အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, January 30, 2012

"ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့သိသင့်သည်"


နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားရှင်များ ...

ဘုရားရှင်တို့သည် အကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားသော လူ.သက်တမ်း တစ်သိန်း၏ အထက်နှင့်ကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားလွန်းသော လူ့သက်တမ်း တစ်ရာတမ်း၏ အောက်တွင် မပွင့်တော်မူကြပေ။ အကုသိုလ်နှင့် ကုသိုလ် ရောထွေးနေသော တစ်သိန်းနှင့် တစ်ရာတမ်း ကြားတွင် ပွင့်တော်မူကြသည်။

၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ …တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။

၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။

၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။

၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။
နှစ်ကျိပ်ရှစ်ဆူ

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။

(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။

(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။

(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။

(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။

(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။

(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။
( ဂေါတမမြတ်စွာဘုရားသခင်သည် အကုသိုလ်ပေါများ၊ ဆန်းပြားသော ဒိဠိအယူအဆမျိုးစုံတို့ ပေါများသော ကာလတွင် ပွင့်တော်မူရသော ဘုရားဖြစ်သည်။)

” ဘဒ္ဒ ကမ္ဘာ ” တွင် ပွင့်ရန် ကျန်သေးသော အရိမေတ္တေယျဘုရားရှင်သည် လူ့သက်တမ်း တစ်သိန်းတွင် ဒုက္ကရစရိယာ ( ၆ ) ရက်သာကျင့်ကာ ဗောဒိကံကော်ပင်အောက်တွင် ဘုရားဖြစ်တော်မူမည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် မပါဝင်ပါ။

ကျမ်းကိုး - (ဗုဒ္ဓ၀ံသပါဠိတော်နှင့် ဆရာတော် ရှင်ဥာဏိသာရ )၊ ( ဒီဃနိကယ် ၊ ပါထိက၀ဂ် - စက္က၀တ္တိသုတ်တော် )


နှစ်ကျိပ်ရှစ်ဆူ ဘုရားရှစ်ခိုး

တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။
အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။

ထူးခြားချက်

နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။

တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။

တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။

အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။

ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။

ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။

သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။

စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။

(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။

(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းကြောင့် ရှေးကစီမံ မကောင်းကံသည် အမှန်ကွယ်ပျောက် ကောင်းကျိုးရောက်ပါစေသတည်း ။ထိုလေးဆူကုန်သော(တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် တပည့်.တော်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစင်စစ် ဖြစ်ပါစေ သတည်း ။

(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်)
ဘုရားရှင်တို့၏ ဥာဏ်တော်များနှင့် အသုံးချတော်မူပုံ

(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)

(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)
ဘုရားရှင်တို့၏ တူသောအချက်များ

ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)

(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။

(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။

(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။

(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)

(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဗုဒ္စ၀င်အကျဉ်း၊

ဂေါတမဘုရားရှင်ကိုယ်တော်မြတ်

( ၁ ) လူ့အမည် - သိဒ္ဓတ္ထ

( ၂ ) ဘုရားဘွဲ့ - ဂေါတမ

( ၃ ) မိဘအမည် - သုဒ္ဓေါဒနမင်းနှင့် မာယာဒေ၀ီ

( ၄ ) ကြင်ယာတော် - ယသောဓရာ ( ဘဒ္ဒကဉ္စနာ )

( ၅ ) ရင်သွေးတော် - ရာဟုလာ

( ၆ ) ယောက်ဖတော် - ဒေ၀ဒတ်

( ၇ ) မိထွေးတော် - ဂေါတမီ

( ၈ ) နေပြည်တော် - ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )

( ၉ ) ဖွားရာဌာန - လုဗ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )

( ၁၀ ) နန်းစံနှစ် - ၁၃ နှစ် ( သက်တော် ၁၆ နှစ်မှ ၂၉ နှစ် )

( ၁၁ ) နိမိတ်ကြီးများ - သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း

( ၁၂ ) ဗျာဒိတ်ခံယူသောဘ၀ - သုမေတာရသေ့ဘဝ

( ၁၃ ) ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့

( ၁၄ ) ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား

( ၁၅ ) ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )

( ၁၆ ) ပါရမီဖြည့်ကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း

( ၁၇ ) ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် - သတ္တ၀ါများအကျိုးဆောင်ရွက်ရန်

( ၁၈ ) ဒုက္ကရစရိယာကျင့်ရသောနှစ် - ၆ နှစ် ( မဟာသက္ကရာဇ် ၉၇ ခုမှ ၁၀၃ ခုအထိ )

( ၁၉ ) ဒုက္ကရစရိယာ ကျင့်သည့်နေရာ - ဥရုဝေဋ္ဋတော

( ၂၀ ) ဘုရားဖြစ်ချိန်သက်တော် - ၃၅ နှစ်အရွယ်

( ၂၁ ) ဘုရားပွင့်ရာလူသက်တမ်း - နှစ် ၁၀၀ တမ်း

( ၂၂ ) အလုပ်အကျွေး - ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ကရစရိယာကျင့်ခိုက် )

( ၂၃ ) တရားဦးဟောသည့်နေရာ - ဗာရာဏသီ မိဂဒါဝုန်တော

( ၂၄ ) ပထမဆုံးသာဝက - ပဉ္စ၀ဂ္ဂီငါးဦး

( ၂၅ ) နောက်ဆုံးသာဝက - သုဘဒ္ဒပရိဗိုဇ်

( ၂၆ ) လက်ယာရံအဂ္ဂသာဝက - အရှင်သာရိပုတ္တရာ

( ၂၇ ) လက်ဝဲရံအဂ္ဂသာဝက - အရှင်မောဂ္ဂလာန်

( ၂၈ ) အဆုံးအမသာသနာ - ပရိယတ္တိ ၊ ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ

( ၂၉ ) ကျင့်စဉ်သိက္ခာ - သီလ ၊ သမာဓိ ၊ ပညာ

( ၃၀ ) ချမှတ်သောလမ်းစဉ် - မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )

( ၃၁ )သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ( ၆၇ ) ခု၊ ၀ါဆိုလပြည့် ၊ ကြာသပတေးနေ့

( ၃၂ ) ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ( ၆၈ ) ခု ၊ ကဆုန်လပြည့် ၊ သောကြာနေ့

( ၃၃ ) တောထွက်သောနေ့ - မဟာသက္ကရာဇ် ( ၉၇ ) ခု ၊ ၀ါဆိုလပြည့် ၊ တနင်္လာနေ့

( ၃၄ ) ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ် ( ၁၀၃ ) ခု ၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့

( ၃၅ ) ဓမ္မစကြာဟောသောနေ့ - မဟာသက္ကရာဇ် ( ၁၀၃ ) ခု ၊ ၀ါဆိုလပြည့်နေ့ ၊ စနေနေ့

( ၃၆ ) ပရိနိဗ္ဗာန်စံသောနေ့ - မဟာသက္ကရာဇ် ( ၁၄၈ ) ၊ ကဆုန်လဆုတ် ( ၁၂ ) ရက်၊ အင်္ဂါနေ့

( ၃၇ ) တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ( ၁၄၈ ) ၊ ကဆုန်လဆုတ် ( ၁၂ ) ရက်

တနင်္ဂနွေနေ့ ။

အိန္ဒိယပြည် နှင့် မူဆလင်ဘာသာ (သို့မဟုတ်) ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓ ၏ သမိုင်းအမွေအနှစ်များ

ခရစ်နှစ် ၅၇၀ မတိုင်မီက အာရှတိုက်အနောက်ပိုင်း၌ တည်ရှိသည့် အာရပ်နိုင်ငံမှာ ၊ ယခုအခါကဲ့သို့ "အစ္စလာမ်" ဘာသာမထွန်းကားခဲ့သေးချေ။ ထိုနိုင်ငံ၌ ကျယ်ပြန့်သည့်သဲကန္တာရကြီးများ ရှိခြင်းကြောင့် ကောက်ပဲသီးနှံမဖြစ်ထွန်းနိုင်၍ ပြည်သူတို့သည် အများအားဖြင့် ဆင်းရဲမွဲတေကြ၏။ ဘာသာအားဖြစ် အချီု့ကသစ်ပင်ကိုလည်းကောင်း၊ အချို့ကအုတ်ကျောင်းမြောင်းတို့ကိုလည်းကောင်း၊ စသည်အမျိုးမျိုး ကိုးကွယ်ခဲ့ကြ၏။ သူတို့သည်အချင်းချင်းလုယက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့်မကောင်းမူဒုစရိုက်တွေကို ပြုလေ့ရှိခဲ့ကြ၏။ ဤသို့ဖြစ်နေစဉ် ခရစ်နှစ် ၅၇၀ ခုနှစ်၌ "ဟဂျရတ် မူဟာမက်"ကို ကောရေစ် အမည်ရှိ သူဆင်းရဲမျိုး၌ မွေးဖွားခဲ့၏။ သူသည် ငယ်စဉ်က တကိုယ်တည်း ဆိတ်ငြိမ်စွာနေထိုင်လေ့ရှိ၏။ အရွယ်ရောက်သော် မက္ကာမြို့၌ ရှိသော "ဟေရာ" အမည်ရှိတောင်ကြီး၏ လိုဏ်ဂူထဲ၌တကိုယ်တည်းတရားအားထုတ်လေရာ ညဏ်အလင်းရောင်ကို ရရှိခဲ့သည်ဆို၏။ အသက်လေးဆယ်၌သူသည်တိုင်းပြည်တွင် လှည့်လည်၍ တရားဟောသည်ကား "အလ္လာက ပေးသနားသည့် 'ကိုရမ်' (ကုရမ်)ခေါ် ကျမ်းစာအုပ်သည် ရှိ၏ အလ္လာအရှင်မြတ်နှုတ်ခပတ်ဖြစ်သည့် ဤ(ကိုရမ်) ကျမ်းစာ၌ ပါရှိသည့် အတိုင်းသာ ကျင့်ကြံအားထုတ်ကြလော့ ။

(သင်တို့သည် အလ္လာသခင် ကိုသာ ၀တ်ပြုကြလော့) သင်တို့မှာ အလ္လာမှတပါး ၀တ်ပြုစရာမရှိ တနေ့ ၅ ကြိမ် ရှိခိုးကြလော့ ။ ထိုသို့ ရှိခိုးသော် အလ္လာသည် သင်တို့၏ လိုအင် ဆန္ဒကို ပြီးစေလတ္တံ့ ဟူ၏ ။ ယင်းသို့ဟောကြားသော်ငြားလည်း အာရပ်လူမျိုးတို့သည် သူ၏နောက်သို့ မလိုက်ခဲကြချေ ။ သူ၏မယားတဦးသာလျှင် ပွဲဦးထွက် အစ္စလာမ်ဘာသာထဲသို့ဝင်လာခဲ့လေ၏။ အချို့က သူ၏ အသက်ကိုပင် သေကြောင်းကြံကြလေရာ မူဟမ္မက် သည် မက္ကာမြို့မှ မေဒိနာမြို့သို့ ထွက်ပြေးခဲရ၏။ သူသည် ထိုမြို့၌ တပည့်လက်သားများကို စုဆောင်းပြီး အာရပ်ပြည် အနှံ့အပြား လိုက်လံတရားဟောခိုင်းလေ၏ မကြာမီပင် အာရပ်ပြည်ကြီးတခုလုံး အစ္စလာမ်တရား၏ အလိုသို့ လိုက်ပါသွားခဲ့လေ၏။

ခရစ်နှစ် ၆၃၅ ခုနှစ်၌ ဟဂျရတ် မူဟမ္မက် သည် မေဒိနာမြို့၌ ကွယ်လွန်ခဲ့လေ၏။

အစ္စလာမ် အင်ပါယာ

ထိုအခါက အာရပ်လူမျိုးတို့၏ အဓိက အလုပ်ကြီးကား အစ္စလာမ် အင်ပါယာကို ချဲ့ထွင်ရန်ပင်ဖြစ်၏။ သူတို့သည် အစ္စလာမ် တရား၏ မျိုးစေ့များကို တကမ္ဘာလုံပေါ်တွင် တင်၍ စိုက်ပျိုးလိုကြသဖြင့် ထက်ဝန်းကျင် နိုင်ငံများသို့ တညီတညွတ်တည်း ၀င်ရောက်သိမ်းပိုက်ပြီးနောက် နှစ် ၁၀၀ မျှကြာသော် မြောက်အာဖရိကတိုက်ရှိ အီရတ် အီရန် အီဂျစ် ပါလက်စတိုင်း တူရကီ ဆစ်ဖရီယား စသည့် နိုင်ငံတို့သည် အစ္စလာမ် တရား၏ လွမ်းမိုးခြင်းကို ခံခဲ့ရလေ၏

အိန္ဒိယပြည်၌ ခရစ်နှစ် ၇၀၀ ခုလောက်ကစပြီး တပြည်လုံးကို အုပ်ချုပ်မင်း လုပ်နိုင်သည့် မင်းမျိုးမရှိတော့ပြီ တမြို့တနယ် တပြည်တမင်းဆိုသလိုဖြစ်ပြီး အမျိုးမျိုး ကွဲပြဲလျက်ရှိ၏။

ထိုသို့ ဖရိုဖရဲ ပြိုကွဲနေစဉ်မှာ မွတ်စလင်တို့သည် ခရစ်နှစ် ၈ ရာစု နှင့် ၁၀ ရာစုတို့၌ သိန္ဓုနယ် နှင့် ပန်ဂျပ်ပြည်နယ်တို့ကို ၀င်ရောက်တိုက်ခိုက် ဖျက်စီးခဲ့ကြ၏။ ဆပုတ္တဗန်၏ သား စူလတန် မူဟမ္မက်သည် ဂဇနီမြို့ကို သိမ်းပိုက်အုပ်ချုပ်စဉ် အိန္ဒယပြည်ရှိ မြို့ကြီးများ၌ ရွှေ ငွေ ရတနာ ပေါများပုံနှင့် ကျောင်းဘုရား စေတီတို့၌ ရွှေ ငွေ ရတနာ များစွာရှိကြောင်း ကြားသိရ၍ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ကြလေ၏။

ခရစ်နှစ် ၁၁၉၁ ခုနှစ်၌မူဟမ္မက် ဂေါ်ရီ အမည်ရှိ အာဖဂန် စစ်ဗိုလ်ကြီးသည် အိန္ဒိယ ပြည်ထဲသို့ ၀င်ရောက်တိုက်ခိုက်ရာ ၃ ပုံ ၂ ပုံခန့်လောက်သိမ်းပိုက်နိုင်ခဲ့လေ၏။ ထိုစဉ်က ဒေလီမြို့ ကို အုပ်စိုးနေသည့်(ပထ၀ီရာဇ)မင်း နှင့် ဗာရာနသီ အပါဝင် ကာသိတိုင်းကို အုပ်စိုးနေသည့် (ဇယစန္ဒရ) မင်းနှစ်ပါး တို့ အချင်းချင်းမသင့်မြတ်၍ တိုက်ခိုက်နေစဉ်မှာ ဂေါ်ရီသည် စစ်သည် အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မထ၀ီရာဇမင်း ကျဆုံးလေ၏။

ဂေါ်ရီနှင့် သူ၏ ဗိုလ်မူးနှစ်ဦးတို့သည် ယူပီနယ်သို့ ၀င်ရောက်လာပြီး ဗာရာနသီပြည်ကို ၀င်ရောက်၍ ကြောက်မက်ဖွယ်စစ်ပွဲကြီးကို ဆင်နွဲရာ ဗာရာဏသီမင်း ကျဆုံးလေ၏။

ယူပီနယ် အလယ်ပိုင်းထိ တောက်လျှောက် ၀င်ရောက်သိမ်းပိုက်ရာ စစ်လမ်းကြောင်း ကျရာ တလျှောက်လုံရှိ ဗုဒ္ဓဘာသာ ကျောင်းကန်များနှင့် ဟိန္ဒူကျောင်းကန်များကို ဖျက်စီဲခြင်းရဟန်း ပုဏ္ဏားတို့ကို ရက်စက်စွာ သတ်ဖြတ်ခြင်းအပျိုချောကလေးများကို အဓမ္မစော်ကား သိမ်းယူခြင်းစသည်တို့ကို ပြုကြလေ၏။ ထို့နောက် ကြွယ်ဝလှသည့် ဗာရာဏသီမြို့ တွင်းသို့ တဟုန်ထိုး ၀င်ရောက်လာပြီး ကြီးကျယ်လှသည့်ဘုရားရှိခိုး ကျောင်းကြီးများကို ဖျက်စီး၍ ရဟန်းပုဏ္ဏား တို့ကို ရက်စက်စွာသတ်ဖြတ်လေ၏။

ဗာရာဏသီ တမြို့လုံး ၁၅ ရက်တိုင်တိုင် မီးဟုန်းဟုန်း တောက်ခဲလေ၏။ကုဋေကုဋာမကသော ဘဏ္ဍာများကိုလည်း လုယက်ယူသွားကြလေ၏။ထို့နောက် မိဂဒါဝုန် သို့ ချီတက်သွားပြီး များလှစွာသော ကျောင်း ကန် စေတီပုထိုးများ ဘုရားရုပ်ပွါးတော် ဘုရားအလောင်း ရုပ်ပွါးတော်နတ်သမီး ရုပ်များကို ချိုးဖဲ့ဖျက်စီး မီးရှို့ကြပြီး ရဟန်းပေါင်း ၁၆၀၀ တို့ကိုလဲ သတ်ဖြတ်ကြလေ၏။

မိဂဒါဝုန်တောကို သာရနာထ ဟုခေါ်ပြီး ယင်းအရပ်၌ ထိုစဉ်က ကျောင်း ၄၅၊ စေတီကြီးငယ် ၅၂ ဆူ၊ကမ္မဋ္ဌာန်းအားထုတ်ရာ လိုဏ်ဂူပေါင်း၃၀ ခန့်ရှိ၏၊ ထို့နောက် ဗာရာဏသီမြို့ရှိ များစွာသော စေတီပုထိုးများကို ဖျက်စီး၍ ၄င်းကောင်းနေရာတို့၌ ဗလီကျောင်း များကို ဆောက်လုပ်ကြလေ၏ ။ တိုက်ခိုက်လုယက်၍ ရသည့် ပစ္စည်းများကို ကုလားအုပ်ပေါင်း ၁၄၀၀ နှင့်သယ်ဆောင်သွားကြလေ၏၊

မိဂဒါဝုန်တောအရပ်၌ ဓမ္မစကြာတရားကို မဟောကြားမီ ဘုရားရှင်အား ပဉ္စ၀ဂ္ဂီတို့က ဥိးစွာဆီးကြိုရာနေရာ၌ တည်ထားသောကျောက်ခန္တီစေတီ ကြီးသည်မူဆလင် တို့ဖျက်ဆီး၍ လုံးဝ ပျက်ဆီးသွားခဲ့ပေ၏။

ယင်းစေတီ၏ မြောက်ဘက်ရှိ ကစ်တိုးစေတီကြီးသည်လည်း မူဆလင်တို့ ဖျက်ဆီး၍ လုံးဝပျက်စီးသွားခဲ့ပေ၏။ ကျောက်ခန္တီစေတီလောက်ပင် အလွန်ကြီးမားသော ဓမ္မရာဇိကစေတီကြီး သည်လည်း ၁၂ ရာစုခန့်က မူဆလင်တို့ဖျက်ဆီး၍ ပျက်စီးသွားခဲ့ပေ၏ ။ ထိုစေတီအနီးရှိ ကျောက်ဖြင့်ဆောက်လုပ်ထား၍ ကမ္ဘာတည်သ၍ မပျက်နိုင်သောနန္တိယကျောင်းတော်ကြီးသည်လည်း မူဆလင်တို့ ဖျက်ဆီး၍ ပျက်ဆီးသွားခဲ့ရ၏။

ဗုဒ္ဓဂယာကို မူဆလင်တို့ ဖျက်ဆီးပုံ

ဤအကြောင်းအရာနှင့် ပတ်သက်၍ သမိုင်းဆရာ မာလေ ကသူ၏ ဘင်္ဂလားခရိုင် ဂဇက်တီးယားထဲ၌ ဤသို့ရေးထား၏ ။ ခရစ်နှစ် ၁၁၉၃ ခုနှစ်၌ မိုဟာမက် ဘတ်တီယာ ခိလဂျီ ခေါ်မူဆလင် စစ်ဗိုလ်ကြီးသည် ရှေးဦးစွာ မဂဓတိုင်းခေါ် ဘီဟာနယ်ကို ၀င်ရောက်တိုက် ခိုက်သိမ်းပိုက်ခဲ့၏ ။ ထိုသူကား အိန္ဒယပြည်ကို ရှေးဦးစွာ လာရောက်တိုက်ခိုက်သည့် မိုဟာမက်ဂေါ်ရီ ခေါ် အာဖဂန်စစ်ဗိုလ်ကြီး၏ ဗိုလ်မူးတဦးဖြစ်၏။

ဘတ်တီယာ ခိလဂျီ သည် မူဆလင် စစ်သားများနှင့်အတူ ဂယာခရိုင်ရှိ လူပေါင်းများစွာတို့ကို သတ်ဖြတ် လုယက်ပြီးလျှင် (ဗုဒ္ဓ+ဟိန္ဒူ) ဘာသာရေးဆိုင်ရာ အဆောက်ဦများကို ဖျက်ဆီလေရာ ဗုဒ္ဓဂယာမြို့ရှိ အဆောက်အဦများလည်း ပါဝင်၏ ။ သူသည် ခရစ်နှစ် ၁၁၉၃ ခုနှစ်က စ၍ စစ်သား ၂၀၀၀ ခန့်ဖြင့် ဗုဒ္ဓဂယာသို လာရောက်တိုက်ခိုက်ပြီး ရာပေါင်းများစွာသော ကျောင်း စေတီပုထိုးစသည့် အဆောက်အဥိ တို့ကို မီရှို့ဖျက်ဆီ၍ ထောင်ပေါင်းများစွာသော ရဟန်းတော်တို့ကို သတ်ဖြတ်ပြီး မြောက်များစွာသော ရုပ်ထုတော်များကို ရိုက်ချိုးဖျက်ဆီးကြလေ၏။

အသက်ဘေးမှလွတ်သွားကြသည့် ရဟန်းအချို့သည် တိဗက် နီပေါပြည် နှင့် အိန္ဒိယပြည် တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ကြခဲ့ရ၏။ မူဆလင် လက်အောက်သို့ ကျရောက်သွားခဲ့ရသည့် မဂဓတိုင်းသူ အပျိုချောအလှ တို့ကိုလည်း မူဆလင်စစ်သားတို့က အတင်အဓမ္မသိမ်းပိုက်ပြီး ၊ အစ္စလာမ် ဘာသာထဲသို့ သွတ်သွင်းခဲ့ကြလေ၏။

သမိုင်းဆရာ ချောင်ဒူရီရေးထားသည်မှာ မဂတိုင်းကို မူဆလင်တို့ ၃ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ခရစ်နှစ် ၁၁၉၃ ခုနှစ်၌ မိုဟာမက်-ဘတ်တီယာ ခိလဂျီသည် ခြေလျင် မြင်း ရထား ကုလားအုပ်တပ်တို့ဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မဂတိုင်း တောင်ဘက်ပိုင်းကို အောင်မြင်၍ရဟန်းရှင်လူများစွာတို့ကို သတ်ဖြတ် လုယက်ကြပြီး ကျောင်းကန် စေတီပုထိုးတို့ကို မီးရှို့ဖျက်ဆီးပစ်၍ အမျိုးသမိးတို့ကို အဓမ္မ မုဒိန်းကျင့်ကြလေ၏။ ၁၁၉၅ ခုနှစ်၌ ရွှေ ငွေ ဘဏ္ဍာမြောက်များစွာတို့ကို လုယက်ယူပြီး အိန္ဒိယပြည် မြောက်ပိုင်းရှိ ဒက်ကင်နယ်သို့ ပြန်သွားကြလေ၏။

ဘတ်တီယာ ခိလဂျီ သည် ကာလရောဂါ ကျောက်ရောဂါ တို့ကြောင့် သူ၏ စစ်သားများ မရှူမလှ သေကြရာတွင် ဂေါတမ ဘုရားကြောင့်ဤသို့ ဖြစ်ရသည်ဟု ဂေါတမ ဘုရားအား အငြိုးထားကာ ထိုစစ်သားအလောင်းတို့ကို ဗုဒ္ဓဂယာမြို့ရှိ ကျောင်းရာစေတီရာတို့၌ မြုတ်နှံပြီး၊ အချို့ကို ဗုဒ္ဓဂယာ နှင့် ဂယာမြို့ အကြားသို့ ယူဆောင်ကာ စေတီ ပုထိုးများမှ အုပ် ကျောက် တို့ဖြင့် အရိုးဂူ ဗလီ များကိုဆောက်လုပ်ခဲ့လေ၏။

တဖန် ဘတ်တီယာ ခိလဂျီသည် ၁၁၉၇ ခုနှစ်၌ မဂဓနေပြည်တော်ကို ၀င်ရောက်တိုက်ခိုက်ခဲရာ ရှေးနည်းတူပင် (ဗုဒ္ဓ+ဟိန္ဒူ) ဘာသာ နှစ်ခုစလုံးကို ဖျက်ဆီးပြန်လေ၏။ ထို့နောက် ၁၁၉၉ ခုနှစ်၌ ဗိုလ်မူး မိုဟာမက် ကုတ်ဘွဒ္ဒိန် သည် ပါဋလိပုတ် နာလန္ဒ ရာဇပြည် စသည်နယ်များကိုတိုက်ခိုက်ပြီး ကျောင်ကန် စေတီ ပုထိုး အဆောက်အဦ များစွာတို့ကို မီးရှို့ဖျက်ဆီးပြီး ရဟန်းတော် များစွာတို့ကို သတ်ဖြတ်ကြလေရာနလံမထူနိုင်အောင် ပျက်ဆီရလေ၏။
ကုသိနာရုံ

ဖျက်ဆီးမီးရှို့ခံခဲ့ရသော ကုသိနာရုံကျောင်းတော်ကြီ၏ အောက်တံခါးနှစ်ဘက်တွင် အခေါင်းကြီးနှစ်ခုရှိရာ ယင်းတို့အထဲ၌ ရှေးဟောင်းတံခါးများတွင် တပ်ဆင်ခဲ့သော ရှေးဟောင်းပုံစံ သံပတ္တာများနှင့် မီးသွေးအစအနများအပြင် မီးရှို့အသတ်ခံရသည့် ရဟန်းတို့၏ အရိုးတွေများစွာနှင့် မီလောင်ပစ္စည်းများကိုလည်း တွေ့ရှိရလေ၏။ ဤသို့စသည် မူဆလင်တို့က မီး စသည်လက်နက်တို့ဖြင့် (ခရစ်နှစ် ၁၁၉၇) ဖျက်ဆီးခဲ့သော ကုသိနာရုံကျောင်း စသည့်ကျောင်းကန်စေတီများကိုတွေ့ရှိရ၏။ မူဆလင်တို့က ၀ါဝါမြင်သမျှလိုက်သတ်ကြသဖြင့် တချို့ရဟန်းများ ဘုရားရှင် ပရိနိဗ္ဗာန်ပြုရာ ဂူကြီးထဲသို့ ၀င်ပြေးကြသည်တွင် အပြင်ဘက်မှ တခါးများကို မိးရှို့၍သတ်ကြပြန်လေ၏။

သာဝတ္ထိပြည်

အလွန်ထင်ရှားခဲ့သည့် ဇေတ၀န်ကျောင်းတော်ကြီး နှင့် ပုဗ္ဗာရုံကျောင်းတော်ကြီး တည်ရှိရာ သာဝတ္ထိပြည်ကြိးသည် တဖြေးဖြေးဆုတ်ယုတ်လာခဲ့ရာ ခရစ်နှစ် ၃ ရာစု၌ အိမ်ခြေ ၂၀၀ ခန့်သာကျန်ရှိခဲ့ပြီး ၆ ရာစုအတွင်း သာသင်္ကမင်းလက်ထက်၌ လုံးဝ ပျက်ဆီးသွားခဲ့ရလေ၏။

ယခုအခါ မြို့၏အရှေ့ဘက်မျက်နှာကို အစီရ၀တီမြစ်ရေက တိုက်စားသွားခဲ့လေ၏။ တူးဖော်ကြည့်သော် ပုဗ္ဗာရုံကျောင်းတော်ကြီးနှင့်တကွဂန္ဓကုဋိတိုက်လေးလုံး ညောင်စောင်းကြီးတခု အရှင်သာရိပုတ္တရာ၏ ဓာတ်တော်စေတီတဆူ အာနန္တာဗောဓိပင် နှင့် ရေတွင်းရေကန်များပေါ်ထွက်လာခဲ့ကုန်၏။

ဤသာဝတ္ထိပြည်သည်လည်း မူဆလင်တို့ ဖျက်ဆီးမူ့မှ မလွတ်ခဲ့ချေ။

ပါဋလိပုတ်ပြည်


ဘတ်တီယာ ခိလဂျီ အမှုးရှိသော မူစလင်မြင်စီး စစ်သားတို့သည် ခရစ်နှစ် ၁၁၉၇ ခု၌မဂဓတိုင်း- ပါဋလိပုတ်မြို့တော်ကြီးကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရဟန်းများကို ရက်ရက်စက်စက် သတ်ဖြတ်ကြသည့် အပြင်၊ကျောင်းကန် စေတီပုထိုးများ ရုပ်တုတော်များကိုဖျက်ဆီးပစ်ကြလေ၏။ မူဆလင်ဓားဘေးမှ လွတ်သွားခဲ့သည့် ရဟန်းတို့သည် တိဗက် နီပေါ နှင့် အိန္ဒိယပြည်တောင်ပိုင်းသို့ ထွက်ပြေးသွားခဲ့ကြရသည်။ မြောက်ပိုင်း အိန္ဒိယ “ဘီဟာ” ခေါ် မဂဓနယ်နှင့် တကွ၊ ပတ္တနာ(ပါဋလိပုတ်ပြည်) တို့သည်ထိုအခါမှ စ၍ ခရစ်နှစ် ၁၅၄၁ -အထိ မူဆလင်တို့၏ လက်အောက်၌ ရှိခဲ့ကြသည်။

ဘီဟာမြို့၏ နေရာတကာတွင် မူဆလင်အရိုးဂူကြီးများ နှင့် (ကျောက်ဗလီကြီးတခု) ကို တွေ့ရှိရာ၎င်းတို့ကို ဗုဒ္ဓဘာသာ+ ဟိန္ဒူဘာသာ တို့၏ အဆောက်အဦအပျက်တို့မှ ရယူသည့် အုပ်ကျောက်တို့ဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ရာဇဂြိုလ်ပြည်


(ဝေဘူလ၊ ဝေဘာရ၊ က္ကုသိဂီရိ၊ မဏ္ဍ၀၊ ဂိဇ္ဈကုဋ် ဟူသော တောင်ငါးလုံးကာရံထား၍ခံတပ်ကြီးသဖွယ်ဖြစ်သော၊ ဘုရားရှင်လက်ထက်က လူပေါင်း ကုဋေချီ၍ နေထိုင်ရာ) ရာဇဂြိုလ်ပြည်ကြီးကို မူဆလင်တို့အကြိမ်ကြိမ် ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ ဝေဠုဝန်ကျောင်းတော် - စသည့် ဗုဒ္ဓဘာသာအဆောက်အဦများစွာတို့ကို ဖျက်ဆီး၍၊ ယင်းတို့မှ အုပ်ကျောက်တို့ဖြင့် သူတို့၏ အရိုးဂူများ ဗလီများကို ဆောက်လုပ်ခဲ့ကြ၏။

အရှင်မဟာကဿပမထေရ် သီတင်းသုံးလေ့ရှိသည့် “ ပိပ္ပလိလိုဏ်ဂူကြီး” အပေါ်၌လည်းမူဆလင် အရိုးဂူ - ၅- လုံးရှိသေး၏။

Saturday, January 28, 2012

ဆရာတော်ကြီးများ၏သြ၀ါဒ


စစ်ကိုင်းမင်းနှင့်မိဖုရားခေါင်
နန်းမတော်မယ်နုတို့သည်
သက္ကရာဇ်၁၁၉၂.ခုနှစ်တွင်
သဘင်ကြီးစွာခံ၍ဆရာတော်
ဦးဗုဒ်အား...

"စက္ကိန္ဒာသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု"ဘွဲ့
ဆက်ကပ်၍
မဟာအောင်မြေအုဌ်ကျောင်းတော်ကြီးကို
လှူဒါန်းကာအလှူတော်ရေစက်သွန်း
ချပြီးနောက်ဆရာ
တော်ထံဆုံးမသြ၀ါဒတောင်းခံရာတွင်
ဘုရင်နှင့်မိဖုရားတို့
တသက်လုံးမှတ်လောက်အောင်
(မင်းနှင့်တူအောင်ကျင့်က
ငါတို့သြ၀ါဒပေးရန်မလို။
မင်းနှင့်တူအောင်မကျင့်ကငါနှင့်မဆိုင်။
အ၀ီစိနဲ့သာ
ဆိုင်သည်)
ဟုသြ၀ါဒပေးတော်မူခဲ့သည်။

လူတယောက်ဟာ တခုလေးတော်တာနဲ့
 ကိုယ့်ကိုယ်ကို အကုန်တော်တယ်လို့
              မထင်လေနဲ့။
တခုလေးညံ့တာနဲ့လဲ အကုန်ညံ့တယ်လို့မထင်နဲ့။
နေရာတိုင်းလည်းအကုန်တော် အကုန်ညံ့မရှိဘူး။
     ကိုယ့်ကိုယ်ကို နေရာတိုင်းမှာ
  တော်နေတယ်လို့ ထင်နေရင်တော့
     မလွယ်ဘူးထင်တယ်နော်..။
    (တိပိဋကယောဆရာတော်)
လူတွေဟာ
ကောင်းကျိုးကိုသာ
မျှော်ကြတယ်။
အကောင်းကိုခံစားခြင်ကြတယ်
အကြောင်းကောင်းအောင်တော့
မလုပ်ခြင်ကြဘူး။
အကြောင်းကောင်းအောင်
မလုပ်ခြင်လျှင်
အကျိုးကောင်းရမှာ
မဟုတ်ဘူး.
(အရှင်ဇနကာဘိဝံသ)





Wednesday, January 25, 2012

အာဖရိက ရဲ့ပထမဦးဆုံးဗုဒ္ဒဘာသာ


အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှ
အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ်
လေ့လာခွင့်ရခဲ့ပါတယ်။

ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက
တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီးစားဝတ်နေရေးအတွက် နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ
ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာအတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ
လောကီဥစ္စာပြည့်စုံမှုတွေ မှာ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ
သုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင် မရှိတဲ့ နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။
ထိုင်းနိုင်ငံက ပြည့်စုံတဲ့ ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှမှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ်တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။ (သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားခဲ့ရတယ်။
ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။

(ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်
နတ်ကောင်း နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)

အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့ ဘိုင်ဘယ်တစ်မျိုးတည်းကိုသာထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့
လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ်Steven က အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက်သတ်မှာကို လုံးဝ မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ
သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။ တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။ ပိုမိုပြည့်စုံတဲ့ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေကို နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။

တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ
ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့
သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။

ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို
ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာတယ်။
မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ သာသနာပြုဖို့ကိုအားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်းစားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။
နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်တယ်။ အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံတွေကို အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း
အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ကင်ညာနိုင်ငံအရောက်အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့ လူတွေကသူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။

အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။သားရဟန်းကိုကြည့်ပြီး Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။
ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ သားဖြစ်သူကို အိမ်အရောက်ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။ သားဖြစ်သူကတော့သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူစိတ်အနှောင်အယှက် မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။

ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင်အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့
ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့ပါတယ်။

သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲအမျိုးမျိုးတွေ့ရပါတယ်။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ်ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို
ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီးတိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့် အမျိုးမျိုးသောအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေဖြစ်လာကြပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။ မယ်တော်ကြီးကိုပါ အတူတကွအဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေကစုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံစနစ်တကျ သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့မယ်တော်ကြီးက အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်းစက်ရုံတစ်ခုရဲ့ ပိုင်ရှင် အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။
ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့ မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကိုတာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။

အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီးလောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့
ရူပကာယတတော်ကို ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်းသားရဟန်းပြောပါတယ်။ သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သော
ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော နိစ္စသီလတို့ကိုတည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။ အခုတော့အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။

ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါတယ်။King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooroဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။

ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်ဟောပြောပွဲတစ်ခုကို ဟောပြောခဲ့ရပါတယ်။
အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း အခါအားလျော်စွာ ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
၂၀၀၉ ခုနှစ်အတွင်း ဆရာတော်ရဲ့ဆက်လက်လုပ်ဆောင်ဖွယ် ခရီးစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒီမှာလေ့လာနိုင်ပါတယ်။
မေးမှာတွေ့ရှိ၍ ပြန်လည်မျှဝေလိုက်ပါတယ်။။
ဝမ်းသာစရာဆိုတော့လဲ ကျောင်းသားလေးလည်းဝမ်းသာခဲ့လို့ ပြန်လည်ပြီးမျှဝေလိုက်ပရစေလို့..။

Monday, January 23, 2012

အလွမ်းပြေနာဂခရီးစဉ်ပေါ့

သာသနာပြုမှတ်တမ်းပုံများ

ဒီလိုဘိန်းအပင်လေးတွေနဲ့ ဟို အဝေးကတောင်ပေါ်ကတော့သူပုန်ရွာပေါ့
--------------------------------------
ဒီလိုအ၀တ်လေးတွေနဲ့ဆိုတော့လဲ.ကသဲမင်းကိုအပြစ်မတင်လိုပါဘူးလေ..
ရေကို ဒီလိုဝါးဖြင့်ပလိုင်းထဲမှာထည့်ကာနေ့စဉ်သယ်ယူရတာတာဝန်တရပ်ပေါ့..
သူတို့လင်မယား ၂ ယောက် ခေါင်ရည်တွေသောက်ပြီးပျော်နေလိုက်တာနော်..


လခြမ်းကျေးရွာမှ.ဥက္ကဌ နှင့်စော်ဘွားကြီးတို့ တောင်ယာကပွဲ၌ အမှတ်တရ
----------------------------
နာဂလှပျိုဖြူတို့တောင်ယာသို့အသွား ပလိုင်းကိုလွယ်တောင်ပေါ်သို့အတတ်နေရာခုလတ်မှာ
--------------------------------------------
သူတို့ထမီအဖြစ်ဝတ်ဆင်ရန်အတွက်..ဒီလို.ရက်လုပ်နေတယ်ပေါ့
တောင်ယာပွဲတော်ကပွဲ၌ ခေါင်ရည်ကိုမြိန်ရှက်စွာသောက်နေပုံက ချစ်စရာလေးပေါ့

လွန်ခဲ့သည့်(၁၈)နှစ်ခန့်ကသာသနာပြုခရီးပေါ့.


ရန်ကုန်မင်္ဂလာဒုံမှ သာသနာပြုစတင်ထွက်ခွါခဲ့စဉ်။


လွန်ခဲ့သော(၁၅)နှစ်က သာသာနာပြုကုသိုလ်ထူးလေးပါ။
အချိန်ကား..မှတ်မှတ်ရရ..၁၉၉၄ ခု.ကပေါ့..တောင်တန်းဒေသသို့ သာသနာပြုသွားခဲ့တယ်လေ။နေရာဒေသမှာ နာဂတောင်တန်းဒေသတနေရာမှာဖြစ်၏။ ထိုဒေသကား ခန္တီးခရိုင် လဟယ်မြို့နယ် လခြမ်းကျေးရွာအမည်ရှိ ရွာတစ်ရွာတွင် မိမိတာဝန်ကြခဲ့ပါသည်.မိမိသည်လည်း အတွေ့ကြုံထူးတွေ ကုသိုလ်ထူးတွေရခဲ့တဲ့ နေရာ လေးပါ။ ဒီအကြောင်းလေးကို ရေးဘို့စိတ်ကူးမရှိခဲ့ပါဘူး..ဒါပေမဲ့ ဒီနေ့ဗာရာဏသီ ရွှေမြို့တော်ကြီးမှာ မိုဃ်းတွေကတနေကုန်ရွာတဲ့နေ့ဆိုတော့ တောင်တန်းမှာနေစဉ် မိုဃ်းမပြတ်ရွာတတ်သောအကျင့်ရယ်ကြောင့် ဒီနေ့မိုးရွာတာနဲ့ မိမိနေထိုင်သာသနာပြုခဲ့သော နာဂတိုင်းရင်းသားတွေကို အမှတ်တရလည်းအဖြစ်မို့ ဒီဘလော့တနေရာမှာစာဖတ်သူတို့သိစေခြင်သောစေတနာတွေလေးတွေနဲ့အတူပေါ့..တင်ပြလိုက်တယ်လေ။

မိမိတို့သည် ခန္တီးမြို့တော်ရောက်တော့ ရောက်ပြီအထင်နဲ့ ဆရာတော်ဘဒ္ဒန္တကေသရ(ဗဟိုဌာနချုပ်)အား အရိုသေပေးပြီး ဦးတင်ကန်တော့လိုက်ကြသည်။ ဆရာတော်မှ မောင်ပဉ္ဖင်းတို့ သွားမဲ့နေရာသည် အ၀တ်မ၀တ် သော နာဂတိုင်းရင်းသားကျေးရွာဟူ၏။ မိမိသည်ဒီလောက်ထိဆိုးမည်ဟုမထင်မိခဲ့ချေ။ တစ်ရက်ခန့်နားပြီး ငယ်စဉ်ကအခေါ်အဝေါ်ဖြင့်ပြောရမည်ဆိုရင် ဟယ်ရီကော်ပဒါ..ပေါ့..ဟဲ ဟဲ နားမြင်းများကပ်လေမလား ယ္ခုအခေါ်ဟက်စကီး ရဟတ်ယာဉ်ပေါ့.အင်း..ကြုံလို့ပြောရအုံးမည်.. မိမိတို့ကျေးရွာသည် ဟိုအထက်အညာ ဒေသပေါ့။ လေယာဉ်သံကြားရလျှင်မိုးပေါ် ကောင်းကင်သို့ ထွက်ကြည့်ကြသည်။ လေယာဉ်ပျံ သည်လည်း ကြုံတောင့်ကြုံခဲ တစ်လတောင်တခါမကြားရ အော်….. ဒီလေယာဉ်စီးရတာ ကောင်းမှာပဲလို့ မရဲတရဲ တွေးခဲ့ဘူးပါသည်။ ခုတော့ ၁၉၉၄- ခုမှာ ရန်ကုန်မှသည် မန္တလေး မန္တလေးမှသည်ခန္တီးသို့ စုစုပေါင်း ၄-ခါပေါ့. အခုတော့ပြည်ပအထိ စီးခွင့်ရခဲ့ပြီပေါ့။

မိမိငယ်စဉ်က အတွေးတို့သည် အခုတော့…ဖြင့်အကောင်ထည်ပေါခဲ့လေပြီ။ ခန္တီး မှ လဟယ်မြို့သို့ ခြေလျင် သွားသော်(၃)ညအိပ်(၄)ရက်ကြာသည်တဲ့။ ထိုနေ့တွေကို ၂၅-မိနစ်ဖြင့် ရဟတ်ယာဉ်ဖြင့် စီးခွင့်ရခဲ့ပါသည်။ ထိုအချိန်တွင် (န.မ.ခ) တိုင်းမှူးဗိုလ်ချုပ်ကြီးလှမြင့်ဆွေနှင့် (သ.ထ.ပ) ညွှန်ချုပ် ဦးစန်းလွင်.တို့ဖြင့်အတူ လဟယ်မြို့သို့ အစဦးဆုံးထွက်ခဲ့ရ၏။ ရာသီဥတုသည်ကား တောင်ပေါ်ဒေသတို့အတိုင်းဆိုးရွား၏။ သွားမည့်ဆဲဆဲတွင် ကောင်းကင်မှာ ညှိုမှိုင်းပြီးထွက်လို့မရ နာရီဝက်ခန့်အကြာမှ ရာသီဥတုသည် သာယာခဲ့၏ သို့သော်လည်း… ထင်သလောက်တော့မကောင်းလှပါ….ထွက်ခဲ့ပါပြီ.လဟယ်မြို့သို့ ၁၀- မိနစ်ခန့်အကြာမှာ ရာသီဥတုသည် မဲမှောင်ကာထိတ်လန့်မိ၏ န.မ.ခ.မှ၎င်း သ.ထ.ပ မှ၎င်း ပရိတ်ရွတ်ဘို့စက်သံကြားမှ တောင်းဆိုသည်..သိရသ္မိံ မေ ဗုဒ္ဒ သေဌော .အစရှိတဲ့ဂါထာတော်တွေရွတ်. စက်မောင်းသမားရဲ့ ကျွမ်းကြင်မှုသည် အံ့မခန်းလောက်အောင်တော်သည်။ နို့မို့ဆို တောင်ကြို တောင်ကြားမှာ မတွေးရဲလောက် စရာပါပဲ။ ၄င်းနေ့အတွက် နေ့ဆွမ်းငတ်ကာ ဥပုသ်စောင့်လိုက်ရ၏။

သွားလေရော့လဟယ်
****************************
ရောက်ခဲ့ပါပြီလေ…ထိုမှကြိုဆိုနေကြသော နာဂတိုင်းရင်းသူ,သားများနှင့် ၀န်ထမ်းပေါင်းစုံဌာနများ ရှေ့တန်းရောက် စစ်သည် အရာခံ အရာရှိများဖြင့်ကြိုဆိုကြသည်။ လဟယ်မြို့ဗဟိုဌာနချုပ်ကျောင်းသို့ ၂ -ရက် ခန့်နားကာ.မိမိသာသနာပြုရာလခြမ်းကျေးရွာသို့(၉၆၉၃)ကိုယ့်ခြေတောက်ကိုသုံးကာ ပါလာသောအ၀ည်ထည် ၀န်စည်စလွယ်များကို မေးမှာဆေးမျှင်ကြောင်ထိုး အ၀တ်မပါကိုယ်တုံးလုံးလန်ကွတ်တီဖြင့် မှိန်းဟုဆိုသော ဒုတ်ကိုလက်မှာကိုင်လားလားဆံပင်က ဖိုးယိုဖားယား ဖိနပ်ကမပါရှာ.. နောက်ကကြည့်ပြန်တော့ ဖင်ဟောင်း လောင်း သြော်..ငါ ဒါတွေနဲ့ဒါတွေကို ယဉ်ကျေးအောင်လုပ်ရမှာပါလားဆိုပြီး ဘုရားသားတော်ပီပီကြရာတာဝန် ထမ်းရပေတော့မည်။

မြတ်စွာဘုရားကလဲပြောထားတယ်လေ.. “ဗုဒ္ဒသာသနဘာရောအ၀သံဝဟိတဗော” လို့ဟောထားတော့ ငါသည်လည်း ဗုဒ္ဒပေးတဲ့တာဝန်လို မချွတ်ဧကန်အမှန်မုချ ထမ်းဆောင်မည်ဟုရင်ထဲမှာဖြစ်တည်မိ အသိရှိခဲ့ တယ်ပေါ့။ ဒီလိုနဲ့တောင်ပေါ်ဒေသခရီးကြမ်းကို စတင်ကာတက်ခဲ့ရတယ်လေ။ ဟော.. တောင်ပေါ်ထုံးစံတို့ အတိုင်းဘယ်တုန်းက အငြိုးအတေးရယ်တော့မသိ သဲကြီးမဲကြီး ရွာချလိုက်ပါပြီ… နာဂတိုင်းရင်းသားတွေက တော့..ဟား..လား…ဟေ..ဆိုပြီးမနားတမ်းသွားကုန်ကြပြီလေ..မိမိမှာတော့ တောင်ပေါ်တက်တဲ့ အကျင့်မရှိ လေတော့ ခြေတောက်မှာ မထောက်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ဒီကြားထဲ ကိုရွှေကြွတ် ကလဲတွယ် ဟိုအဝေးတစ်နေရာမှ ကြားဟိန်းသံတချက်ကြားမိလိုက်ပြန်တော့….ရင်ထဲမှာကြောက်စိတ်လေးတွေနဲ့အတူ တောင်ပေါ်မိုးနဲ့အဖေါ်ပြုပြီး… မိုးလေးလေးတဖွဲဖွဲရွာတော့….ပျိုမေကို..သတိရတယ် ဘယ်ဌာနီ…..လို့ညည်းခြင် တာတောင်… မညည်းနိုင်တော့တဲ့အခြေနေ။
သြော်.. သာသာနာပြုဆိုတာ တကယ်တော့….. တောတောင်ကို ကျော်ကာဖြတ်လို့ ကျောပိုးအိပ်ကို လွယ်ကာဆိုသလို ကျမ္မာရေးလဲကောင်းမှ ရာသီဥတုဒါဏ်လဲ ခံနိုင်မှဆိုပြီး. ဘေးပတ်ဝန်းကျင် ကြည့်မိ ပြန်တော့တောင်တန်းတွေ လမ်းကတော့လူသွားလမ်းလို ကျဉ်းမြောင်းစွာနဲ့ တချက်လေးချော် လိုက်တာနဲ့. မတွေးဝံ့စရာပါလေ။ လမ်းမှာခဏတဖြုတ်နားစဉ် ယခု တောင်သည်ပေပေါင်း (၇၀၀၀) ပျော်မြင့်သည်တဲ့။ အားပါး..ခြေတောက်ကလဲ..လေတွေဝင်လို့မထောက်နိုင်တဲ့အထဲမှာ..ကိုရွှေကြွတ်က တွယ်ထားလိုက်တာ သွေးတွေတောင်ဝနေပြီပေါ့။

စစ်သားတယောက်မှ ဆေးလေးလာတို့လိုက်မှ မောင်မင်းကြီး သားက ဆင်းသွား တော့တယ်လေ။ ဒီလိုနဲ့..ပဲ ဆက်လျောက်လိုက်နားလိုက်နဲ့ မရောက်နိုင်တဲ့ရွာကို တောင်လှမ်း မျှော်ကြည့်မိတယ်လေ။ အင်း တနေကုန်ခရီးတဲ့ညနေမှောင်ခါနီးမှရောက်ရှိတယ်ပေါ့.ခ.မ.ရ ၅၂ တပ်ရင်းခန္တီး (ရှေ့တန်းရောက်စစ်သား)မှ ရေနွေးကြမ်းလာကပ်တယ်လေ။ အင်း..ပါလာတဲ့ဓါတ်မီးလေးနဲ့ ထိုးကြည့် မိတော့ခြေတောက်တခုလုံးလည်း သွေးတွေရဲနေတယ်လေ။ ကိုရွှေကြွတ်တို့ရဲ့လက်ချက်ပေါ့။ အင်း… ဆောက်ထားတဲ့ ကျောင်းကတော့ ၀ါးတို့ဖြင့်၎င်း၊ တောထန်းတို့ဖြင့်၎င်း၊ သံဆိုလို့မတွေ့မိခဲ့။ ပါလာတဲဒါဏ်ကြေလိမ်းဆေးလေး လိမ်းပြီး ကိုက်ခဲတဲ့ဝေဒနာ နာကျင်မှုဝေဒနာတွေနဲ့ မိုးအေးအေးကွေးလိုက်တာ.မနက် ၈-နာရီခန့်လောက်မှ စပါးလုံးပေါင်းမြောက်များစွာနဲ့ ထမင်းကြော်တစ်ပုဂံ မိုက်ခွက်နဲ့လဘက်ရည်ချိုကတခွက် ဆာဆာနဲ့ ဘုဉ်းပေးလိုက်တာ လိုက်ပွဲမရှိလို့နားလိုက်ရလေတော့သတည်း။

အ၀တ်မပါကိုယ်လုံးထည်းနဲ့ဆိုတာနာဂတိုင်းရင်းသားတွေလား
****************************
ဆွမ်းလေးဘုဉ်းပြီး ကျောင်းပတ်ဝန်းကျင်ကိုလိုက်ကြည့်တော့ ခြေတောက်က နာ ကျွတ်ကျွတ် အားမာန်တင်းပြီး လိုက်ကြည့်မိတော့ မိမိကျောင်းသည် ရွာရဲ့အပေါ်မှာဆောက်ထား၏ မိမိရဲ့အပေါ်မှာစစ်တပ် (ရှေ့တန်း) သူပုန်နယ်မြေပေါ့။ ကျောင်းပေါ်မှ လှမ်းမျှော်ကြည့်လိုက်တော့ နေပူစာ လှုံနေသောကိုယ်တုံးလုံးလူတစု နောက်တစ်နေရာကြည့်ပြန်တော့လဲ ထိုနည်း၎င်း။ အင်း.ဒီလိုနဲ့ ၁- ရက် ၂- ရက်စောင့်နေလိုက်တယ် တယောက်မှလဲ မလာကြပါလားဆိုပြီး ဥက္ကဌ အတွင်းရေးမှူးစတဲ့ကျေးရွာလူကြီးတွေကိုခေါ်ပြီး တစ်ရွာလုံး လာခဲ့ဘို့ ဘာသာရေးစည်းလုံးပွဲ တနည်းအားဖြင့် ဗုဒ္ဒဘာသာခံယူပွဲလေးပေါ့ လုပ်ကြမယ်ဆိုပြီး ရှေ့တန်းရောက် ခ.မ.ရ- (၃၄၇) စစ်တပ်မှ အရာရှိအရာခံများနှင့်အတူလက်တွဲပြီးပါလာသောအ၀တ်အထည်တွေ ဆာလာ အိပ်ကြီးနဲ့၂- လုံးကို ဖေါက်..အို… ကောင်းလိုက်တဲ့ အ၀တ်ထည်တွေတဲ့ စစ်သားတယောက်ရဲ့ ပြောဆိုသံကိုကြားမိတာ…မိမိကတော့ အ၀တ်အစားအကြောင်းမသိတော့ ဟဲ ဟဲ ဟဲ .ဟုတ်လား ဟလို့သာ ပြောမိရဲ့လာကြပါပြီ။ မျက်နှာမှာ ဆေးမှင်ကြောင် အ၀တ်မပါကိုယ်လုံးထည်းများ ကျောင်းရှေ့မှာစီတိုင်းလို့ထိုင် မိမိမှာတော့..ကျောင်းအမည်ခံခပ်နန ကျောင်းလေးပေါ်ကနေကြည့် လန့်တော့အလန့်သား ကျေးရွာအိမ်ခြေမှာ (၁၁၆)အိမ်ပေါ့ လူဦးရေကတော့ ၄၀၀- ကျော်လောက်ရှိတယ်။

တယောက်ကိုတထည်ကြပေးဝေပြီး မိမိမှ ဒီအ၀တ်တွေဝတ်ဘို့ပေါ့.. ဗုဒ္ဒဘာသာရဲ့အကြောင်းလေးတွေ ပြောနေရင်း.. ရှေ့တန်းရောက် တပ်ကြပ်ကြီး တယောက်မှ အရှင်ဘုရား မြန်မာစကားမပေါက်ကြဘူးဟူသတဲ့ ဗျာ..ဆိုပြီး မိမိ.ရဲ့ နဖူးကို လက်နဲ့ရိုက်ရုံမှတပါး. ဘာမှမတတ်နိုင်..ဒါနဲ့ အတွင်းရေးမှူးသည် မြန်မာစကား အနည်းကျဉ်းရလေတော့ ဘာသာပြန်စနစ်နဲ့ ပြောရဆိုရတော့တယ်။ .တချို့တစ်ခါတည်းဝတ်ကြ.တချို့မ၀တ်ပဲ လက်မှကိုင်လို့ပေါ့။ ရင်ထဲမှာတော့ ပီတိလေး တွေတော့ဖြစ်မိခဲတယ်လေ။ တစ်နေ့တာတော့ပြီးဆုံးလို့ ဘယ်လိုဆက်ပြီး သာသနာဆက်ပြုရမလဲဆိုတဲ့ အတွေးကတော့ စက္ကန့်တွေ မိနစ်တွေရှိနေသမျှ ခေါင်းထဲမှာအစီအရီပေါ့လေ။ ညရောက်တော့ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တော်တွေရွတ်တဲ့ အစွမ်းဆိုတဲ့စာအုပ်လေးကို ဖယောင်းတိုင်မီးလေးနဲ့ဖတ်ကာ အော်… ငါလဲ ပရိတ် ပဌာန်းရွတ်မှဆိုပြီး နေ့စဉ်ရွတ်ဆိုပွားများမိတယ်ပေါ့လေ။ နောက်တစ်နေ့မှာ ထပ်ပြီးဥက္ကဌ အတွင်းရေးမှူးတို့ ခေါ်ပြီး မိမိကျောင်းမှာရေမရှိ ထင်းမရှိမို့ ပြောပြခဲ့ရတယ်..နောက်တစ်နေ့ရောက်တော့ ဒါးတွေကိုယ်ဆီကိုင်ကာ လူပေါင်း (၅၀)နီးပါးခန့်လောက်လာကြတယ်။ မိမိကျောင်းအတွက် ရေရရှိရေးအတွက် တောင်ပေါ်တစ် နေရာကိုတတ်ခါ ၀ါးများကို ခြမ်းပြီး၎င်းမှ ရေရရှိစေရေးကို သွယ်ပေးကြတဲ့နေ့တစ်နေ့ပေါ့။ မိမိကျောင်းကိုလဲပြုပြင်ခိုင်းတယ်ပေါ့ ကုန်းပြီးလုပ်ပြန်တော့ ဖင်ဟောင်းလောင်း ထိုင်နေပြန်တော့လဲ… လက်နက်ကြီးနဲ့ချိန်နေတယ်လေ။ လား လား မဖြစ်ချေဘူးဆိုပြီး မိမိလဲတတ်စွမ်းသမျှ ကူညီပြီး လုပ်အားပေးခဲ့။ တပြိုင်နက်ထဲ ပြောပြလိုက်တယ်လေ….ညစဉ်တိုင်းဘုရားစာသင်ပေးမည့်အကြောင်း ဥက္ကဌ အတွင်းရေးမှူး တို့အားစည်းရုံးလိုက်တယ်လေ။ အင်း ညဆိုတဲ့အချိန်လေးကို တမ်းတပြီးနေခဲ့တယ်လေ..


တို့မသိတဲ့ဖယောင်းတိုင်သည်လည်းစည်းရုံးရေးတခုဖြစ်ခဲ့တယ်။
************************
ဟော..နေ၀င်ချိန် ဒီနေ့ရာသီဥတုသည် သာယာလှ၏။ မိမိကျောင်းပေါ်မှာ ဖယောင်းတိုင် ၄.၅-တိုင် အရောင်ရရှိရေးမို့ ထွန်းထားတယ်လေ အင်း..ဒီနေ့ဘုရားစာသင်ပေးမယ်ဆိုတော့ သူတို့ အလာကိုစောင့်ကာ နေလိုက်တယ်။ လာကြပါပြီလေ..ပြေးလွှားကာတတ်လာကြသော နာဂပျိုမယ်တစု.နာဂလူပျိုတစုက တနေရာ နေရာယူနေကြပါပြီ။ ဖယောင်းတိုင်တွေကိုကြည့်ကာ ရီစရာဖြစ်နေကြတယ်ပေါ့..သူတို့မှာ မမြင်စဘူး အမြင်ထူးတွေဖြစ်နေတယ်။ ဒီနေ့တော့ မြတ်စွာဘုရားရဲ့အကြောင်း ပြောနေရင်းပဲ.. ငုပါ့အာငွေး… ငုပါ့အာငွေး.ဆိုတဲ့ အသံတွေသာနားထဲကြားနေရတယ်။ အင်း..မဖြစ်ခြေဘူး သူတို့စကားငါမသိ ငါ့ စကားလဲ သူတို့မသိ.. ခက်လှပါဘိ. ဟူး…ဆိုပြီး သက်ပြင်းတချက်မှုတ်ထုတ်လိုက်ပြီး။ အကြံတခုပေါ်လာပြီပေါ့ ဘောတချက်ကို မှာယူပြီး စာရေးပြီးသင်ပြန်တော့ စာကမတတ်ကြ.ဒီလိုနဲ့ ဒီရွာမှာ ငါ အတတ်နိုင်ဆုံး ကြိုးစားပြီးအောင်မြင်အောင် လုပ်မယ်ဆိုပြီး မြန်မာစကားပေါက်သော မောင်ပါဆွန်.အမည်ရှိ နာဂတိုင်းရင်းသားလေးကိုစည်းရုံးပြီး မြန်မာလိုပြောပြီး နာဂစကားလေးတွေကို စာအုပ်ထည်းတေးမှတ်ကာ သာသနာပြုလုပ်ငန်းလေးစတင်ဆောင်ရွက်ခဲ့ရပါတယ်။ နာဂတိုင်းရင်းသားအများစုသည်.အ၀တ်မ၀တ်ကြ ဆီဆိုတာလဲအ၀တ်မှမရှိပဲ ပိုက်ဆံဆိုတာလဲ သူတို့မှာမမြင်ဘူးကြ။ သူတို့ရဲ့တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အချိန်ကုန်ကာနေကြ၏.

လူမျိုး=နာဂတိုင်းရင်းသားဘာသာ..ယစ်ပူဇော်မှုနတ်ကိုးကွယ်မှု
ဓလေ့=.အိမ်အတွင်းမှာမီးဖိုကာအပေါက်တပေါက်သာဖေါက်ထား
နေထိုင်မှု=အ၀တ်မပါကိုယ်လုံးထည်း လန်ကွတ်တီ မိန်းမတဘက်လောက်ရှိသော အစကို ထမီအဖြစ်ပတ်ထား
စားသောက်မှု=ပြောင်းဆံကိုသာထမင်းအဖြစ်စား
အလုပ်ကိုင်=တောင်ယာထဲမှာတနေကုန်နေကာပရိယေသနရှာ

ဒီလိုလူမျိုးတွေနဲ့ဆက်လက်ကာ မိမိသာသနာပြုလုပ်ငန်းကို အတ္တဟိတ ကိုယ်ကျိုးကိုစွန့်ပြီး ပရဟိတကို ထမ်းဆောင်ကာ.တောင်ဖြုတ်ကြီးတောင်ဖြုတ်ငယ်အသွယ်သွယ်သော သဘာဝဘေး ဆိုးရွားသော ရာသီဥတု ဒါဏ်၊ ပိုက်ဆံရှိသော်မှမိမိစားလိုသော အစားအစားမရရှိသောနေရာမျိုးမှာ တစ်ဘက်မှာလည်း သူပုန်ရန် မိမိနေသောတောင်ရဲ့ အခြားတောင်မှာ သူပုန်ရွာ ဟူ၏။ ဒီလိုနဲ့ပဲ နေထိုင်လာခဲ့ရာ ၇က်ကိုလစားကာ အတော်အသင့် အောင်မြင်မှုများရရှိခဲ့သည်။..ညမှာဆိုဘုရားစာသင်ပေးရသောအချိန်မှာ အသံတောင် ၀င်ခဲ့ရပါတယ်။ သြကာသကန်တော့ခန်း(၁၅)ရက် နောက် ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ.ဓမ္မံ သရဏံ ဂစ္ဆာမိ..သံဃံ သရဏံ ဂစ္ဆာမိ. ကြပြန်တော့ မရနိုင်အခက်သား စိတ်ထဲအကြံတခုရလိုက်တယ်လေ စီးနဲ့ဝါး သင်နည်းသင်လိုက်တောမှ အိုကေလိုက်တာ သင်ပုံသင်နည်းကား..လက်ခုတ်တီး လက်ခုတ်တီး လို့ပြောတော့ နောက်ကနေ လက်ခုတ်တီး ၂- လို့ လိုက်ဆိုကြတယ်လေ။ မဟုတ်ဘူး နင်တို့လဲတီးလေ
လိုက်ဆိုဆိုကာမှ.ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ…ဖြောက်လို့ လက်ခုတ်တချက်ခြ အိုကေလိုက်တာလေ ဒီလိုကြပြန်တော့ အမြန်သားပဲ။ ငါးပါးသီလ စသည်ဖြင့်သင်ပေးလိုက်တာ ၂- လနီးပါးနှုတ်မှ တိုင်ပေးခြင်းဖြင့် သင်ယူစေခဲ့ရပါတယ်။ ဒီနားလေးမှာပြောပြလိုက်ပါရစေပေါ့ မိမိမြေပြန့်မှသူတော်စဉ်တွေဟာ မွေးပြီး မိဘတွေ ဆိုပါများလာရာကနေ ရတဲ့သူတွေပါ။ မိမိမှာလေ ဒီလိုမသိရှာတဲ့ နာဂတိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ..သရဏဂုံ တည်အောင်ပြုလုပ်ပေးရတဲ့ကုသိုလ်ထူးဟာ.ဘယ်မှာမေ့နိုင်တော့မှာလဲ.


လူကိုခင်တော့မူကိုပြင်ပုဂ္ဂိုလ်ခင်တော့တရားမင်
******************
ဒီလိုနဲ့…နေနလာခဲ့တာ ၃-လကျော်လာခဲ့ပြီလေ ဒီလိုနေလာတာနဲ့အမျှ သူတို့ရဲ့နေထိုင်မှုတွေကို အကဲခတ်ရန် မိမိနေရာမှ ညနေဆိုရွာထဲသို့ ပါရာစီတမော့၊ ဘာမီတွန်ဆေးလေးများပေးခြင်းဖြင့် စည်းရုံးရေးအဖြစ်ဆင်းခဲ့ရ လေ့လာခွင့်ရပြီပေါ့။ အင်း..ဒီလိုကြပြန်တော့လဲ ချစ်စရာလေးတွေလေ..မိမိကဆေးပေးတိုင်းလည်း တချို့ ငြုပ်သီးကို ဖက်နဲ့ထုတ်ကာ ပေးတတ်ကြ၏။ တချို့ဝက်သားကိုဖက်နဲ့ထုတ် တချို့ကြက်ဥ..တခါတလေ ဟင်းမရှိတဲ့နေ့ဆို ဥက္ကဌကိုအကူညီတောင်းတိုင်း..ကြက်အကောင်လိုက်ယူလာပေး၏...တခါက တွေးတွေရွာကို မိမိနေရာသို့ခေါ်ကာ သူတို့ကျေးရွာလည်း ဗုဒ္ဒဘာသာ ၀င်လိုကြောင်းလျှောက်ထားဘူး၏။ မိမိကလဲ အ၀တ်တစ်ထည်ဆီ ပေးလိုက်သောကြောင့်လားတောကမသိ..တိုတွေးတွေရွာသည် သူပုန်ရွာဖြစ်၏။ ထိုဥက္ကဌ နှင့်အတွင်းရေးမှူးကတော့ ဆိတ်တကောင်နှင့် ကြက်တကောင်ဆီ ပါဘူး၏။ ရွာထဲသို့ဝင်ပြီးစည်းရုံးတော့မှ ပိုလို့အောင်မြင်၏။



ရွာထဲမှာ..ပန်ဟုဆိုသော အိမ်ကြီးတလုံးရှိ၏။ ချက်ကျောင်းသဘောမျိုးပါ မြေပြန့်မှာဆိုရင် ဓမ္မာရုံပေါ့…ဒီ ပန်ဆိုသောအိမ်ကြီးထဲမှာ လူပျို အပျိုတို့ ညစဉ်တိုင်းအတူအိပ်ကြ၏ အချစ်မှာ..ဒီမိုကရေစီလေ။ မိဘကသဘောမတူဟူသရွေ့..မရှိ.မိမိအိမ်မှာလဲ အပျိုဖြန်းလေးတို့ အိပ်ဘို့မရှိ အချစ်ရှာထွက်ကာ ထိုပန်ဟုဆိုသောအိမ်ကြီးကိုသာတတမ်းတကြ၏။ တစ်ခါမှာ မိမိဆီ ည ဘုရားစာလာသင်သော နာဂပျို လေးကမိမိနှင့်အတူ အိပ်ခြင်တယ်လို့ပြောဘူး၏။ မိမိကား..ငါတို့ ဘုန်းကြီးတွေက မိန်းမမယူရ ညနေစာ ထမင်းမစားရဟု ပြောပြထားလိုက်တော့၏..ညနေ မိမိ ရွာထဲသို့ ဆေးပေးရန်ထွက်ခဲ့၏။ မူဆိုက်လောင်မီးပူတဲ့ ခေါ်လိုက်တဲ့ အသံကြားတော့ အိမ်ထဲသို့ ရောက်သော် အဖွားအိုတယောက် တကိုယ်လုံး ပူနေပြီးနေတော့၏..မိမိသည်လည်းပါလာသောပါရာစီတမော့နှင့် ရေနွေးပူပူ တိုက်ပေးတော့မှ ဖွားဖွား ခြွေးတွေထွက်လာတော့တယ်။ လူတိုးမီးယမ်းတဲ့လေ အိမ်မှာရှိသော ပလောပီနန်များ ချဉ်းတတ်များ ငြုပ်သီးများ၊ ပြောင်ဖူးခြောက်များ ပေးလိုက်တော့၏။

ဒီနေရာမှာ အသိလေးတစ်ခု စာဖတ်သူကို ပေးလိုက်ပရစေ…မိမိသည်စေတနာမှန်ဖြင့် ပရိတ်တော်ကိုရွတ်ပြီး ဂုဏ်တော်ကိုပါပွားများပြီး လူနာအား ဆေးကိုတိုက်ကြွေးပါ…မုချပျောက်ကင်းနိုင်ပါကြောင်း..ယ္ခု..မြန်မာပြည်မှာ ဆေးခန်းပေါင်းစုံ အပြိုင်အဆိုင် ဖွင့်လှစ်ကြ၏။ စီးပွားရှာကြတာကိုတော့ အပြစ်မပြောလိုပါ။ လူနာအားနွေး ထွးသောမေတ္တာစေတနာတွေနဲ့ ကြိုဆိုသင့်ကြောင်း ငွေမျက်နှာချည်းမကြည့်သင့်ကြောင်းပါ။ တစ်ခါက.. မိမိမြန်မာပြည်မှာ နေထိုင်စဉ်လူနာပေါင်းစုံပို့ဘူး၏။ ဆေးခန်းပေါင်းစုံ ရောက်ဘူး၏ ယုတ်စွဆုံးကလေးမွေးလို့ အနှီးလိုနေလို့ဆိုင်သို့ပြေးကာ ၀ယ်ပေးဘူးခဲ့တဲ့အဖြစ်ထိပါ။ အို..နောက်ဆုံး..အရူးဆေးရုံတောင် အခေါက်ပေါင်း မရေတွက်နိုင်ပါဘူး။ ထားပါတော့….တစ်ခါသော်..ကော့မှူးမြို့နယ်မှ အသက် ၁၉-နှစ်အရွယ် လူငယ်တယောက် နှလုံးဆရာဝန်တယောက်သို့သွားပြ၏။ မှတ်မှတ်ရရပဲ ၁၉၉၉-လောက်ကပေါ့ ခွဲရမယ်တဲ့ ၉၀၀၀၀-ကျပ်တဲ့ အဲဒီတုံးက ၉၀၀၀၀- သည် ယ္ခု ၉၀၀၀၀၀-သိန်း လောက်တန်ကြေးများ၏။ မိမိမှာလည်း ၁၀၀၀- ကျော်လောက်ပဲရှိတယ်လေ။ ဘယ်တတ်နိုင်မှာလဲ ထိုလူရွယ် စိတ်ထိခိုက်ပြီးပိုဆိုးကာ တစ်လ မလိုခင်မှာ သေသွားရရှာတယ်။ အသပြာဆရာဝန်ပေါ့..စေတနာဆရာဝန်မခေါ်နိုင်..နောက်တစ်ယောက် ခုတော့ နာဂစ်ရဲ့နောက်သို့ ပါသွားရှာခဲ့ပြီလေ။

လပွတ္တာမြို့နယ်ကပေါ့ဆေးခဏ်းကိုသွားပြတယ်လေ ထိုဆရာ ၀န်ပါပဲ..ဆေးရုံတတ်ရမယ်တဲ့ ဟော လာပြန်ပြီ..ခွဲရမယ်တဲ့ ဆေးရုံပို့ပြီးတစ်ရက်ခန့်တော့ မိမိလည်းမရောက်နိုင်ခဲ့တော့ပါ။ ဒီလိုနဲ့..ဆရာဝန်မှ ခွဲခ ၄- သိန်းတဲ့။ ဆေးရုံကြီးမှာနော် တော်သေးရဲ့မခွဲခင်ဘယ်လိုနေလဲ ရောက်သွားတော့ မနက်ဖြန် ၄-သိန်းပေးတော့မှာလေအားပါး..မိမိမှ ဆရာဝန်ကြီးဆီလိုက်ကာ..ဆရာသူတို့က တောသားတွေပါ ဆိုပြီး စားပွဲပေါ်၌ ငွေတစ်သိန်းသာတင်ပြီး ငိုပြလိုက်တယ်ပေါ့..တကယ်လို့မိမိမရောက်သွားရင် ခွဲခကား.၄- သိန်းကြီး ကဲ..ပြောလိုရင်းက စေတနာမှန်နှင့် အလုပ်လုပ်ရင်အောင်မြင်နိုင်ကြောင်းပါ။ လူနာကိုသော်မှ ရာခိုင်နှုန်း၅၀% လောက်က သက်သာ စေကြောင်းပေါ့။ ကဲ ဆက်ဦးစို့...နာဂတိုင်းရင်းသား အများစုဟာ ဆေးဝါးကိုမမြင်ဘူး ငွေဆိုတာလဲ မမြင်ဘူးဆိုတော့ မမြင်ဘူးတဲ့ဆေးကို သောက်ရလို့ပျောက်တယ်ပဲထားဦး သူတို့ရဲ့ ဓလေ့ကြီးကို တိုက်ဖြတ် နိုင်ခြင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောပြခြင်းပါ။

သူတို့ကလူတယောက်နေမကောင်းရင် ၀က်ရှိရင် ၀က်ကိုသတ် လူနာအားဝက်သွေးကိုတိုက်ကျွေးခြင်း ပိုသောသွေးများကိုခန္ဒာကို လိမ်းပေးခြင်းဖြင့် ဆေးကုသမှု ပြုလုပ်နေကြသောသူတို့ရဲ့အကျင့်ဆိုးတွေကို အဓိကမလုပ်ဘို့ ..အတ္တဟိတ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်လေးနဲ့ကုသပေးခဲ့မိတယ်။ တကယ်တော ဘုန်းကြီးဆိုတာ ဆေးဝါးကုသမှုမပြုလုပ်ရဘူးဆိုတာ ထေရ၀ါဒ ရွှေမြန်မာတို့အသိပဲလေ..ဒါလေးတွေကို ဥပေက္ခာပြုပြီး မိမိသာသနာပြု အောင်မြင်အောင်ဆေးဝါးများပေးခြင်း အ၀တ်ထည်များပေးခြင်းဖြင့် သာသနာပြုခဲ့ရပါတယ်ဆိုတာ ရိုးသားစွာဝန်ခံပရစေပေါ့။


တ်စွာဘုရားကတော့ငါဘုရားကိုလုပ်ကျွေးခြင်ရင်ဂိလာနကိုပြုစုလုပ်ကျွေးကြဆိုတဲ့
စကားလေးကို ရင်ထဲမှာထားပြီး ဒေသနာကြားလို့ရနိုင်တဲ့ အာပါတ်လေးကို ဥက္ခောပြုခဲ့ရပါတယ်။ နောက်ပြီး မိမိဒီရွာကိုရောက်လေမှ သေလိုက်တဲ့လူတွေ ပူဇော်လိုက်ကြတဲ့ယစ်တွေလေ သွေးမြေခနေသလိုနီမြန်းလို့ နေတဲ့မြင်ကွင်းကို မိမိဘယ်မှာစိတ်ကောင်းနိုင်မှာလဲ။ ဒါနဲ့ .ခ.မ.ရ ၃၄၇- ဗိုလ်ကြီးနှင့်အတူ နှီးနှော တိုင်ပင်ကာ၊ ပရိတ်ကမ္မ၀ါစာတွေ ရွတ်ဖတ်ပေးခြင်တဲ့ ဆန္ဒအာသီသလေးတွေကို ထုတ်ဖေါ်ပြလိုက်တော့.. ကောင်းတာပေါ့ဘုရားတဲ့။ ဒါနဲ့ စခန်းပေါ်မှ ငှက်ပြော ၂ဖီး အုန်းသီးမရှိလို့ အုံးသီးကိုယ်စား
ရွှေဖရုံသီးထည့် ဆံလေးတပြည် မိမိမှာရှိတဲ့ (၅၀)ကျပ်တန်လေး ၂-ရွက်နဲ့ ရွာအ၀င်ဝမှာ ပရိတ်ရွတ်နှင့် ကမ္မ၀ါရွတ်ဖတ် သရဏဂုံ သီလဆောက်တည်ကာတောင်ပေါ်ဒေသမှာ ဦးဆုံးသီလပေးရခြင်းပါပဲ ထိုအချိန်မှာ မိမိသင်ထားတဲ့ ကလေးတွေကလဲဆိုတတ်နေတော့ ပါဏာတိပါတာဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ လို့ဆိုလိုက်တော့..နောက်ကလဲ ဗိုလ်ကြီးတို့ အပါဝင်ကလေးတွေကလဲ တူတူဆိုတဲ့ အသံကြားလိုက်ရတော့ ပီတိတွေဖြစ်လိုက်တာ ဒီလိုခံစားရတဲ့ ပီတိဟာ ပြောမပြတတ်လောက်အောင်ကိုဖြစ်မိခဲ့ရတယ်။


ပီတိကိုစားကာအားရှိခဲ့ရပါ၏
**************
တစ်ခုသောညနေခင်းအချိန်..ကြိုင်မွန်းရေ…ကြိုင်မွန်းရေ..ဆိုပြီးကျောင်းသို့အပြေးအလွှားတတ်လာသော နာဂလှပျိုဖြူများ တဖွဲ့မှလည်။ ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ.မပီကလာနဲ့ ဂီတသံသဖွယ် ညီညာစွာနဲ့ တတ်လာကြသော နာဂလှပျိုဖြူလေးများ .အော် သူတို့ရင်ထဲမှာ.သရဏဂုံတွေတည်နေကြပါလားဆိုပြီး ရင်ထဲအသဲထဲမှာ ပီတိတွေနဲ့ပြည့်ညပ်လို့ အားအင်တွေလဲ ပြည့်ခဲ့ရပါပြီလေ။ နောက်ပိုင်းမှာတော့ နာဂတိုင်းရင်းသား ကျေးရွာလေးတွေဟာ ခုလိုအချိန်တွေမှာ ရွှေရောင်သာသနာတွေ ထွန်းလို့နေရောပေါ့..အ၀တ်စားလေးတွေ လှလှပပနဲ့ဝတ်ဆင်ပြီး ဗုဒ္ဒဘာသာလေးတွေ ဖြစ်နေတည် ကြတာလေးတွေ မြင်လိုက်ခြင်ပါရဲ့။ ဒါပေမဲ့ လဲ..ခုတော့…နာဂတိုင်းရင်းသားလေးတွေဟာ အသိလေးတွေရှိပြီး အကုသိုလ်နယ်ပယ်မှ ပျောက်ကွယ်ကာ ကုသိုလ်နယ်ပယ်မှာ မင်းတို့ လေးတွေရဲ့ နှစ်လုံးသားမှာ..ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ..ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံဂစ္ဆာမိ….ဆိုတဲ့အသံလေးတွေဟာ..နာဂတောင်တန်း ပတ်ပွိုင်တောင်ကြီးကို လွှမ်းမိုးပြီး.. မင်းတို့လေးတွေရဲ့အနာဂါတ်မှာ..အသိတရားတရားလေးတွေရရှိပြီး နာဂမျိုးဆက်သစ်လေးတွေကိုလည်း.. မင်းတို့လေးလိုဖြစ်အောင် ဆွဲဆောင်ပြီး.ထေရ၀ါဒ ဗုဒ္ဒဘာသာလေးတွေဖြစ်အောင် ထာဝစဉ် ကြိုးစားနေနိုင် ကြပါစေဆိုတဲ့တောင်းဆုလေးနဲ့…အဝေးကတောင်းဆုပြုရင်းနဲ့သာ……


နာဂတောင်တန်းအလွမ်းပြေပေါ့.

*နာဂတောင်တန်းအမှတ်တရပုံရိပ်များ*
- - - - -- ********* - -- - ---

ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ခန္တီးမြို့သို့အသွားသာသနာပြု များနှင့်

နာဂတိုင်းရင်းသူတယောက်ရဲ့ အ၀တ်များမဝေမှီသူတို့နေထိုင်ပုံပေါ့

အ၀တ်ထည်များတတိယအကြိမ်ပေးဝေခဲ့စဉ်

Sunday, January 22, 2012

ဒီနေ့ ကြက်သားတခွက်ရဲ့ နောင်တ

ဒီနေ့ ကြက်သားစားခြင်သောဆန္ဒကြောင့် ကြက်သားဆိုင်သို့ အပြေးလွှားသွားခဲ့တယ်ပေါ့။ကြက်သားဆိုင်ဟုဆိုသော်လည်းအမိမြန်မာပြည်လိုတော့မဟုတ်လှ။
ဝယ်သူလာမှသာလျှင်
ကြက်ကို လိုခြင်သောကြက်ကိုလက်ညှိုးထိုးပြကာဝယ်ယူရသည်။မိမိမှာ ထိုအရေးတွေတွေးပြီးကြက်သားမစားရတာကြာပြီဖြစ်လို့ ဆိုင်သို့အပြေးလွှားထွက်ခဲ့တယ်ပေါ့။တခါတရံတွင် သတ်ပြီးသားများရှိတတ်၏။မိမိတို့အနေနဲ့သူတပါးအသားကိုသတ်ခိုင်းစေလိုသောဆန္ဒအလျင်းမရှိခဲ့။သို့သော် အသေသားလေးများရှိလိုရှိငြားသွားခဲ့တယ်ပေါ့။တနင်္ဂနွေနေ့သည် အသေသားရှိတတ်သည်ဟုအထင်နဲ့ သွားခဲ့သည်။အထင်တိုင်းအသေသားတွေ့၍ ၀ယ်လာခဲ့တော့၏။ ကီလိုဝက်ပေါ့.။ရူပီး၆၀ ပေးပြီးပြန်လာခဲ့၏။ပဲပြုတ်လေးလဲမစားရတာကြာပြီမို့ ပဲတကီလိုလောက်နဲ့ဆီတပုလင်းလောက်ဝယ်မည်ဟု အတွေးလဲဝင်လာသည်။ချောက်ခန္တိစေတီတော်အနီးရှိဆိုင်တဆိုင်သို့ တဖန်သွားရောက်ခဲ့သည်။ မည်သည့်အရာမဆို ရေမွှေးသည် ကြိုက်သူအဖို့အမွှေးနံ့သည် ကောင်းသည်ဟု ထင်သော်လည်းမကြိုက်သူအဖို့ အနံ့သည်ဆိုးရွား၏။ခုသည်လည်း အိန္ဒိယနိုင်ငံအများစုသည် အသားကိုမစားကြ။အသားနံ့တောင်မခံနိုင်ကြချေ။မိမိတို့အိမ်ငှားနေရခြင်းသည်လည်း အသား.ငါး.ငါးပိကြိုက်၏။မကြိုက်၏။အရင်လေ့လာရ၏။တချို့အသားဟင်းချက်ကြလျင်အနံ့ကိုတောင်မခံနိုင်
ကြချေ။
မိမိလည်းကြက်သားဆိုင်မှဝယ်လာသောကြက်သားကို ယူဆောင်ပြီး ဆီနှင့် ပဲဝယ်ရန်ဆိုင်ထဲသို့အ၀င် သတိလက်လွတ်ဖြစ်ကာဆိုင်ထဲသို့ ၀င်ခဲ့တော့၏။မိမိအား ဆိုင်မှ မောင်ရာဂျူးသည်မိမိအားအကြည့်တချက်ကား သံသယအကြည့်တချက်ဖြင့်မိမိအားဆိုင်တွင်းသို့ ၀င်ခွင့်မပေး။ မိမိသည်လည်း ဘာကြောင့် ဘာလို့ဆိုတာ သတိမရခဲ့။လက်ထဲမှပါလာသော ဖုန်းမှ ဖုန်းသံကြောင့် ဖုန်းကိုကိုင်လိုက်တော့မှ .သြော်....အသားပါလားပါလားဆိုပြီး အသားကိုအပြင်မှာခဏထားကာ ဖုန်းပြောရင်းဆိုင်ထဲသို့ဝင်တော့မှ မောင်ရာဂျူးသည် အပြုံးတချက်နှင့် နမာစတေး ဘန္တေဂျီ တဲ့..အော် အသားကြောင့် သူ၏ဆိုင်ထဲသို့ မ၀င်စေလို.။အင်း.ငါ အမှားပဲ သိရဲ့လျက်သတိတချက်ကြောင့် ဒီနေ့ကြက်သားလေးစားခြင်တဲ့ဆန္ဒသည် ခုတော့..မထင်မှတ်ပဲအသိတချက်ဝင်လာခဲ့သည်။ ဒီနေ့ကစပြီး ကြက်သားမစားလို့တော့ဟု စိတ်ဆုံးဖြတ်ချက်လိုက်တော့၏။မှတ်ချက်။ ။ အိန္ဒိယနိုင်ငံ၍နေစဉ် မိမိကိုယ်တိုင်ဝယ်ပြီးမစားတော့။

Saturday, January 21, 2012

မြန်မာပြည်က ဥိးခေါင်းနှစ်လုံးနဲ့နွား

အတိတ်နိမိတ် ကောင်းမှာလား  ဆိုးမှာလား ?မြန်မာပြည်က ဦးခေါင်းနှစ်လုံးနဲ့နွား အတိတ်နိမိတ်များ ကောင်းမှာလား ဆိုးမှာလား? မကွေးမြို့နယ် မကွေးမြို့ရဲ့ အရှေ့ဘက်(၃)မိုင်ကွာ ဆားတိုင်ကန်ရွာမှာ (၁၇-၁၀-၂၀၁၀) တနင်္ဂနွေနေ့၊ ည၇နာရီ၁၅ မိနစ်အချိန် (မိထူး)ဆိုသော ဦးခေါင်း နှစ်လုံးပါတဲ့ ဒီနွားမလေးကို မွေးဖွားပါတယ်။ ပိုင်ရှင်အမည်တွေကတော့ ဦးကက်စိန်၊ ဒေါ်အမာတင်တို့ဖြစ်ပါတယ်။ နွားမကြီးက ဖရီရှန် နို့စားအမျိုးအစား နွာမကြီးပါ။ သူ့ကို မေထွန်း လို့နာမည်ပေးထားပါတယ်။ ယခုနွားကလေးနဲ့ဆိုရင် (၃)သား (၃)ခါ မွေးဖွားပြီးခဲ့ကြောင်း သိရပါတယ်။ နွားငယ်ကလေး ဦးခေါင်းနှစ်လုံးခွဲထွက်ရာ အလယ်တည့်တည့်မှာ မျက်စေ့တစ်လုံးသာ တွေ့ရပါတယ်။ ဦးခေါင်းနှစ်လုံးရဲ့ ၀ဲ၊ယာဘက်တွေမှာ ကြည်လင်ထောက်ပနေတဲ့ မျက်လုံးနှစ်လုံး၊ ပါးစပ်။နားရွက်၊ နှာခေါင်းတွေ အစုံအလင်ပါ ပါတယ်။ ခလယ်(အတွင်းဘက်)က မျက်လုံးသာ တစ်လုံးထဲပါနေပါတယ်။ ဦးခေါင်းကြီးက နှစ်လုံးဆိုတော့ ခေါင်းကို ကောင်းကောင်းမထူနိုင်ပါဘူး။ နို့စို့တဲ့အခါ တစ်ဘက်ခေါင်းက နို့စို့နေရင် အခြားတစ်ဘက်ခေါင်းကလဲ လုပြီးနို့စို့နေပါတယ်။ ဒါကြောင့် နွားမကြီးဆီက နို့ကို ညစ်ယူပြီး နို့ဗူးနဲ့ ခေါင်းတစ်ဘက်ဆီကို သူ့သခင်မက လှည့်တိုက်ပေးနေတာကို မြင်တွေ့ခဲ့ပါတယ်။ နွားလေးရဲ့ အမြင့်ဟာ နှစ်ပေခွဲဖြစ်ပြီး အရှည်ကတော့ သုံးပေခွဲကျော်ကျော် ရှိကြောင်းသိရပါတယ်။ ယနေ့အထိ ကျန်းကျန်းမာမာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ အထူးအဆန်းဆိုတော့ မိုးထဲ လေထဲမှာကိုး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုနေကြပါတယ်။ မြန်မာပြည်က ဘုရားတွေ တစ်ချို့မှာ( မနုသီဟ ဖင်နှစ်ခွ)ရုပ်တွေ၊ ပုံတွေကို မြင်တွေ့ကြရပါတယ်..။ ယခုတော့ (နွားမဥသဖ ဦးခေါင်းနှစ်ခွ) နဲ့ ထူးထူးဆန်းဆန်း မြင်တွေ့နေရပါပြီ..။ လာရောက်ကြည့်သူတွေကတော့ နွားလောကမှာ ဦးခေါင်းနှစ်လုံးနဲ့နွား ဘီးလူးလောကမှာ ဒသဂီရိ( ခေါင်းဆယ်လုံးနဲ့) ပေါ်လာကြတယ်..။ ကျုပ်တို့ လူ့လောကမှာတော့ ခေါင်းအမျိုးမျိုးနဲ့ ပြောင်းပြောင်းပြီး လာလိုက်ကြတာ မနည်းတော့ပါဘူး..။ သူတို့ကလဲ ဆင်ဖြူခြောက်ကောင်နဲ့ မင်္ဂလာအယူတော်ခံသလို..၊ ကျုပ်တို့ကလည်း ဒီ( နွားမဥသဖ ဦးခေါင်းနှစ်ခွ)လေး ထူးထူးခြားခြား ပေါ်လာတာကို မင်္ဂလာ ယူရမှာဘဲဗျို့။ အင်း ဒါ မြန်မာပြည်အတွက်တော့ အတိတ်နိမိတ်ကောင်းမှာလား?။ ဆိုးမှာလား? ဆိုတာကိုတော့ စောင့်မျှော်လို့သာ ကြည့်ကြပေရဦးမည်ဟု.. တီးတိုး.. တီးတိုး..သဖန်းပိုးထိုးပြီး ပြောဆိုနေကြသော အသံများကို ကြားသိခဲ့ရပါတယ်ခင်ဗျား..။ မှတ်ချက်။ ။ မည်သည့်ဂျာနယ်များမှ ဖော်ပြခြင်းမရှိသေးပါ။ မြန်မာပြည်၏ အတိတ် နိမိတ်များ အား ဤ သတင်းကို အခြေခံ၍ ပညာရှင်များ၊ စာဖတ်သူများ ဝေဖန် ဆွေးနွေး ပေးတော်မူကြစေလိုပါသည်။

Tuesday, January 17, 2012

အိန္ဒိယနိုင်ငံရဲ့အမှတ်တရအလှူ

ဒီနေ့ အမှတ်မထင် ညမှအချိန်မတော်အိပ်ခဲ့မိလို့ အိပ်ယာထနောက်ကျမိခဲ့တယ်။ အခန်းနားကပ် မောင်ကုဏ်
သည်လည်းပြန်မလာသေး.အခန်းတံခါးလာခေါက်တယ်။မည်သူလဲဆိုတော့..ဘန္တေ..တဲ့ အော်..ဆောရီး ညက ဥာဉ့်နက်၃ နာရီလောက်မှ အိပ်ပျော်ခဲ့တာကြောင့်ရယ် အတွေးတွေကလဲ ဟိုရောက် ဒီရောက်ပေါ့ အမိမြန်မာပြည်မှာလဲ ရာသီဥတုအရမ်းအေးနေတယ် တဲ့ ဆိုတော့ အမေ တယောက်ကျမ္မာလို့ချမ်းသာပါစ ဆိုတဲ့ တယောက်ထည်းအတွေးများစွာနဲ့ ဖြစ်ခဲ့ရလို့ နေ့လည်၁၁ နာရီကျော်ကျော်လောက်မှနိုးမိလေတော့
အပြင်မှတံခါးခေါက်သံကို နားထဲကြားခဲ့သော်လည်းမျက်စိသည်လည်းကျိန်းစက်စက်မို့ တံခါးကိုဖွင့်လိုက်စဉ်မှာပဲ ဗီယက်နမ်ဆရာလေးမှ စားစရာဟု ထင်ရသောပါကင်ဘူးလေးကတခု ပန်းကန်ထဲထည့်လျှက်ယူလာသော စားစရာကတမျိုးပေါ့..။ဟ..ငါ တယ်ဟုတ်နေပါ့လား အိန္ဒိယနိုင်ငံမှာ
အလှူတခု ငါ ရခဲ့ပြီပဲလို့ အိပ်ခြင်မူးတူးတူးဖြင့် လက်ခဲရယူအလှူခံလိုက်တယ်..။မောနင်းပါ..တဲ့ ဒီနေ့ သူသည်လည်း အစားအစာလေးတခုလုပ်စားမိလို့ ဘန္တေကို လာလှူကြောင်း မိမိသည်လည်း သာဓု ၃ကြိမ်ခေါ်ပြီး အလှူခံမိလိုက်တယ်.။။ အော် အိန္ဒိယနိုင်ငံမှာ ခုတော့လဲ အမှတ်မထင် ရလိုက်မိတဲ့အလှူလေးပါလားဆိုပြီး ရင်ထဲမှာတော့....

Tuesday, January 10, 2012

အမေများနေ့ အမေ့အကြောင်း

လူတိုင်းမှာအမေရှိသည် အမေသည် တန်ဖိုးမဖြတ်နိုင်သော အရာတခု ဖြစ်သည်။အမေ နွေးထွေးပေးခဲ့သော အမေမေတ္တာတို့သည် မကုန်နိုင်။အမေ ရဲ့ကျေးဇူးတရားတွေဟာ ဘယ်လိုမှဆပ်၍မကုန်နိုင်ခဲ့။ပြာသိုလ်လပြည့်နေ့(အမေများနေ့တဲ့)ပြာသိုလ်လပြည့်နေ့ဟာ ဒီနေ့ရက်ဆိုတာကို သိခွင့်ရလိုက်သည်က မိမိ၏ အင်တာနက်ကိုဖွင့်လိုက်၏။အရှင်ကိတ္တိဇယ(ညောင်ကန်အေး)အားပြာသိုလ်လပြည့်နေ့က အမေများနေ့ ဘယ်တော့လဲဟု မေးမိ၏။ဟာ..ကိုနိုင်ငံခြားသားကြီးဒီနေ့ပြာသိုလ်လပြည့်နေ့ ဟူ၏။အမေများနေ့ဆိုပြန်
တော့လဲ အမေနဲ့စကားတွေပြောခြင်ပါဘိ.သို့သော် မိမိထားခဲ့သောဖုန်းမှာအမေနားမှာမရှိခဲ့.ဖုန်းနဲ့ အမေကို တွေ့ခြင်သည် စကားတွေပြောခြင်သည်..ဒါပေမဲ့ ပြောခွင့်တွေ့ခွင့်မရရှိခဲ့။ဒီနေ့တော့အမေနဲ့စကားတွေ
ပြောဖြစ်ခဲ့သည်။အမေအသံတို့သည်ချိုမြလှ၏။သားနေကောင်းရဲ့လား ဘယ်တော့ပြန်မ
လဲ အစားအသောက်အဆင်ပြေရဲ့လား.အမေ ရေဒီယိုနားထောင်မိတယ်လေ ငါသားတို့နေတဲ့နိုင်ငံ ပေါ့ လေမုန်တိုင်းတွေတိုက်တယ်ငါသားရယ် အမေဖြင့်စိုးရိမ်လိုက်ရတာတဲ့ ။အမေ သားတို့နေရာမှာ မိုဃ်းတော့ရွာတယ် ဘာမှမဖြစ်ပါဘူးအမေ။သားနေကောင်းတယ်.အမေ .အမေရောဆိုတော့ လူကြီးဆိုတော့လဲ.မူးနောက်တာပါပဲ သား ရယ်တဲ့.အသက်ကြီးတော့ မူးနောက်တတ်တာပဲလေ။တဲ့..အမေ အသံကြားမိပြန်တော့လဲ ခွန်အားတွေတိုးလိုက်တာအမေရယ်လို့.။သားရဲ့ဆရာတော်ကလဲပြောနေတယ်သားရဲ့ သားကျေးဇူးတွေကြောင့် သားဆရာတော်ကပြောနေတယ် အိန္ဒိယနိုင်ငံ သံဝေဇနိယ၄ ဋ္ဌာန ဖူးခွင့်ရတယ်လို့ပေါ့။ထားပါတော့အမေ အမေနေကောင်းတယ်နော်။အမေကပြောတယ် အမေအတွက်အလှူတခုလုပ်ခြင်တယ်
တဲ့လေ.။ရပ်ရွာမျာကထိန်ခင်းခြင်တယ်တဲ့။အမေသာကြိုပြီးလျှောက်ထားလိုက်ပါအမေ
လာမဲ့နှစ် ရပ်ရွာဆရာကျောင်းမှာကထိန်ခင်းကြမယ်လေ။အမေကိုသားကျေးဇူးဆပ်တဲ့
အနေနဲ့ သားအမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့လို့ပြောမိတယ်။မလိုပါဘူးငါံသားရယ် အမေ့မှာသားတို့ဖေဖေနဲ့ လယ်ယာတွေရှိနေပါတယ် အမေ လယ်ယာတွေ ရောင်းပြီးသားအတွက်လဲအမှတ်တရတခု ကုသိုလ်ပြုခြင်တယ် ရွာကျောင်းလည်းကထိန်ခင်းမယ်လေ။သားသဘောတူလားတဲ့။ညီအကိုမောင်နှစ်မတွေရဲ့ဆန္ဒသည်လည်းသားရဲ့ဆန္ဒပါပဲအမေ..လို့ဆိုပြီးအမေနဲ့အတူ မမလေးတို့ညီလေး ညီမ
လေးတို့ တီတီတာတာပြောနေသောတူမလေးရဲ့အသံတို့ကြားရပြန်တော့လဲ..ဒီနေ့အဘို့
ကြားခြင်လွန်းသောအမေ့အသံသည် ဒီနေ့တော့ အမေအသံသည် အရင်ကနဲ့တော့မတူတော့ ဇရာဘက်သို့ ရောက်နေသောအမေအသံသည် ချိုမြိန်လှ၏.နာပျော်ဘွယ်တော့ကောင်း၏။ အမေရဲ့ ပါးရေ တွန့်နေသောအမေအသံ သွားကျိုးသံပါနေသော အမေ့အသံသည် သားအတွက် အေးမြစေသော အသံပါဆိုတာ အမေသိပါစေ အမေ။
                                    ကျေးဇူးရှင်မွေးမေမေ
အမေ အမေသည် အနှိုင်းမဲ့မေတ္တာတွေကိုသားဒီနေရာကနေ ပြန်လည်သက်သေပြုလိုက်ပရစေ အမေ။ အမေ့မေတ္တာဟူသည် အသဲနှလုံးကြားမှပေါက်ဖွားလာ၏။အမေသည်သားသမီးတိုင်းအပေါ်မှာ ထပ်တူညီမျှချစ်တတ်သည်။ဆိုးသောသားသမီးတွေအပေါ်မှာလဲ အချစ်မပြယ်ခွင့်လွှတ်ခြင်းတရားတွေနဲ့ ချစ်တတ်ကြသည်သာ.။ငယ်စဉ်ကလဲအမေရဲ့ နို့ရည်သောက်သုံးနေစဉ်မှာ မျက်စိကိုဖြဲ ပါးကိုဆွဲကာ ဆံပင်ကိုကုတ် ပါးကိုပုတ်ပေမဲ့လဲ
အချစ်မပြယ်တိုး၍ချစ်နေမိတာအမေပါ။ နိုချိုတိုက်ကျွေးနေစဉ်မှာ အမေရဲ့နို့ကို ပေါက်ခါစ သွားလေးတွေနဲ့ကိုက်ခဲ့တာတောင် ဒေါသမပြယ် ခွင့်လွှတ်ခြင်းကရုဏာတရားတွေနဲ့ခွင့်လွှတ်သီးးခံပြီးချစ်ခဲ့တာမွေးမေမေပါ။
                              ‘’ အိုနေပေမဲ့ပျိုနေဆဲပါ မွေးမေမေ’’
ယနေ့အမေသည် အသက်(၈၀) သို့ရောက်လို့ဇရာဘက်သို့ ရောက်နေပြီဆိုတာ အမေရဲ့ သွား အမေရဲ့ခါးတွေတွေကသက်သေပြနေပြီ အမေ။ဒါပေမဲ့အမေသည် သားရဲ့ရင်ထဲမှာတော့ အမေဟာ အိုပေမဲ့ အမေရဲ့မေတ္တာဓါတ်တွေကရုဏာတရားတွေက အိုပေမဲ့ပျိုနေဆဲပါလို့ မိဘမေတ္တာ အိုသည်မရှိတဲ့ အမေ။အမေ ကိုသားအမြဲပြောခဲ့ဘူးတဲ့စကားလေ ဥပုသ်စောင့်မြဲသောအမေ ဖြစ်ပါစေဆိုတာလေ.သီလမြဲရင်အသက်ရှည်တယ်လို့ လိုရင်းလေးကိုပြောခဲ့ပါတယ်အမေ။သားရဲ့စကားကြောင့် အမေ ဥပုသ်သီလစောင့်ထိန်းရတယ် ဆိုတာတော့မဟုတ်ဘူးဆိုတာကိုတော့ သားယုံကြည်မိပါတယ်အမေ.ငယ်စဉ်ကလေးဘ၀လေးကိုပြန်တွေးကြည့်မိတိုင်း အမေဟာ ခုမှသာမဟုတ် ခု သားတို့ရပ်ရွာဆရာသမား သားသိသမျှ ၃ ပါးမြောက်ခဲ့ပြီလေ.အမေ ဥပုသ်စောင့်သွားလေတိုင်း ပါအောင်ခေါ်တတ်တဲ့အမေ ဟာပါရမီဓါတ်ခံလေးတွေပေးတဲ့သဘောနဲ့ ခေါ်ဆောင်ခဲ့တာတွေ မမေ့နိုင်ခဲ့ပါဘူးအမေ
ဒါနမှုဆိုတာ တိုက်တာအဆောက်ဦးတွေမလှူခဲ့သော်လည်း အမေရဲ့ ရှိသင့်ရှိထိုက်တဲ့
ဒါနမှုတွေအမေသိသလို အမေရဲ့ကိုယ်စောင့်နတ်တွေလဲသိနေမှာပါအမေ။သီလ ဆိုတာလဲ အမေစွမ်းနိုင်သလောက် ဥပုသ်သီတင်းတွေဆောက်တည်လို့နေခဲ့ပြီလေ.သားသိတတ်တဲ့အရွယ်ကစပြီး အဖိတ်နေ့ ဥပုသ်နေ့တွေမှာ အမေ စောင့်ခိန်းလာခဲ့တဲ့နှစ်တွေဟာ အနှစ် ၄၀ သို့ တော်တော်ကျော်လာခဲ့ပြီဆိုတာ အမေ သိမှာပါ ။ဘာဝနာမှုဆိုတာလဲ အမေရဲ့ ဘုရားဆွမ်းတော်ကပ်ပြီးလို့အမေရဲ့မေတ္တာသံတွေဟာလည်း သားအာရုံမှာ ကြားကြားနေမိတယ်လေ။ အမေဇရာဘက်သို့ ရောက်နေချိန်မှာအမေအတွက်ကတော့
ဒါန.သီလ.ဘာဝနာ ကိုသာ အမေအစဉ်တမ်းတနေပြီးအမေနေထိုင်ပါ။အထူးသဖြင့် မေတ္တာဘာဝနာကိုတော့နေ့စဉ်ပွားများပါ။မေတ္တာသည် လူတိုင်းကြိုက်နှစ်သက်ကြ၏။
မေတ္တာလက်နက်သည် အရာရာအောင်မြင်သည်သာ။တခါက သက်သေတခု အမေ့ကိုပြခဲ့ပြီလေ။ အမေ့စည်းစိမ်တွေကုန်အောင်လုပ်မယ်ဆိုတဲ့ လူတဦးတယောက်ရဲ့ပြောခဲ့တဲ့စကား။ကံနိမ့်နေချိန်မှာ အမေရဲ့သားငယ် မထင်မှတ်တဲ့ကံကြမ္မာဆိုးတခုကြောင့် ရုံးကန္နားတွေရောက်ခဲ့တဲ့လေ။ တကယ်တော့ လုပ်ကြံတခု ခံခဲ့ရတယ်လေ အမေ။ ကံကြမ္မာကလဲ အမှားအမှန်ဝေဘန်ပေးခဲ့လို့ လုပ်ကြံခဲ့တာ သားရဲ့အမေ ရုံးတွေ မှာ ဘာတပြားတချက်မှ မကုန်ခဲ့ဘူးလေ။ သားပြောခဲ့တယ်လေ အမှန်တရားဟာ အမှန်တိုင်းပဲရှိမယ်ဆိုတာလေ။အမေ မေတ္တာကိုသာ ပို့ပါ လို့ မမကြီး မမလေးတို့ရဲ့ ဒေါသအဟုန်တွေ ဟာအဲဒီနေ့က တော်တော်ကြောက်စရာကောင်းလောက်အောင်ဖြစ်နေချိန်မှာ သားပြောတာက မေတ္တာသာပို့ပါ မိမိအပေါ်ကျိန်ဆိုခဲ့သမျှတွေ သူတို့လဲ မကျရောက်ပါစေနဲ့လို့လေ။တကယ်တော့ အဲဒီတုန်းက အမေ့မှာ ဘာပစ္စည်းတွေကုန်ခဲ့သလဲ ပြန်စဉ်းစားကြည့်ပါ.။အမေ ရဲ့ကိုယ်စား အမေ့အပေါ် ကျိန်ဆိုခဲ့တာတွေဟာ..တကယ်တော့ အမေ သိလောက်ပါပြီလေ.။။အမေ့မှာ ဘာတခုဘာတွေ ကုန်ဆုံးခဲ့သလဲ.အမှန်တရားဆိုတာ ကံကြမ္မာကပဲ သက်သေပြခဲ့တယ်လေ အမေ။ ဒါ့ကြောင့် မေတ္တာကိုအကြိမ်ကြိမ်ပို့သနိုင်အောင်အမေကြိုးစားပါလို့..။
                      “စိတ်စေတနာဇောတွေနဲ့အမေ’”
မှတ်မှတ်ရရ(၁၃၄၂)ခု တောရွာလေးကိုစွန့်ပြီး မြို့ဒေသသို့ စာသင်ထွက်တော့ဖခင်ကြီးက ကျမ္မာရေးကမကောင်းလှ သို့သော် ပညာသင်သွားရမည်ဆို၍ ပီတိဖြစ်နေမိ၏။ကလေးဘ၀မှာ မြို့သို့ပညာသင်သွားရဘို့အရေး ဘဒွေးတော်သူမှ လိုအပ်သောသေတ္တာ စောင်ချဉ်ထောင်.သင်္ကန်းအစရှိတဲ့ပစ္စည်းတွေကားဝယ်ပြီးခဲ့ချေပြီ။အမေသည်ထုံးစံအတိုင်း သားအဖေလဲကျမ္မာရေးကကောင်းတာမဟုတ်ဘူး.နောက်နှစ်မှသွားပါလားကွယ်တဲ့။
သို့သော် တား၍မရခဲ့.။အမေရဲ့စကားတခွန်း အေးပေါ့လေ.အမေတို့မှာ စာမသင်ခဲ့ရဘူး။ကျေးရွာမှာ(အ.သုံးလုံး)သင်တန်းတတ်ပြီး သေစာ ရှင်စာကိုသာတတ်ခဲ့ရတဲ့အမေ။အမေသည်စာမတတ် သို့သော် အမေသည် သားအတွက်ပညာပါရမီဓါတ်တွေပေးရန် တိုက်တွန်းခဲ့ပြီပေါ့။ထုံးစံအတိုင်း အမေရဲ့ပါးစပ်မှတဖွဖွမှာလေတော့၏။ကျမ္မာရေးဂရုစိုက်ဘို့။ခလုတ်မထိပါစေနဲ့..ဆူးလဲမညိပါစေနဲ့..တဲ့ စာလဲကြိုးစားသင်ပေါ့.တဲ့ ပေးလိုက်တဲ့ဆုတွေတပုံတပင်ကြီးပေါ့။ 
                           ‘’ကျွေးဖေဖေရဲ့ဈာပနမသိလိုက်ရ’’
ဒိလိုနဲ့မြို့မှာ စာသင်ရင်းနဲ့အချိန်တို့သည် တဖြေးဖြေးကုန်လာခဲ့၏။ မိမိစာသင်ထွက်လို့တလပြည့်တဲ့နေ့မှာပဲ ကျွေးဖေဖေ တယောက်ကွယ်လွန်အနိစ္စရောက်ခဲ့သည်တဲ့။မိမိမှာစာသင်နေချိန်မို့ စာသင်ပျက်မည်စိုး
၍ အကြောင်းလဲမကြား သတင်းလဲမပို့ခဲ့။ခုခေတ်ဆိုရင်တော့ တယ်လီဖုန်းနဲ့ မိနစ်ပိုင်းအတွင်းသိနိုင်ခဲ့၏။သို့သော် အဲဒီအချိန်မှာ ဖုန်းဆိုသည်မှာရှိတော့ရှိ၏။သို့သော်မိမိ၏စာသင်တိုက်မှာဖုန်းမရှိသေးပါ။ ဒီလိုနဲ့ ရာသီတို့သည်ပြောင်းလဲလို့လာခဲ့ချေပြီ ။ဥသြငှက်တို့အလွမ်းသီချင်းသံပြိုင်သီဆိုနေချိန် ပင်အိုတွေကမွဲပြီး..ရိုးတံတို့သည်လည်း ခပ်ကြဲကြဲ တောင်လေးလေးက ခပ်သုတ်သုတ် အော် နွေရာသီကိုတောင်ရောက်လို့ စာဖြေရတော့မှာပါလားဆိုပြီးအတွေးတွေနဲ့ ကျေးဇူးရှင် မိဘနှစ်ပါးနဲ့တွေ့ရတော့မည့်အရေးတွေးပြီး စာပေကိုကြိုးစားပြီးကျက်မှတ်ပြီးစာဖြေပြီးလို့ကျေးရွာသို့အပြန် အလာကောင်းခဲ့ပေမဲ့လဲ
အခါနှောင်းခဲ့လေပြီပေါ့.။ကျေးဇူးရှင်ကျွေးဖေဖေတယောက်မိသားစုနဲ့စွန့်ခွာလို့သွားခဲ့လေပြီ။မိမိလည်းကလေးဘ၀ မျက်ရည်တွေပြိုင်ပြိုင်ကျပြီး လွမ်းစိတ်ကို စာပေနဲ့ဖြေသိမ့်ခဲ့ရတယ်ပေါ့။ကျွေးဖေဖေတယောက်ပြောသွားသည်တဲ့ အော် ငါ့သားသူ့ပညာရေးအတွက် တားသည်ကိုပင်မရဘူး.အေးလေ ငါ့သားပညာတတ်ကြီးဖြစ်ပါစေတဲ့..ခုတော့လဲ ကျွေးဖေဖေရယ် ပြောလိုက်ခြင်ပါဘိ.။သားတယောက် ဘွဲ့ ဒီဂရီလေးတွေရလို့ အဖေ သာရှိနေခဲ့ရင် ဆိုပြီး မျက်ရည်တို့သည်မျက်နှာပေါ်မှာရစ်ဝဲလို့.ခုတော့လဲ ကျွေးဖေဖေရဲ့နောက်ဆုံးဈာပနကိုတောင်ပို့ခွင့်မရ လွမ်းခွင့်မရတဲ့သားတယောက် ကျွေးဖေဖေတယောက် ရောက်ရာဘ၀ ဘုံဋ္ဌာနကနေ အဖေသာဓုခေါ်နိုင်အောင် အဖေအတွက်ကုသိုလ်ထူးတွေလုပ်ပေးခဲ့တာအကြိမ်ကြိမ်ပါ။အဖေ့အတွက် ရပ်ရွာပဋ္ဌာန်းရွတ်သံဃာတော်တွေ ဆွမ်ကပ်ခဲ့တာ (၅)နှစ်ဆက်တိုက်ပါအဖေ လို့.။ခုလဲ သားအိန္ဒိယနိုင်ငံပညာသင် မလာခင်ပဲ အဖေအတွက်အမှတ်တရ ကုသိုလ်တခုအိမ်သစ်တတ်မင်္ဂလာ.ဘုရားအနေကဇာတင်မင်္ဂလာ.နှင့် အိမ်အတွက်အန္တရာယ်ကင်းစေရန် အိမ်မှာပဲ ပဋ္ဌာန်းတညတာရွတ်ဖတ်ပြီး နောက်နေ့မှာ အဖေ မရှိတော့တဲ့နောက်ပိုင်း သွားလေရာ အမေ အနားမှာရှိနေအောင်အမေ့ခြေရာလေးတောင် အမေ့ခြေရာခံယူပွဲလေးတခုပြုလုပ်ခဲ့ပါ
သေးတယ်.။အဖေရောက်လေရာဘုံဘ၀ကနေ အဖေ သာဓုခေါ်နိုင်ပါစေ..လို့.။
                       “ဓမ္မလေးနဲ့ကျေးဇူးဆပ်ပရစေ မွေးမေမေ”
အမေ.အခြားအခြားသောသားသမီးတွေက အမေ့ရဲ့အနားမှာအနီးကပ် အမေရဲ့နို့ဘို့လေးတွေကျေပြွန်အောင် ကျေးဇူးဆပ်နေကြတယ်အမေ။အမေရဲ့ဝေယျာ
ဝစ္စတွေနဲ့ထပ်တူပေါ့။သားကတော့ ဘုရားရဲ့သားတော်ဖြစ်နေတာကြောင့် ဓမ္မနဲ့ပဲကျေးဇူးဆပ်ခွင့်ပြုပါအမေ။။။ဗုဒ္ဒစာပေတွေကိုလေ့လာရင်းနဲ့တွေ့ခဲ့ရတဲ့ အမေ့ကိုကျေးဇူးဆပ်နည်းတဲ့ (အင်္ဂုတ္တိုရ်)မှာတွေ့ခဲ့ရတယ်လေ။ ကျေးဇူးဆပ်တယ်ဆိုတာ ပါးစပ်ကကျေးဇူးဆပ်ရုံနဲ့မပြီးသေးပါဘူး အမေ အခု သားကတော့ အမေ့ကို “ဓမ္မနည်းလမ်း”ဖြင့်ကျေးဇူးဆပ်မှာပါအမေ။တကယ်လဲ အမေ့ကိုပြောဘူးဟောဘူးတဲ့တရားလေးပါ။ တနေ့ သားကြိုက်တဲ့လဘက်ခွက်လေးကို အမေကိုယ်တိုင်သုတ်ပြီး ဆီတွေပေနေသော နှမ်းတွေကျန်နေသောအမေဟာ ပေလက်စ လက်နဲ့အမေ လာကပ်ရင်း အမေ့ကိုလက်သုတ်ပုဝါလေးပေးပြီးအမေ့ကို ဟောခဲ့တယ်လေ.သားရဲ့ရှေ့တည့်တည့်မှာ အမေ ကထိုင်လို့ အမတို့တွေကလဲ အမေ့ရဲ့ဘေးမှာ ကပ်ထိုင်လို့ပေါ့..။
သဒ္ဒါတရားမရှိသေးသောမိဘနှစ်ပါးအား သဒ္ဒါတရားနဲ့ပြည့်စုံအောင်။
သီလမရှိသေးသောမိဘနှစ်ပါးအားသီလတရားတွေနဲ့ပြည့်စုံအောင်။
ပေးကမ်းစွန့်ကြဲမှုမရှိသေးသောမိဘနှစ်ပါးအား ပေးကမ်းစွန့်ကြဲမှုနဲ့ပြည့်စုံအောင်။
အသိပညာမရှိသေးသောမိဘနှစ်ပါးအားအသိပညာတွေနဲ့ပြည့်စုံအောင်။…တဲ့ သားတို့ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ်မှာ ဟောကြားတော်မူခဲ့တယ်အမေ။ သားလဲ သားသိထားတတ်ထားတာလေးတွေကို အမေ့ကို ပြန်လည်ဖောက်သည်ချလို့ မြတ်စွာဘုရားရှင်ရဲ့ကိုယ်စား အမေ့ကို ပြန်လည်ကျေးဇူးဆပ်နေတာပါ.။
အမေ သဒ္ဒါတရားမရှိဘူး။အမေ သီလမရှိဘူး။အမေ ပေးကမ်းမှုမရှိဘူး။အမေ အသိပညာမရှိဘူးပြောတာမဟုတ်ဘူးအမေ။ အမေရဲ့သန္တာန်မှာရှိသင့်၇ှိထိုက်တဲ့ သဒ္ဒါတရားတွေ.သီလတရားတွေ.စွန့်ကြဲမှုတွေအမေသန္တာန်မှာရှိနေပြီးသားတွေပါ အမေ။ဒါပေမဲ့အမေတို့မှာ..။အသိပညာနဲ့ပတ်သတ်ပြီးပြောစရာလေးတော့ရှိနေတယ်အမေ လို့…။အဲဒီအချက်ကတော့အခြားမဟုတ်ဘူး။ အယူလေးတချက်လွဲမှားလိုက်တာနဲ့ ငရဲထိပို့ဆောင်နိုင်တယ်အမေ..။သားတို့ရဲ့ရွာရဲ့အနောက်ဘက်မှာ ပခန်းဦးမင်းကျော်ဆို
တာအမေသိမှာပါ။ အဲဒီနတ်တွေဟာ တကယ်တော့ သာသနာပတွေပါ အမေ။ သားတို့ရွာမှာ ငယ်စဉ်က နတ်ကနားပွဲတွေလုပ်ခဲ့တယ်လေ။ဆိုင်းသံဘုံသံကြားရင်ကလေးတို့သဘာဝ သွားပြီးကြည့်ခဲ့ရတယ်လေ.။ ယောက်ျားကနေ မိန်းမအ၀တ်ဝတ်ပြီးကကြခုန်ကြ မိန်းကဖြစ်ပြီးအရက်ပုလင်းကြီးငေါ့လို့ မူးပြနေတယ်လေ။ ဒါကိုပင် ဘေးမှလူအချို့က လက်အုပ်တွေချီပြီး လိုခြင်သောဆုတွေတောင်းလို့ပေါ့။ ကိုရွှေဆိုင်းသမားကလဲ လက်စွမ်းတွေပြလို့ ကြည့်လို့တော့အကောင်းသားပဲ။သားတို့က ကလေးဆိုတော့ ရှေ့ဆုံးနားမှာနေရာယူလို့ပေါ့။ဘာနတ်ရယ်တော့မသိဘူး.ငှက်ပျောသီးကြီးပါးစပ်နဲ့ကိုက်လို့ တောင်ကြည့်မြောက်ကြည့်ပေါ့။သားတို့ကလဲ အနားမှာဆိုတော့ သားတို့ပေးမယ်အထင်နဲ့လက်ဝါးတွေခံလျှက်သားလေ။ဒါပေမဲ့.တကယ်တော့ ဘာနတ်ရယ်တော့မသိဘူး သားသိလိုက်တာတော့အမျိုးချစ်နတ်လို့ထင်မိတယ်လေ။ တောင်ကြည့်မြောက်ကြည့်နေတာက သူ့အမျိုးရှာနေတာလေ။သားရင်ထဲတေးမှတ်လိုက်တယ်လေ အမျိုးချစ် နတ်လို့ပေါ့။
သားတို့ကျေးရွာမှာ ဘာလေးမဖြစ်လိုက်နဲ့နတ်ကတော်ခေါ်မေးကြတယ်။တကယ်တော့ သူတို့သာ အမှန်တိုင်းဟောတတ်နေရင် ဘာလို့နတ်ကတော်ဆိုတာလုပ်နေမှာလဲ..။သူ့ဇာတာသူကြည့်ပြီး ငွေမရှားရွှေမရှားနဲ့နေမှာပေါ့။သားတို့မြန်မာလူမျိုးတွေအားနည်းချက်ကဒါပဲ အမေ..။စူးစမ်းဆင်ခြင်မှုမရှိကြဘူးလေ။ ခေတ်သစ် လူညာတွေပါ။ တလောက ဇာတ်ကားတကားကြည့်မိတယ်လေ။ နတ်ကတော်မစောတဲ့.။မို့မို့မြင့်အောင် ကားပေါ့.။ပြောလိုက်တာအမှန်တွေပဲ မှန်မှာပေါ့ အထောက်တော် ကအမြဲ အရက်ဖိုးရလို့ ဖားထေးပေးနေတာ.။မှားဟောပြန်တော့ .ရှေးဘ၀ကတဲ့.။နောက်တော့မှ အော်.နတ်ကတော် နတ်ကတော် တကယ်တော့ ညာစားနေကြပါလားဆိုပြီးတယောက်ထည်းတွေးပြီးရီနေမိတယ်ပေါ့ အမေ။အမှန်တော့
ဒါတွေဟာ မြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့အပေါ်မှာအားနည်းချက်ကိုရှာပြီး ခေတ်သစ်ညာစားနည်းတွေပါ လို့ပြောပရစေ အမေ။အသေဆိုးနဲ့သေခဲ့ရတဲ့ နတ်ရုပ်တွေကို ဦးချနေတာ ရှိခိုးနေကြတာတွေဟာ တကယ်တော့ သူတို့ကသာ ထေရ၀ါဒဗုဒ္ဒဘာသာဖြစ်တဲ့အမေတို့လို့ လူတွေကို ဦးချသင့်တာလေ သူတို့မှာ ဘာသီလရှိလို့လဲ။ဘာကုသိုလ်ပြုခွင့်ရှိလို့လဲ။ တကယ်လို့ အသေဆိုးနဲ့သေခဲ့ကြရတဲ့ နတ်တွေကို ရှိခိုးဦးချပြုလုပ်မိရင်တော့ မှားလိုက်တာမှမဟာအမှားကြီးအပါယ်ထိအောင်ပို့ဆောင်နိုင်တဲ့အမှားပဲ။မိမိက ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။ ဘုရားကို ကိုးကွယ်ပါ၏။တရားကို ကိုးကွယ်ပါ၏။သံဃာကိုကိုးကွယ်ပါ၏။ဆိုပြီး ရွတ်ဆိုထားတာ ကိုးကွယ်ထားတာ မိမိထက်နှိမ့်ကြသော နတ်မိစ္ဆာကို ရှိခိုးမိတော့  မဟာအမှားအပါယ်ထိရောက်စေနိုင်တဲ့အမှားပါ အမေ။
                       “သရဏဂုံပျက်ရင် ငရဲသို့ရောက်စေနိုင်တယ်”
အညသတ္ထာရာဒီသု အဟံ အတ္တာနံ ပရိစ္စဇာမိတိ.ဧ၀ံ အညသတ္ထာရုဒ္ဒေသ၀သေန သာဝဇဘေဒေါတိ ၀ုစ္စတိ။(မူလပဏ္ဏာသအ႒ကထာ)
ဘုရား.တရား. သံဃာ မှတပါးအခြားသော ဘိုးတော်.မယ်တော်.နတ်စိမ်းရုပ်များအပေါ်၌ တပည့်တော်ရဲ့အသက်နဲ့ခန္ဒာကိုယ်ကို အရှင်ကောင်း အရှင်ကြီးတို့အားအပ်နှင်းလှူဒါန်းပါ၏။ ပြောဆို ရှိခိုးဦးချလျှင် သရဏဂုံ သည် ပျက်တော့၏။ဤ သို့ သရဏဂုံပျက်ခြင်းကြောင့် အပြစ်ရှိသောသရဏဂုံပျက်ခြင်းမည်၏။ဗုဒ္ဒဘာသာ တဦးတယောက်သေလိုက်တာနဲ့ သရဏဂုံသည်ပျက်၏။ဤသို့ပျက်ခြင်းကားဓမ္မတာဖြစ်ခြင်းကြောင့် အပြစ်မရှိသောပျက်
ခြင်းမည်တော့၏။
                            “အချိန်ရှိခိုက်ပြင်လိုက်ကြပါ”
ရတနာမြတ်သုံးပါးမှတပါးအခြားသောဘိုးတော် မယ်တော်စတဲ့နတ် ရုပ်များကို ဦးချမည်ဆိုလျှင် သရဏရုံသည် ပျက်၏။သရဏဂုံပျက်ခြင်းကြောင့် ငရဲသို့ကျရောက်မည်မှာ ဧကန်မုချ။ လူဆိုတာ မြင့်မြတ်တယ်။ ဒါနမှု သီလမှု ဘာဝနာမှု ပြုခွင့်ရတယ်။ပြုခွင့်ရှိတယ်။မြတ်စွာဘုရားသည် ရခဲလှတဲ့တရားထဲမှာ”မနုဿတ္ထဘာဝေါ ဒုလ္လဘော”တဲ့ လူအဖြစ်ဆိုတာရခဲပါတယ်တဲ့။ရတဲ့အချိန်လေးမှာ အယူလွဲမှား နေရင်တော့ ရခဲလှတဲ့လူအဖြစ်ကို ရတုန်းလေးအသိဥာဏ်နဲ့ဆင်ခြင်ပြီး သတိတရားကပ်နိုင်ပါစေ လို့
စေတနာမေတ္တာအနန္တဖြင့် ပြောကြားပရစေ။ အမေ ရေ။ လူ့အဖြစ်ဟာရခဲပုံလေးတခု ပြောပရစေ. လူအဖြစ်ဆိုတာရခဲတယ် ရခဲတဲ့အခိုက်မှာ ဒါနမှု ပြု သီလမှုဆောက်တာည်ဘာဝနာမှုတွေပွားများကြရမယ်.။သာသနာ့အမွေတောင်ခံယူနိုင်ကြပါတယ်။ ဟိုး အထက်ကောင်းကင်မှာရှိတဲ့ သကြားမင်းမဟာဗြဟ္မာမင်း တွေဟာ သာသနာ့အမွေ ပြုခွင့်မရှိကြပါဘူးအမေ။ လူပြည် လူဘုံမှာ မည်သည့်ကုသိုလ်ကောင်းမှုမဆို ပြုခွင့်တွေရတယ်လေ အမေ။ ဒါတွေကိုထောက်ဆပြီး မနုဿတ္ထ ဘာဝေါ ဒုလ္လဘော လို့ မြတ်စွာဘုရားဟောကြားခဲ့တာပဲလေ အမေ။
ဒါ့ကြောင့် အမေ .မှားယွင်းစွာ ပြုလုပ်ခဲ့သည်တို့ကို အမေ ရှေ့မှာ အမေ့ကို အသိတရားလေးနဲ့ယှဉ်ပြီး အမေ ဆုံးဖြတ်ချက်တွေမှန်ကန်စွာ အသုံးပြုပါစေ အမေ။အမေ ရဲ့ ရိုးရာတွေ မပြုလုပ်ပါနဲ့လို့ မတားရက်ပါ တင်မြောက်ပသပါ.။ဒါပေမဲ့အရိုအသေပေးမှုကိုတော့မပြုလုပ်ရန် သတိကပ်ထားပါ။ မေတ္တာတော့ပို့ပါ အမေ ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုတွေကိုတော့ (၃၁)ဘုံသားအတွက် ဆုတောင်းမေတ္တာပို့သပေးပါ။မေတ္တာသည် အထက်ကပြောခဲ့သလိုပေါ့။မေတ္တာပို့သခြင်းဖြင့် အရာရာအောင်မြင်နိုင်ပါစေ လို့.။
အမေများနေ့ မဟုတ်သော်ငြားလည်း အမေမျယးနေ့ကို အမှတ်တရအဖြစ်။အမေ့အကြောင်းလေးအဖြစ် ဤ SPOT ကို တင်ပြလိုက်ပါတယ်ဆိုတာ..။