အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, April 14, 2011

ကြားမိခဲ့ရသည့်ရွှေမြန်မာတို့၏အသံ

ဒီနေ့ သင်္ကြန်အကျနေ့ သူငယ်ချင်းအရှင်သုန္ဒရ(မဂဓတက္ကသိုလ်)မှ ဖုန်းဆက်ပြီးသူနေသော အိမ်မှာဆွမ်းလာဘုဉ်း
ဘို့ ဖုန်းဆက်ခြင်းကြောင့် မိမိလည်းကဗျာကယာထကာ ဟို ခပ်လှမ်းလှမ်းမှအလွမ်းသီချင်းသီဆိုနေသော
ကိုရွှေဥသြ ရဲ့တွန်ကြူးသံသည်လည်း နွေရာသီရဲ့သဏ္ဍာန်ကိုဖေါ်ကြူးလျက် မိမိလည်းသူငယ်ချင်းအိမ်သို့ မသွားခင်
မဟာဗောဓိစေတီတော်သို့ ရှေ့ရှုပြီး စေတီတော်ရင်ပြင်တွင်လည်း ကုလားလူမျိုးများ ထိုင်းနိုင်ငံမှ လူမျိုးများ
သီရိလင်္ကာမှ ဘုရားဖူးအဖွဲ့များနှင့် ရွှေမြန်မာတို့ ဟိုနေရာတချို့ ဒီနေရာတချို့မြင်တွေ့မိပြန်တော့လည်း
အော် အမိပြန်မာပြည်မှာရွှေတိဂုံရင်ပြင်တော်နှင့်အခြားတန်ခိုးကြီးသော စေတီပုထိုးတို့တွင်လည်း
ပန်း ရေချမ်း ဆီမီးများနံ့သာအမွှေးတိုင်များကို မြတ်စွာဘုရားအားအာရုံပြုပြီးသင်္ကြန်တွင်းမှာ ကုသိုလ်အမှုများ
ပြုလုပ်နေကြသည်မှာ ဧကန်မုချ မြင်တွေ့နေမိပါရဲ့ မဟာဗောဓိပလ္လင်တော်ရှေ့တည့်တည့်မှ ပဋ္ဌာန်းဒေသနာရွတ်
ပွားနေသော မြန်မာပြည်မှ အသက်ခပ်လတ်လတ်တယောက် အသက်ခပ်ကြီးကြီးတယောက်
မိမိသည်လည်း ပလ္လင်တော်ရှေ့မှာ ဘုရားအာရုံပြု မေတ္တာပို့သရင်း စင်္ကမသတ္တာဟနေရာ၌ စင်္ကြန်လျောက်
ပြီးပဋ္ဌာန်းဒေသနာတော်နှင့် မေတ္တာပို့သခြင်းများပြုလုပ်ခဲ့ပါသည်။

မနက်ဖြန် ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ အမိမြန်မာပြည်သို့ ပြန်ရန် ၂၀၁၁ ခုနှစ်ရဲ့ မဟာဗောဓိစေတီတော် အားပါးတရဖူးမျှော်ခဲ့ရပါသည်။
ဟို ခပ်လှမ်းလှမ်းမှ ပဋ္ဌာန်းရွတ်ဖတ်သံကြားနေရသည်။ မဟာဗောဓိစေတီတော်အတွင်း၌ မြန်မာတို့၏
ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်ရွတ်ဖတ်နေကြသည်ကား အံသြဖွယ်ရာကြားမိပြန်တော့လည်း
မြန်မာတို့၏ သင်္ကြန်ကုသိုလ်အမှုတို့သည်ကား...


Wednesday, April 13, 2011

သင်္ကြန်အကျနေ့(ဗုဒ္ဒဂယာ မဟာဗောဓိစေတီတော်ထဲမှာ)

ို့
မဟာဗောဓိညောင်ပင်ကြီးရဲ့ ရွက်နုတို့သည်ဝေဆာလျက်
အရင်တခေါက်နဲ့မတူတော့သော ရွက်ဟောင်းတို့သည်မြေမှာကြွေကျပြီးရွက်သစ်နုတို့သည်လည်း
ဝေဆာလျှက် မဟာဗောဓိပင်ကြီး၏ ညောင်ရွက်တို့သည်လည်း ပြီးခဲ့တဲ့နှစ်ပတ်ခန့်က ခြောက်သွေ့
နေသော်လည်း ခု တခေါက်မှာတော့ အညွန့်တလူလူနဲ့မြင်တွေ့လိုက်ရသည်ကားစိတ်ထဲရင်ထဲမှာ
သင်္ကြန်အကျနေ့ရဲ့အမှတ်တရ အဖြစ် အို နေသော်လည်းပျိုနေဆဲဖြစ်သော ပင်ညောင်ပင်ကြီး၏ အောက်မှာ ပြီးခဲ့တဲ့အခေါက်က ညောင်ရွက်ကြွေကျခြင်းကို ကောက်ယူခဲ့သော်လည်း ယ္ခု တခေါက်
မှာတော့ ညောင်ရွက်မကောက်ရသော်လည်း နုပျို လန်းဆန်းနေသော မဟာဗောဓိပင်ကြီးရဲ့ အေး
ဆေးတိတ်ငြိမ်လှသော အရိပ်အာဝါသအောက်မှာ ပရိတ်ရွတ် ဂုဏ်တော်ရွတ်ရင်း သင်္ကြန်အကျနေ့
မှာ အမှတ်တရအဖြစ် ဤ post လေးကို တင်မိလိုက်ပါတယ်.။

မြန်မာ့သင်္ကြန်(အကြိုနေ့)


မြန်မာတို့၏ ၁၂ ရာသီပွဲတော်တို့တွင် တန်ခူးလသည် ပထမဆုံးပွဲတော်ဖြစ်သလို အထူးခြား ဆုံးသော ပွဲတော်လည်း ဖြစ်ပါ၏။ ထူးခြားပုံကို အနည်းမျှ စာစီ၍ ပြပါအုံးမည်။

တန်ခူးမိဿ ၊ စိတြ ၊ လနှင့်ယှဉ်ပြိုင်ထွန်း။
ရင်ခတ်ဂန့်ဂေါ် ထုံသင်းပျော် ပွဲတော် အတာညွှန်း .. (စာဆို အမည်မသိ)။

တန်ခူးလ(အတာကူးတဲ့လ)သည် ရာသီအားဖြင့်မိဿရာသီ၊ပြာလဲ့လဲ့ဖြစ်သော အထက်ကောင်း ကင် အာကာ နန်း၌ စိတြနက္ခတ်သည် ဖိုးရွှေလနှင့်အပြိုင် လင်းလက် တောက် ပချိန်၊ရာသီပန်း အခါပွင့်ပန်းဖြစ်ကြသည့် ရင်ခတ်ပန်း ဂန့်ဂေါ်ပန်းများလည်း မြိုင်မြိုင် ဆိုင်ဆိုင် ပွင့်ကြ၍ ရနံ့ သင်းသော ကြိုင်သော လှိုင်သော အခါ ကာလ သမယ ဖြစ်ပါ၏

လူကြီးလူငယ် လူရွယ်များသည် ဘုရား ကျောင်းကန် ရိပ်သာများသို့ သွားရောက်ကြ၍ ဥပုသ်စောင့် သုံးကြခြင်း၊ မိမိတို့အားလပ်ရက် (ရုံးရက်ရှည်ပိတ်ရက်)သင်္ကြန်ကာလအတွင်း၌ ရခဲသော (ဒုလ္လဘ ) ရဟန်းအဖြစ်၊ သာသနာ့နွယ်ဝင် သီလရှင်အဖြစ်သို့ ၀င်ရောက်ကြခြင်း၊ ယောဂီအဖြစ်ဖြင့် တရားဘာဝနာများ ရှုပွါးကြခြင်း စတုဒိသာ ကျွေးမွေးလှူဒါန်း ကြခြင်း ဘိုးဘွား များကို ရေချိုးပေး ကြခြင်း ခေါင်းများ လျှော်ပေးကြခြင်း ခြေသဲ လက်သဲ ညှပ်ပေး ကြခြင်း အစားအသောက်ဖျော်ရည် တို့ဖြင့် ကျွေးမွေး စောင့်ရှောက်ကြခြင်း လက်စုံမိုး (လက်အုပ်မိုး)၍ ဆေးဝါးများ အ၀တ်အထည်များ စားသောက်ဖွယ်ရာများဖြင့် ပူဇော် ကန်တော့ကြခြင်း.. ဆရာ သမား ဘိုးဘွားမိဘများကို တပည့် သားသမီး မြေးမြစ် များက တတ်စွမ်း သမျှ အာမိသ ဓမ္မတို့ဖြင့် ပူဇောကန်တော့ကြခြင်း . . စသည် စသည့်ကောင်းမြတ်သော ရှုခင်းအစုံ တို့ကို ဤလ ဤချိန် ဤကာလ၌ ကြည်နူးဖွယ်ရာ တွေ့မြင်နိုင်ပါ၏။ ဤသည်မှာ တစ်ခြားသော ယဉ်ကျေးမှုတို့နှင့် မတူကွဲပြားသော ခြားနား သော ထူးခြား သော မြန်မာတို့၏ ချစ်စဖွယ်မြတ်နိုးစဖွယ် ဂုဏ်ယူစဖွယ် အမွေအနှစ်ကောင်းများဖြစ်ပါ၏။ ယင်းအစဉ်အလာကောင်းများ ကို လက်ဆင့်ကမ်း၍ ထိမ်းသိမ်း စောင့်ရှောက်လာကြသည်မှာ ယနေ့ထက် တိုင်အောင်ပင် ဖြစ်ပါ၏၊

တစ်ချို့သော လူငယ်လူငယ်ရွာများက့ ဓမ္မဘက် ခြေဦး မလှည့်ဖြစ်ကြ၊ သို့သော် လောကဘက် ပျော်ရွှင်မှု အတွက် ရေကစားသည့် မဏ္ဍပ်ကြီးများ ဆောင်လုပ်ကြ၍ အတီး အက အလှတို့ဖြင့် ဧည့်ခံ ဖျော်ဖြေ နေကြ သည်မှာလည်း ကမ္ဘာမှာ ဘယ်မှာမှ မရှိသည့် မြန်မာတို့၏ ချစ်စဖွယ် ယဉ်ကျေးမှုတစ်ခု ဖြစ်ပါ၏၊ တူးပို့ တူးပို့ သီချင်း သံလေးမှာလည်း သင်္ကြန်အဖို့တော့ မရိုး နိုင်သော ဂီတသံဆန်းလေးတစ်ခုအဖြစ် မဏ္ဍပ်တိုင်း မှာ ကြားနေရပါ၏။ ရွှေဝါရောင် ပန်းပိ တောက်သည် သင်္ကြန်၏ သင်္ကေတပန်း၊ တူးပို့ တူးပို့ သီချင်း သံလေးသည် သင်္ကြန်၏သင်္ကေတ ဂီတ၊ မြန်မာရိုးရာနှင့်အညီ ၀တ်စားဆင်ယင်ကြ၍ ငွေဖလားဖြင့် အတာရေ ပက်ဖြန်း ကစား ကြခြင်းသည် သင်္ကြန်၏ သင်္ကေတ ပျော်ရွှင်မှုဟန်များဖြစ်ပါ၏။

ဤသို့ ကောင်းခြင်းဂုဏ်နှင့် ပြည့်ဝသော သင်္ကြန်၏အလှအပကို ဖျက်ဆီးနေကြသူများလည်း ရှိပါ၏၊ ယင်း တို့မှာ သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ သရုပ်ပျက် သောက်စားပျော်ပါးမှုနှင့် သရုပ် ပျက်သီဆိုမှုများ ဖြစ်ပါ၏၊
ထို့ကြောင့် သမိုင်းကြောင်း အစဉ်အလာအရ ယဉ်ကျေးသော သိမ်မွေ့သော ချစ်စရာကောင်း သော မြန်မာတို့အဖို့ “ အစဉ်အလာကောင်းများကို ထိမ်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ” မြန် မာ့ရိုးရာ အခါသင်္ကြန်ကို ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲကြပါစို့…. ။
မူရင်းကတော့ ဦးဦးအလင်းသစ်ဆီကပါ

သင်္ကြန်အကြိုနေ့အမှတ်တရ(ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။)

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော
်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
ဗုဒ္ဓဂယာမြေမြတ်မဟာ၌ အမှတ်တရ မြတ်စွာဘုရားရှင်၏အံ့ဖွယ်(၁၈) ပါးတင်လိုက်ပါကြောင်း
.

Sunday, April 3, 2011

ရဟန်းအမကြီး ရဲ့ အိန္ဒိယနိုင်ငံ အမှတ်တရ ဆွမ်းအလှူ





မိမိနှင့် အိန္ဒိယနိုင်ငံဘုရားဖူးဘို့ လွန်ခဲ့သော နှစ်များစွာက ပတ်စ်ပို့လုပ်ပေးခဲ့သော်လည်း သွားဘို့ဖူးဘို့ အခွင့်မကြုံခဲ့။ ပတ်စ်ပို့သက်တမ်းသည်လည်း ကုန်ခါနီးလေတော့ မိမိသည်လည်း ကျောင်း(တက္ကသိုလ်ကိစ္စ ဗိုက်ဗာထိုင်ရန်)တနေ့နေ့နီးလာသည်ဟု အထင်နဲ့အခါအခွင့်မကြုံခဲ့ရပေ။ယ္ခုမူ ရဟန်းအမကြီး၏ ဆန္ဒအကောင်ထည် ဖေါ်လိုက်သည်ပေါ့.။ ဗုဒ္ဓဂယာမြေမြတ်မဟာသို့
(၁၂.၃.၂၀၁၁)နေ့တွင်ရောက်ရှိပြီးသံဝေဇနိယ လေးဋ္ဌာနဘုရားဖူးခရီးစဉ်ကို ၁၄.၃.၂၀၁၁ မှစတင်ပြီးဖူးခဲ့သည်။
၂၅.၃.၂၀၁၁ မှာ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ အမိမြန်မာပြည်သို့ ပြန်ရန် လေယာဉ်တတ်ရန်ပြန်လည်ရောက်ရှိခဲ့သည် ရောက်ရှိစဉ်မှာ မိမိတို့ကျောင်းသားကျောင်း၌ အမှတ်တရဆွမ်းအလှူပွဲလေးတခု အမှတ်တရ အဖြစ်ကပ်ခွင့်ရလိုက်တော့၏။ ရဟန်းအမကြီး၏ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ ထူးမြတ်စွာ မဂဓတက္ကသိုလ်၌ M.A ပညာသင်ရဟန်းတော်များPH.D ပညာသင်ရဟန်းတော်အပါး (၃၀)ခန့်ကပ်ခွင့်ရလိုက်၏။ ကျောင်းသားတွေများမှလည်းအလှူရှင်ရဟန်းအမကြီး၏ ဆွမ်းအလှူကိုမေတ္တာသုတ်ပရိတ်တော်နှင့် ချီးမြှင့်ပြီး ဆုတောင်းမေတ္တာများပို့သပေးလိုက်ကြောင်း..