တနေ့က အမိတက္ကသိုလ်မှ ဆရာ(ဂုရုကြီး)တွေ သွားတွေ့လိုက်တယ်။ ဒီလကုန် PH.D ကျောင်းသားတယောက်ဖြစ်ဘို့ ရေးဖြေဖြေရမယ်ဆိုလို့ပေါ့။ သို့သော် အတိကျမသိခဲ့ရပါ။ ဆရာ တယောက်ဆီ ၀င်ရောက်မေးလိုက်တယ်။ ရက်အကန့်သတ်မရှိပါတဲ့ သူတို့လဲ ဘာမှမသိပါတဲ့လေ။ ခု အမိတက္ကသိုလ်သည် အစိုးရပိုင်ဆိုင်သည်တဲ့။ သူတို့လုပ်ပိုင်ခွင့်ဆိုတာမရှိတဲ့။ မိမိမှတ်မှတ်ရရ (ဗီဇာလေး ၂နှစ်ခွဲ) ရခဲ့လို့ ၁၅.၆.၂၀၁၀ နေ့ကပေါ့ ပျော်နေမိတယ်။ မနှစ်ကလဲ ၁၀ လကျော်ကျော် လာရောက်စောင့်ဆိုင်းခဲ့ပေမဲ့ အချိန်တန် အိမ်ကိုပြန်ခဲ့ရတယ်။ ဒီနှစ်လဲ စောင့်နေဆဲပါ မကြာခင် ၁၀ လ ပိုင်းဆိုရင် ဗီဇာကကုန်တော့မယ်။ ခုထိ PH.D ကျောင်းသားဆိုတာ မဖြစ်ခဲ့သေး။ အမှန်တော့ PH.D ကျောင်းသားတယောက်ရဲ့ မျှော်လင့်ရတဲ့အလုပ်တခုမလွယ်ရေးခြာ မလွယ်ကူလှ။ PH.D ကျောင်းသားသည် ဆရာတယောက်ကို ကျောင်းသား ၅ ယောက်သာလက်ခံခွင့်ရှိခဲ့တယ်။ မိမိတို့ပါဠိဋ္ဌာနမှ ဆရာက ၃ ယောက်ရှိတယ်ပေါ့။ မိမိတင်ခဲ့တဲ့ synopsis တင်ခဲ့တဲ့နှစ်သည် ၂၀၁၀ ခု နှစ်ကထဲက မိမိကဲ့သို့ PH.D ကျောင်းသားဖြစ်ဘို့ စောင့်ဆိုင်းနေကြရတဲ့ ကျောင်းသားတွေက ဒုနဲ့ဒေးပါ။ စုစုပေါင်း ၄၅ပါးပေါ့။ တချို့အမိမြန်မာပြည်မှာ တချို့ကြပြန်တော့လဲ မိမိကဲ့သို့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု မညီမျှသောနေရာတခုမှာ အေးပြန်ရင်လဲ အရမ်းအေးတဲ့ဒေသ။ ပူပြန်ရင်လဲ အရမ်းပူလွန်းလို့ လက်တွေ ရင်ဘတ်တွေမှာ အပူဒဏ်ကြောင့် ခံခဲ့ရပါတယ်။ တကယ်တော့ PH.D ကျောင်းသားတယောက်ဖြစ်ဘို့ဆိုတာ လွယ်လင့်တကူမဖြစ်နိုင်ပါဘူး။ တချို့ကပြောကြတယ်လေ..။ငွေပေးရင် ရတယ်ဆိုတဲ့ အတွေးပိုင်ရှင်များ ငွေပေးလို့သာရမယ်ဆိုရင် မိမိ ၂ နှစ်တင်းတင်းပြည့်လိုနေခဲ့ပြီပဲ။ တနှစ်အိမ်ငှားးစရိတ် စားစရိတ်နဲ့ တလ ပျမ်းမျှ ဒေါ်လာ ၇၀ လောက်ကုန်ကျစရိတ်ကို “ရော့.အင့် “လို့ ပေးပြီးအမိမြန်မာပြည်မှာ ဒူးနှပ်နေမှာပေါ့။ ကိုယ်တကယ်မခံစားဘူးပါပဲ ငွေပေးရင် ဒေါက်တာရတာပဲဆိုတဲ့ ရွှေပါးစပ်ပိုင်ရှင်များ..ဘယ်သူမဆို အထင်နဲ့ပြောတတ်ကြပါတယ်.။ တကယ်တမ်းခံစားနေရတာက အိန္ဒိယနိုင်ငံမှာရှိတဲ့ မြို့ပေါင်းစုံမှာ နေထိုင်သီတင်းသုံးကာ နေထိုင်နေကြတဲ့ စာသင်သားရဟန်းတော်များအသိဆုံးပါ။ ကိုယ်စာကိုရေး ကိုယ်တေးကိုယ်ဆိုသလို.ဘာမဆို ကိုယ်တိုင် အပူဒဏ်အအေးဒဏ်ခံစားပြီး ကိုယ်တိုင်ချက်ပြုတ် ထမင်း ဟင်း မမည်သော ထမင်း ဟင်းများနဲ့ ဖွယ်ဖွယ်ရာရာ မရှိပေမဲ့ “ငယ်စဉ် ကိုရင်ဘ၀ကရွတ်ဆိုဆင်ခြင်ခဲ့တဲ့ “ဤသည့်စားဖွယ်အမယ်မယ်ကို မြူးရွယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး..စတဲ့ ဆွမ်းစားရန်ဆင်ခြင်ခဲ့တဲ့ကဗျာလေးကို အမှတ်ရစေခဲ့ပြီး အာဟာရမျှတရုံလေးနဲ့ ဘုဉ်းပေးကာ ပညာသင်နေခဲ့ကြရပါတယ်.။ တခါတရံ အမိမြန်မာပြည်ကို သတိရစိတ်တွေကရင်ထဲမှာ မွန်းကြပ်လို့နေခဲ့ရပါသေးတယ်။ မြတ်စွာဘုရား သစ္စာတရားတွေ ဟောဖေါ်ညွှန်ကြားခဲ့တဲ့ နယ်မြေတခုမှာ အသိတရားခေါင်းပါး ကိုရွှေကုလားတို့နိုင်ငံဖြစ်တဲ့ မဇ္ဈိမဒေသတနေရာမှာ အခက်ခဲလေးတွေ ရင်ဝယ်ပိုက် မတတ်တတ် ကုလားစကားလေးတွေနဲ့ နေနေကြတဲ့ မဇ္ဈိမဒေသ စာသင်သားတွေဟာ နေချင်လို့ ပျော်လို့လို့တော့မထင်လေနဲ့ မိမိတို့ရည်မှန်း မျှော်မှန်းတဲ့ ပန်းတိုင်ရောက်ခဲ့ရင် ရွှေကျောင်းကြီး ဟီးနေအောင်ဆောက်ပေးမယ်လို့ ဆိုခဲ့ရင်တောင် စဉ်းစားကြမဲ့သူတွေချည်းပါပဲ.။ ခု မိမိတို့တက္ကသိုလ်ရဲ့ ၂နှစ်တာစောင့်ဆိုင်းခဲ့သမျှ မကြာခင်အဖြေထွက်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အတူ ခက်တာက မိမိတို့ဆရာတွေသည်ပင်လျှင် အတိကျမပြောနိုင်တာခက်နေမိ၏။ ဆရာတယောက်ကတော့ပြောတယ် ရက်အကန့်သတ်ချက်မရှိတဲ့။ တယောက်ကပြောတော့ ၁၀ လ ပိုင်းအတွင်းလုပ်ပေးမယ်တဲ့။ ကဲ ဗီဇာကလဲ မကြာခင်ကုန်တော့မယ်ဆိုတော့ ကံကောင်းခြင်းလက်ဆောင်တခု ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့..မဇ္ဈိမဒေသနဲ့ ရေစက်မကုန်ဘူးလို့ ယူဆရမယ်ပေါ့..။ တကယ်လို့များ..
No comments:
Post a Comment