အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, November 16, 2010

မဇ္ဈိမသုခဖေါင်ဒေးရှင်းကျောင်းလုပ်အားပေး..

မှတ်မှတ်ရရပေါ့..( ၈.၁၁.၂၀၁၀ )နေ့.မဇ္ဈိမသုခကျောင်းတော်ကြီး၌မြန်မာရဟန်းတော်အများပြားစုပေါင်းဝေယျာဝစ္စလုပ်အားပေးခဲ့ကြပါတယ်..လုပ်အားပေးကြတာဟာ.ကုသိုလ်ထူးတမျိုးပါ။။ သဲထည့်ပေးခြင်း..မဆလာများသယ်ခြင်းဖြင့် ညီညီညာညာတက်ညီလက်ညီဖြင့်ပြုလုပ်ခဲ့ကြပါတယ်..တပါးနဲ့တပါးအပြုံးပန်းလေးတွေဆင်မြန်းပြီး ဒေါက်တာနန္ဒ၀ံသ ကိုလည်း.တဖက်တလမ်းကကူညီပေးတဲ့အနေနဲ့ တပျော်တပါးကြီး ပင်ပန်းမှုကိုဥပေက္ခာပြု.နေပူဒဏ်ကိုအံတုကာ.မနက် ၈နာရီ ခန့်စတင်ပြီး ၁၁ နာရီခန့်မှာ မနက်အချိန်ပြီး နေ့ဆွမ်းကိုကြက်သားကိုမုန့်ညင်းနဲ့ချက်ပြီး.ငါးပိသုတ်..ချဉ်ရေဟင်းနဲ့.နဲ့ ဘုဉ်းပေးလိုက်ရ၏။။..ဒီနေ့ .အလုပ်သမားများ.များပြားကြ၏..သို့သော်..ဒေ၀ါလီနေ့..နီးနေ၍ အလုပ်မလုပ်ခြင်ကြသောကိုရွှေကုလားများအား..ပုံမှန်ကြေးကိုတိုးပြီးခေါ်ရသည်ဟုဆိုပါ၏..။။
အလုပ်လုပ်နေစဉ် လက်ဟန်ခြေဟန်ဖြင့် ကိုရွှေကုလားများအား.မခိုကပ်ရလေအောင်.လိုက်၍ အော်ငေါက်နေသော..ဒေါက်တာနန္ဒ၀ံသ..နေပူထဲ ပင်ပန်းမှုကိုဥပေက္ခာပြုပြီး ညီညီညာညာလုပ်အားပေးနေသော သံဃာတော်များ.ကြည့်ကာ.မိမိသည်လည်း.ဇရာနာနီးနေ၍ ခါးမှသက်သေပြခဲ့…အော်..ငါ..လူငယ်တွေနဲ့ရင်ဘောင်မတန်းနိုင်တော့ပါလားဆိုပြီး..နားလိုက်.သယ်လိုက်..ပေါ့..ကိုအောင်ကြီး(ခေါ် ) ဒေါက်တာမကြာခင်ဖြစ်တော့မည့်.ဦးအဂ်ဂ၀ံသ..မှလည်း.ကွမ်းလေးတမြုံ့မြုံ့နဲ့ ရီရီမောမောအရွှန်းဖေါက်.
ပင်ပန်းမှုတို့သည်.မေ့ကုန်ပျောက်ကုန်ကြ၏..။ လာချေပြီ..ဒေါက်တာနန္ဒ၀ံသ.တပြုံးပြုံးဖြင့်.ကျေးဇူးတင်ကြောင်း.
ကိုရွှေကုလားတို့သည်လည်း.အလုပ်လုပ်ရာမှာ မာသည်..ခံနိုင်ချေရှိသည်..သို့သော်..ရေသာခိုခြင်ကြ၏..ခိုင်းနိုင်မှတော်ရုံကြတော့၏.။ မိမိ ၁၉၉၄.ခုနှစ် တောင်တန်းသာသနာပြုစဉ်က နာဂတိုင်းရင်းသားလူမျိုးတွေကို အလုပ်ခိုင်းမည်ဆိုပါက.အလုပ်တခုခိုင်းပြီးရင် နောက်တခု ထပ်ခိုင်းမရတော့..တခါထည်း ခိုင်းလျှင်ရ၏.။ကျောင်းအမှိုက်လှည်းပါ.ပြီးတော့ ရေလာအောင်တောင်ပေါ်ရေမြောင်းတွေသွားရှင်းပေးပါ..ပြန်လာရင် သစ်ပင်ရေလောင်းပါ.စသည် စသည်ဖြင့် ခိုင်းပါက မပြီးမခြင်း လုပ်တတ်ကြ၏.။ခု..လည်းပဲ ကုလားတွေကို မင်းတို့ဒါပြီးအောင်လုပ်ရမည်ဟု ပြောပြီးခိုင်းလျှင်တော့ရနိုင်၏..။။ သို့သော်……အဓိကငွေ.ငွေမျက်နှာ.
ထို.နေ့ ပုံမှန်ထက်ပိုပေးရ၏..ထမင်းတောင်ကျွေးရသေး၏..တယောက်ရူပီး ၃၀၀…။
ညအချိန်ထိမပြီးပြီးအောင်ကျောက်ထုတ်လောင်းရတော့၏..မနက် ၄ နာရီထိုးမှအလုပ်သိမ်းရတော့၏.။
ထိုနေ့ကား..ပျော်ရွှင်စရာ ကုသိုလ်ဖြစ်စရာလေးတွေနဲ့မို့…ကျောင်းတော်ကြီးအမြန်ပြီးမြောက်ပါစေ..ဆိုတာ..

No comments:

Post a Comment