အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, November 25, 2010

ကောသမ္ဖီမြို့ ဥတေနမင်း.နှင့် သူ၏နန်းတော်..

ဥတေန နန်းတော်မှအပြန် ပိုက်ဆံလိုက်တောင်းကြသော.ကလေးငယ်များ.
ဥတေနနန်းတော်ပေါ်မှယမုံနာမြစ်ရဲ့အလှ
ဥတေနနန်းတော် ယခုထိမြင်နိုင်ပါ၏..သို့သော်..
ကောသမ္ဖီမြို့သည်..ဥတေနမင်းသည်မင်းအဖြစ်ထင်ရှား၏..။သူ့မှာ မယားဟု ခေါ်ဆိုသော မိဖုရား ၃ ယောက်ရှိ၏။ပထမ မယားကြီးမှာ သာမာဝတီ ဖြစ်၏.။ဒုတိယမယားမှာ မာဂဏ္ဍီ ဖြစ်သလို.တတိယမယားကတော့ဝါသုလဒတ္တာ ဖြစ်၏။။ သာမာဝတီသည် ဃောသိတာရုံကျောင်းဒကာကြီး၏ မွေးစားသမီးဖြစ်တယ်.မိဘအရင်းကတော့ဘဒ္ဒ၀တီပြည် ဘဒ္ဒ၀တီသူဌေးကြီးပေါ့.။ဃောသက သူဌေးနှင့် ဘဒ္ဒ၀တီသူဌေးတို့သည်အချင်းချင်းမမြင်ဘူးသော်လည်းသတင်းကြားသဖြင့်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြ၏.. တနေ့သော်.ဘဒ္ဒ၀တီသူဌေးကွယ်လွန်သွားသဖြင့်ဃောသကသူဌေးကြီးကသာမာဝတီကိုမွေးစားခြင်းဖြစ်၏။ မာဂဏ္ဍီမှာဗြဟ္မဏမျိုးဖြစ်၏။ ၀ါသုလဒတ္တာသည် ဥဇ္ဖေနီပြည်စဏ္ဍပဇ္ဖောတမင်းမင်း၏သမီးတော်အဖြစ်ထင်ရှား၏.။မိဖုရားအသီးသီးတွင်နန်းတွင်းအခြွေအရံ မောင်းမပေါင်း ၅၀၀ စီရှိကြ၏.။မိဖုရားကြီး ၃ယောက်လုံးသာသနာ့မှတ်တမ်းတွင်သူ့နည်းနှင့်သူထင်ရှားကြ၏.။။
ဥတေနမင်းကတော့ ဂါထာမန္တာန်တွေရွတ်ဖတ်သရဇ္ဈယ်ပါက ဆင်များကို ခေါ်နိုင်နှင်ထုတ်နိုင်တယ်ဟု စာပေတို့၌ တွေ့ဘူး.မှတ်သားဘူး၏.။စာပေအရ…ထိုအချိန်တွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးနေတော်မူသည်.။နေ့စဉ်နေ့တိုင်းဝေနေယျတို့
အားတရားဟောလို့ ဝေနေယျတို့သည်လည်း..ပါရမီအလျှောက် သောတာပန်.ဖြစ်သူက ဖြစ်…သကဒါဂါမ်.အနာဂါမ်.ရဟန္တာဖြစ်သူတို့ဖြစ်နေကြချိန်…သို့ရာတွင်.ဤ ကောသမ္ဖီပြည်သူ/ သားတို့သည် အိပ်ပျော်နေဆဲ.မြတ်စွာဘုရားပွင့်နေသည်ကိုသူတို့မသိကြ။တပည့်ရဟန်းတော်တွေသည်လည်း
ကောသမ္ဖီမြို့သို့တရားဒေသနာတော်များကိုမြတ်စွာဘုရားကိုယ်စားဟောပြောရန်ရောက်လာခြင်းမရှိ
သေးတဲ့အချိန်ကာလ.။
အမှန်သစ္စာကိုမြတ်နိုးသူတို့၏ အင်္ဂါ ၄ ရပ်.
အရာဝတ္ထုတခု၏ တန်ဖိုးကိုအဆုံးအဖြတ်ပေးရန်.ကာလ..သည်လည်းစကားပြော၏။ဒေသ သည်လည်းစကားပြော၏။ပယောဂသည်လည်းစကားပြော၏။။ဥပဓိသည်လည်းစကားပြော၏။
မြတ်စွာဘုရားသည်ဝေနေယျသတ္တ၀ါတို့အပေါ်၌ကရုဏာထားနိုင်သော အတုမဲ့ ကရုဏာရှင်ဖြစ်တော်မူ၏.။သို့ရာတွင်မြတ်စွာဘုရားသည်ကောသမ္ဖီမြို့သို့ကိုယ်တော်တိုင်မကြွရောက်ခြင်းနှင့့်််
တပည့်သားသံဃာတော်တွေမစေလွှတ်ခြင်းသည် ကောသမ္ဖီမြို့သူ/ သားများ၌ ကာလ..။ဒေသ..။။ပယောဂ..။။ဥပဓိ..။တို့၏အချိုးအဆပြည့်စုံမှုကိုမြတ်စွာဘုရားသည်မတွေ့မမြင်သောကြောင့််ဖြစ်၏။
ကောသမ္ဖီမြို့သူ/သားများသည်သစ္စာကိုမြတ်နိုးတတ်သူဖြစ်ပါကလောက၌ ဒုလ္လဘ..အတိဒုလ္လဘဖြစ်တော်မူသောမြတ်စွာဘုရားကိုဖူးမျှောခွင့်ရခြင်းနှင့်တရားဒေသနာက
ိုနာကြားခွင့်ရခြင်းတို့အတွက်ရောက်လာမည့်အလှည့်ကိုစောင့်ရပေလိမ္မည်.။။ဝေနေယျတို့၏ အိနြေ္ဒရင့်ချိန်ရောက်ပါက မြတ်စွာဘုရားသည်ကောသမ္ဖီမြို့သို့ကြွတော်မူပြီးစရိုက်အားလျော်စွာဒေသနာတရားဟောကြားမည်ဖြစ်သည်.။။
ဆက်လက်တင်ပြပါမည်..

No comments:

Post a Comment