|
Thursday, April 15, 2010
သင်္ကြန်အကြတ်နေ့ရဲ့.တွေ့ဆုံပွဲ..
ဒီနေ့ကား..သင်္ကြန်အကြတ်နေ့ဖြစ်၏..မဇ္ဈိမသုခကျောင်းသစ်နေရာဋ္ဌာနသို့.ဗာရာဏသီမြို့ရှိကျောင်းသားများစုဝေး
ကာ..တွေ့ဆုံပွဲတခုအဖြစ်ပြုလုပ်ခဲ့၏.ရာသီဥတုကား..ပူလွန်းလှ၏.အပူချိန်ဒီဂရီတွေကိုဂရုမထားပဲ.အဖေါ်လေးကို
ခေါ်ပြီး.မဇ္ဈိသုခကျောင်းတော်သစ်ဆီသို့ ချီတတ်ခဲ့တော့၏.အမိမြန်မာပြည်မှာတော့ ရေတွေပတ်ကြပျော်ကြသော်
လည်း မိမိတို့မှာတော့..ကိုယ်အချင်းချင်း အပြန်အလှန်ရေတွေပတ်ကြ..တဦးနဲ့တဦး ဖုန်းလေးတွေနဲ့ ဖိတ်ပြီး..တွေ့
ဆုံပွဲသဘောမျိုးဖြင့်.ပြုလုပ်ခဲ့တယ်ပေါ့..တွေ့ဆုံပွဲမှာ .ကြာဇံဟင်းခါး..သာဂူယို.လိမ္မော်သီး ကျောက်ကျောတို့ဖြင့်
ဧည့်ခံကျွေးမွေးပါတယ်..၄င်း..မဇ္ဈိမသုခကျောင်းသစ်သည်လည်း.ကဋ္ဌအားဖြင့် ၃၀..ကျော်မျှ အမိမြန်မာပြည်မှလာ
ရောက်ဘုရားဖူးကြသောဧည့်သည်တော်တွေအား.အားမနာတမ်းတည်းခိုနိုင်ရန်..အလို..ကျောင်းသစ်ဆိုတော့.
ဘယ်လိုလဲ .စသည်စသည်တို့ရင်ထဲမှာဖြစ်တည်ခဲ့လေတော့ ၏..အို့..ကဋ္ဌ ၃၀ ကျော် ကျယ်ဝန်းလှသည့်မြေနေရာ
ကြီး.ပါလား..ဒါတွင်ပဲလား..ဟုတ်ဘူး..ကြာဇံဟင်းခါးလေးသည်လည်း..အမိမြန်မာပြည်ကို လွမ်းဆွတ်သည့်အနေဖြင့်ချက်ထားတဲကလက်ရာသည်ကား..အကျွန်ုပ်ကျောင်းသားလေးကား.၃ ပုဂံတိတိလွေးမိတော့၏..အစားအသောက်နဲ့ပတ်သတ်လျှင်တော့မရှက်တမ်းပြောဖြစ်တတ်၏..
တွေ့ဆုံပွဲ ဆိုသည့်အတိုင်း..တွေ့လိုက်တာနဲ့ ကုလားစကားလေးတွေနဲ့နှုတ်ဆက်ကြ.အင်္ဂလိပ်လိုတသွယ်..
အကျွန်ုမှာကား..မြန်မာလိုပဲ တွေ့ရတာ ၀မ်းသာပါတယ် ညီလေးတို့ ဆိုပြီး ပြန်လည်နှုတ်ဆက်မိတော့၏..
ညီလေးတို့ဆိုတော့ မိမိကား အသက်ကြီးပြီလေ..ရာသီဥတုရဲ့ ပူလောင်မှုကို ဥပေက္ခာပြု.ဖတ်လက်စစာအုပ်ကို
ပိတ်ကာ..လာနေတဲ့ဖုန်းကိုကောက်လို့ကိုင်ပြီး..ချွေးစို့စို့ အပြေးလေးမို့ လာခဲ့ပြီကော..လား..ညီလေးတို့ရေ..
လမ်းတွင် စရဏ ဘူတာကြီးကိုကျော်ဖြတ်.တိုက်တာအဆောက်ဦးအသစ်များ..ကြွေကျနေသောသစ်ရွက်များ.
တချို့သစ်ပင်တို့သည်လည်း အရိုးပြိုင်းပြိုင်းထလို့.နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကြောင့်.သစ်ရွက်တို့သည်လည်း.
မတွေ့ရ..ဟို ခပ်ဝေးဝေးမှ ဥသြငှက်တကောင်ရဲ့ ထင်ရှားပြတ်သားစွာ အလွမ်းသီချင်းညီးသလို..ဥသြ..ဥသြ.တဲ့.
လေ ..လွမ်းလိုက်မိတယ်လေ..အမိမြန်မာပြည်ကိုပေါ့..
အခုတောပလဲ ..သင်္ကြန်ဆိုတဲ့ အချိန်တွေဟာ.မတွေ့ကြုံရတာ..၃နှစ်အတွင်းသို့ ရောက်ခဲ့ပြီလေ..အို.ဘယ့်.
သင်္ကြန်..ဒို့တတွေဟာ..ကျောင်းစာတွေကို ..အမိတက္ကသိုလ်ရဲ့..ပေးလိုက်တဲ့သင်ခဏ်းစာတွေနဲ့မအားတဲ့ကြား
မှာ..သတိရလွန်းလို့ အမှတ်ရလွန်းလို့ တနည်းအားဖြင့်အမိမြန်မာပြည်ကိုလွမ်းဆွတ်တသ သတိရတဲ့အနေနဲ့.
တွေ့ဆုံပွဲလေးတခု အဖြစ် ဖန်ဆင်းလိုက်ရတယ်လေ..
ရျွှေမြန်မာတို့ဟာ..ဘယ်ကိုပဲရောက်ရောက် သင်္ကြန်ရက်မြတ်နေ့လေးကို.မမေ့နိုင်ကြသလိုအမှတ်တရလေး
အဖြစ်ဖန်ဆင်းတတ်ကြတယ်ဆိုတာ ရွှေမြန်မာတို့ရဲ့ ဓလေ့လေးတခုပါပဲဆိုတာ..
ရွှေမြန်မာတို့ဟာ..နေရာတိုင်းအသီးသီးတိုင်းမှာ.တွေ့ဆုံပွဲလေးတွေလုပ်တတ်ကြတယ်ဆိုတာ..
ဟော..၁၇ ရက်နေ့မြန်မာနှစ်ဆန်း တရက်နေ့ရဲ့အလှူရှင်နဲ့လဲ စကားလက်ဆုံပြောမိပြန်တော့လဲ
လန်ဒန်ရောက် မစောငြိမ်းအေးနဲ့လဲ မမော်နိုင်မပန်းနိုင်ပြောပြီး
သူတို့သည်လည်းကြာဇံဟင်းခါး ချက်ပြီး ရှောက်သီးသုတ်လေးသုတ်ကာမိတ်ဆုံပွဲအဖြစ်ပြုလုပ်ကြတယ်တဲ့လေ
ပြီးမှ..ဖာလူဒါလေးနဲ့ အစာပိတ်ကာ..ပြုလုပ်တယ်ဆိုတာ..
အော်..မမေ့နိုင်တဲ့ မြန်မာသင်္ကြန်ကို..ရွှေမြန်မာတို့သည်လည်း.မြန်မာပြည်မှာ မရှိစေကာမူ.
မြန်မာအစားအစာလေးတွေချက်ပြုတ်ပြီး.သင်္ကြန်ရဲ့ အမှတ်တရနေ့လေးတွေ ဖန်ဆင်းတတ်ကြတာတွေဟာ.
ချစ်စရာလေးတွေပါပဲဆိုတာ..
တူမောင်တယောက်ကလဲ..သူတို့ကတော့ တယေက်ကို ရမ်းဂစ် ၁၀၀ စီစုပြီး.သံဃာတော်တွေပင့်ပြီးဆွမ်းကပ်
လာသမျှဧည့်သည်တွေကိုလဲကျွေးမွေးမှာတဲ့လေ.
ဒါလေးတွေထောက်ဆပြီး .အမှတ်တရလေးတွေလုပ်တတ်ကြတဲ့ရွှေမြန်မာတို့ဟာ အဝေးရောက်နေသော်
လည်း.မဝေးဘူးဆိုတဲ့ သင်္ကြန်သရုပ်လေးတွေဖေါ်ထုပ်ကာ..
ဒီနေ့..ဗာရာဏသီ မြို့လေးမှာ..ညီညီညာညာနဲ့ ..မဇ္ဈိမသုခကျောင်းနေရာလေးသို့..ကားလေးတွေဖြင့်၎င်း..
ဆိုင်ကယ်လေးတွေဖြင့်၎င်း..စက်ဘီးလေးတွေဖြင့်၎င်း..ကိုယ်စီကိုယ်င ရောက်လာကာ..
ညီညွတ်ခြင်းရဲ့သရုပ်လေးတွေကို ဗာဂာဏသီမြို့ရဲ့ စရဏရပ်ကွက် မိဂဒါဝုန်တောအနီးနားမှာ.ထေရ၀ါဒဖြစ်တဲ့
ကျောင်းသားလေးတို့၇ဲ့..အဖွဲ့တဖွဲ့စုစုဝေးဝေး.ညိုသော..၀ါသော..သင်္ကန်းလေးတွေနဲ့..စရဏတ၀ိုက်မှာ.
သွားလာနေကြသည်ကား...သင်္ကြန်အကြက်နေ့တနေ့ရဲ့..မှတ်တမ်းအဖြစ်..ဒီ..post လေးတခု အဖြစ်..
မှတ်တမ်းတင်လိုက်ရပါတော့၏....။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment