အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, April 30, 2010

BH.U တက္ကသိုလ်သို့ သွားရခြင်းရဲ့ရယ်မောစရာလေး.

BH.U တက္ကသိုလ်သို့ သွားရခြင်းရဲ့ရယ်မောစရာလေး.
ဒီနေ့ စိတ်သက်သာရာတခုအနေနဲ့ မိမိ computer လေးကို သွားပြရင်း.သူငယ်ချင်းတွေ
ကိုပြန်တော့မယ်ဆိုတာနှုတ်ဆက်ရင်းမိမိနေရာအိမ်လေးကိုသော့ခတ်ပြီးထွက်လာခဲ့တယ်ပေါ့.
အိမ်ကထွက်လိုက်တာနဲ့ ဆိုက်ကားကအရန်သင့်မို့ လမ်းထိပ်သို့စီးကာသွားခဲ့ရ၏
လမ်းပေါ်အရောက်ကားကလေးသည်လည်းမိမိလိုက်မယ်အသိဖြင့်ထိုးလို့ရပ်လိုက်တော့၏..
မိမိလည်း.အပြေးလေးတတ်ကာ ပါနိပူရ် ထိလိုက်ခဲ့တော့၏.ကားလေးသည်လည်း
အရှိန်ပြင်းစွာမောင်းတော့၏.မိမိနှင့်ယှဉ်ထိုင်သည်ကား.အသက်၅၀ကျော်ခန့်ကုလားမ ကြီးတယောက်ပေါ့.မိမိအားသံသယမျက်လုံးနဲ့တချက်စောင်းငဲ့လို့ကြည့်လိုက်.သူကိုမထိစေ
လိုသောအမူအယာပြလိုက်နဲ့ဆိုတော့ မိမိလည်းမနေတတ်မထိုင်တတ်တော့.ပါးစပ်မှ
လဲပွစိပွစိပြောနေတော့.ဟေး..ကားဆရာ.ငါ.ရှေ့မှာထိုင်မယ်ဆိုတဲ့အမူအယာပြကာရှေ့ခန်းသို့ သွားခဲ့မိတော့၏.အင်း…လို့သက်ပြင်းတချက်ချရုံမှတပါး….။
ထိုနေရာလေးမှ တဆင့်ပြန်၍ ဘူတာကြီးဆီသို့စီးရပေတော့မည်.ဟုတွေးပြီးရင်လေး
နေမိ၏..လမ်းတို့သည်ပြင်ဆင်နေ၍ ၅ မိနစ်ခန့်လျှောက်ရ၏.ဘူတာကြီးဆီသို့တကျော့
ပြန်စီးရအုံးမည်.နေရာယူလိုက်၏.ဒီတခါတော့ ဦးဘာဘူကြီးပေါ့..လမ်းတို့သည်ပိတ်ဆို့မြဲ
ကျော်တတ်ကြ.ဆိုက်ကားဆရာတို့သည်လည်းဂရုမစိုက်သလို.စက်ဘီသမားကလဲပမာမခန့်.
မိမိကတော့ အော်..သူနိုင်ငံ.သူ လူမျိုး.သူစရိုက်မို့ အပြုံးလေးတချက်နှင့်ကြည့်ကာ
အပြင်မှလေပူတချက်တိုက်ခတ်မှုကြောင့်ပါလာသောတဘက်လေးဖြင့်မျက်နှာကိုအုပ်ခါ
အတွေးစကိုဖြတ်ပြီး.အော်..မဇ္ဈိမသားတို့ရယ်..ငါတော့လေ.မျက်စိတွေလဲနောက်.ခေါင်း
တွေလဲမူးလှပြီ..လို့ ပြောခြင်သော်လည်း….။
ဟော..ရောက်ပြီ..ဗာရာဏသီဘူတာကြီး.၁၀ ရူပီးထုပ်ပေးပြီး.လင်္ကာ.ဆိုသော.BH.Uသို့
ခရီးဆက်ရပေတော့မည်.မျက်စိတော့လည်ပြီ.ဘယ်ရောက်နေပါလိမ့်.ဟော..ဘူတာကြီး
ဘယ်ကိုများရောက်သွားတာလဲ ကားဂိတ်ရယ်..လို့တမ်းတမိ၏.ရှေ့ဆက်လျှောက်မထူး
ခြား.ဟိုကြည့်.ဒီကြည့်သွား..ဗြိ.ဗြိ..ဟာ..သေပြီဆရာရေ.အောက်ကြည့်လိုက်တော့ဖိနပ်
တဘက်လုံးမစင်တို့ဖြင့်.ညစ်ပတ်နေတော့၏.မသိလိုက်ဘာသာ.ဟန်မပြတ်ရှေ့ဆက် လျှောက်..မိမိကြိုက်နှစ်သက်သောသရက်သီးဖျော်ရည်ပေါ့..မသောက်အားသေး.အောက်က..
ဖိနပ်ရဲ့အန္တရာယ်..ရန်သူကိုဖြေရှင်းမှဆိုပြီး.ရေသန့်ဘူး၂ ဘူးဝယ်ပြီးမမြင်ကွယ်ရာ
သို့သွားပြီးဖြေရှင်းရတော့၏..အမှန်ဝန်ခံရသော်ရေသန့်ဘူးကို.၀ယ်လို့တောင်မသောက်ရက
်ခုတော့..ခုတော့ ၂ ပုလင်း၂၄ ရူပီးနဲ့ ဖြေရှင်းရတော့၏.အော်..မဇ္ဈိမသားတို့ရယ်.
လမ်းဘေးမစင်စွန့်ခြင်းဆိုတဲ့.မဟတ္တမဂန္ဒီ.ရဲ့ကျင့်ထုံးကြီးကိုဘယ်တော့မှဖျောက်ဖြတ်
တော့မှာလဲ..ခုတော့လေ..ပြီးတာနဲ့ ဘေးပတ်ဝန်းကျဉ်ကိုတောင်သတိမထားမိ.မိမိနှစ်
သက်သောသရက်သီးထျော်ရည်ကို တခွက်၁၀ရူပီးဖြင့်၂ခွက်မှာကာ.သောက်ချလိုက်
တော့၏..။ထိုမှ အတွေးလေးနဲ့ကားအလာကိုစောင့်သော်လည်းမလာသေး..ဘယ်လာမှာ
လည်း.ဒီနေရာမှလာတာမှမဟုတ်..နောက်ရုပ်သန့်သန့်ပြန့်ပြန့်လူရွယ်တယောက်အား
မေးတော့မှာအလို ၁၅ မိနစ်တောင်အချိန်ကုန်သွားခဲ့၏ထိုလူရွယ်သည်မိမိအားလက်ညှိုး
ဖြင့်ညွှန်ပြတော့၏.ထိုနေသို့အရောက်..BH.U..လင်္ကာ..ဆိုတော့မှအပြေးလွှားတတ်ကာနေရာ
ယူတော့၏..ဘေးဘီကိုကြည့်မိ၏..ကုလားမဆိုရင်တော့ မထိုင်လို.မိမိလိုဘန္တေ.=
ဆာဒူးကိုဘာလို့ အတူမထိုင်ခြင်ကြတာလဲ.ဇာတ်နိမ့်လို့ထင်နေကြလို့လား.သို့လော.
သို့လော.တွေးတောရင်း.ကားလေးခေါ်ဆောင်ရာ.BH.U တက္ကသိုလ်သို့.နေပူကြဲကြဲမှာ
ကားပေါ်သို့ ကျောင်းသားလေးသည်ခြွေးတလုံးလုံးဖြင့်လိုက်ပါရင်း.အော်အမိမြန်မာပြည်
မှာဆိုရင် ဘုန်းကြီးဆိုရင်ဦးစားပေးသော.ရိုသေသော.ကိုင်းရှိုင်းသော.ထေရ၀ါဒနယ်မြေ
မို့ ခုတော့ကား..မြတ်စွာဘုရားတရားဦးဟောရာ.ပဉ္စ၀ဂ၈္ဂီ ၅ဦးတို့ရဟန္တာဖြစ်တော်မူရာ
သံဃာရတနာစတင်ပေါ်ပေါက်ရာဒေသတခုမှာ.ဘန္တေဆိုရင်..ဇာတ်နိမ့်ဆိုတဲ့အတွေးတခု
မဇ္ဈိမသားတို့ရဲ့သန္တာန်မှာကိန်းအောင်းနေကြပြီလား.ဆိုတာ.အတွေးလေးကိုတွေးနေရင်းပဲ..
ကားလေးသည် ၁၀ရူပီးတန်အောင်သူ့မှာတာဝန်ကျေခဲ့ပြီ..ဆိုတော့လဲ…ထိုကားလေး
ပေါ်မှ ဆင်းလာသူကား...
စိတ်ကူးယဉ်လည်းမဟုတ်.ပုံပြင်လဲမဆန်. ဒဏ္ဍာရီလည်းမကျ..
တကယ်ဖြစ်ရပ်ပါဆိုတာ.. ကျောင်းသားလေးရဲ့ အဖြစ်လေးကို တင်ပြလိုက်ပါရဲ့..
ကျောင်းသားလေး..ဗာရာဏသီ

No comments:

Post a Comment