အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, November 20, 2010

ကောသမ္ဖီမြို့အသွားလမ်းခရီးမှာ.

၎င်း ( ၆) ပါး ကောသမ္ဖီမြို့သို့ကြွတော်မူ၏.

အမှတ်တရနေ့တနေ့ပေါ့…ကွန်ပြူတာဆေးရုံဟု..ခေါ်ဆိုရသော.BH.Uတက္ကသိုလ်မှ မကြာခင်ဒေါက်တာဖြစ်တော့မည့် အရှင်အစ္ဆရိယ.မှ မိမိအား ဖုန်းဆက်၍ ကောသမ္ဖီမြို့ သီရိလင်္ကာကျောင်းကထိန်ရှိသည် လိုက်လိုကစာရင်းပေးပေးမည်ဟု..ဆို၍.အော်.သီးခြားသွားလျှင်မလွယ်တော့လဲ ကထိန်ဆို၍ စားရိတ်ငြိမ်းဆိုတော့လဲ လိုက်တာပေါ့ဆိုပြီးစာရင်းပေးသွင်းလိုက်၏.။။
၎င်းခရီးစဉ်မှာ သီရိလင်္ကာ ဘန္တေအရှင်လင်္ကာ ဦးဆောင်ပြီး.မြန်မာဘန္တေ ၆ ပါး ကောသမ္ဖီမြို့ ကထိန်သို့ကြွခဲ့တော့၏..မြန်မာဘန္တေများ..
အရှင်ဓမ္မာသီလာဘိဝံသ အရှင်သီလာစာရ(ဗာရာဏသီကျောင်းသားလေး) အရှင်ဇောတိက အရှင်နိပုဏ အရှင်သုမင်္ဂလ အရှင်ဝိမလ..တို့ (၁၉.၁၁.၂၀၁၀ ) တို့ BH.U တက္ကသိုလ်မှညနေ ၃နာရီ ၁၉ မိနစ်တွင်စတင်ထွက်ခွာခဲ့တယ်ပေါ့..။
ကားလေးသည်လည်း.တာဝန်ကျေအောင်တရှိန်ထိုး ဝေါ ကနဲ ထွက်ခွါခဲ့ပြီ..
တက္ကသိုလ်အုဌ်တံတိုင်းဘေးမှ ဟိုင်းဝေးလမ်းမကြီးပေါ်သို့ရောက်ဘို့ရန်အတော်လေးကြာမြင့်စွာမောင်းခဲ့ရသည်.၄င်းတက္ကသိုလ်ကြီး၏ မြေဧရိယာသည် ဧကပေါင်း ၁၀၀၀ ကျော်ရှိသည်ဟု အရှင်ဓမ္မသီလာဘိဝံသ မှပြော၍သိခွင့်ရတော့၏.။အလို..မပြီးဆုံးနိုင်သောအုဌ်တံတိုင်းကြီး.စက်ဘီးများဆိုင်ကယ်များ.ဆိုက်ကားများ လိုင်းကားများကိုကျော်ဖြတ်ပြီး.ကားလေးသည် အဝေးပြေးလမ်းမှကြီးရောက်အောင်.ခေါ်ဆောင်ခဲ့သည်ပေါ့…။ဟော..ရှေ့ခန်းမနေသော.အရှင်သုမင်္ဂလ မှ ရောက်ပြီ..ဗျိုး…..။ဘာပါလိမ့် .ကြည့်မိလိုက်တော့.ကျယ်ဝန်းဖြောင့်တန်းသောလမ်းမကြီ…အော်..အဝေးပြေးလမ်းမကြီးသို့ရောက်ခဲ့ပြေီပေါ့.
.ကုန်တင်ကားကြီးများ..ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းနေသောလူများ..လမ်းမကြီးသည်လည်း.
ဖြောင့်ဖြူးသာယာလို့..မိမိတို့ကားလေးသည်လည်း.
လမ်းမကြီးပေါ်သို့ရောက်သည်နှင့်တပြိုင်နက်. ကားသမားသည်လည်းပဲ ဂီယာကိုတင်လိုက်သည်နှင့် ကားလေးသည်လည်း.တဟုန်ထိုး.ပြေးကာပြေးကာ.မိမိတို့သည်လည်း.ထွေရာစကားများပြောကြသည်ပေါ့…
တနေရာအရောက်.ကောသမ္ဖီမြို့သို့ကားသမားသည်လည်းရောက်ဘူးပုံမပေါ်.တွေ့သမျှ ကားနှင့်လူတို့ကိုမေးနေရတော့၏. ခက်ချေပြီ…..ရှေ့ခန်းမ သီရီလင်္ကာအရှင်လင်္ကာ သည်လည်း..ဖုန်းနဲ့ ဆက်သွယ်မေးမြန်းသော်လည်း.ဖုန်းဖိုးသာကုန်မည် မထူးခြား..။ကားသမားသည်လည်းအထင်နဲ့သာမောင်းလာခဲ့..ဟော..တွေ့ပြီ..ကားလမ်းဆုံ ဟို ဘက်လေလား..ဒီဘက်လေလား..ဝေခွဲမရ..ဘေးမှအရှင်ဓမ္မသီလာဘိဝံသ မှ တိုးညှင်းစွာသော ရွတ်ဖတ်သံ.ကားဆရာမှမေးနေဆဲ မေးနေမြ..ထင်တလုံးနဲ့ဆက်လက်ထွက်ခွာခဲ့..တနေရာအရောက်.လူတစု ကောသမ္ဖီမြို့သို့သွားရာလမ်းမေး..လက်ဟန်တို့ဖြင့်ပြနေသော်လည်း.ကားသမားသည်.
ဘ၀င်မကျလေရော့သလား..ကားကို ရပ်ထားဆဲ.တဖန် အရှင်လင်္ကာ မှ ဖုန်းပြန်ဆက် .ဒီတခါတော့ ဆီဆိုင်နားမှာဖြစ်၍ ဖုန်းကိုကိုင်ကာ ဆီဆိုင်အနားသို့ဖုန်းပေးပြီး လမ်းခရီးစဉ်ကိုမေး နေ ဖြေနေကြတော့၏..။ဟုတ်ပြီ မှန်ပြီ လို့ထင်မိပြီး ကားကို ဆက်မောင်း..တနေရာအရောက်.ရှေ့ခန်းမှ
မပြောမဆိုနဲ့ အရှင်သုမင်္ဂလ ကားတံခါးကိုဖွင့် အချိန်မလင့်ပဲ ကားနဲ့ဝေးရာသို့အပြေးထွက်သွားတော့၏..။ဘာများဖြစ်တာပါလိမ့်.ဆိုပြီးစူးစမ်းခြင်စိတ်ကြောင့် ကားပေါ်မှမလှမ်းမကမ်းကြည့်မိတော့၏..။အော်…တရားခံ ဘယ်သူလဲ.ကျမ္မာရေးကိုး..
ကားကလဲဆောင့်ဆိုတော့ ဟုတ်ရှာရော့မယ်..အရှင်ဓမ္မသီလာဘိဝံသ မှ ရေသန့်ဘူးပစ်ပေးလိုက်ဆိုတာနဲ့ ပစ်ပေးလိုက်တော့၏..။အကြောင်းကား.ညမှဝမ်းနှုတ်ဆေးလဲ သောက်လာသည်တဲ့.မလာခင်နွားနို့လည်းဘုဉ်းလာသည်တဲ့.ကားကဆောင့်လိုက်တော့ ပြဿနာတတ်တော့၏..။အရေးကြုံလာရင်ဖြစ်တတ်၏..ရေလဲမပါ တစ်ရှူးသည်လည်းမရှိ.တော်သေးရဲ့ ကားဆရာရဲ့ရေသန့်ဘူး..သည် ကယ်တင်ရှင်ဖြစ်လေတော့၏..။ကားပေါ်မှ အရှင်မြတ်တို့သည်လည်းတ၀ါးဝါးဖြင့်ပွဲကြသွားတော့၏..။ထိုမှ ဆက်လက်ပြီးကားလေးသည်လည်း.မောင်းနေဆဲ ကားပေါ်မှာ အရှင်ဓမ္မာသီလာဘိဝံသ မှလည်း.အရွန်းဖေါက်စကားလေးတွေပြောကာပျော်ရွှင်သောခရီးလေးတခုအဖြစ်မမေ့ရက်တော့ပါ..။
ဧလာဟဗဒ်မြို့နားရောက်နေပြီဟု သိရ၏ .သိလို့တော့မဟုတ်စာပန်းတွေ့သော်ကြောင့်ဖြစ်၏..ထိုမြို့သည်နေရူးနေထိုင်သောမြို့ဟုသိခွင့်ရလိုက်၏.။
မိမိမှာတော့ အတွေးလေးဖြင့်ကားရဲ့ဘေးဝဲယာတို့ကိုကြည့်ရင်း.ဘေးမှပြောသောစကားတို့ကိုကြားလိုက်.မကြားလိုက်ပေါ့..
သြော် ..ကောသမ္ဖီမြို့သည်မြတ်စွာဘုရား..(၉)၀ါမြောက်ဝါဆိုဝါကပ်သောမြို့ပါလားဟု၎င်း..ဃောသကသူဌေး.ကုက္ကုဋ္ဋသူဌေး.ပါဝါရိက သူဌေး.ဗဒရိယသူဌေး.ဃောသိတာရုံကျောင်းတော်ရာ..စသည့်သူဌေးကြီးများလှူထားသော စာပေအတွေ့တို့ဖြင့်အတွေးတခုဝင်ပြီး.စောင်းတီးမန္တာန်ရွတ်ပါက ဆင်များကို ခေါ်နိုင်နှင်နိုင်သော ဥတေန မင်းအကြောင်း..မေတ္တာအရာမှာဧတဒဂ်ရရှိပိုင်ဆိုင်တဲ့သာမာဝတီမိဘုရားအကြောင်း.
ဓမ္မကထိကအရာမှာဧတဒဂ်ဘွဲ့ပိုင်ဆိုင်တော်မူသည့် ခုဇ္ဖုတ္တရာအကြောင်း.ရဟန်းသံဃာတော်များကွဲပြားကြ၍မြတ်စွာဘုရားမှစေ့စပ်ပေးသော်လဲမနာခံသဖြင့် မြတ်စွာဘုရားသည် ၄င်းကောသမ္ဖီမြို့မှပလလဲတောသို့ကြွတော်မူခြင်းအကြောင်းစသည့် စာတွေ့လေးတွေကိုနှစ်လုံးသွင်းကာ ကြည်နူးမိခဲ့..သြော် စာပေအတွေ့ကိုယ္ခု..ရောက်တော့မှာလားဆိုပြီးကြည်နူးပီတိတို့ဖြင့် ကားလေးခေါ်ဆောင်ရာကောသမ္ဖီမြို့သို့.စိတ်ကူးကာလိုက်ပါလေတော့၏.။
အပြင်မှတိုက်ခတ်လာသောလေနုအေးလေးတချက်ကြောင့် စိတ်ကူးလေးကိုဖြတ်ပြီးပတ်ဝန်းကျဉ်ကြည့်လိုက်တော့.လမင်းကြီးသည်လည်း.၁၃ ရက်လ မို့ ထိန်ထိန်ကြီးမသာသော်လည်း.နှင်းဖြူဖွေးလေးတွေကြားမှမြင်တွေ့လိုက်ရသည်က.စပါးရိတ်ထားသော လယ်ကွင်းမှား..ကောက်လှိုင်းများဖြင့် ပရိယေသနအတွက်ရှာဖွေနေသော ကိုရွှေကုလားများစက်ဘီးတို့ဖြင့်ဥဒဟိုသွားလာလျှက်.ကုန်ကားကြီးတို့သည်လည်း.
တဝေါဝေါဖြင့်မောင်းနှင်လျှက်ဘေးမှ အရှင်မြတ်တို့သည်လည်းဗဟုသုတပြည့်စေသော မဟတ္တမဂန္ဒီအကြောင်းများ..မြတ်စွာဘုရားဒီနေရာတွေမှာဘုရားဖြစ်ရခြင်းကား.ဘာသာပေါင်းစုံ.အလွှာပေါင်းစုံ ကြိုက်နှစ်သက်ရာကိုးကွယ်ခွင့်ရှိသော.မဇ္ဈိမဒေသသို့ ပွင့်ရခြင်းဖြစ်ကြောင်း..စသည့်တို့ဖြင့်၎င်း.တခါတရံ.မကြားဘူးသောစကားလုံးတို့ဖြင့်တန်ဆာဆင်ပြီး.
အရှင်ဓမ္မာသီလာဘိဝံသ.အရှင်ဇောတိကနှင့် အရှင်နိပုဏတို့ အခြင်းခြင်းအပြန်လှန်ပြောဆိုသံတို့သည်ကား.စာပေကြွယ်ဝသူတို့ပါလားဟူသောအတွေးတို့သည်ရင်ထဲမှာ
အသိမှတ်ပြုမိ၏.။ကားလေးကတော့ သူ့တာဝန်ကျေပြွန်အောင်ဆောင်ရွက်နေဆဲ.မောင်းနေဆဲ သွားနေဆဲ…..
တရွာဝင်တရွာထွက်.တွေ့သမျှမရှောင်မေးတတ်သောကားသမား.တနေရာမှာမေးမည်အပြု.မဇ္ဈိမသားတို့ရဲ့ထုံးစံ မဟတ္တမဂန္ဒီရဲ့ကျင့်ထုံးကိုခံယူကြသည့်ကိုရွှေကုလား.လက်မှဖုန်းနဲ့စကားတွေပြော.ရေပုလင်းကိုဘေးမှာချ..
အလား……..မေးမည်အပြု .သူ လုပ်နေသည်ကား…(……..)
လမ်းမှာတွေ့သမျှလူကိုမေး..ရောက်တော့မည်ဆိုတာ ခန့်မှန်းမိတော့၏..အကြောင်းကား.၂၀ ကီလိုမီတာသာလိုတော့သည်ဟုကြားသောကြောင့်မဝေးတော့ဘူးဟု သိလိုက်ရ၏.။
ထိုနေ့မှာ ကောသမ္ဖီမြို့ သီရိလင်္ကာကျောင်း၌ ည ၉ နာရီမိနစ်၂၅ မိနစ်အချိန်တွင်ရောက်ရှိခဲ့ပါ၏..။
ဤ post ဖြင့် အတူသွားကြသော ဘန္တေများအားအမှတ်တရအဖြစ်၎င်း.ကောသမ္ဖီမြို့သို့ရောက်ဘူးလေအောင်ကူညီပေးသော.. ကွန်ပြူတာဆေးကုပေးသော.ဗာရာဏသီမြို့ရှိ ကွန်ပြူတာမှန်သမျှရာခိုင်နှုန်း၈၅ လောက် မညီးမညူလုပ်ဆောင်ပေးတတ်သော..သူတတ်သမျှတို့ဖြင့် ကုသိုလ်ပြုပေးတတ်သော .မကြာခင်ဒေါက်တာဖြစ်တော့ဖြင့် အရှင်အစ္ဆရိယ.အား. အမှတ်တရအဖြစ်…….။



No comments:

Post a Comment