အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, November 25, 2010

ကောသမ္ဖီမြို့သို့သူဌေးကြီး ၃ ဦးပင့်ဆောင်သဖြင့်မြတ်စွာဘုရားကြွလာတော်မူခြင်း..


အရှင်မြတ် ၆ ပါးနှင့်အတူ ကုက္ကုဋာရုံကျောင်းတော်ကြီး

ကုက္ကုဋသူဌေးဆောက်လုပ်သော သောကျောင်းအတွင်းမှမြင်တွေ့ရသောကျောက်စာတိုင်
ဃောသိတ သူဌေးဆောက်လုပ်ထားသော ဃောသိတာရုံကျောင်းတော်..
ကောသမ္ဖီမြို့တွင်သူဌေးကြီး ၃ ဦးရှိ၏..။ဃောသကသူဌေးရယ်.ကုက္ကုဋသူဌေးရယ်.ပါဝါရိကသူဌေးရယ်ရှိကြ၏..သူတို့ ၃ဦးသည်မြတ်စွာဘုရားပွင့်တော်မမူခင်ကာလကပင်ဟိမ၀န္တာ၌ ရှစ်လနေပြီး မိုဃ်းလေးလရောက်တိုင်းကောသမ္ဖီမြို့တွင်လာရောက်သီတင်းသုံးကြသောရသေ့ ၅၀၀ တို့ကိုအလှည့်ကျပစ္စည်းလေးပါးတို့ဖြင့်လှူဒါန်း၏.။တခုသော မိုဃ်းရာသီအရောက် ရသေ့ ၅၀၀ တို့သည် ကောသမ္ဖီမြို့သို့အလာ တောအုပ်အတွင်းရှိတခုသောပင်ညောင်ပင်စောင့်နတ်မင်းထံမှလောကတွင်ဘုရားပွင့်တော်မူပြီဖြစ်ကြောင်း.
ယ္ခု သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်၌တပည့်ရဟန်းတော်တွေနှင့်အတူသီတင်းသုံးလျှက်ရှိကြောင်းလျှောက်
်ထား၍ ကြားသိသည်နှင့်တပြိုင်နက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးထိုအရပ်မှ မြတ်စွာဘုရားသီတင်းသုံးရာဇေတ၀န်ကျောင်းတော်သို့ရည်မှန်းပြီးလက်အုပ်ချီမိုးရှိခိုးခြင်းအမှုကိုပြုကြကုန်၏။ ထိုနေရာမှ ကောသမ္ဖီမြို့သို့ ရသေ့ ၅၀၀ တို့သည်ကြွပြီး သူဌေးကြီး၃ ဦးတို့ထံမှဆွမ်းစားပြီးသည်နှင့်ဤသို့မိန့်တော်မူ၏.။။လောကတွင်ဘုရားပွင့်တော်မူပြီ။တရားတော်သည်လည်း
ထင်ရှားရှိပြီ။သံဃာတော်များလည်းထင်ရှားရှိပြီ.ထို့ကြောင့် ငါတို့သည် မြတ်စွာဘုရားရှိရာသို့သွားပေတော့မည်။ ဟု ပြောကြားပြီး.သူဌေး ၃ ဦးသည်လည်းရသေ့များနှင့်အတူသွားလိုကြောင်းသွားမည့်ခရီးစဉ်ကိုစီစဉ်မည်ဖြစ်ကြောင်းလျှောက်တင်လေ၏.
.သို့သော် ရသေ့ ၅၀၀ တို့သည် စီစဉ်နေလျှင်ကြန့်ကြာမည်ဖြစ်၍ ငါတို့သွားနှင့်မည်ဖြစ်ကြောင်း ဒကာကြီးတို့နောက်မှ လိုက်လိုက်ခဲ့စေလိုကြောင်းမိန့်ကြားပြီးလျှင်မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်သို့ကြွတော်မူကြလေ၏.။။သူဌေးကြီး ၃ ဦးတို့သည်လည်း.လှည်းအစီး ၅၀၀ စီဖြင့် ဆွမ်း..။ သင်္ကန်း..။ထောပတ်..။ပျားရည်…။တင်လဲ စသော လှူဖွယ်ဝတ္ထုများကို တင်ဆောင်ပြီး ရသေ့များနောက်မှလိုက်ကြ၏.။။ရသေ့ ၅၀၀ တို့သည်မြတ်စွာဘုရားအထံသို့ရောက်ကြပြီး ဟောကြားတော်မူသောတရားဒေသနာတော်ကိုနားပြီးသည်နှင့်တပြိုင်နက် ပါရမီပြည့်ပြီးသူများဖြစ်ရကား..ပဋိသမ္ဘိဒါ လေးပါးနှင့်တကွအရဟတ္တဖိုလ်သို့ရောက်ကြ၏။ ဧဟိဘိက္ခု ရဟန်းအဖြစ်ကိုလည်းရကြ၏။။ သူဌေးကြီး ၃ ဦးမှာလည်းမြတ်စွာဘုရားဟောကြားသောတရားတော်ကိုနာကြားရသဖြင့်အသီးသီးသောတာပတ္တိဖိုလ်သို့
ရောက်ကြ၏..။
သူဌေးကြီး ၃ ဦးသည်လည်း.မြတ်စွာဘုရားအားကောသမ္ဖီမြို့သို့ကြွတော်မူပါရန်လျှောက်ထားပြီး ကောစမ္ဖီမြို့သို့ပြန်လာကာ..ကျောင်းတိုက်ကြီး ၃ တိုက် ဆောက်လုပ်လှူဒါန်းကြ၏.။
ဃောသက သူဌေးဆောက်လုပ်လှူသောကျောင်းမှာ ဃောသိတာရုံကျောင်း..။။
ကုက္ကုဋသူဌေးကြီးလှူသောကျောင်းမှာ ကုက္ကုဋာရုံကျောင်း..။
ပါဝါရိက သူဌေးလှူသောကျောင်းမှာ ပါဝါရိကာရုံကျောင်း။ ဖြစ်တော့၏.။။
ထို ကျောင်းတော်ကြီးများသည်နှစ်ပေါင်းပရိစ္ဆေဒကြာမြင့်ပြီ ဖြစ်သော်လည်း တွေ့မြင်နိုင်ရန်တင်ပြလိုက်ပါ၏..။။ထို သူဌေး ၃ဦးဆောက်လုပ်သောကျောင်းများကို မြတ်စွာဘုရားအား သာဝတ္ထိမြို့မှ ကောသမ္ဖီမြို့သို့ပင်ဆောင်ကာလှူဒါန်းသမှုပြုကြတော့၏..။မြတ်စွာဘုရားသည်လည်း တရက်လျှင်တကျောင်းစီ၌ သီတင်းသုံးတော်မူ၏..။ယ္ခု အခါ ကောသမ္ဖီမြို့တော်ဟောင်းသည် ကိုဆမ် ဟုခေါ်သောရွာငယ်တရွာဖြစ်၏.။။ယမုံနာမြစ်ကမ်း၌ တည်ရှိ၏..။ကောသမ္ဖီမြို့ဟောင်းသည်ပတ်လည် ၄ မိုင်ခန့်စက်ဝိုင်းပုံတည်ရှိ၏။ မြို့ရိုးမှာ ပေ ၃၀ မြင့်၍ ပေ ၆၀ ထူထူသည်။ ကျောက်စာတိုင်တတိုင်တွှေမြင့်ခဲသည်..။အသောကမင်းကျောက်စာတိုင် ဟု ထင်မှတ်ရ၏..။ရေတွင်းတတွင်းလည်းတွေ့ရှိခဲ့၏.။။ဃောသိတာရုံကျောင်းတော်မှာမူ.မြို့ရိုးတံတိုင်းသဖွယ
်တွေ့မြင်ခဲ့ရ၏.။ထုထည်ကြီးမားသောကျောင်းတကျောင်းဖြစ်၏..။ဟို..ခပ်ဝေးဝေးမှမြင်တွေ့ရသော ဥတေနနန်းတော်ကြီးနှင့်.ယမုံနာမြစ်ကမ်းတို့သည် မြတ်စွာဘုရားရှိစဉ်က အင်မတန်ကြည်နူးဖွယ်ဖြစ်ပေမည်..။ဥတေနနန်းတော်သည်လည်း.မြစ်ကမ်းဘေးမှာ မားမားမတ်မတ်.
ယမုံနာမြစ်သည်လည်း ၀ါကြွားနေမလား..။လွန်ခဲ့သော နှစ်ပေါင်းမှားစွာက အကြောင်းလေးတွေးပြီး အတွေးထဲနစ်မောလျက်..ယ္ခု အချိန်တွင်မူ..လယ်ကွင်းများ..လယ်ယာစိုက်ခင်းများဖြင့် ယမုံနာမြစ်ကမ်းတွင် မိမိသည် အမိမြန်မာပြည်မှ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ၂ မြစ်တို့၏ အကြားမှ
မွေးဖွားခြင်းကြောင့် အမိမြန်မာပြည်ကို လွမ်းသည်ဖြစ်ခြင်း..ဟို ခပ်ဝေးဝေးထိ ကြည့်ကာ..အညာမြေ ဒေသ ..ချင်းတွင်း ဧရာ ပေါင်းဆုံသော နေရာ လေးမှကောသမ္ဖီမြို့၏ ယမုံနာမြစ်ကမ်းဝယ် အတွေးတို့သည်ကား..အမိမြန်မာပြည်ကို လွမ်းလေရော့သလား..မွေးမိခင်ကျေးဇူးရှင်တယောက်ခန့်ကျမ်းသာလို့မာပါစ..လို့ အတွေးကတဘက် ကားပေါ်သို့လျှင်မြန်ပြေးတတ်ရတော့၏..။။အကြောင်းကား.(.ဘန္တေဂျီး…ပိုက်ဆံ ၃) ဟု လိုက်တောင်းကြသောကုလားလေးတွေရဲ့ ရန်မှကြောက်သောကြောင့်.ဖြစ်၏.။မပေးခြင်လို့ကားမဟုတ် ပေးပြန်သော်လည်း မဆုံးနိုင်တော့ချေ ..ဃောသိတာရုံကျောင်းမှအထွက် မိမိတို့ကဲ့သို့ဘုရားဖူးအဖွဲ့ကားတစီးအား.(ဘူတန်) ဟု ထင်ခဲ့.ကားကို ခဲဖြင့်ပေါက်သည်ကို မြင်ရ၍ ..သြော်…တယ်ဆိုးကြပါလားဆိုပြီး.။။
သာမာဝတီတို့၏ အလှ မာဂဏ္ဍီတို့၏ အလှ ၀ါသုလဒတ္တာတို့၏ အလှ.တို့ကား..ချီးမွမ်းခြင်သော်လည်း.
ယ္ခု..သူတို့ရဲ့နေရာကိုလာရောက်လေ့လာကြသော နိုင်ငံခြားသားများအား..တုန့်ပြန်လိုက်သည့် မေတ္တာတရားခေါင်းပါးပုံတို့သည်..ရင်လေးစရာ..။။
မေတ္တာအရာမှာဧတဒဂ် ရသော သာမာဝတီမိဖုရား..၏ နှလုံးကျင့်သုံးပြီး ကားထဲမှသူတို့လေးတွေကိုကြည့်ကာ..ပေးခြင်သောစေတနာတို့သည်ကား……

No comments:

Post a Comment