ ဆိုတဲ့ ကိုသန်းနိုင်သီချင်းတပုဒ်ကို ပြန်လည်ကြားယောင်လို့လာခဲ့။ ဒီလိုနဲ့ ပေးထားတဲ့ ဗီဇာသည်လည်း မကြာမီ သက်တမ်းကုန်တော့မည်မို့ ဋ္ဌာနေပြန်ရန် တွေးရပေတော့မည်။ မိမိကဲ့သို့ စောင့်ဆိုင်းနေကြသည့် သူငယ်ချင်းတွေလဲရှိကြသည်။ တချို့မြန်မာပြည်မှာ လိပ်ခဲတင်းလင်းစောင့်နေကြသည်။ ဗီဇာတော့မရှိကြတော့ တချို့ တိုးရစ်ဗီဇာနဲ့ပြန်လို့လာခဲ့ကြချေပြီ။ သူတို့တွေနဲ့စာမိရင်တော့ အကောင်းသားပါလားလို့တွေးမိခဲ့သည်။ ခုတော့ မိမိလည်း မကြာခင် ဗီဇာကုန်တော့မည်။ ရွှေမန်းကိုတင်မောင်သီချင်းကိုလည်း ငယ်စဉ်ကကြားဘူးခဲ့သလို ကျနော်လည်း ထိုနည်း၎င်း ထိုနည်း၎င်း။ဖြစ်တော့မည်။ ပြန်ဘို့ တာဆူရုံမှတပါး အခြားမရှိတော့။ပြန်ပြန်တော့လဲ ဒုတိယ၀ါအမှီပြန်ဘို့စဉ်းစားရတော့မည်။ အင်း .ခက်နေသည်ကား ခုထိဘာမှမသေခြာ မရေရာသေးတဲ့ တက္ကသိုလ်ကြီးကို အပြီးပိုင်နှုတ်ဆက်လို့ လမ်းခွဲလိုက်တော့မယ်။ ရဟန္တာတွေ စတင်ဖြစ်ပေါ်ခဲ့သည့် သံဃာရတနာစတင်ပေါ်ပေါက်ရာ မြေမြတ်မဟာနဲ့ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့လမ်းခွဲခဲ့ရပေမဲ့ မိမိရင်ထဲမှာတော့ အမှတ်ရနေစရာတွေ ရှိနေစမြဲပါ။ လမ်းကြုံခဲ့ရင်တော့ ပြန်လည်တွေ့ဆုံခွင့်လေးတွေရှိနေအုံးမှာပါပဲလေ။ အချိန်တို့ကြာလာခဲ့သည်နှင့်အမျှ နေခဲ့တဲ့နေရာဟောင်းလေးတွေ တက်ခဲ့ဘူးတဲ့ တက္ကသိုလ်ရဲ့ စာသင်ခန်းမလေးများကို လွမ်းနေဆဲ လွမ်းနေလျက်ပါ လို့ မိမိတို့ ( M.A)ဘွဲ့ (၂၀၀၉)ခု ရယူပြီးသည်နှင့်တပြိုင်နက် တက္ကသိုလ်၏ စည်းမျဉ်းတွေသည် ပြောင်းလွဲလိုက်သည်နှင့် ၂၀၁၀ ခုနှစ် မိမိ(synopsis) တင်ပြီးကထဲက ယခုချိန်ထိ ဆရာများကိုယ်တိုင်က ဘာမှအတိကျမပြောနိုင်သေးဟု အားရစရာကောင်းလှသော စောင့်ဆိုင်းရကျိုးသည် မကြာခင်ဗီဇာလည်း နိဋ္ဌံတံ။ မိမိလည်း နိဋ္ဌိတံလို့ အချိန်တန် အိမ်ပြန်ရပေမဲ့ လွမ်းမြဲလွမ်းနေလျှက်ပါ လို့…။
|
Saturday, August 11, 2012
“မိုးနဲ့ အတူ” အချိန်တန်တော့လဲ အိမ်ပြန်ရုံမှတပါး

Subscribe to:
Post Comments (Atom)
No comments:
Post a Comment