အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, February 21, 2010

G mail တွင် attachment နဲ့မဟုတ်ဘဲ ပုံပို့ နည်း

mail မှာ attachment ဖိုင်နဲ့ ပုံတွေတွဲ ပို့တာကို အားလုံးသိပြီးဖြစ်မှာပါ..
အခု ကျွန်တော်ပြောချင်တာက attach ဖိုင်မဟုတ်ဘဲ text box ထဲမှာ ပုံကို ထည့်ပြီးပို့ လို့ ရတဲ့နည်းပါ.
သိပြီးသားဆိုရင်တော့  တောင်းပန်ပါတယ်..ကျွန်တော်လည်း G mail ကိုကလိရင်းတွေ့ သွားတာပါ..
Text box ထဲမှာ ပုံထည့် ပို့ တာ ဘာထူးခြားချက်ရှိလဲဆိုတော့ လှုပ်ရှားနေတဲ့ပုံလေးတွေထည့်လို့ ရတာပေါ့ဗျာ.
နောက်ပြီးမေးလ် လက်ခံတဲ့သူဆီမှာလည်း ချက်ချင်းမြင်ရတာပေါ့...
အဲဒါဆိုရင် ဟိုဘက်မေးလ်ဖတ်တဲ့သူဆီမှာ အရုပ်လေးတွေက အသက်ဝင်နေတာပေါ့ဗျာ
ဘယ်လိုလုပ်ရလဲဆိုတော့...Gmail setting > Lab ထဲက အောက်ပိုင်းနားလောက်မှာ Inserting images ဆိုတဲ့ box မှာ
enable ပေးလိုက်ပါ ..ပြီးရင် save ပေးပါ..
နောက်ပြီး စာပို့ တဲ့အခါ emotion ပုံလေးတွေ အများကြီးထည့်ချင်တယ်ဆိုရင် လည်း သူ့ အောက်မှာ Extra Emoji ဆိုတာရှိပါတယ်
အဲဒါကိုလည်း enable ပေးပြီး save ပါ..
ပြီးရင် compose mail သွားပြီးကြည့်ကြည့်လိုက်ပါ...
Bold.. Underline စတာတွေရေးထားတဲ့ အတန်းမှာ အပြာရောင်အကွက်လေးတွေ့ ပါလိမ့်မယ်
ကိုပုံထည့်ချင်တဲ့နေရာမှာ cursor ချပြီးအဲဒါလေးကိုကလစ်လုပ် ၊ ကိုထည့်မယ့်ပုံကို browse လုပ်ပြီး add image လုပ်လိုက်ရင်
ပုံလေးက text ထဲမှာပေါ်နေပါလိမ့်မယ်..
လှုပ်ရှားနေတဲ့ပုံလေးတွေဆိုရင် အရမ်းမိုက်ပါတယ်..
ပုံက size လည်းchange လို့ ရပါတယ်..
ကဲ...အားလုံးပဲ စမ်းသပ်ကြည့်လိုက်ကြပါခင်ဗျာ..


Gmail မှာ Exe ဖိုင်တွဲနည်း

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။




Gmail နှစ်ခုပြိုင်ဖွင့်ရန်

အိုင်တီမန်း ပရိတ်သတ်ကြီး ကို mozilla firefox ရဲ့ add-ons တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် IE Tab ဆိုတာလေးပါ။ IE ရဲ့ rendering engine ကို Tab တစ်ခု အနေနဲ့ သုံးနိုင်စေပါတယ် ဒီတော့ gmail ပြိုင် သုံးလို့ရသွားတာပေါ့ နောက်ပြီး firefox နဲ့ ဖွင့်ထားတဲ့ tab ပေါ်မှာ right click နှိပ် ပြီးတော့လဲ rending engine ကို ပြောင်းလို့ရပါသေးတယ်။
IE Tab add-ons ကို ဒီနေရာကနေ https://addons.mozilla.org/en-US/firefox/addon/1419 ယူ၍ install လုပ်လိုက်ပါ နောက်ပြီး Navigation Toolbar ပေါ် right click နှိပ် customize ရွေးပြီး icon လေး ဆွဲတင်ပေးလိုက်ပါအုံး icon လေးက သူ့ပေါ်ကို left click နှိပ် ရင် လက်ရှိ firefox နဲ့ ပွင့်နေတဲ့ tab ကို IE နဲ့ပြောင်းပေးမယ် middle click ဆို နောက်ထပ် tab တစ်ခုနဲ့ ပြောင်းပြီး ပွင့်လာပါမယ် right click ဆိုရင်တော့ option dialog box ပေါ်လာမှာပါ။
gmail account နှစ်ခုပြိုင်ဖွင့်ဖို့ အတွက် tab နှစ်ခု နဲ့ https://mail.google.com ကို အရင်ဖွင့်လိုက်ပါ IE tab icon ပေါ်ကို left click နှိပ်လိုက်ပါ ဒါဆို ရပါပြီ username password တွေဖြည့်ပြီး ပြိုင်သုံးလို့ရပါပြီ




Gmail Inbox preview

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။
လုပ်ပုံလုပ်နည်းက
gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။
နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။
အရေးကြီးတာတွေကို Forward လုပ်ရအောင်

ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။ရေခဲနန်းတော် မေးတခုမှ ပြန်လည်မျှဝေခြင်းပါ..

No comments:

Post a Comment