အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, April 30, 2010

ကဆုန်လပြည့်နေ့၏ အမှတ်တရပုံရိပ်များ

မိဂဒါဝုန်တောအတွင်း၌ယနေ့တိုင်မြင်တွေ့နိုင်သောသားသမင်
ပဉ္စ၀ဂ္ဂီ၅ ဦးတရားဦးဟောတော်မူရာနေရာနှင့်ဓမ္မေခစေတီတော်
ယဿသူဋ္ဌေးသားအားတရားဟောတော်မူရာနှင့် ဓမ္မေခစေတီတော်
နန္ဒိယဆောက်လုပ်လှူဒါန်းထားသောကျောင်းတော်ရာ
ကျောင်းသားလေးနှင့် တရားဦးဟောတော်မူရာမြေမြတ်မဟာနှင့်ဓမ္မေခစေတီတော်
မြတ်စွာဘုရားဘုရားအဖြစ်သို့ရောက်ရှိတော်မူရာမဟာဗောဓိညောင်ပင်ကြီး
။ဤညောင်ပင်ကိုအာရုံပြုကာညောင်ရေသွန်းလောင်းကြသည်.။
(ဗုဒ္ဒဂယာမြို့..အိန္ဒိယနိုင်ငံ)

ကဆုန်လသည်လမြတ်ကဆုန်လို့ခေါ်ဝေါ်ကြ၏.

ဆယ်နှစ်လရာသီတွင် ကဆုန်လကို လမြတ်ဟုဆိုရခြင်းအကြောင်း(၄) ချက်ရှိပါသည်။
ပထမအချက်
ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကိုခံယူသည်မှာကဆုန်လပြည့်နေ့ဖြစ်ပါသည်...
ဒုတိယအချက်

ဤဘဒ္ဒကမ္ဘာတွင် ဂေါတမမြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် မဟာသက္ကရာဇ် ၆၈ခုနှစ်ကဆုန်လပြည့်နေ့၌ဖွားမြင်တော်မူပါသည်။(နီပေါနိုင်ငံ.လုမ္ဖိနီအင်ကြင်းတော)
တတိယအချက်
ဂေါတမမြတ်စွာဘုရားလောင်းတော်သည်ဗောဓိမဏ္ဍိုင်၌သဗ္ဗညုတဥာဏ်တော်ကို မဟာသက္ကရာဇ်၁၀၃ခုကဆုန်လပြည့်နေ့တွင်ရတော်မူ၍ဘုရားအဖြစ်ကိုရောက်တော်မူခဲ့ပါသည်။(ဗုဒ္ဒဂယာမြို့..အိန္ဒိယနိုင်ငံ)
စတုတ္တအချက်
မလ္လမင်းတို့၏ အင်ကြင်း ဥယျာဉ်ဝယ် မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့တွင်ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။(ကုသိနာရုံမြို့.အိန္ဒိယနိုင်ငံ)
ဖော်ပြခဲ့သောထူးမြတ်သောအချက်လေးချက်သည်ကဆုန်လပြည့်နေ့တွင် ဖြစ်တော်မူခဲ့သောကြောင့်ကဆုန်လကိုအမြတ်ဆုံးလဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
ကဆုန်လပြည့်နေ့တွင်မြတ်စွာဘုရားရှင်သဗ္ဗုညုတဥာဏ်တော်ရရှိရာ ဗောဓိညောင်ပင်ကိုစိတ်အာရုံညွတ်ကာဆုတောင်းခြင်း.စသည်တို့ဖြင့် ညောင်ရေသွန်းလောင်းခြင်းအမှုကိုကြည်နူးဖွယ်ရာအလွန်ကောင်းလှသော
မြန်မာရိုးရာပွဲတော်တစ်ခုပင်ဖြစ်ပါသည်။
ထိုကဆုန်လကို.နတ်ရှင်ရောင်ကလည်းဤသို့ကလောင်ဖြင့်စပ်ဆိုခဲ့၏..
ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်ဆိုင်း ဆင်လို

တိမ်ညို မှိုင်းထပ်
ပြက်လျှပ်ပြကာ
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည် သာ..ဟူ၍
ဤသို့စပ်ဆိုတော်မူခဲ့၏
ငယ်စဉ်ကကြားဘူးသောစာသားသည်.ဘာမှန်းတော့မသိခဲ့ရချေ.
ယခုမူကား..ကဆုန်လမြတ်၏.ဂုဏ်ပုဒ်ကိုဖေါ်ထုပ်ခဲ့ချေပြီတကား.ဟု ဤကဆုန်လပြည့်နေ့၏.
အမှတ်တရဖြစ်စေခြင်းငှာ၎င်း ဤpost လေးကိုတင်ပြလိုက်တော့၏..။
ထို့အပြင်ကဆုန်လ၏ထူးခြားမှုတို့သည်လည်းစိတ်ထဲ၌ထင်ဟပ်လာခဲ့ပြီ။



ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လပြည့်။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။

ကြုံတုံးမြတ်စွာဘုရားနှင့်ပတ်သက်သောဆောင်ပုဒ်လင်္ကာလေးတင်ပြအပ်ပါသည်.။
သန်..ဖွား..တော..ပွင့်..စက်..စု..သင့်..ရှစ်ပင့်သာကိနေ..
ဝါ..က..၀ါ..က..၀ါ..က…က..မှတ်ကြလမြတ်ထွေ.
မ..သိ..ကြ..လပ်..တွေး…ဆ..အပ်..နေ့မြတ်(၇)ထွေ..
ငယ်စဉ်က.သင်ဘူး.ကြားဘူး..ရဘူးသော.ဆောင်ပုဒ်လေးကို.ယနေ့ထက်တိုင်မမေ့နိုင်၍
အမှတ်တရဖြစ်စေခြင်းငှာ.တင်ပြအပ်လိုက်ပါသည်.။
ရှင်းလင်းအံ့….
သန်.သည်ပဋိသန္ဒေယူရာ.၀ါဆိုလပြည့်.ကြာသာပတေးနေ့.
ဖွား..သည်.ဘုရားလောင်းဖွားတော်မူရာကဆုန်လပြည့်.သောင်္ကြာနေ့.
တော.သည်တောထွက်တော်မူရာ.၀ါဆိုလပြည့်.တနင်္လာနေ့.
ပွင့်..သည်.ဘုရားပွင့်ရာကဆုန်လပြည့်ဗုဒ္ဒဟူးနေ့.
စက်.သည် ဓမ္မစင်္ကြာတရားဟောရာ.၀ါဆိုလပြည့်.စနေနေ့.
စု..သည်.စုတေရာ(ပရိနိဗ္ဖာန်ပြုရာ)ကဆုန်လပြည့် အင်္ဂါနေ့.
သင့်.သည်.တေဇောဓါတ်လောင်တော်မူရာကဆုန်လပြည့်ကျော်.၁၃ ရက်တနင်္ဂနွေနေ့.
ဖြစ်ပါသည်။ ။
ထိုနေ့အဖို့ ကျွန်ုပ်ကျောင်းသားလေးမှာလည်း မြတ်စွာဘုရားဓမ္မစင်္ကြာဟောတော်မူရာ
မြေမြတ်မဟာ၌.ဓမ္မစင်္ကြာရွတ်ဖတ်ခြင်း.အနတ္တလက္ခဏာသုတ်ရွတ်ဖတ်ခြင်းဖြင့်
ကုသိုလ်ယူမိတော့၏.။မေတ္တာပို့ခြင်း.၃၁ ဘုံသားအားလုံးအပေါ်တွင်အကျွန်ုပ်ပြုစုအား
ထုတ်သောကုသိုလ်ကောင်းမှုတို့သည်လည်း..ရရှိပါစေ..ရောက်ရှိပါစေဆိုတာ..
ဓမ္မေစေတီအတွင်း.မိဂဒါဝုန်တောထဲမှ..မေတ္တာပို့အမျှဝေသံတို့သည်လည်း

ကျောင်းသားလေး..ဗာရာဏသီမြို့ အိန္ဒိယနိုင်ငံ

BH.U တက္ကသိုလ်သို့ သွားရခြင်းရဲ့ရယ်မောစရာလေး.

BH.U တက္ကသိုလ်သို့ သွားရခြင်းရဲ့ရယ်မောစရာလေး.
ဒီနေ့ စိတ်သက်သာရာတခုအနေနဲ့ မိမိ computer လေးကို သွားပြရင်း.သူငယ်ချင်းတွေ
ကိုပြန်တော့မယ်ဆိုတာနှုတ်ဆက်ရင်းမိမိနေရာအိမ်လေးကိုသော့ခတ်ပြီးထွက်လာခဲ့တယ်ပေါ့.
အိမ်ကထွက်လိုက်တာနဲ့ ဆိုက်ကားကအရန်သင့်မို့ လမ်းထိပ်သို့စီးကာသွားခဲ့ရ၏
လမ်းပေါ်အရောက်ကားကလေးသည်လည်းမိမိလိုက်မယ်အသိဖြင့်ထိုးလို့ရပ်လိုက်တော့၏..
မိမိလည်း.အပြေးလေးတတ်ကာ ပါနိပူရ် ထိလိုက်ခဲ့တော့၏.ကားလေးသည်လည်း
အရှိန်ပြင်းစွာမောင်းတော့၏.မိမိနှင့်ယှဉ်ထိုင်သည်ကား.အသက်၅၀ကျော်ခန့်ကုလားမ ကြီးတယောက်ပေါ့.မိမိအားသံသယမျက်လုံးနဲ့တချက်စောင်းငဲ့လို့ကြည့်လိုက်.သူကိုမထိစေ
လိုသောအမူအယာပြလိုက်နဲ့ဆိုတော့ မိမိလည်းမနေတတ်မထိုင်တတ်တော့.ပါးစပ်မှ
လဲပွစိပွစိပြောနေတော့.ဟေး..ကားဆရာ.ငါ.ရှေ့မှာထိုင်မယ်ဆိုတဲ့အမူအယာပြကာရှေ့ခန်းသို့ သွားခဲ့မိတော့၏.အင်း…လို့သက်ပြင်းတချက်ချရုံမှတပါး….။
ထိုနေရာလေးမှ တဆင့်ပြန်၍ ဘူတာကြီးဆီသို့စီးရပေတော့မည်.ဟုတွေးပြီးရင်လေး
နေမိ၏..လမ်းတို့သည်ပြင်ဆင်နေ၍ ၅ မိနစ်ခန့်လျှောက်ရ၏.ဘူတာကြီးဆီသို့တကျော့
ပြန်စီးရအုံးမည်.နေရာယူလိုက်၏.ဒီတခါတော့ ဦးဘာဘူကြီးပေါ့..လမ်းတို့သည်ပိတ်ဆို့မြဲ
ကျော်တတ်ကြ.ဆိုက်ကားဆရာတို့သည်လည်းဂရုမစိုက်သလို.စက်ဘီသမားကလဲပမာမခန့်.
မိမိကတော့ အော်..သူနိုင်ငံ.သူ လူမျိုး.သူစရိုက်မို့ အပြုံးလေးတချက်နှင့်ကြည့်ကာ
အပြင်မှလေပူတချက်တိုက်ခတ်မှုကြောင့်ပါလာသောတဘက်လေးဖြင့်မျက်နှာကိုအုပ်ခါ
အတွေးစကိုဖြတ်ပြီး.အော်..မဇ္ဈိမသားတို့ရယ်..ငါတော့လေ.မျက်စိတွေလဲနောက်.ခေါင်း
တွေလဲမူးလှပြီ..လို့ ပြောခြင်သော်လည်း….။
ဟော..ရောက်ပြီ..ဗာရာဏသီဘူတာကြီး.၁၀ ရူပီးထုပ်ပေးပြီး.လင်္ကာ.ဆိုသော.BH.Uသို့
ခရီးဆက်ရပေတော့မည်.မျက်စိတော့လည်ပြီ.ဘယ်ရောက်နေပါလိမ့်.ဟော..ဘူတာကြီး
ဘယ်ကိုများရောက်သွားတာလဲ ကားဂိတ်ရယ်..လို့တမ်းတမိ၏.ရှေ့ဆက်လျှောက်မထူး
ခြား.ဟိုကြည့်.ဒီကြည့်သွား..ဗြိ.ဗြိ..ဟာ..သေပြီဆရာရေ.အောက်ကြည့်လိုက်တော့ဖိနပ်
တဘက်လုံးမစင်တို့ဖြင့်.ညစ်ပတ်နေတော့၏.မသိလိုက်ဘာသာ.ဟန်မပြတ်ရှေ့ဆက် လျှောက်..မိမိကြိုက်နှစ်သက်သောသရက်သီးဖျော်ရည်ပေါ့..မသောက်အားသေး.အောက်က..
ဖိနပ်ရဲ့အန္တရာယ်..ရန်သူကိုဖြေရှင်းမှဆိုပြီး.ရေသန့်ဘူး၂ ဘူးဝယ်ပြီးမမြင်ကွယ်ရာ
သို့သွားပြီးဖြေရှင်းရတော့၏..အမှန်ဝန်ခံရသော်ရေသန့်ဘူးကို.၀ယ်လို့တောင်မသောက်ရက
်ခုတော့..ခုတော့ ၂ ပုလင်း၂၄ ရူပီးနဲ့ ဖြေရှင်းရတော့၏.အော်..မဇ္ဈိမသားတို့ရယ်.
လမ်းဘေးမစင်စွန့်ခြင်းဆိုတဲ့.မဟတ္တမဂန္ဒီ.ရဲ့ကျင့်ထုံးကြီးကိုဘယ်တော့မှဖျောက်ဖြတ်
တော့မှာလဲ..ခုတော့လေ..ပြီးတာနဲ့ ဘေးပတ်ဝန်းကျဉ်ကိုတောင်သတိမထားမိ.မိမိနှစ်
သက်သောသရက်သီးထျော်ရည်ကို တခွက်၁၀ရူပီးဖြင့်၂ခွက်မှာကာ.သောက်ချလိုက်
တော့၏..။ထိုမှ အတွေးလေးနဲ့ကားအလာကိုစောင့်သော်လည်းမလာသေး..ဘယ်လာမှာ
လည်း.ဒီနေရာမှလာတာမှမဟုတ်..နောက်ရုပ်သန့်သန့်ပြန့်ပြန့်လူရွယ်တယောက်အား
မေးတော့မှာအလို ၁၅ မိနစ်တောင်အချိန်ကုန်သွားခဲ့၏ထိုလူရွယ်သည်မိမိအားလက်ညှိုး
ဖြင့်ညွှန်ပြတော့၏.ထိုနေသို့အရောက်..BH.U..လင်္ကာ..ဆိုတော့မှအပြေးလွှားတတ်ကာနေရာ
ယူတော့၏..ဘေးဘီကိုကြည့်မိ၏..ကုလားမဆိုရင်တော့ မထိုင်လို.မိမိလိုဘန္တေ.=
ဆာဒူးကိုဘာလို့ အတူမထိုင်ခြင်ကြတာလဲ.ဇာတ်နိမ့်လို့ထင်နေကြလို့လား.သို့လော.
သို့လော.တွေးတောရင်း.ကားလေးခေါ်ဆောင်ရာ.BH.U တက္ကသိုလ်သို့.နေပူကြဲကြဲမှာ
ကားပေါ်သို့ ကျောင်းသားလေးသည်ခြွေးတလုံးလုံးဖြင့်လိုက်ပါရင်း.အော်အမိမြန်မာပြည်
မှာဆိုရင် ဘုန်းကြီးဆိုရင်ဦးစားပေးသော.ရိုသေသော.ကိုင်းရှိုင်းသော.ထေရ၀ါဒနယ်မြေ
မို့ ခုတော့ကား..မြတ်စွာဘုရားတရားဦးဟောရာ.ပဉ္စ၀ဂ၈္ဂီ ၅ဦးတို့ရဟန္တာဖြစ်တော်မူရာ
သံဃာရတနာစတင်ပေါ်ပေါက်ရာဒေသတခုမှာ.ဘန္တေဆိုရင်..ဇာတ်နိမ့်ဆိုတဲ့အတွေးတခု
မဇ္ဈိမသားတို့ရဲ့သန္တာန်မှာကိန်းအောင်းနေကြပြီလား.ဆိုတာ.အတွေးလေးကိုတွေးနေရင်းပဲ..
ကားလေးသည် ၁၀ရူပီးတန်အောင်သူ့မှာတာဝန်ကျေခဲ့ပြီ..ဆိုတော့လဲ…ထိုကားလေး
ပေါ်မှ ဆင်းလာသူကား...
စိတ်ကူးယဉ်လည်းမဟုတ်.ပုံပြင်လဲမဆန်. ဒဏ္ဍာရီလည်းမကျ..
တကယ်ဖြစ်ရပ်ပါဆိုတာ.. ကျောင်းသားလေးရဲ့ အဖြစ်လေးကို တင်ပြလိုက်ပါရဲ့..
ကျောင်းသားလေး..ဗာရာဏသီ

Thursday, April 29, 2010

ရှုံးနိမ့်မှုတို့သည်.အကြိမ်ကြိမ်ရင်ဆိုင်လာခဲ့သော်...

ရှုံးနိမ့်မှုတို့ အကြိမ်ကြိမ်ရင်ဆိုင်ရသောအခါ စိတ်ဓာတ်ကြံ့ခိုင်သူတို့ပင် တွေဝေတွန့်ဆုတ်သွားတတ်ကြသည်။ ငါတတ်နိုင်သမျှတော့ ကုန်ပြီဟု လက်လျှော့အရှုံးပေးတတ်ကြသည်။ ငယ်စဉ်က သင်ခန်းစာတွင် သင်ခဲ့ရသော “မပုကြွယ်နှင့် ခရုငယ်”လိုပုံပြင်မျိုးက အားငယ်နေချိန်တွင် အားဆေးတစ်ခွက်ဖြစ်သည်။ “The Prince five-weapons and sticky-hair monster” ပုံပြင်ကို မကြာခဏ
ပြောပြဖြစ်သည်။ စင်စစ်ဤပုံပြင်မှာ တရားဓမ္မကျင့်ကြံပွားများမှုမှအားလျှော့အရှုံးပေးတော့မည့် ရဟန်းတော်များအား ဘုရားရှင် ဟောကြား ခဲ့သောအားပေးစကားဖြစ်သည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံစဉ်က မိဖုရားခေါင်ကြီးတွင် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုမင်းသားသည်နောင်တွင်
လက်နက်ငါးမျိုးကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်လိမ့်မည်ဟုပုဏ္ဏားတော်များက နိမိတ်ဖတ်၍ ပဉ္စ၀ုဓမင်းသား (ပဉ္စ - ငါး + ၀ုဓ - လက်နက်)ဟုအမည်ရသည်။ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင် ကြား ၏။ ပညာစုံ၍ နေရပ်သို့ပြန်သော် ဆရာကြီးက ပဉ္စ၀ုဓမင်းသားအားလက်နက်ငါးမျိုး ပေးအပ်လိုက်သည်။ ထိုလက်နက်တို့ကို ယူ၍မွေးရပ်မြေသို့ပြန်လာသော် တောအုပ်တစ်ခုကို ဖြတ်ရသည်။

ဤတောအုပ်တွင် စေးကပ်သော အမွှေးရှိသည့် ဘီလူး (သိလေသလောမယက္ခ) တစ်ကောင်ရှိ၍ ထိုဘီလူးသည်မြင်မြင်သမျှ လူတို့ကို သတ်ဖြတ်သောကြောင့် ဤတောကိုဖြတ်၍ မသွားရန်လူအချို့က တားမြစ်ကြသည်။ သို့သော် ရဲရင့်၍ မိမိကိုယ်မိမိ
ယုံကြည်ချက်အပြည့်ရှိသော ပဉ္စ၀ုဓမင်းသားက မဆုတ်ပဲ တောကိုဖြတ်၏။တောအုပ်အလယ်တွင် ထန်းပင်မျှမြင့်သော ဘီလူးနှင့် တွေ့ကာ “ရပ်လော့….။ သင်သည်ငါ၏အစာဖြစ်ပြီ”ဟု အသံနက်ကြီးဖြင့် ဟန့်တားသည်။ မင်းသားကား မကြောက်။ အဆိပ်လူးမြား ဖြင့် ပစ်ခတ်သည်။ မြားတစ်စင်းပြီး တစ်စင်းပစ်သော်လည်းမြားအားလုံးသည် ဘီလူး၏ အမွှေးအမျှင်များတွင်သာ ကပ်ငြိ၍ နေလေသည်။ ဘီလူးကကိုယ်ကို လှုပ်ရမ်း၍ ကပ်နေသော မြားများကို ခါချပြီး မင်းသားအနားသို့ကပ်သည်။ ထိုအခါ မင်းသားက သံလျှက်ဖြင့် ခုတ်၏။ သံလျှက်လည်း ဘီလူး၏ အမွှေး၌သာကပ်၍ နေသည်။ မင်းသားက လှံဖြင့် ထိုး, တင်းပုတ်နှင့်ထုသော်လည်း
လက်နက်အားလုံးတို့သည် ဘီးလူး၏ အမွှေးတို့တွင်သာ ကပ်ငြိနေပြန်သည်။

ထိုအခါ မင်းသားက
“ငါသည် ပဉ္စ၀ုဓအမည်ရသော်လည်း လေးမြားလက်နက်တို့ကို အားကိုး၍ ဤတောအုပ်သို့ ၀င်လာခြင်းမဟုတ်။ မိမိကိုယ်ကို အားကိုး၍ ၀င်လာခြင်းဖြစ်သည်။ငါသည် သင့်အား အမှုန့်ချေပစ်အံ့” ဟု ကြုံးဝါးကာ ဘီလူးအား လက်သီးဖြင့်ထိုးနှက်၏။ လက်ယာ လက်သည် ဘီလူးတွင် ကပ်၍ ပြန်ခွာမရသောအခါ လက်ဝဲလက်ဖြင့်ထိုးနှက်၏။ ပြန်ခွာမရ။“ ငါသည် သင့်အား အမှုန့်ချေပစ်အံ့” ဟုကြုံးဝါးကာဒူးနှစ်ဖက်နှင့် တိုက်၏။ ဦးခေါင်းဖြင့် တိုက်၏။ ခြေလက်ဦးခေါင်းငါးမျိုးလုံးသည် ဘီးလူးတွင် ကပ်၍သာ နေသည်။

သို့တိုင် မင်းသားသည် မတုန်လှုပ်၊ မကြောက်ရွံ့။ ဤသို့ ရဲစွမ်းသတ္တိရှိသူမျိုး မကြုံဖူးဟူ၍ဘီလူးကသာ တုန်လှုပ်စပြုလာသည်။ “အသင် ဘာကြောင့် သေမှာ မကြောက်သလဲ” ဟုမေးသော်မင်းသားက “ဘီလူး ဘာကြောင့် ကြောက်ရမည်နည်း။ တစ်ဘ၀တွင် တစ်ကြိမ်သာသေရိုးထုံးစံရှိသည်။ ထို့အပြင် ငါ၏ ၀မ်း၌ ၀ရဇိန်လက်နက်ရှိ၏။ အသင် ငါ့အားစားသော်လည်း ဤ၀ရဇိန်လက်နက် သည် ကျေပျက်မည်မဟုတ်။ သင်၏ အူ, အသည်းတို့သာအပိုင်းပိုင်း ပြတ်တောက်ကာ သင်လည်း ငါနှင့်အတူ သေအံ့” ဟု ပြန်လည်ကြိမ်းဝါးသည်။ ထိုအခါ ဘီလူးလည်း မစားရဲတော့ပဲ မင်းသားအားပြန်လွှတ်ပေးလိုက်လေသည်။

ပဉ္စ၀ုဓမင်းသား၏ နောက်ဆုံးလက်နက်သည်ကား ပြင်ပမှ လေးမြား ဓားလှံ လက်နက်များ မဟုတ်။ မိမိ၏ ယုံကြည်မှုပေါ်တွင်
ကြံ့ကြံ့ခံရပ်တည်နိုင်သည့် စိတ်ဓာတ်ပင် ဖြစ်သည်။ အသိဉာဏ်နှင့် ယှဉ်သည့်
မကြောက်တရား ဖြစ်သည်။ မတွန့်ဆုတ်မှုဖြစ်သည်။

စာညွှန်း

ဇာတက-၅၅၊ ဧကကနိပါတ်-ပဉ္စာဝုဓဇာတ်

ယော အလီနေန စိတ္တေန၊ အလီနမနသော နရော။
ဘာဝေတိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊သဗ္ဗသံယောဇနက္ခယန္တိ။

(ဇာတက-၅၅၊ ဧကကနိပါတ်-ပဉ္စာဝုဓဇာတက)

မတွန့်မဆုတ်သော စိတ်နှလုံးရှိသည်ဖြစ်၍
အနှောင်အဖွဲ့ထမ်းပိုး (ယာဂ)မှ
လွတ်ရန်
ကောင်းမှုတို့ကို ပွားများသူသည်
အလုံးစုံသော နှောင်ကြိုး(သံယောဇဉ်)များ ကုန်ရာသို့
အစဉ်အတိုင်း ရောက်ရှိနိုင်သည်။

ယောက်ျားကောင်းမှန်က မြတ်သော ရည်မှန်းချက်ထားရာ၏။ ကြိုးစားလုံ့လပြုရာ၏။
မပျင်းရိရာ။အခြားမကြည့်လင့်။ သမုဒ္ဒရာမှ လွတ်မြောက်၍၊ မိမိ
အလိုရှိသည့်အတိုင်း
မင်းအဖြစ်သို့ရောက်သော ငါ့ကိုပင် သက်သေထား၍ ဆိုသတည်း။

ဆင်းရဲဒုက္ခ ကြုံတွေ့ရသော်လည်း ရည်မှန်းချက်ကို မစွန့်ရာ။
ဆင်းရဲကို သည်းခံ၍ မလျော့သော လုံ့လပြုရာ၏။
‘ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့်’ဟူသော လောကဖြစ်မြဲဓမ္မတာကို နှလုံးမမူပဲ၊
ပျင်းရိခြင်းကို ရှေ့တန်းတင်ကာ လုံ့လလျော့သူတို့သည် သမုဒ္ဒရာတွင်
ငါးလိပ်စာသာဖြစ်ကြရသည်။
ဆင်းရဲမှ မလွတ်ကင်းနိုင်။

လောကတွင် လူတို့သည် မကြံစည်ပဲ ဖြစ်လာတတ်သည် ရှိသလို၊ ကြံစည်တိုင်းလည်း ဖြစ်မလာတတ်။
လုံ့လရှိသူတို့သာ အထမြောက်အောင်မြင်နိုင်သည်။

ကဆုန်လပြည့်နေ့.ရဲ့ PH.D ကျောင်းသားဖြစ်ရတဲ့နေ့

ကဆုန်လပြည့်နေ့..
အမိမြန်အာပြည်မှာတော့ ညောင်ရေသွန်းလောင်တဲ့နေ့တနေ့ပေါ့.မိမိမှာတော့ သတိရနေမိပါ၏..အမှတ်ရနေမိပါ၏..တမ်းတနေမိပါ၏.မိမိကျေးရွာတွင်ဗောဓိညောင်ပင်ကြီးရှိ၏.ထိုညောင်ပင်ကြီးကိုရပ်ရွာထဲမှလာသောလူများ၏ရေအိုးများကိုယူကာဗောဓိပင်
ကြီးအား လောင်းပေးဘူးသောငယ်စဉ်ကအကြောင်းကိုပြန်လည်တွေးတောအမှတ်ရနေ
မိ၏..အခု မိမိမှာမပြီးသတ်သေးသောကျောင်းကိစ္စကြောင့်အမှတ်ရနေရုံမှတပါးဘာမှ
မတတ်နိုင်တော့ချေ.မနက်မိုးလင်း ပရိတ်တော်ရွတ်ပြီးကော်ဖီလေးသောက်ကာတက္ကသို
လ်ဆီသို့ပြေးမိတော့၏.မောင်သူရာ.မှပါရမီဖြည့်ကာလိုက်ပါလာတော့၏.ဒီနေ့ထူးထူးခြား
ခြား မနက်မိုးလင်းရေချိုးသော်လည်းရေချိုးနေစဉ်အေးလို့.နေတိုင်းလောက်တော့ပူအံ့
မထင်မိချေ.ပုံမှန်လမ်းတိုင်းမသွားပဲ ကီလိုမီတာ ၃ ကီလိုမီတာလောက်တော့ပိုဝေးမည်
ဟုခန့်မှန်းမိ၏..ဒီနေ့မှာလည်းထုံးစမ်အတိုင်းလမ်းသည် ကြပ်မြဲတည်း.တနေရာရောက်
သော်.ကားတို့သည်လည်း.ရှုတ်ရှပ်ခတ်လျှက်.စက်ဘီးဆိုင်ကယ်တို့သည်လည်း ဟိုဝင် ဒီထွက်.ဆိုက်ကားဆရာတို့သည်လည်းချွေးတို့သည်ပြိုင်းပြိုင်းထွက်လျှက်.ကိုရွှေနွားတို့သည်လည်းလေးဖင့်ကာခပ်ရွေ့ရွေ့မျှသွားလာလျှက်ဟော..ရထားလာနေပြီကော.သံလမ်းကိုပိတ်ထားလေပြီ.ကားဆိုက်ကားဆိုင်ကယ်တို့သည်ပိတ်ကြပ်လို့နေပါပကော…. ဒါနဲ့မောင်သူရာတယောက်အိမ်ကြိုအိမ်ကြားမှဆိုင်ကယ်ကိုသတိထားကာမောင်းနေမိ၏
မိမိလည်းဆိုင်ကယ်ပေါ်မှဆင်းကာလမ်းလျှောက်ရင်းခပ်သွက်သွက်လျှောက်မိ၏.လမ်းမှ
ဆိုင်ကယ်သမားတယောက်သည် မိမိအားသူ၏နောက်မှလိုက်ခဲ့ရန်ပြော၏.မိမိသည်
လည်းမလိုက်လိုကြောင်းမောင်သူရာကိုလက်ညှိုးထိုးကာပြလိုက်တော့၏.မူဆလင်ရပ်ကွက်လော မတွေးတတ်..ဆလန်မလေး ကွန်း ဘန္တေကြီး.လို့နှုတ်ဆက်သူကဆက်.
နမာစတေး ဘန္တေကြီး ဟု နှုတ်ဆက်သူကဆက် မိမိလည်းခေါင်းလေးညိမ့်ရင်းရှေ့မှဆိုင်
ကယ်မျက်ခြေမပြတ်ရေးကိုသတိထားကာခပ်သွပ်သွပ်လျှောက်.အိမ်ကြိုအိမ်ကြားဆိုသော်လည်း.လူ၂ယောက်ရှောင်တိမ်းလို့ရရုံပေါ့..တွေ့ရှိလိုက်ရတဲ့မြင်ကွင်းက အော့အံခြင်
စရာပေါ့..မစင်ပုံများ.လောလောလတ်လတ်ကြီး.ရော..ခက်ချေပြီ.နှာခေါင်းကိုပိတ်.ခပ်သွက်သွက်လျှောက်ခဲ့မိ၏ ရှေ့နားသို့ရောက် လူတစု ကဟံဂျာနား.လို့မေးကာ.ရန်လိုနေ
သရောင်ရောင်.မောင်သူရာမှတတ်လို့ဆိုမှသတိရတော့၏.အဆောင်သို့ရောက်တော့၏
ဆရာဂုရုကြီးတို့နှင့်.ဋ္ဌာနပေါင်းစုံတွေ့ရတော့၏.မိမိသည်စဉ်းစားမနေတော့မိမိသင်ပေးဘူးသောဆရာကိုမြင်သည်နှင့်စာရွက်ကိုထုတ်ပြတော့၏..ထိုနေ့ကား B.A ဖြေဆိုပြီးဘို့ ၂
ရက်သာကျန်တော့၏.မိမိသင်ခဲ့ဘူးသော head ဆရာလက်မှတ်ထိုးရန် head သည်စာ
မေးပွဲဖြေဆိုရာ၌ရှိနေကြောင်း.သွားထိုးရန်ပြောတော့၏.မိမိ၏ဆရာမှ အဖေါ်ကုလား
ပြာတာတယောက်ထည့်ပေးလိုက်၏.ကိုပြာတာမှပြောလိုက်တဲ့စကားတွေမိမိသည်စိတ်
မ၀င်စားမိ.မိမိစိတ်ဝင်စားသည်ကား.head ဆီမှလက်မှတ်ထိုးရန်ဖြစ်လေ၏.ကိုပြာတာ
အားရူပီးငွေ ၂၀ ပေးလိုက်ရာ.၀မ်းသာနေမိတော့၏..နောက်တနေရာ.တက္ကသိုလ်ရဲ့
အကြီးဆုံး head လက်မှတ်ထိုးဘို့ကျန်တော့၏..အားတင်းထားတော့မောင်သီလာရေ ဆိုပြီး မိမိကိုယ်ကိုအားပေးနေမိတော့၏.အကြီးဆုံးလက်မှတ်ထိုးပြီးခဲ့လေပြီ.အို..ပြီးဆုံး
ခြင်းသို့ရောက်ချေပြီ..၄င်းဖေါင်စာရွက်အား မိတ္တူကူးပြီး.မိမိပါဠိဋ္ဌာနသို့ ကော်ပီတရွက်
ပေးရမည်ဖြစ်၏.ဟော .ကံကောင်းခြင်တော့မီးကလဲလာနေပြီ.အပြေးလေးတက္ကသိုလ်ရဲ့
အနီးနားမှာ မိတ္တူကူးလိုက်၏.။ပြန်လာခဲ့တော့ ဆရာဂုရုကြီးသည်ရှိနေဆဲမို့ မိတ္တူတရွက်အား ဆရာဆီသို့ထားပြီး..သြော်..ဒီနေ့ကား..ကဆုန်လပြည့်နေ့ပါလား.
မိမိလည်း..ဒီနေ့ဒီရက်သည်.ကျောင်းသားဖြစ်ဘို့ ကဆုန်လပြည့်နေ့တွင်အောင်မြင်ပြီး
ဆုံးခဲ့ပါပြီလား…ဟု..အတွေးလေးသည်လည်း..မဇ္ဈိမဒေသတနေရာမှာ ပျော်ရွှင်မှုတို့ဖြင့်..မပြီးဆုံးနိုင်သော.ပန်းချီကားတချက် ဒီနေ့တော့.အောင်မြင်ခဲ့ပြီ.မို့
ညနေ မြတ်စွာဘုရားဓမ္မစင်္ကြာတရားဦးဟောရာမြေမြတ်မဟာ၌.အောင်မြင်မှုကြောင့်ပဲ
ဆိုဆို ..ဗုဒ္ဒနေ့လို့ပဲပြောပြော..သွားရပေအုံးမည်…။ ။

ထိုကဆုန်လပြည့်နေ့သည်..အကျွန်ုပ်ရဲ့ ph.d ကျောင်းသားဖြစ်တဲ့နေ့တနေ့တည်း..။။

အတွေ့လေးရယ်က အို အကြုံ..

နောက်တနေ့အရှင်ပညောရဲ့အကူညီဖြင့်နမက္ကာရဋီကာစာအုပ်ကြီးကိုင်ကာ.ဆရာဂုရုကြီးဆီသို့ပြန်လည်ရောက်ရှိတယ်ပေါ့ စာအုပ်ကိုပြမိ၏.မျှော်လင့်ချက်ပန်းတိုင်လေးပိုင်ဆိုင်ခဲ့
ပြီပေါ့..ရေးပါ တဲ့လေ.၄င်းကျမ်းကိုတိုနိုင်သမျှအကျဉ်းချုန်းလို့ရေး.ကွန်ပြူတာဆိုင်သို့
ပြေးခဲ့ရတော့၏.ကွန်ပြူတာစာရိုက်သောနေရာမှာသွားရသည့်အခါပေါင်းကားမရေတွက်
နိုင်ခဲ့ မီးပြတ်နေတယ်.စသည်စသည်တွေကြောင့် အချိန်တို့သည်ကုန်တော့၏.။၂ ရက်
၃ ရက်လောက်အချိန်ယူခဲ့ရ၏.အရေးကြီးနေရင်အရာရာမှာအနှောက်အယှက်တို့သည်
ပေးတတ်စမြဲ.သဘာဝပဲလေ.၄င်း.synopsis ကား.အောင်မြင်ခဲ့လေပြီ.ဆရာဆီသွားကာ
ပြမိတော့၏.အဆင်ပြေခဲ့၏..ဆရာဂုရုကြီးမှ.application rorm တခုထုတ်ပေးလို့ အပြုံး
လေးနဲ့ပြန်လာမိတော့၏.နောက်တနေ့လိုအပ်သောစာများကိုဖြည့်ကာ ပြန်လည်တင်ပြတော့၏..သို့သော်.အမှား ၂ ခုကြောင့် ဆရာဂုရုရဲ့ပြောဆိုမှုခံကာပြန်
လာမိတော့၏.နောက်ထပ်စာရွက်အသစ်တောင်းဘို့ကား.head ဆရာကားမရှိတော့ပြီ.
နောက်တနေ့.မောင်သူရာနန္ဒ မှဆိုင်ကယ်ဖြင့်လိုက်ပို့တော့၏.လမ်းမှာ ရာသီဥတုသည်
ပူနေသော်လည်းလမ်းမှာ လူမပြတ် မဇ္ဈိမသားတို့ဖြင့်ရင်ဘောင်တန်းကာသွားလာခဲ့ရ
တော့၏.လမ်းမှာ လူဦးရေထူထပ်သောကြောင့် လမ်းတို့သည်ပိတ်ဆို့နေမိ၏.မိမိသည်
လည်းအရေးကြီးနေသောကြောင့် မောင်သူရာ မှ လမ်းဆိုးသောလည်း.အမြန်ရောက်
သောလမ်းမှ မောင်းပေးတော့၏.ထိုနေ့အဖို့မှာလည်းစိတ်ဆန္ဒသည် အမိတက္ကသိုလ်
သို့အမြန်ရောက်ခြင်နေမိတော့၏.။ရောက်ပါပြီ အမိတက္ကသိုလ်သို့.ဆရာတို့သည်လည်း
စုံစုံညီညီတွေ့ရတော့၏..မိမိလည်း head ဆရာဆီသို့နောက်ထပ်စာရွက်တရွက်တောင်း
မိ၏.မိမိ M.A တန်းတွင်သုတ္တာန်ဆရာသည် မိမိအပေါ်ဂရုဏာသက်သောစိတ်ထားဖြင့်
လိုအပ်သည်များကိုသေသေခြာခြာရေးပေးတော့၏.မိမိလည်း စာရွက်လေးကိုင်ကာ
အဆောင်အပေါ်ထပ်သို့ ကိုမွတ္တားခူးပေးထားသော ခရမ်းသီးချက်နဲ့ အစိမ်းသုတ်သုတ်
ထားသောဂေါ်ဖီပန်း ခရမ်းချဉ်သီး ကြက်သွန်တို့ဖြင့်လွေးမိတော့၏.။
ဆွမ်းစားအပြီး ကျောင်းကိစ္စ ဖောင်ကို ရိုက်ရန်သွားခဲ့သော်လည်း မီးကပြတ်နေ၍ နေရာ
၃ နေရာသွားသော်လည်းအဆင်မပြေခဲ့.။ဟော..မီးလာပြီ ဆိုသော်လည်း.ဆိုင်မှာ စာရိုက်သူသည်မရိုက်တတ်..မောင်သူရာလေးသည် လျင်မြန်သောလက်ကွက်လေးဖြင့်
၅ မိနစ်အတွင်းပြီးဆုံးစေ၏။ ပရင့်ထုတ်ရာ၌ အရေးကြီးလှ၍နမူနာ၂ ရွက်ဖြင့်အစမ်းထုတ်မိ၏..အဆင်ပြေပြီ ဆိုမှ အဓိကကြသောစာရွက်ပေါ်သို့ပရင့်ထုတ်ရ
တော့၏..အိုကေ..ကျသင့်သော ရူပီး ၂၅ ရူပီးပေးကာ အမိတက္ကသိုလ်ဆရာတို့ဆီသို့
သွားခဲ့သော်လည်း ဆရာတို့သည်ကား..ပြန်သွားခဲ့ချေပြီ။..။
သဗ္ဖေသတ္တာ ကမ္မသကာ

တွေ့ရကြုံရ ဗဟုသုတပေါ့..

ဖလော်သီ မဟုတ်သော.ပေါင်သီ.သို့
ဒီလိုနဲ့..ဟဲ ဟဲ philosophy ဒေါက်တာသီ မဟုတ်တော့ ဟိုအဝေးတနေရာမှ
မြတ်စွာဘုရားပရိနိဗ္ဖာန်ပြုတော်မူရာ ကုသိနာရုံမြို့သို့ပဋ္ဌာန်းသွားရောက်ရွတ်
ဘာသ်သွားရောက်တယ်ပေါ့.စိတ်ဆန္ဒတို့သည်လည်း ကျောင်းသားဖြစ်ဘို့အ
ရေး ၃ လပိုင်းသို့သာမျှော်လင့်ချက်တို့နှင့်စောင့်ရတော့မည်..အမိတက္ကသိုလ်
မှလည်း..၅ နှစ်မှတကြိမ်သာပေးတဲ့ဘွဲ့ပေးလက်မှတ်ပေးပွဲသည်လည်းရှိနေ၏
မိမိလည်းဆရာဂုရုကြီးများအလုပ်ရှုတ်နေမည်အထင်နဲ့တက္ကသိုလ်သို့မရောက်ဖြစ်တော့.
၃လပိုင်းသို့သာစောင့်မျှော်ရင်းဖြင့် အချိန်တို့ကိုကုန်လွန်စေခဲ့၏
သင်္ကြန်ရက်နီးလာတာနဲ့အမျှ.အိန္ဒိယနိုင်ငံရဲ့ပူလောင်မှုသည်၃၀ကျော်မျှသောအပူရှိန်
်သို့ရောက်ရှိခဲ့တော့၏.အခဏ်းအောင်းကာ.post လေးများတင်ခြင်း
ဖြင့်အချိန်တွေကိုဖြုန်းတီးရင် မဇ္ဈိမဒေသပုံရိပ်များစာအုပ်ဖြင့်အပူဒဏ်ကိုအံ
တုကာနေရတော့၏။ထိုအချိန်တွင်..ဟို လန်ဒန်မြို့မှနေသောဓမ္မမိတ်ဆွေတ
ယောက်မှဗာရာဏသီသံဃာတော်များဆွမ်းကပ်ခြင်သောကြောင့် ပေါင် ၂၀၀
ပို့ခြင်းကို အကြောင်းပြု၍ ဖလော်ဆော်ဖီဒေါက်တာသီမှသည် ပေါင်သီ ဟုအမည်တခုပိုင်ဆိုင်လာပြန်တော့၏.။ထိုသို့ပိုင်ဆိုင်လာသော်လည်းကျောင်းကိစ္စကတော့ ဥဏှောက်ထဲမှာဖြစ်တည်နေခဲ့၏.မိမိသည်လည်းရေးပြီးသား
ဖြစ်သော synopsis ရှိပြီးဖြစ်၍ အေးအေးဆေးဆေးနေမိတော့၏.တဘက်မှ
လည်းမအားလပ်သောဆရာတွေကိုအားနာမိ၍နေမိတော့၏.မဟာအမှားကြီး
တခုဖြစ်တော့၏.အခြားသောကျောင်းသားတို့သည်အဆင်ပြေကုန်ကြပြီ မိမိကား..ဒီတော့မှရေးပြီးသားsynopsis လေးနဲ့ ရှုတ်ပွနေသောဖိုင်များကိုယူ
ကာအမိတက္ကသိုလ်သို့ သွားမိတော့၏.ဆရာဂုရုကြီးဆီသို့ ရေးထားသော synopsis နှင့်တကွ တင်ပြမိတော့၏။သီလက္ခန်မှာရေးထားတာတွေများနေပြီ
တဲ့ လက်မခံနိုင်ပါတဲ့လေ.ရင်ထဲမှာတော့အတော်လေးစိတ်မကောင်းမိခဲ့.ဘာ
သာပြန်ဆရာတော်လေး အရှင်ပညော.မှာလည်းအမျိုးမျိုးပြောသော်လည်း
ဆရာဂုရုကြီးသည် လက်အုပ်လေးချီကာ.နှင်ထုပ်နေတော့၏ဘာတတ်နိုင်မှာ
လည်း.မောင်သီလာရေ.ဆိုပြီး.မျက်နှာလေးရှုံ့ပြီးပြန်လာခဲ့ရတော့၏.၂ ကြိမ်
မြောက်ကံဆိုးခြင်းလက်ဆောင်လေးတွေပေါ့..အခြားကျမ်းများရေးပြီးတင်ပါဟုပြောလို့ စိတ်ဖြေစရာတခုနဲ့ခေါင်းလေးကိုငိုက်ကာဝမ်းနည်းမှုတို့သည်ကား
ပြောမပြနိုင်အောင်ဖြစ်ပြီး.သြော်..PH.D ကျောင်းသားတယောက်ဖြစ်ဘို့ဆို
တာတကယ်တော့လွယ်အံ့မထင်.လို့ အတွေးလေးနဲ့မိမိနေရာလေးသို့ပြန်လာ
ခဲ့ရလေတော့၏..
သဗ္ဖေသတ္တာ ကမ္မသကာ..

တွေ့ရကြုံရ.ဘ၀မျိုးစုံပေါ့..

Philosophy.ဒေါက်တာသီ.
၂၀၁၀ နှစ်ဆန်းလိုက်တာနဲ့ အမိမြန်မာပြည်မှ အိန္ဒိယနိုင်ငံသို့ရောက်ရှိတယ်ပေါ့လေ.
လာရောက်ရခြင်းကတော့ PH.D ကျောင်းသားဖြစ်ဘို့ပေါ့.ရောက်လို့မကြာခင်မှာပဲ.၁၀ ရက်နေ့လောက်ကြာတော့ PHILOSOPHY.နေရာမှာရမည်ဆို၍လိုအပ်သောစာရွက်စာ
တမ်းတွေတပွေ့တပိုက်ကြီးနဲ့ အိန္ဒိယနိုင်င် ရဲ့အင်မတန်အေးသောရာသီဥတုကိုဂရုမထာ
းပဲ အမိတက္ကသိုလ်ကြီးဆီသို့ လက်စွဲတော်လေးနဲ့ သွားခဲ့ရတယ်ပေါ့.မိမိရေးထားသော
Synopsis ကား သီလက္ခန္ဒ၀ဂ္ဂအဌကထာမှလာသော.ကူဋဒန္တသုတ်ကို အကျဉ်းချုံးပြီးရေ
းထား၏..၄င်းနေရာ၌ ဒေါက်တာစန္ဒိမာ.နှင့်တကွ..မိမိနှင့် နောက်သူငယ်ချင်း တပါးပေါ့.
ဆရာမှလည်းမိမိရေးထားသောကျမ်းအကျဉ်းချုပ်ကို ဖတ်ခါ ၀မ်းသာအားရပေါ့.မိမိတို့ ၂ ပါးမှာလည်းပျော်ရွှင်မှုတွေနဲ့ပေါ့လေ..ထို.အချိန်ကား..ဆောင်းနတ်မယ်ကြည်စယ်နေတဲ့အချိန်ပေါ့..အေးလိုက်တဲ့ ရာသီဥတု. ငယ်စဉ်ကကြားဘူးသောသီချင်းလေးတပုဒ်ကိုအမှ
တ်ရမိ၏..>ကတ္တီပါစောင်ခြုံထွေးကာတောင်.နွေးမလာပါအတည်..>ဆိုသလို အေးလှတဲ့ဆောင်းရာသီ.ဆောင်းနတ်မယ်ရဲ့ ကြည်စယ်မှုအောက်မှမဇ္ဈိမသားတို့လည်း
ဆောင်းရာသီကိုအံတုပြီး ရုံးသွားရုံးလာ ပရိယေသနအတွက်ဝမ်းစာရှာသူများ တို့ဖြင့်ပေါ့
မိမိလည်းအဲဒီအချိန်မှာကျောင်းပိတ်မှာကို စိုးနေမိတော့၏.တခါတလေ.မိမိကကျောင်း
ရောက်ဆရာသည် အေးလို့မလာဘူးတဲ့.ရောက်ပြီးပြန်ရတဲ့ရက်တို့သည်လည်းမရေ
တွက်နိုင်တော့.တနေ့တွင် ဆရာသည်လည်းရှိ၏..မိမိတို့ပါဠိဋ္ဌာန head လည်းရောက်
ရှိနေ၏။ မိမိတင်ထားသောsynopsis လေးကိုင်လို့ မိမိရဲ့ ဆရာ နှင့်အတူ သူငယ်ချင်းရော.ဖိုင်လေးတွေကိုယ်စီကိုင်ကာ ပါဠိဋ္ဌာန head ဆီသို့ တင်ပြလိုက်တော့
သည်..မတင်ခင်မှာ မိမိသည်လည်း..အလိုလိုဘွဲ့တခုတော့ ပိုင်ဆိုင်မိ၏..philosophy ဒေါက်တာသီ..ဟူသတတ်..ထိုနာမည်ပိုင်ဆိုင်သောနေ့တွင် (၉) ပါးနေသောအိမ်ကို ကိုးန၀င်းဟုခေါ်၏..ထိုအိမ်၌ ကြက်သား၂ ကီလို ဒါနပြုလိုက်၏..သို့သော်.ထိုနာမည်ကား
ရေရှည်မရလိုက်တော့ ဒီနေ့ဆရာဂုရုကြီးပြောလိုက်သည်ကား.ဘန္တေ တို့ ပါဠိဋ္ဌာနကတော့ ၃ လပိုင်းမှခေါ်မည်တဲ့..သေဟဲ့ .နန္ဒိယ.ဆိုပြီးမိမိနဖူးကို လက်ဖြင့် ရိုက်ရုံမှတပါး..ဘာမှမတတ်နိုင်တော့..PH.D ကျောင်းသားတယောက်ဖြစ်ဘို့ အလွယ်တကူမဖြစ်နိုင်ပါဆိုတာ…
သဗ္ဖေသတ္တာ ကမ္မသကာ

Sunday, April 25, 2010

နှစ်ဆန်းတရက်နေ့ပုံရိပ်များ..

Thursday, April 22, 2010

HAPPY NEW YEAR(MYANMAR)

မြန်မာနှစ်ဆန်းတရက်နေ့၏ အမှတ်တရလေးပေါ့.
ဒီနေ့ ရွှေမြန်မာတို့ရဲ့ အမှတ်တရလေးပေါ့..အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက.အရမ်းပူလောင်
နေတယ်ပေါ့..နေ့လည်ပိုင်းတွင် ဆေးဝင်္ကဘာမြန်မာကျောင်း၌ ခန်ဒန်မြို့ရောက်ရွှေမြန်
မာတို့၏ ကပ်လှူသောဆွမ်းအောင်မြင်ပြီး.အမှတ်တရပုံရိပ်ကို.ဖူးမြင်နိုင်ရန်မိမိ၏ ကွန်ပြူ
တာအားဖွင့်၍ post နင်ရန်နှင့် ဓမ္မမိတ်ဆွေမသေစာငြိမ်းအားလည်းမှတ်တမ်းတင်ဓါတ်ပုံ
များပို့ရန်ကြိုးစားသော်လည်းနေရာရွေးသော အင်တာနက့်ကွန်ရက်စနစ်ကြောင့်အဆင်
မပြေခဲ့..ဒါနဲ့ တရေးလေးမှေးပြီးမိမိ၏အိမ်သို့ပြန်မည်ဟု.အိပ်ကြည့်သော်လည်းအရမ်းပူ
လောင်နေသောရာသီဥတုကြောင့်အိပ်လို့မရခဲ့ပါ..ဒါနဲ့ အပူဒဏ်ကိုဥပေက္ခာပြု မိမိနေရာ
စရဏသို့ ပြန်လာခဲ့တော့၏.ကားလေးကိုငှားပြီး လမ်းမှာအတွေးလေးနဲ့ ကပ်လှူခဲ့သော
ဆွမ်းရဲ့ပီတိလေးကိုအာရုံပြုကာ.ကားလေးသည်လည်းသူတာဝန်ကျေပွန်စွာနဲ့သွားနေပြီ
ပေါ့..မိမိသည်လည်းအတွေးလေးနဲ့ မဇ္ဈိမသားတွေရဲ့အကြောင်းရောက်သွားပြန်ရောလေ
အင်း..စက်ဘီးများ..ဆိုင်ကယ်များ လန်ချားများ.ကားကြီးကားငယ်အသွယ်သွယ်တို့ဖြင့်
လိုရာခရီးကိုသွားနေကြသောလူများနှင့်အတူ.ဟော..နွားအုပ်စုတစုသည်လည်း.ဘယ်သူကိုမှဂရုမစိုက်ပဲ မြို့လည်ခေါင်မှာအေးဆေးငြိမ်သက်စွာဖြင့် တလှမ်းခြင်းလှမ်းကာသွား
လာနေသောနွားများ.ပရိယေသနအတွက်ဝမ်းဆာရှာရသော လန်ချားနင်းသမားများ
လည်း.ရရာလူကိုတင်ကာခြွေးတလုံးလုံးဖြင့်နင်းနေကြသောလူများနှင့်.စက်ဘီးနောက်ပေါ်တွင် နွားနို့များထည့်ထားသောသံပုံးဖြင့် မမော်နိုင်မပန်းနိုင်နင်းနေကြသော ဘာဘူကြီးများ..စသည်စသည်တို့သည်လည်းတွေ့ခဲ့ရတော့.မိမိအဘို့ကားပေါ်မှာဇိမ်ဖြင့်
ရာသီဥတုဆိုးဝါးမှုကိုညည်းညူမိသည်ကား..သူတို့တတွေကိုကြည့်မိပြန်တော့လဲ.ရာသီဥတုသည်.လသာနေသရောင်ရောင် ပါလားဆိုပြီး တယောက်ထည်းအတွေးလေးနဲ့ အပြုံးလေးနဲ့ပေါ့..အော်..သူတို့က သူနိုင်ငံ သူလူမျိုး.သူရာသီနဲ့..မိမိမှာတော့.အတွေးတ
ခု ဖြတ်ဆိုပြီးရမိတယ်လေ..ငရဲပြည်မှာငရဲခံနေရသော.ဒေ၀ဒတ်.တယောက်တော့ ဒီ.ထက်များပူနေမလား..ဆိုပြီး..အတွေးလေးတွေးနေရင်း.မိမိနေသောနေရာသို့ကားလေးသည်တာဝန်ကျေစွာပို့လိုက်လေတော့ ကားသမားလေးအား.ရူပီးငွေ ၆၀ ပေးကာမိမိအိမ်သို့ ပြန်ရောက်ခဲ့လေပြီ…။
ညနေ ၅နာရီထိုးဘို့ အချိန်သည်နီးနေပြီ.နေကားပူမြဲ.ဒီနေ့ကား နှစ်ဆန်းတရက်နေ့
ပေမို့ မြတ်စွာဘုရားတရားဦးဟောခဲ့သော မိဂဒါဝုန်ထဲမှာ.ဓမ္မစင်္ကြာ.အနတ္တလက္ခဏာ
သုတ်များ.ပဌာန်းဒေသနာတော်များရွတ်ဘတ်ရန်.အရှင်ဇော(မော်ကျွန်း)အားတယ်လီဖုန်းလေးဖြင့်လှမ်းမေးလိုက်တယ်ပေါ့..မနှစ်က သင်္ကြန်ရက်အတွင်း ၄င်းတရားဦးဟောရာ
နေရာမြတ်၌ အရှင်ဇော(မော်ကျွန်း)ဖြင့်နေ့တိုင်းသွားခဲ့ခြင်းကြောင့်ဒီနှစ်မှာလဲ အဖေါ်ညှိပါသော်လည်း..မနက်မိုးလင်းကထဲက ရောက်ပြီးပြီဖြစ်ကြောင်းပြန်လည်အဖြေ
ပေးလိုက်၏..ဒါနဲ့မိမိသည်လည်း လက်စွဲတော်လေးကိုအဖေါ်ပြုကာမြတ်စွာဘုရားတရား
ဦးဟောရာ.မြေမြတ်မဟာ၌ သွားခဲ့လေတော့၏..။။
ထိုနေရာကား.ပဉ္စ၀ဂ္ဂီ ၅ဦးတို့သည် မြတ်စွာဘုရားထက်ဦးစွာတရားရှိမီးနေကြသည်.
သို့သော်မတွေ့.မြတ်စွာဘုရားဒုက္ကရစရိယာကျင့်သောဥရုဝေလတောအုပ်တနေရာမှာ
ပဉ္စ၀ဂ္ဂီ ၅ ဦးတို့သည် မြတ်စွာဘုရားအားအလုပ်ကျွေးပြုလုပ်ပေး၏.အလုပ်ကျွေးပြုရင်း
ဘုရား၏.ကျင့်စဉ်များသည်လည်းအစွန်းရောက်သည်ဟုထင်ခါ ယခု မိမိတို့နေသော
နေရာနှင့်မဝေးလှသောမိဂဒါဝုန်တောသို့တရားရှာဖွေရှာထွက်လာခဲ့၏..မြတ်စွာဘုရားသည်လည်းပဲအစာမစားပဲကျင့်ကြံခြင်းကြောင့်အရိုးတို့သည်လည်းပြိုင်းပြိုင်းထ၍လာတော့၏.ဘုရားမဖြစ်သမျှ ငါမထတော့ပြီ.ဟု ကျွေးကျော်၏…ဇွဲ.လုလ္လ ၀ီရိယ တို့ဖြင့်အားထုန်တော်မူသော မြတ်စွာဘုရားသည်. ၁၀၃ခုနှစ်တွင်ဘုရားအဖြစ်သို့ရောက်
တော်မူ၏.ဘုရားအဖြစ်သို့ရောက်တော်မူပြီး.အစဆုံးတရားဦးဟောရန်စိတ်အကြံဖြစ်တော်မူ၍ ဆရာတော်ခဲ့ဘူးသော အာဠာရ ရသေ့နှင့် ဥဒကရသေ့ကိုတရားဦးဟောခြင်သည်
သို့သော် ဆရာတော်ခဲ့ဘူးသောရသေ့ ၂ ပါးသည်လည်း သေသွားတာမကြာသေး..
နောက် ဒုက္ကရစရိယာ ကျင့်နေစဉ် အလုပ်အကျွေးပြုဘူးသောပဉ္စ၀ဂ္ဂီ ၅ဦးကိုဥာဏ်ကွန်
ယက်ဖြင့်ကြည့်ရှုဆင်ခြင်၏.ပဉ္စ၀ဂ္ဂီ ၅ဦးတို့သည်လည်း မိဂဒါဝုန်တော၌ တရာဓမ္မရှာဖွေ
နေဆဲ.ထို မိဂဒါဝုန်သို့တရားဦးဟောရန်ကြွတော်မူခဲ့၏.ကီလိုမီတာ ၁၆၈ ကီလိုမီတာဝေးကွာသောနေရာ၌ မြတ်စွာဘုရားသည်ခြေလျင်ကြွတော်မူ၏..။
ပဉ္စ၀ဂ္ဂ ၅ဦးတို့သည်လည်းမြတ်စွာဘုရားလာလျင်ခရီးဦးကြိုမဆိုကြရန်ကတိက၀တ်တွေ
ထားလို့နေကြတယ်ပေါ့..သို့သော် မြတ်စွာဘုရားကိုမြင်သည်နှင့်တပြိုင်နက် သပိတ်တော်ကိုယူသူ.ခြေဆေးရေကပ်သူနှင့်.သူတို့ကတိက၀တ်တွေကိုဥပေက္ခာပြုခဲ့ရတယ်ပေါ့…။ထိုနေရာမှာ..
ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ အိသိပတန နာမကေ.
မိဂဒါယေ ဓမ္မ၀ရံ ယံတံနိဗ္ဖာန ပါပကံ.
သဟမပတိနာမကေန မဟာဗြဟ္မေန
ယာစိတော.စတုသစ္စံ ပကာသေန္တော
လောကနာထောအဒေသယိ။ လို့.စသည်ဖြင့်ဟောတော်မူခဲ့တယ်ပေါ့..ထိုနေရာသည်မြေမြတ်နေရာဖြစ်၏.အနတ္တလက္ခဏာသုတ်သည်လည်းထိုနေရာမိဂဒါဝုန်၌ပင်ဟောတော်မူ၏.ရဟန္တာဖြစ်ကြတဲ့မြေမြတ်မဟာတည်း.သံဃာရတနာစတင်ဖြစ်ပေါ်ရာနေရာဟု ဆိုလျင်လည်းမှားအံ့မည်မဟုတ်
ထိုနေရာလေးသို့ မိမိသည် ဓမ္မစင်္ကြာ.နှင့်အနတ္တလက္ခဏာသုတ်ရွတ်ရန်.မပြတ်ရွတ်ဆို
သော ပဌာန်းတော်ကိုလည်းရွတ်ဘာတ်ပူဇော်ရန်သွားခဲ့လေတော့၏..။
ပါလာသောရူပီး ၁၀ တန်လေးထုတ်ကာဝင်ကြေးအဖြစ်ပေးလိုက်တော့၏.မိမိရောက်
စနှစ်တွင် ၀င်ကြေးရူပီး၁၀၀ တဲ့ ခု ၂၀၀၈ ခုနှစ်တိဘက်ဘုန်းတော်ကြီးများ၏ဆန္ဒပြ
တောင်းဆိုမှုကြောင့် ၀င်ကြေးကို ၅ ရူပီးဖြစ်လာတော့၏..။အ၀င်ဝ၌ ၁၀ ရူပီးပေးသော်
အမ်းစရာမရှိခြင်းကြောင့် မပေးရတော့ချေ.အိန္ဒိယနိုင်ငံ၃နှစ်အတွင်းအလကားရရှိသော
နေ့တနေ့အဖြစ်သတ်မှတ်မိတော့၏.အ၀င်ဝမှာ.လက်မှတ်တောင်း၏.မိမိသည်လည်း
လက်မှတ်ရုံသို့သာလက်ညှိုးထိုးပြတော့၏..ထိုနေ့ကား မြေမြတ်မဟာရဲ့ တနည်းအားဖြင့်
မြတ်စွာဘုရားရှင်ကများ မယူနဲ့လို့ပြောလိုက်သည်လားမပြောတတ်တော့ချေ..။
ဒီလိုနှင့် ဘလော့ဂါတယောက်ရဲ့ လိုအပ်တာလေးတွေမှတ်တမ်းတင်မိ၏.ပဉ္စ၀ဂ္ဂီ၅ ဦးတရားဦးဟောရာနေရာ၌ ဓါတ်ပုံရိုက်ခဲ့၏..တိုနေရာမှာ မြတ်စွာဘုရားကိုအာရုံပြုကာ
အကြိမ်ကြိမ်ဦးချမိ၏.ထိုမှဆက်လက်၍နန္ဒိယဆောက်လုပ်လှူဒါန်းထားသောကျောင်းသည်ရှိ၏.အုဌ်ရို့တို့သာကျန်တော့၏.မနှစ်ကရွတ်သောနေရာ၌ရွတ်မည်ဟုတွေးပြီးအပေါ်သို့တတ်တော့၏.နေရာထိုင်လေးခင်း.ဦးချ.မေတ္တာပို့မည့်ဆဲဆဲ.ဒုတ်ကိုယ်စီကိုင်၍တတ်လာသော ကုလား ၂ယောက် ..;ဘန္တေ မင်း…ပူဇာကရဏ.လုပ်မယ်ဆိုရင်အောက်ကို
ဆင်းပြီးလုပ်တဲ့လေ..လက်မှ ဒုတ်တို့သည်လည်း.ချိန်လျှက်.၂ ယောက်ဝိုင်းကာထား၏.
ငါ မနှစ်ကလဲ ဒီနေရာမှာပူဇာကရဏ လုပ်တာလေ.လို့ပြောတော့ ကိုကုလား ၂ ယောက်
သည်ခေါင်းကိုသာတွင်တွင်ခါနေတော့၏.အခြေနေသည်မဟန်တော့မှန်းသိလိုက်တော့
၏ နေရာထိုင်ကိုပြန်ရုတ် ခပ်သုတ်သုတ်လေးဆင်းပြေးရတော့၏..။
တနေရာအရောက်.နေပူရှိန်သည်လည်းတဖြည်းဖြည်းရော့လာလေ၏.နေမင်းကြီးသည်လည်း ဂေါ်ရာသို့ကြွမြန်းတော့မည့်ဆဲဆဲ အရိပ်ရနိုင်သော.လူသူမမြင်သောနေရာကိုရွေး
ရတော့၏.တွေ့ပြီလေ.နေရာထိုင်လေးခင်း.ဘုရားဦးချမေတ္တာပို့ ဓမ္မစင်္ကြာ.အနတ္တလက္ခ
ဏာသုတ် ပဌာန်း.စသည်တွေကိုရွတ်ဘာသ်.တနာရီနီးပါးမျှကြာသော်လည်းကြာသည်
ဟု မထင်လိုက်ရ.မိမိရွတ်ဖတ်နေစဉ်.နိုင်ငံခြားသား.၇ ဦးခန့်သည် ဓါတ်ပုံများရိုက်သွား၏
ပထမအကြိမ် လန့်သွားမိ၏.အော် ဓါတ်ပုံရိုက်တာပါလားဆိုပြီးပြန်လည်ကာရွတ်နေမိ
တော့၏..။ခုန.နန္ဒိယ ကျောင်းပေါ်တတ်ပြီး ပူဇာကရဏ လုပ်တာကို ဘာလို့ အပေါ်မတတ်ရတာလဲဆိုသည့်အတွေးကြီးသည် လိပ်ခဲတန်းလန်းကြီးပေါ့.ကျောင်းပေါ်၌
ရွှေ.ငွေ.ကျောက်သံ ပတ္တမြားမရှိ.အုဌ်၇ိုးအတည်ဖြင့်သာရှိသောကျောင်းပေါ်ကားဘာလို့
မတတ်ရတာလဲဆိုတဲ့အတွေးကြီးကတော့.ရင်ထဲမှာ.မကျေနပ်လှ…
ထေရ၀ါဒနိုင်ငံတွေဖြစ်တဲ့.မြန်မာ.တိုင်း.သီ၇ီလင်္ကာ.ဗိယက်နမ်.လာအို.ကမ္ဘောဒီးယား.
စတဲ့နိုင်ငံတွေဆီမှ ကောက်ခံရရှိသော ငွေ ဒေါ်လာတို့သည်လည်းဘာတွေလုပ်ကြလဲ.
ဆိုတာ..ဒီလိုဝင်ကြေးတွေတောင်းခံပြီး ဘာသာရေးအတွက်ဘာတွေလုပ်ကြသလဲဆို
တာ.စသည့် အတွေးတို့သည်လည်း..မေတ္တာပို့ကာ.ကျမ္မချမ်းသာကြပါစေလို့မေတ္တာထား
ရုံမှတပါး ဘာတတ်နိုင်တော့မှာလဲ..အပြီးတွင်.ယနေ့ပြုလုပ်အားထုတ်သောကုသိုလ်တို့
သည် ၃၁ ဘုံကျင်လည်ကြကုံသောသတ္တ၀ါတွေနဲ့တကွ.ယနေ့ဆွမ်းကပ်သော လန်ဒန်မြို့
ဓမ္မမိတ်ဆွေတို့အထံရောက်ရှိပါစေ..ရရှိပါစေလို့..မိမိအားကျေးဇူးရှိဘူးများလည်းမေတ္တာပို့သလိုက်ပါသည်..။
မိမိ၏ နှစ်ဆန်းတရက်နေ့၏ ကုသိုလ်.မေတ္တာတို့သည် သိသူ.မသိသူ မြင်သူ.မမြင်သူ.
ချစ်သူ.မုန်းသူ နှင့် ပစ္စည်းလေးပါးဒကာ/မများနှင့် ဆရာ/ မိဘ အားလုံးအပေါ်၌လည်း ရရှိ
ရောက်ရှိပါစေဆိုတာ………။။
သုခိအတ္တာနံ ပရိဟာရန္တု..

နှစ်ဆန်းတရက်နေ့ ဆွမ်းကပ်ခြင်းမှ အမှတ်တရပုံရိပ်များ

ကျောင်းသားလေးလဲ နောက်ဆုံးစားရတော့ဝက်သားတုံးကြီးကိုကော်ကာ...
မှတ်တမ်းတင်သူက လျှက်တပြက်ဆိုတော့လဲ..
အခြင်းခြင်းနွေးထွေးသောမေတ္တာဓါတ်လေးတွေနဲ့အတူပေါ့
ဆွမ်းဘုဉ်းပေးအပြီး.ရေခဲမုန်းဘုဉ်းပေးရန် လိုက်လံချပေးနေသော.ပူပူနွေးနွေးဒေါက်တာနေမိန္ဒ
အလယ်မှ ဦးမွတ္တားပေါ့သူလဲ.ဘုဉ်းပေးလို့ကောင်းလို့တဲ့လေ.ဒကာမတွေကိုမေတ္တာပို့သလျှက်ပါတဲ့

Wednesday, April 21, 2010

လန်ဒန်ရောက်.မစောငြိမ်းအေးနှင့်ဓမ္မမိတ်ဆွေများသို့.အမှတ်တရပုံရိပ်များ.

ဆရာတော်ဘုရားကြီး ဆွမ်းဘုဉ်းအပြီးတည်းခိုရာ.ဟိုတယ်.သို့ပြန်အကြွ.
ဆရာတော်ဘုရားကြီးသည်လည်း.ဆွမ်းအလှူရှင်များအပေါ်၌ မေတ္တာပရိတ်ဖြင့်ချီးမြင့်နေစဉ်
ကျောင်းသားလေးကလည်းမှတ်တမ်းတင်မှုကိုနားပြီး ဤသို့မေတ္တာပရိတ်ချီးမြှင့်ခဲ့တယ်လေ.
ဤကဲ့သို့.ဆွမ်းအလှုရှင်များအပေါ်၌ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့်.ဘုဉ်းပေးနေကြသည်မှာလည်း..

ဝေယျာဝစ္စဆောင်ရွက်နေသော.ပူပူနွေးနွေး.ဒေါက်တာစန္ဒိမာ.သည်လည်း မနေနိုင်တော့.

Tuesday, April 20, 2010

အဝေးတနေရာလန်ဒန်ရောက်ဓမ္မမိတ်ဆွေများသို့


ဒီနေ့ကား..နှစ်ဆန်းတရက်နေ့တည်း..နှစ်ဆန်းတရက်နေ့သည်ရွှေမြန်မာတို့အထွတ်အမြတ်နေ့ဟုဆိုသော်မှားအံ့မည်မထင်.ထိုနေ့ကား.အိန္ဒိယနိုင်ငံ.ဗာရာဏသီမြို့ရှိမြန်မာရဟန်းတော်များအား.ဟိုအဝေးတနေရာဖြစ်သော.လန်ဒန်မြိှု့မှမစောငြိမ်းအေး.ဦးစီးသောဓမ္မမိတ်ဆွေ သူတော် စဉ်တို့သည်.ဗာရာဏသီမြို့တွင် အဆင်မြင့်ပညာတွေကို သင်ကြားနေကြသောသံဃာ တော်များ အားနေ့ဆွမ်းအဖြစ် ဆွမ်းကပ်လှူကြ၏.။ ထိုရဟန်းတော်များသည်လည်း M.A (Buddhism)ဘွဲ့ရပြီးများ.M.A (Buddhism) တတ်ရောက်ဆဲများ.. ပူပူနွေးနွေးဒေါက်တာဘွဲ့ ရသူများနှင့်မကြာခင်တော်အတွင်းမှာ. ကျမ်းတင်ရန် စောင့်ဆိုင်းနေသူများ Ph.D.တန်း တတ်ရောက်ရန်ကို (SYNOPSIS) တင်ရန်ပြင်ဆင်နေသော သူများတို့ဖြစ်ကြ၏..

ထိုထိုအများစုအနက်ထဲမှ.ကမ္ဘာသာသနာပြုသီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ သည်လည်း ဗာရာ ဏသီရွှေမြို့တော်သို့ ရောက်နေသည်နှင့် ကြုံဆုံရလေတော့. အဝေးရောက်ဓမ္မမိတ်ဆွေတို့သည်လည်း ကြုံခဲမျှ သောကုသိုလ်ထူးကိုပီတိပိုမိုဖြစ်စေခြင်းငှာ.ဤ POST လေးတခုကိုဖန်ဆင်း လိုက်မိတော့၏..။

ထိုနေ့တနေ့အဖို့.ဗာရာဏသီမျြိ့တနေရာ၌.ရွှေဝါရောင်သင်္ကန်းတွေဖြင့် အစီစီလာရောက်၍ ညီညီညာညာ တတ်ရောက်လာကြသော ပုံရိပ်မှာကျောင်းသားလေးအဖို့ မမေ့နိုင်သော နေ့တနေ့ ဟုဆိုရပေတော့မည်။ ထိုအချိန်တွင် အိန္ဒိယနိုင်ငံ၏အပူချိန်သည်လည်း အလွန်ပူပြင်းလှ၏. ထိုအပူရာသီကို ဥပေက္ခာပြုကာ. ဆေး ၀င်္ကဘ မြန်မာကျောင်း၌ တဖွဲဖွဲရောက်ရှိလာ ကြသည်ကား.ဗာရာဏသီမြို့တွင် အဆင့်မြင့်ပညာများကို သင်ကြားနေသော.ရဟန်းတော်များ ဖြစ်လေတော့၏။M.A.တန်းဝင်တို့သည်လည်း စာမေးပွဲနီးကပ်တာကို ပဓာန မထားပဲတက္ကစီ ကားလေးတွေကိုယ်စီဖြင့် လာရောက်ကြတာမြင်တွေ့ရ၍ ဓမ္မမိတ်ဆွေတို့၏ ကိုယ်စားပီတိ လေးတွေ ပွါးမိတော့၏.။

အို..ဓမ္မမိတ်ဆွေများ.ဆွမ်းကပ်မှုဆိုသည်မှာ.အင်မတန်ရှားပါးပါ၏..ရိုးသားစွာဝန်ခံလိုက်ပရစေရံဖန်ရံခါ.ဒေါက်တာဘွဲ့ရသူများသာ ကပ်လေ့ရှိ၏.အမိမြန်မာပြည်မှာဆိုလျင် သပိတ်တလုံးရှိရုံ မျှဖြင့် ဆွမ်းအတွက်မခက်ခဲ. ဘုရားပွင့်ရာ. ဟောရာ စံရာမဇ္ဈိမဒေသမှာတော့ သပိတ်ရှိသော် ငြားလည်းလောင်းမည့်သူဝေးစွ..ကျောင်းသားလေးသည်လည်း အိန္ဒိယ နိုင်ငံရောက်ခါမှ. ရန်ကုန်မြို့မှ ဆွမ်းဒကာ/မ များပိုလို့ကျေးဇူးတင်မိပြန်၏.အချိန်တန်သပိတ်ကိုလွယ်သွား. အဆင့်သင့်.ခုမှာမူကား.ကိုယ်တိုင်ချက်ပြုတ်ပြီး.အမိတက္ကသိုလ်ကျောင်းတော်ကြီးမှာကျောင်းမှီအောင်..ဟင်း အမည် ခံလေးတွေကို ဘုဉ်းပေးကာ.ပညာသင်နေကြရ၏။

ထိုနေ့ မြန်မာနှစ်ဆန်းတရက်နေ့သည်.လန်ဒန်ရောက် မစောငြိမ်းအေး.ဦးဆောင်သော ဓမ္မမိတ်ဆွေတွေအား ၎င်း ဆွမ်းတနက်ကပ်လှုလိုက်ခြင်းကြောင့် များစွာကျေးဇူးအထူးတင်ရှိ ကြောင်း.ကျောင်းသားအားလုံးရဲ့ ကိုယ်စား ပြောကြားလိုက်ပရစေ.။

အိုဓမ္မမိတ်ဆွေတို့အားလည်း ဘာသာရေးသာသနာရေးများကို စွမ်းနိုင်သမျှလုပ်ဆောင်ကြတာ တွေ့ရှိမြင်သိရ သည့်အတွက်ကြောင့် ၀မ်းမြောက်မိပါကြောင်း. ကျောင်းသားလေးတို့နေတဲ့ နေရာသည်.မြတ်စွာဘုရားရှင် တရားဦးဟောတော်မူရာ, သံဃာရတနာစတင်ပေါ်ပေါက်ရာ. ရဟန္တာများဖြစ်တော်မူကြတဲ့ နေရာမြတ်တခု ဖြစ်လင့်ကစား.သံဃာရတနာကို ကွယ်ပနေသလို အချိန်ဖြစ်နေကြပေပြီ. ဘုရားဟောတော်မူခဲ့သော ဓမ္မဒေ သနာတို့သည်လည်း.သူတို့၏သန္တာန်၌မရှိတော့ပြီ.ဟု ပြောဆိုရသော်မှားအံ့မည်မထင်။ အမိမြန်မာပြည်မှာ လူဖြစ်ရခြင်းဟူသော ဂုဏ်တခုသည်.ထေရ၀ါဒ စစ်စစ်ကိုးကွယ်ခွင့်ရရှိတော့၏။ဓမ္မမိတ်ဆွေသူတော်စင်တို့သည် လည်း ဘုရားဟောတော်မူအပ်သော လမ်းစဉ်အတိုင်း လိုက်နာနေထိုင်ကျင့်သုံး နေထိုင်ခြင်း သည်ဘုရားနှင့် အနေဝေးသော်လည်း အနေနီးသောသူ.ဟူ၍ မိန့်တော်မူခဲ့၏။

ဓမ္မမိတ်ဆွေသူတော်စင်တို့သည်လည်းပဲ အနေနီးသောသူတို့ဖြစ်နေကြသည်.. ဖြစ်လဲဖြစ်စေခြင်သော. သမ္မာ ဆန္ဒဖြင့်ပြောကြားလိုက်ပရစေပေါ့..။ “အကျွန်ုပ်သည် ဗုဒ္ဒအကြောင်းကိုပို၍သိလေ ဗုဒ္ဒကိုပို၍ကြည်ညိုလေ ဖြစ်ခဲ့ရပါတယ်တဲ့ ပို၍ချစ်ခင်ကြည်ညိုသည်နှင့်အမျှ ဗုဒ္ဒအကြောင်းကိုပို၍သိခဲ့ရပါသည်တဲ့” ကမ္ဘာကျော်စာရေး ဆရာတဦးရဲ့စကား လေးတခွန်းကို အသုံးပြုပြီး ပြောကြားလိုက်ပရစေ…ကျောင်းသားလေးတို့သည်လည်း ငယ်စဉ်ကသင်အံ ဘူးသောစာပေတို့သည်..ဗာရာဏသီ သာဝတ္ထိ.ရာဇဂြိုဟ်.ဂယာ.စာပေအရတွေ့ကြုံခဲ့ရ၏.ယ္ခုမူ စာပေတို့အရပြန်ကြည့်ခဲ့သော် ထိုနေရာတို့သည်မြတ်စွာဘုရားရှိစဉ်က.ခြေလျင်ခရီးတို့ဖြင့်သာသာသနာပြု တော်မူခဲ့၏..ယနေ့ကျောင်းသားလေးတို့မှာကား.တနေရာနှင်တနေရာ.ကားတို့ဖြင့်၎င်း.ရထားတို့ဖြင့်၎င်း.သွားလာ ခဲ့ကြရ၏..ပြန်စဉ်းစားကြည့်မိ၏။

သြော်..ဒီနေရာတွေဟာ. မြတ်စွာဘုရားခြေလျင်ကြွသောနေရာတွေပါလား..ဆိုပြီး စာပေအရ ကိုယ်တိုင်လက် တွေ့ မြင်တွေ့လိုက်ရတော့မှ အနှိုင်းမဲ့မြတ်ဗုဒ္ဒ အား.(ဖော့စ်ဘောလ်) ကမ္ဘာ ကျော်စာရေးဆရာတဦးရဲ့စကားကို ငှားပြီးအသုံးပြုလိုက်ပရစေ..မြတ်စွာဘုရားဝါဆို ၀ါကပ်သောနေရာတွေရောက်လေတိုင်း. အထူးအားဖြင့် မြတ်စွာ ဘုရားဘုရား အဖြစ်ရရှိတော် မူသည် နှင့်တပြိုင်နက်. ဗုဒ္ဒဂယာမှသည် ယနေ့ကျောင်းသားလေးတို့ နေထိုင်ရာ. ဗာရာဏသီမြို့မိဂဒါဝုန်တောသို့ ခြေလျင်ကြွကာ. ပဉ္စ၀ဂ္ဂီ (၅) ဦးတို့ကား အစဦးဆုံးတရားဦး လာရောက် ဟောတော် မူခဲ့၏။ ထိုခရီးသည်ကား..ကီလိုမီတာ.၁၆၈ ကီလိုမီတာဝေးကွာခဲ့၏.ထိုသို့သောအခြင်းအရာ တွေကို ထောက်ရှုကြည့်သော်.မြတ်စွာဘုရားရှင်အား ပို၍ပို၍တိုး၍တိုးး၍ ကြည်လိုလာတော့၏.. ပို၍ကြည်ညိုလာ သည်နှင့်အမျှ………..

အဝေးရောက် လန်ဒန်မျြိ့မှ ဓမ္မမိတ်ဆွေတို့အား..ကျေးဇူးအထူးတင်ရှိကြောင်းနှင့်အတူမြတ်စွာ ဘုရား၏ သံဝေ ဇနိယလေးဌာန သည်ထူးခြားသောမြေမြတ်မဟာဖြစ်၏ ဓမ္မမိတ်ဆွေတို့ သည်လည်း. မြေမြတ်မဟာ ဒေသမှာ. လာရောက်ဖူးမျှော်ကြပါအုံးလို့ဆိုတာ. ၎င်းထည်းမှာပင် သံဝေဇနိယလေးဌာန ဖူးမျှော်နိုင်ပါကြောင်း.. ပုံတော် များကိုလည်း.လိုအပ်သလို အသုံးပြုနိုင် ပါကြောင်း..ဖြင့်…………..

မေတ္တာစိတ္တေန
မေတ္တာစိတ်နှင့်တကွ..အားလုံးအေးချမ်းပါစေ
ကျောင်းသားလေး
ဗာရာဏသီမြို့

Monday, April 19, 2010

လန်ဒန်ရောက်ဓမ္မမိတ်ဆွေများ၏.ဗာရာဏသီမြို့သံဃာတော်များဆွမ်းကပ်လှူပွဲ၌ အမှတ်တရပုံရိပ်များ.

ဤသို့ ပစ္စဝေက္ခဏာဆင်ခြင်ကာ.ဆွမ်းအလှူရှင်များအား.မေတ္တာပွားလျှက်.
နောင်တော်.ညီတော်တို့သည်လည်း.အလှူရှင်များရဲ့.စေတနာကို အားပေးလျှက်.
ဇွန်ခရင်းကြီးနဲ့ ဘုဉ်းပေးနေသော.အန်ကယ်ဥာဏ်ကြီး.ဝေယျာဝစ္စကုသိုလ်ပါမည်ဆိုပြီး.ခုမှပဲ တွေ့ရ.
ပူလွန်းလှတဲ့ ဗာရာဏသီရွှေမြို့တော်၏.အပူဒါဏ်ကိုဥပေက္ခာပြုပြီးလာရောက်ဘုဉ်းပေးကြသည်ကို
အထူးကျေးဇူးတင်လျှက်ပါဆိုတာ.အလှူရှင်များရဲ့ကိုယ်စား.

ညီညီညာညာ.တယောက်မျက်နှာတယောက်ကြည့်.ပီတိလေးတွေနဲ့အတူ.

Sunday, April 18, 2010

လန်ဒန်ရောက်မစောငြိမ်းအေးနှင့်ဓမ္မမိတ်ဆွေများ၏အလှူ၌ အမှတ်တရပုံရိပ်များ.

ဆွမ်းဘုဉ်းပေးအပြီးတွင်ဆေးဝါးများဘုဉ်းပေးနေစဉ်ပေါ့..

ဤကဲ့သို့မှတ်တမ်းတင်နေခဲ့ပါသည်

ဆရာတော်ကြီးအားလည်း ဆွမ်းကပ်ခွင့် လှူခွင့်ရလိုက်သည်မှာလည်း ကံကောင်းပေစွ

ဆွမ်းဘုဉ်းပေးတော့မည့်ဆဲဆဲတွင်..လျှက်တပြတ်မှတ်တမ်းတင်ခဲ့


ဗာရာဏသီငါးကြော်ကောင်းတယ်ဆိုပဲ.

ကောင်းမှုရှင်.လန်ဒန်ရောက်မစောငြိမ်းအေးနှင့်ဓမ္မမိတ်ဆွေများ

ဒီနေ့ကား.နှစ်ဆန်းတရက်နေ့.ဗာရာဏသီသံဃာတော်များ.မြန်မာဆေးဝင်္ကဘာကျောင်းသို့..
အိန္ဒိယနိုင်ငံရဲ့ပူလွန်းသောရာသီဥတုကိုဥပေက္ခာပြုပြီး.ဆွမ်းအလှူရှင်၏.စေတနာကိုငဲ့ညှာသောအားဖြင့်.
တက္ကစီလေးတွေနှင့်လာရောက်ကြ.ဆိုင်ကယ်လေးတွေနဲ့လဲလာရောက်ကြသည်ကို.ငြိမ်းငြိမ်းရဲ့ကုသိုလ်သည်.
သံဃာ ၆၀ ကျော်ကိုပက်လှူခွင့်ရလေတော့၏။


အထူးအားဖြင့်ကမ္ဘာသာသနာပြု ဆရာတော်ကြီးသည် ဗာရာဏသီမြို့၌ ရောက်ရှိနေတာ
နဲ့ကြုံကြိုက်၍.ကုသိုလ်ထူးလေးတခုရရှိတော့၏။ မိမိသန္တာန်မှာ ..သြော်..ငါသည်.စာသင်
သားကျောင်းသားလေးတွေအား ကပ်လှူခွင့်ရလိုက်ပြီဟူသော အပရစေတနာလေးတွေ
ဖြစ်မိအောင် ဤ post လေးတခု ဖန်ဆင်းလိုက်တော့၏.။


ထိုနေ့ကား မြန်မာဆေးဝင်္ကဘာကျောင်းမှာ ဗာရာဏသီမြို့ရှိကျောင်းသားတို့၏ စုဝေးရောက် ရှိလာတာကိုမြင် တွေ့မိ၍ မိမိသည်လည်း ငြိမ်းငြိမ်းကိုယ်စား ပီတိလေးတွေပွားမိလေတော့၏။ နီးကပ်နေပြီဖြစ်တဲ့စာမေးပွဲ.. ပူလွန်းလှတဲ့ရာသီဥတုကိုဥပေက္ခာပြုကာ.အလှူရှင်ရဲ့စေတနာကို ငဲ့ကွက်ကာ. ရောက်ရှိလာကြသော သံဃာ တော်တွေ အားလည်းကျေးဇူးတင်ဝမ်း မြောက်မိကြောင်းနှင့် ဘလော့ဂါ.ကျောင်းသားလေးမှ မှတ်တမ်း တင်မိပါ၏..။ အခြင်းခြင်းမြင်တွေ့ လိုက်တာနဲ့တပြိုင်နက်ထည်း.၀မ်းသာစရာ ပဋိသန္ထာရ စကားလေးတွေနဲ့ မြန်မာနှစ်ဆန်း တရက်နေ့ရဲ့. နှစ်သစ်ကူးတဲ့နေ့တနေ့မှာ.တွေ့ဆုံခွင့်လေးကို ဖန်ဆင်းပေး လိုက်တဲ့ အလှူ့ ရှင်မစောငြိမ်းအေးအားလည်း.ကျေးဇူးတင်ဝမ်းမြောက်ကြောင်း. ဘလော့ဂါ ကျောင်းသား လေးမှ. ထပ်မံမှတ်တမ်း တင်လိုက်ပါ၏..


ဝေယျာဝစ္စကိုမပင်မပန်းမညီးမညူ လုပ်ကိုင်ပေးသော.ဒေါက်တာနေမိန္ဒအားလည်းကျေးဇူးတင်မိပါ၏. အခြားသော. သူငယ်ချင်းများလည်း လိုသောနေရာဖြည့်စွက်ကာကူညီပေးကြသော သူငယ်ချင်းများလည်း.. အထူးကျေးဇူးတင်မိပါ၏..လို့…ထိုနေ့အဖို့.မြင်လိုက်ရတဲ့ မြင်ကွင်း.လာရောက်ကြသော သံဃာတွေ အမိမြန်မာ ပြည်ကိုတောင်.လွမ်းမိတော့၏.ဥသြငှက်တို့သည်လည်းခပ်ဝေးဝေးမှ အော်သံကိုကြားလိုက်ရ၏. ဒီနေ့ရွှေမြန် မာတို့၏ နှစ်သစ်ကူးတဲ့ နေ့ပေါ့.ဆွမ်းဘုဉ်းဘို့အချိန်သည် လည်းနီးကပ်လာတော့၏. ပန်းသီးကို အခွံခွါသူတို့လဲ. ခွါနေကြ၏.လ္ဘက်ရည်ပုဂံတို့ကိုလည်း စနစ်တကျဖြစ်အောင်လုပ်နေကြတဲ့ သူငယ်ချင်းများ. သစ်ပင်အောက်သို့ ထိုင်ကာ.ပျော်ရွှင်နေကြသောသူငယ်ချင်းများ.မိမိမှမှတ်တမ်းတင်ဓါတ်ပုံလေးတွေဖန်ဆင်း.အောင်မြင်စွာပြီးဆုံးဘို့ရင်ထဲမှာအပူလုံးကြီးတခုနဲ့..ဟော..ဆရာတော်ကြွလာပြီတဲ့..ကြွလာသောဆရာတော်ကား.ကမ္ဘာသာသနာပြု သီတဂူဆရာတော်ဖြစ်လေတော့၏..။


ဆွမ်းဝိုင်းကိုဆရာတော်အားသီးခြားအဖြစ်ဖြင့်ပြင်ဆင်နေကြတော့၏.ဆရာတော်မှ.မိန်ပါလေရော့မလားဆိုတဲ့အတွေးတခု..သံဃာတော်တွေမှ ဘုဉ်းပေးရတာ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးကတစုံ..လိုအပ်လေမလားဆိုတဲ့ တွေးပြီးပူုပန်မိတာက တမျိုး..ရင်ထဲမှာတော့ပီတိတို့သည်လည်းဖြစ်ခြင်ပေမဲ့မပြီးဆုံးသေးသော ဆွမ်းကိစ္စကြောင့်.ရင်ထဲမှာ. တိတ်တိတ် လေးတော့ပီတိလေးဖြစ်နေမိတော့၏.။

ဆရာတော်ဆွမ်းဘုဉ်းနေပြီ.မိမိမှ အနီးမှနေ၍ ဆရာတော်ဘုဉ်းပေးနေသည်ကို အကဲခတ် နေတော့၏. ငါးကြော်ကိုဆရာတော်အတော်ကြိုက်တာပဲဟုလို့တော့ တွေးမိ၏. မြင်တွေ့လိုက် တော့လည်း.၀မ်းသာမှု တခုတော့ရသွားခဲ့ပြီ..နောက်သံဃာတွေဘုဉ်းပေး လိုအပ်တာလေးတွေ လိုက်ရင်းအကဲခတ်ကြည့်တော့လဲ. အားပါးတရ ဘုဉ်းနေကြတာလေ.တွေ့လိုက်ပြန်တော့ လည်းဝမ်းသာမှုတခုထပ်လို့ရလိုက်ပြန်ပြီလေ.. အော်… ငြိမ်းငြိမ်း တယောက်မြင်ခြင် လိုက်တာ ဆိုတဲ့အတွေးက မိမိသန္တာန်မှာဖြစ်မိပြန်ပြီကော.. အေးလေ.. ကိုယ်တိုင်မလှူရသော်လည်း.ငြိမ်းငြိမ်းကိုယ်စား.နှစ်ဆန်းတရက်နေ့ရဲ့ အလှူဟာ.ဒီညတညမှာငြိမ်းငြိမ်း တယောက်မြင်နိုင်မှာပါလေဆိုပြီး.ပီတိလေးတွေနဲ့ထပ်တူ.. ဟလို.ဦးဇင်းတို့မကြာခင်. ပရိတ်ရွတ်တော့မည်. ပရိတ်ရွတ်ရင်တော့.ဖုန်းခေါ်လိုက်မည်ဟုပြောကာ..ဆရာတော်အားလည်း မေတ္တာသုတ်ပရိတ်လေး ချီးမြင့်ပေး ဘို့.ဗာရာဏသီကျောင်းသားတွေရဲ့မေတ္တာပို့သံနှင့်ထပ်တူ.ဆရာတော်ကြီးရဲခန်ံ့ညားလှတဲ့ ပရိတ်ရွတ်သံတွေကို ဟိုခပ်ဝေးဝေးမှငြိမ်းငြိမ်းကြားနိုင်ခဲ့မှာပါလေ.အားလုံးတွေး ပူပန်မှုတို့သည်.ယ္ခု.တော့ မရှိတော့ပြီ. အောင်မြင်စွာ ပြီးဆုံးခဲ့ပြီလေ ..


Post တင်ဘို့ကလဲ..မလွယ်ကူသေး..ကွန်နရှင်ကဆိုးဝါး..မီးကပြတ်တောင်းတောင်းနဲ့မို့…. post တင်ပြီးမှ မိမိလည်းပျော်ရွှင်မှုအပြည့်ဝရရှိတော့မည်.ဆိုတာ..မြန်မာနှစ်ဆန်း တရက်နေ့တွင်..ဗာရာဏသီသံဃာ တော် တွေအား၎င်း.သီတဂူဆရာတော်ဘုရားကြီးအား၎င်း.ဆွမ်းကပ်လှူကြသော လန်ဒန်ရောက် မစောငြိမ်းအေး. နှင့်တကွ ဓမ္မမိတ်ဆွေတို့အား.. အမှတ်တရအဖြစ်.ဒီ..postလေးနှင့်.ဆွမ်းလှူဒါန်းရသောအကျိုးအားကြောင့်.. မရှိဟူသောစကားနှင့်.မ၀ဟူသောစကားများမပြောဆိုရသည့်ကိုယ်.မကြားရသည့်ကိုယ်ဖြစ်ကြပါစေလို့..နိုင်ငံရပ်ခြားတိုင်းတပါးမှာ.ရွှေမြန်မာလို့ကြွေးကြော်ပြီး..အမိဘာသာ..သာသနာကို..မမေ့ကြဘို့.အမိဘာသာသာသနာသည်.ယနေ့ကမ္ဘာကပင်အသိမှတ်ပြုနေခြင်းအားဖြင့်..မိမိတို့သည်လည်း ရွှေမြန်မာဆိုတဲ့အမည်နာမ တခုနဲ့ဂုဏ်ယူနိုင်ကြပါ ..ဂုဏ်ယူလိုက်စမ်းပါလို့..
မစောငြိမ်းအေးနှင့် ဓမ္မမိတ်ဆွေများအား..အမှတ်တရစကားလေးတခွန်းပေါ့..ဗုဒ္ဒနှင့် ပတ်သတ် ၍အထင်ရှားဆုံး အရာကား.တည်ကြည်သည့်သမာဓိ.ပညာ.နွေးထွေးမှုမေတ္တာ..နက်နဲသော ကရုဏာတိုနှင့် ထူးကဲသော ပေါင်းစပ် မှုပင်ဖြစ်၏။ ဗုဒ္ဒတဦးထည်းသာလူ့သဘာဝ ကောင်းဆိုး သိစိတ်တို့ကိုကိုယ်စားပြုသဖြင့်.ယနေ့ကမ္ဘာသည်..ဗုဒ္ဒ ဆီသို့ပို၍ပို၍ပင်ဦးလှည့် လာလေပြီ….. လို့(မောနိဘက်ဂီ)..ရဲ့ စကားလေးနဲ့.. နိဂုံးချုပ်ခွင့်ပြုပါလို့ အားလုံးဓမ္မမိတ်ဆွေများ.. ဘေးရန် ကြောင့်ကြ ဆင်းရဲကင်းပြီး ကိုယ်စိတ်နှစ်ဖြာကျမ္မာကြပါစေ..လို့..


လာမဲ့နှစ်ဆန်းတရက်နေ့မှာလဲထိုသို့သောကုသိုလ်ထူးကို.ပြုခွင့်ကြုံပါစေလို့ဆိုတာ..
သုခိအတ္တာနံပရိဟာရန္တု.
ကျောင်းသားလေး
ဗာရာဏသီမြို့

အင်း...အလှူရှင်မှတ်တမ်းလေးကို ဒီလိုကြောငြာလေးနဲ့ သံဃာတော်များကို သတိပြုမိစေခဲ့တယ်


ကျောင်းသားလေးလဲ..ဆရာတော်ကြီးကိုဂါရ၀ထားလျှက်ပေါ့.

မမောနိုင်မပန်းနိုင်ပေါ့..

ဒို့လဲ ဝေယျာဝစ္စပါမယ်တဲ့လေ

ကျရာနေရာက မညည်းညူပဲလုပ်ပေးနေကြသော သူငယ်ချင်းများ..

နှစ်ဆန်းတရက်နေ့.ဆွမ်းအလှူရှင်.ငြိမ်းငြိမ်း


ြ မန်မာနှစ်ဆန်းတရက်နေ့အလှူရှင် ငြိမ်းငြိမ်း


ဒီ.နေ့မြန်မာနှစ်ဆန်းတရက်နေ့.ပေါ့..အမိမြန်မာပြည်မှာဆိုရင်တော့.လမ်းစဉ်တိုင်းတွေမှာပရိတ် တွေရွတ်ပြီး. ကုသိုလ်ကောင်းမှုတွေပြုလုပ်နေကြပြီဆိုတာ သိနေသော်လည်း.နှစ်ဟောင်းမှ ရှိသမျှအကုသိုလ် အညစ်ကြေး တွေကို နှစ်သစ်သို့မယူဆောင်ပဲခ၀ါချလို့ကုသိုလ်တွေ ပြုလုပ်တဲ့နေ့တနေ့ပေါ့..

သြော်..နှစ်ဟောင်းတွေကုန်လို့နှစ်သစ်သို့ရောက်ခဲ့ပြီပါပကောလား.ရွက်ဟောင်းတို့သည်လည်းမြေသို့ခ၍.
ရွက်နုတို့သည်လည်း.ပွင့်လန်းလို့လာချေတော့မည်..လူသားတိုင်းလူသားတိုင်းသည်လည်း.
တနေ့ထက်တနေ့အသက်ကြီးခြင်းဇရာဘက်သို့ရောက်ရှိခဲ့ရတော့၏..။


ဒီနေ့ကား..ကျောင်းသားလေးတို့.အိန္ဒိယနိုင်ငံ..ဗာရာဏသီရွှေမြို့တော်ကြီးမှာကား.နှစ်ဆန်းတရက်နေ့မှာ..
ဟို.အဝေးဆုံးတနေရာက.ညီမငယ်တယောက်စောငြိမ်းအေး=ငြိမ်းငြိမ်း..မှဗာရာဏသီမြို့ရှိ အပါး(၆၀)ကျော်သော.စာသင်နေဆဲ.ကျောင်းသားတွေအား.နေ့ဆွမ်းဆက်ကပ် လှူဒါန်းလေတော့၏.စေတနာ.သည်မည်မျှကောင်းသည်ဆိုတာ.မှန်းဆသိနိုင်၏.ငြိမ်းငြိမ်းကား..
ဟိုအဝေးတနေရာမှာ.သူသည်လည်းပဲ စာသင်နေဆဲကျောင်းသူတယောက်ပေါ့. စကောလားရှစ်ရထားသော ကျောင်းသူတယောက်ဖြစ်၏… သူနှင့်ရင်းနှီးသော ဓမ္မမိတ်ဆွေတို့ အားလည်း. ဒါနမိုးတွေရွာ သွန်းစေခဲ့သည်. မိဘရဲ့အမွေနှစ်ကိုသူရယူပိုင်ဆိုင်လိုသည်..တဲ့ သူ.၏မွေးမေမေသည်လည်း အလှူတန်းလုပ်ဆောင်ရာတွင် ရှေ့ဆုံးကပါတတ်စမြဲ.မေမေ ရဲ့ခြေရာကို နင်းနေသောသူဟု.ကျောင်းသားလေးအား.မကြာမကြာပြောဘူး၏. ခုတော့ အလုပ်လေးနဲ့သက်သေပြလေတော့၏..။ ကျောင်းသားလေးနဲ့တွေ့လေတိုင်း.မရှင်းသော ပြဿနာ လေးတွေကိုလည်းမေးတတ်စမြဲ..ကျောင်းသားလေးမှလည်း..လက်စွဲတော် စကားနဲ့ ပြောတတ်၏.
အနေနီးသောသူဖြစ်ပါစေပေါ့.အမိမြန်မာပြည်နဲ့ဝေးကွာခဲ့ရင်ဘာသာရေးဆိုသောပင်မ.
ဗုဒ္ဒဘာသာကိုဆက်လက်ထိန်းသိမ်းဘို့.တကယ်လို့နယ်မြေစိမ်းတနေရာမှာ.မိမိ၏.ပင်
မခံယူထားသောဘာသာအား.မမေ့လျှော့ဘို့တွေကိုပြောပြီး.ထိုပင်မဘာသာမမေ့လျှော့ခြင်းအားဖြင့်
ဘုရားနဲ့ဝေးနေသော်လည်းအနေနီးတဲ့သူသာဖြစ်ကြောင်းစသည်လေးတွေပြောဖြစ်.ဟောဖြစ်၏.. လား..လား..သူသည်.မနက်အိပ်ရာထသည်နှင့်တပြိုက်နက်.မေတ္တာနဲ့အိပ်ယာထသည်တဲ့လေ.
သွားလေရာလာလေရာမှ.မေတ္တာအမြဲပို့ခြင်း.သူကိုင်ဆောင်သောဖုန်းထဲမှာ.မေတ္တာဓါတ်တွေအပြည့်တဲ့.
မိမိလည်း.ကြားလိုက်ရတဲ့စကားတွေကြောင့်ရင်ထဲမှပီတိတို့သည်ကား….။

မြန်မာနှစ်ဆန်းတရက်နေ့.မရောက်ခင်.အင်တာနက်စာမျက်နှာမှာ.ပီတိသောမနဿတွေနဲ့..
မနက်မိုးလင်းအာရုဏ်ကျဉ်းတာနဲ့မိမိသည်လည်း..မောင်ယူရို.လို့အမည်ရတဲ့.မောင်သူရာနန္ဒ.ကရှေ့ကမောင်း..
ဆိုင်ကယ်ကြီးနဲ့ထွက်မိတော့၏..လမ်းမှာ.ပိတ်ဆို့မှုတွေနဲ့မို့.ကွင်းကာ ရှောင်ကာသွားရလေတော့၏.. ဒေါက်တာ အရှင်နေမိန္ဒ..မှလည်း..ဖုန်းကတဂွမ်ဂွမ်..လာနေတယ်ပေါ့..ဆရာတော်..ဦးဥာဏိဿရ.လည်း ဘုဉ်းပေးလာမည်တဲ့.နောက်တခါ..ဒေါက်တာအရှင်စန္ဒိမာ..မှလည်း..ဘိုးသီရေ.
သဲကုန်းဆရာတော်လည်း လာဘုဉ်းပေးမည်ဟု. ကြားလိုက်ရ တော့၏..၀မ်းသာမှုတို့သည်ကား…………..။

ဆရာတော်ဆွမ်းကပ်ပွဲ၌.အမှတ်တရပုံရိပ်လေးများ.

သီတဂူဆရာတော်ဘုရားကြီး.သြ၀ါဒပေးအပြီးတွင်.အမှတ်တရပေါ့.. သီတဂူဆရာတော်နှင့်..ဗာရာဏသီမြို့ရှိ ကျောင်းသားရဟန်းတော်များနှင့်အမှတ်တရပေါ့..
သီတဂူဆရာတော်နှင့် ကျောင်းသားလေးလဲ.အမှတ်တရရိုက်ခြင်တာပေါ့လေ..
ဤကဲ့သို့ အင်းနဲ့အားနဲ့မာန်အပြည့်နဲ့သြ၀ါဒပေပးနေသော.သီတဂူဆရာတော်
ဗာရာဏသီအတွင်းရေးမှူးဖြစ်တဲ့.အရှင်သောဘန.ကလည်း.အခမ်းအနားစရန်
လက်အုပ်လေးချီလို့..လျှောက်နေခြင်းပါ..

Saturday, April 17, 2010

ဆရာတော်ကြီးရဲ့.ဆွမ်းကပ်ပွဲတွင်.အမှတ်တရပုံရိပ်များ..

အင်း..ဆရာတော်ဆွမ်းဘုဉ်းပေးရန်.သေသေခြာခြာဂရုတစိုက်ပြုလုပ်နေကြသော
အတွင်းရေးမှူးနှင့်.ကျောင်းမှ အကြီးကဲတွေပေါ့..
ကျောင်းသားများသည်လည်း.ဆရာတော်အားကျမ္မာစေရန်.မေတ္တာဓါတ်တွေပေးလို့..
ကမ္ဘာ့ သာသနာပြုဆရာတော်ကြီးရဲ့.ပီတိတွေနှင့်.ဆွမ်းဘုဉ်းပေးတော့မည့်ဆဲဆဲတွင်.
ဟော..ဆရာတော်ကြွလာပြီ.အပူဒဏ်ကို.မျက်ကွယ်ပြုလျှက်.တပည့်တွေအား.မေတ္တာဓါတ်တွေနဲ့ထပ်တူ.
အော်..တွေ့ကြဆုံကြ..နှုတ်ဆက်ကြနဲ့..ပျော်ရွှင်ခြင်းတွေနဲ့..ကျောင်းသားတို့ရဲ့လျှပ်တပြတ်..

ကမ္ဘာ့သာသနာပြုဆရာတော်ဘုရား၏.သင်္ကြန်အတတ်နေ့.ဆွမ်းအလှူ

သင်္ကြန်အတတ်နေ့ ရဲ့.ပျော်ရွှင်မှုတွေ့ဆုံပွဲတပွဲပေါ့.နေရာကား..ဆေးဝင်္ကဘာမြန်မာကျောင်း.တည်း.။
၎င်း..နေ့တွင်ဆွမ်းအလှူရှင်သည်..ကမ္ဘာ့သာသနာပြု သဲကုန်းဆရာတော်..ဒေါက်တာဥာဏိဿရ.ဖြစ်
၏..ဆရာတော်သည်လည်း ဗာရာဏသီနေ.မြန်မာရဟန်းတော်များအား.တပည့်ရင်းပမာ..သြ၀ါဒပေး
သနားချီးမြင့်တော်မူ၏.ရေကြည်ရာ မျက်နုရှာ..ဆိုတာဟာ.တကယ်တော့ မကောင်းတဲ့အကြောင်းပေါ့.
ခု..အရှင်ဘုရားတို့တတ်နေကြတဲ့ MA..နှင့် PH.D တတ်နေကြတာ.ပညာကိုသင်ယူကြပါ..တဲ့..
တတ်မြောက်လာတဲ့နောက်ပိုင်းမှာ.ဇိမ်နဲ့မနေဘို့.မွဲပြာကျနေတဲ့မြန်မာပြည်ကြီးကို.တိုးတက်အောင်.
ကြိုးစားပြီးသာသနာပြုဘို့..ရေကြည်ရာကို.မရှာကြပါနဲ့.နောက်နေတဲ့ရေတွေကြည်လင်လာအောင်.
မျက်နုရာနေရာကိုလဲ မရွေးကြပါနဲ့.မနုသောမြက်ကိုနုအောင်.ကြိုးစားဘို့စသည့်သြ၀ါဒတော်များ
ပေးလိုက်တော့၏..
တပည့်တော်.ဥာဏိဿရ..တဲ့ မြန်မာပြည်ကဟောလို့ရတဲ့ပိုက်ဆံတွေအများ
ကြီး..တဲ့..အမေရိကား..မှာ..အေးအေးဆေးဆေး.တိုက်ကြီးကိုဟိန်းနေအောင်ဆောက်.စပါယ်ရှယ်
ကားကြီးကိုစီးပြီး..ဟော..လို ဒူးနှပ်နေလို့ရပါတယ်လေတဲ့..ဆိုပြီး.ဒူးနှစ်လုံးလုပ်ပြလိုက်တဲ့ပုံရိပ်မေ့
နိုင်ပါမည်လား..အော်..ဒါ့..ကြောင့်ဆရာတော်သည်..ကမ္ဘာသို့တိုင်အောင်သာသနာပြုခရီးအောင်မြင်
ခြင်းဖြစ်တော့၏..ငါ့ .မှာ.မခံခြင်တဲ့စိတ်ရှိတယ်..ကွ..မင်းတို့လည်းမခံခြင်တဲ့စိတ်လေးနဲ့ကြိုးစားကြ.
ဒီမှာ..မင်း..တို့ အိမ်တွေငှားနေ..ကိုယ့်ဘာသာကို ချက်စားနေကြတာ.လဲသိတယ်.ဒါ့.ကြောင့်.ပေး
ဆက်လိုက်ရတဲ့အချိန်တွေရယ်..ဒေါ်လာတွေ.ရယ်အလကားမဖြစ်စေနဲ့တဲ့.ဆရာတော် ငယ်ရွယ်စဉ်က
အခက်ခဲတွေကြားကနေကျော်လွှားပြီးလာခဲ့တာတွေ..စသည်တို့သြ၀ါဒပေးတော့၏..။။
ဒီနေ့ကား..ဆေးဝင်္ကဘာမြန်မာကျောင်းမှာ လှုပ်လှုပ်ရွရွနဲ့.နေပူဒဏ်ကိုပမာမခန့်ဖြင့်.တဖွဲဖွဲရောက်ရှိ
လာကြနေသူတွေဟာ ဘယ်သူတွေပါလဲ..? ဘယ်သူတွေဖြစ်နိုင်မလဲ.ရွှေမြန်မာတို့ပေါ့..ရွှေဝါရောင်
သင်္ကန်းတွေနဲ့.အခြင်းခြင်းတူရာတူရာ.စုပြီး..တက္ကစီကားလေးတွေဖြင့်၎င်း.ဆိုင်ကယ်များဖြင့်၎င်း..အသီးသီးကြွရောက်လာကြခြင်းဟာ..ညီညွတ်ခြင်းရဲ့အင်အားတွေစုတည်လို့.ဟို..အဝေးတနေရာက.BHU.တက္ကသိုလ်မှ၎င်း.မြန်မာတို့အနေများသော မိဂဒါဝုန်နားမှာ နေကြသော..စရဏ .မှ၎င်း.အသီးသီး
တတ်ရောက်လာကြသည်ကား..ပျော်ရွှင်စရာကြီးပါလား..နိုင်ငံကျော်ဆရာတော်အားလည်း အမိမြန်မာပြည်၌.ဖူးဘို့ရာမလွယ်ကူလှ..ယ္ခုမူကား..ဆရာတော်ကပ်လှူသောဆွမ်းကို ဘုဉ်းပေးကြ
ရန်..နေရာအသီးသီးမှလာရောက်ကြတာသည်ပင်လျှင်..ဆရာတော်ရဲ့ တန်ခိုးရှိန်ကြောင့်ဆိုလျှင်မှားအံ့
မထင်.ဆရာတော်လည်းဖူးရ..ဆွမ်းလည်းဘုဉ်းပေးရမို့.နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်ကပ်လှူ
သောဆွမ်းကား.အင်မတန်ကောင်း၏..စေတနာ.သဒ္ဒါတရားတွေကပဲ.ပိုနေလို့ပဲလား.မပြောတတ်
မြန်မာရဟန်းတော်တွေဟာလည်း..မတွေ့ရတာကြပြီဖြစ်တဲ့.ရွှေမြန်မာတို့တွေ့ခွင့်ရအောင်ဖန်တီးများ
ပေးလေရော့လား.တဦးနဲ့တဦးတွေ့ဆုံစဉ်.လက်ဆွဲနှုတ်ဆက်ပြီး..သင်္ကြန်အတတ်နေ့လေးရဲ့.တွေ့ဆုံ
ခြင်းသည်လည်း.ကျောင်းသားလေးတယောက်ကလဲ.ကျောင်းဒေါင့်တနေရာမှအကဲခတ်ပြီး မြန်မာဘုန်း
တော်ကြီးလေးတွေရဲ့.ပူပြင်းလှတဲ့အိန္ဒိယ ရာသီဥတုကို ဂရုမထားပဲ.ပျော်မဆုံး..မော်မဆုံးပီတိလေး
တွေနဲ့အပြုံးပန်းလေးတွေ ပွင့်လန်းနေတာလေးကိုတွေ့လိုက်ရတော့.ဟဲ ဟဲ .ဘလော့ဂါတယောက်ရဲ့
ကုန်ကြမ်းကြီးဖြစ်လေတော့၏..။
ဆရာတော်သည်လည်းမြန်မာပညာတော်သင်ရဟန်းတော်လေးတွေနဲ့ တညီတညွတ်ဘုဉ်းပေးနေ
တာကိုမြင်မိပြန်တော့လည်း.အော်.ဆရာတော်.မခွဲခြားတတ်ပဲ.အဆင့်တန်းမခွဲဖြားပါလား..ဆိုပြီးပိုလို့
တိုးလို့ကြည်ညိုမိတော့၏..ကျောင်းသားလေးသည်လည်း..ရဟန်းဖြစ်ခါစ.ဆရာတော်ကြီးနှင့် ဆွမ်းတ၀ိုင်းထည်းအတူတူဘုဉ်းပေးဘူး၏..ကျောင်းသားလေးလည်း.ခရင်းကိုတောင်မကိုင်ဘူးတဲ့
ကျေးတောသား အရိုင်းစိုင်းလေးပေါ့..ခရင်းကြီးကိုင်လို့ စားရခြင်းသည်.အခက်တွေ့တော့၏..
မထူးဘူးဆိုပြီး..ဇွန်းခရင်းကိုချ.လက်ဖြင့်လွေးမိလိုက်၏..ဆရာတော်သည်.ရီနေတော့၏.မိမိသည်လည်း
မရှက်တော့..ဆက်လက်လွေးလေတော့၏…
သင်္ကြန်အတတ်နေ့ကား..မြန်မာရဟန်းတော်လေးများရဲ့ ပီတိ တို့သည်..စားရတဲ့ပီတိ.ဖူးမြင်လိုက်
ရတဲ့ကမ္ဘာသာသနာပြုဆရာတော်..၄င်း..ဆရာတော်ကပ်သော..ဆွမ်းလည်းဘုဉ်း.သြ၀ါဒလဲခြွေ..ဆွမ်းလည်းကပ်.ဗဟုသုတတွေလည်းပေးသွား..ဘယ်လောက်များအမှတ်တရဖြစ်စရာကောင်းလည်း.
အခြင်းခြင်းလည်းတွေ့ဆုံခွင့်ပေးသကဲ့သို့နှယ်.မတွေ့ဖြစ်ကြဘူးလေ..စာမေးပွဲတွေကလဲနီးနေတော့
နောက်ပြီး ဒီနိုင်ငံရဲ့ ရာသီဥတုသည်လည်း.အပူချိန်.၄၅ ရှိနေတော့မိမိတို့အခဏ်းတွင်း.အိမ်အတွင်းမှာ
စာပေကိုကြည့်ကာ.နေထိုင်နေတော့..ယ္ခု..ဆရာတော်သည်.မြန်မာရဟန်းတော်လေးတွေအား..အမှတ်
တရတွေ့ဆုံဘို့ .ညီညီညွတ်ညွတ်နေထိုင်ကြလို့ မပြောသော်လည်း ပြောသွားသကဲ့သို့ကျောင်းသား
လေးတို့ရဲက ဗာရာဏသီရွှေမြို့တော်ရှိရဟန်းတော်တွေသည်လည်း ညီညီညွတ်ညွတ်ဖြင့် ဆရာတော်
သြ၀ါဒမြွက်ခဲ့သော..ရေကြည်ရာ .မြက်နုရှာ..ဆိုတဲ့..သြ၀ါဒသည်လည်း.တွေးကြည့်မိသော်.
မကြည်သောရေကို ..ကြည်လင်လာအောင်….
မနုသောမြက်ကို..စိမ်းစိုလာအောင်..
သင်္ကြန်အတတ်နေ့ရဲ့..သြ၀ါဒအတိုင်း..ဗာရာဏသီမြို့ရှိ.ကျောင်းသားအားလုံးတို့သည်လည်း.
ကြည်လင်သောရေ.ရရှိအောင်..
မနုသေးတဲ့မြက်ကို စိမ်းစိုလာအောင်..
လိုက်နာဆောင်ရွက်ပါမည်..ဟု..
ဆရာတော်သည်လည်း..ဗာရာဏသီကျောင်းသားတို့အား..တွေ့ဆုံပွဲအဖြစ်ဖြင့်.သင်္ကြန်အတတ်နေ့
၌ ကပ်လှူသော..ဆွမ်းသည်လည်း..မမေ့နိုင်သလို..ဆရာတော်ဘုရားသည်လည်း.ရွှေမြန်မာကိုချစ်လို့
ဆိုတဲ့စကားသည်လည်း..ဆရာတော်ဘုရားကိုလည်း..ရွှေမြန်မာတွေကသာ..ချစ်ရုံမဟုတ်ပဲ..ကမ္ဘာက
ကိုပင်..အသိမှတ်ပြုခြင်း အချစ်တို့သည်လည်း..

Thursday, April 15, 2010

သင်္ကြန်အကြတ်နေ့ရဲ့.တွေ့ဆုံပွဲ..


ဒီနေ့ကား..သင်္ကြန်အကြတ်နေ့ဖြစ်၏..မဇ္ဈိမသုခကျောင်းသစ်နေရာဋ္ဌာနသို့.ဗာရာဏသီမြို့ရှိကျောင်းသားများစုဝေး
ကာ..တွေ့ဆုံပွဲတခုအဖြစ်ပြုလုပ်ခဲ့၏.ရာသီဥတုကား..ပူလွန်းလှ၏.အပူချိန်ဒီဂရီတွေကိုဂရုမထားပဲ.အဖေါ်လေးကို
ခေါ်ပြီး.မဇ္ဈိသုခကျောင်းတော်သစ်ဆီသို့ ချီတတ်ခဲ့တော့၏.အမိမြန်မာပြည်မှာတော့ ရေတွေပတ်ကြပျော်ကြသော်
လည်း မိမိတို့မှာတော့..ကိုယ်အချင်းချင်း အပြန်အလှန်ရေတွေပတ်ကြ..တဦးနဲ့တဦး ဖုန်းလေးတွေနဲ့ ဖိတ်ပြီး..တွေ့
ဆုံပွဲသဘောမျိုးဖြင့်.ပြုလုပ်ခဲ့တယ်ပေါ့..တွေ့ဆုံပွဲမှာ .ကြာဇံဟင်းခါး..သာဂူယို.လိမ္မော်သီး ကျောက်ကျောတို့ဖြင့်
ဧည့်ခံကျွေးမွေးပါတယ်..၄င်း..မဇ္ဈိမသုခကျောင်းသစ်သည်လည်း.ကဋ္ဌအားဖြင့် ၃၀..ကျော်မျှ အမိမြန်မာပြည်မှလာ
ရောက်ဘုရားဖူးကြသောဧည့်သည်တော်တွေအား.အားမနာတမ်းတည်းခိုနိုင်ရန်..အလို..ကျောင်းသစ်ဆိုတော့.
ဘယ်လိုလဲ .စသည်စသည်တို့ရင်ထဲမှာဖြစ်တည်ခဲ့လေတော့ ၏..အို့..ကဋ္ဌ ၃၀ ကျော် ကျယ်ဝန်းလှသည့်မြေနေရာ
ကြီး.ပါလား..ဒါတွင်ပဲလား..ဟုတ်ဘူး..ကြာဇံဟင်းခါးလေးသည်လည်း..အမိမြန်မာပြည်ကို လွမ်းဆွတ်သည့်အနေဖြင့်ချက်ထားတဲကလက်ရာသည်ကား..အကျွန်ုပ်ကျောင်းသားလေးကား.၃ ပုဂံတိတိလွေးမိတော့၏..အစားအသောက်နဲ့ပတ်သတ်လျှင်တော့မရှက်တမ်းပြောဖြစ်တတ်၏..
တွေ့ဆုံပွဲ ဆိုသည့်အတိုင်း..တွေ့လိုက်တာနဲ့ ကုလားစကားလေးတွေနဲ့နှုတ်ဆက်ကြ.အင်္ဂလိပ်လိုတသွယ်..
အကျွန်ုမှာကား..မြန်မာလိုပဲ တွေ့ရတာ ၀မ်းသာပါတယ် ညီလေးတို့ ဆိုပြီး ပြန်လည်နှုတ်ဆက်မိတော့၏..
ညီလေးတို့ဆိုတော့ မိမိကား အသက်ကြီးပြီလေ..ရာသီဥတုရဲ့ ပူလောင်မှုကို ဥပေက္ခာပြု.ဖတ်လက်စစာအုပ်ကို
ပိတ်ကာ..လာနေတဲ့ဖုန်းကိုကောက်လို့ကိုင်ပြီး..ချွေးစို့စို့ အပြေးလေးမို့ လာခဲ့ပြီကော..လား..ညီလေးတို့ရေ..
လမ်းတွင် စရဏ ဘူတာကြီးကိုကျော်ဖြတ်.တိုက်တာအဆောက်ဦးအသစ်များ..ကြွေကျနေသောသစ်ရွက်များ.
တချို့သစ်ပင်တို့သည်လည်း အရိုးပြိုင်းပြိုင်းထလို့.နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကြောင့်.သစ်ရွက်တို့သည်လည်း.
မတွေ့ရ..ဟို ခပ်ဝေးဝေးမှ ဥသြငှက်တကောင်ရဲ့ ထင်ရှားပြတ်သားစွာ အလွမ်းသီချင်းညီးသလို..ဥသြ..ဥသြ.တဲ့.
လေ ..လွမ်းလိုက်မိတယ်လေ..အမိမြန်မာပြည်ကိုပေါ့..
အခုတောပလဲ ..သင်္ကြန်ဆိုတဲ့ အချိန်တွေဟာ.မတွေ့ကြုံရတာ..၃နှစ်အတွင်းသို့ ရောက်ခဲ့ပြီလေ..အို.ဘယ့်.
သင်္ကြန်..ဒို့တတွေဟာ..ကျောင်းစာတွေကို ..အမိတက္ကသိုလ်ရဲ့..ပေးလိုက်တဲ့သင်ခဏ်းစာတွေနဲ့မအားတဲ့ကြား
မှာ..သတိရလွန်းလို့ အမှတ်ရလွန်းလို့ တနည်းအားဖြင့်အမိမြန်မာပြည်ကိုလွမ်းဆွတ်တသ သတိရတဲ့အနေနဲ့.
တွေ့ဆုံပွဲလေးတခု အဖြစ် ဖန်ဆင်းလိုက်ရတယ်လေ..
ရျွှေမြန်မာတို့ဟာ..ဘယ်ကိုပဲရောက်ရောက် သင်္ကြန်ရက်မြတ်နေ့လေးကို.မမေ့နိုင်ကြသလိုအမှတ်တရလေး
အဖြစ်ဖန်ဆင်းတတ်ကြတယ်ဆိုတာ ရွှေမြန်မာတို့ရဲ့ ဓလေ့လေးတခုပါပဲဆိုတာ..
ရွှေမြန်မာတို့ဟာ..နေရာတိုင်းအသီးသီးတိုင်းမှာ.တွေ့ဆုံပွဲလေးတွေလုပ်တတ်ကြတယ်ဆိုတာ..
ဟော..၁၇ ရက်နေ့မြန်မာနှစ်ဆန်း တရက်နေ့ရဲ့အလှူရှင်နဲ့လဲ စကားလက်ဆုံပြောမိပြန်တော့လဲ
လန်ဒန်ရောက် မစောငြိမ်းအေးနဲ့လဲ မမော်နိုင်မပန်းနိုင်ပြောပြီး
သူတို့သည်လည်းကြာဇံဟင်းခါး ချက်ပြီး ရှောက်သီးသုတ်လေးသုတ်ကာမိတ်ဆုံပွဲအဖြစ်ပြုလုပ်ကြတယ်တဲ့လေ
ပြီးမှ..ဖာလူဒါလေးနဲ့ အစာပိတ်ကာ..ပြုလုပ်တယ်ဆိုတာ..
အော်..မမေ့နိုင်တဲ့ မြန်မာသင်္ကြန်ကို..ရွှေမြန်မာတို့သည်လည်း.မြန်မာပြည်မှာ မရှိစေကာမူ.
မြန်မာအစားအစာလေးတွေချက်ပြုတ်ပြီး.သင်္ကြန်ရဲ့ အမှတ်တရနေ့လေးတွေ ဖန်ဆင်းတတ်ကြတာတွေဟာ.
ချစ်စရာလေးတွေပါပဲဆိုတာ..
တူမောင်တယောက်ကလဲ..သူတို့ကတော့ တယေက်ကို ရမ်းဂစ် ၁၀၀ စီစုပြီး.သံဃာတော်တွေပင့်ပြီးဆွမ်းကပ်
လာသမျှဧည့်သည်တွေကိုလဲကျွေးမွေးမှာတဲ့လေ.
ဒါလေးတွေထောက်ဆပြီး .အမှတ်တရလေးတွေလုပ်တတ်ကြတဲ့ရွှေမြန်မာတို့ဟာ အဝေးရောက်နေသော်
လည်း.မဝေးဘူးဆိုတဲ့ သင်္ကြန်သရုပ်လေးတွေဖေါ်ထုပ်ကာ..
ဒီနေ့..ဗာရာဏသီ မြို့လေးမှာ..ညီညီညာညာနဲ့ ..မဇ္ဈိမသုခကျောင်းနေရာလေးသို့..ကားလေးတွေဖြင့်၎င်း..
ဆိုင်ကယ်လေးတွေဖြင့်၎င်း..စက်ဘီးလေးတွေဖြင့်၎င်း..ကိုယ်စီကိုယ်င ရောက်လာကာ..
ညီညွတ်ခြင်းရဲ့သရုပ်လေးတွေကို ဗာဂာဏသီမြို့ရဲ့ စရဏရပ်ကွက် မိဂဒါဝုန်တောအနီးနားမှာ.ထေရ၀ါဒဖြစ်တဲ့
ကျောင်းသားလေးတို့၇ဲ့..အဖွဲ့တဖွဲ့စုစုဝေးဝေး.ညိုသော..၀ါသော..သင်္ကန်းလေးတွေနဲ့..စရဏတ၀ိုက်မှာ.
သွားလာနေကြသည်ကား...သင်္ကြန်အကြက်နေ့တနေ့ရဲ့..မှတ်တမ်းအဖြစ်..ဒီ..post လေးတခု အဖြစ်..
မှတ်တမ်းတင်လိုက်ရပါတော့၏....။ ။

Friday, April 9, 2010

ဒီနေ့..ပေါင်(၂၀၀)ပေါ့.လန်ဒန်ကပို့လိုက်တာလေ..

ဒီနေ့ကား.ထူးထူးဆန်းဆန်းနေ့တနေ့ဖြစ်၏..အကြောင်းမှာ.ငယ်သူငယ်ချင်းဖြစ်သော..ဒေါက်တာ ခေမာသီရိ.မှ
ဖုန်းဆက်ကာ.မြတ်စွာဘုရားဓမ္မစကြ်ာတရားဦးဟောရာနေရာ၌.မြန်မာပြည်မှလာသောဘုရားဖူးအဖွဲ့များအား.
တရားဦးဟောတော်မူရာပုံတော်များအားသင်္ကန်းကပ်လှူခြင်ကြောင်း.၄င်းသင်္ကန်းတွေအား လှူပေးပါရန်ပြော
လို့.သွားခဲ့ရတယ်ပေါ့..ကိုယ်တိုင်လှူဒါန်းခြင်းမဟုတ်သော်လည်း.ကိုယ်တိုင်တော့ကပ်လှူခွင့်ရ၏။ ။မိမိသည်.
မြတ်စွာဘုရားအားလှူဒါန်းခွင့်ရရှိခဲ့၏..မြန်မာပြည်မှဒကာ/မတို့သည်လည်းပီတိတွေနဲ့ပြုံးလို့..အရှင်ခေမာသီရိ.မှ
ရှေ့မှချပေးသော..ဓမ္မရေစက်ချနည်းအတိုလေးကို ညီညီညာညာ လိုက်ဆိုသံကြားမိတော့ လွမ်းလိုက်မိတာ.ရွှေ
မြန်မာပြည်..ရယ်.လို့..ထို..မှ အပြန်..လန်ဒန်မြို့၌နေသော.ဓမ္မမိတ်ဆွေ..မစောငြိမ်းအေး.သည်လည်း.နှစ်ဆန်း
(၁)ရက်နေ့တွင် ဗာရာဏသီရွှေမြို့ရှိ သံဃာတွေအားလည်း.ဆွမ်းကပ်ခြင်ကြောင်းဖုန်းဆက်ခဲ့၏.မိမိသည်လည်း
မိမိနေရာသို့ပြန်ရောက်လာကာ အို..ကေ. အင်တာနက်စာမျက်နှာမှာတွေ့မယ်ဆိုပြီး.လိုအပ်သည်များအား.စာနဲ့
ပြောပြမိတော့၏.သူတို့ဆီမှာတော့ ၁၁ နာရီတဲ့ဗျာ..ကျောင်းသားလေးတို့ဆီမှာ.ညနေ ၅နာရီကျော်နေပြီလေ.
ခု..မကြာခင်နာရီဝက်အတွင်းပို့လိုက်မည်ဖြစ်ကြောင်းပြောလေတော့၏.ကျောင်းသားလေးကလဲ..မြန်ဆန်လိမ့်
မည်ဟု..မထင်ခဲ့ချေ..ဟော..ဖုန်းပြန်လာတော့၏..နံပါတ်..၈၇၄၅၇၀၉၀၉၂..ဖြင့်..ပေါင်(၂၀၀) ပို့လိုက်ကြောင်း
အိန္ဒယရူပီးငွေ.၁၄၀၀၈.ရမည်ဖြစ်ကြောင်းပြောပြလေတော့၏.တပေါင်ကို..၆၆.၇၀ ရူပီးဖြင့်.ငွေဈေးနှုန်းကိုပါ တခါတည်းပြောပြတော့၏.ကျောင်းသားလေးလဲ..အချိန်ကြည့်လိုက်တော့.၂၅မိနစ်တော့ရသေးတယ်ဆိုပြီး
သူငယ်ချင်းတယောက်ကိုအဖေါ်ခေါ်ပြီး..ငွေထုပ်ရာ.western union.ရုံးသို့ အပြေးသွားမိတော့၏.ဟိုရောက်
တော့အချိန်ကား ၁၂ မိနစ်ခန့်သာကျန်တော့၏.မစောငြိမ်းအေး.ပြောသိအတိုင်းဖြစ်တော့၏..လက်မှတ်ထိုးကာ
ထုတ်လာတော့၏.ပို့သူသည်အိမ်ပြန်မရောက်သေး.မိမိသည် ပို့လိုက်သောငွေများကို ထုတ်ခဲ့လေပြီ.
မိမိလည်း..အိမ်ရောက်တော့ ဖုန်းပြန်ဆက်မိ၏..လက်ခံရရှိကြောင်း သို့သော် သူသည် အိမ်တောင်ပြန်
မရောက်သေးလိုင်းကားပေါ်၌သာရှိသေး..မိမိသည်ကား ၀မ်းသာကြောင်း..ကျေးဇူးတင်ကြောင်းမိမိကိုယ်တိုင်မကပ်ရစေကာမူ.မငြိမ်းတို့ လန်ဒန်မြို့ရှိ ဓမ္မမိတ်ဆွေတွေရဲ့ကိုယ်စား မြန်မာနှစ်ဆန်း(၁)ရက်နေ့လေးကို တွေးပြီ..စိတ်အစဉ်မှာ ပျော်ရွှင်မှုတို့သည်လည်း
လန်ဒန်မြို့ဓမ္မမိတ်ဆွေတွေ သိပါစေတော့ရယ်...လို့အမှတ်တရ..တင်ပြလိုက်ပါ၏။။
လန်ဒန်မြို့ရောက် မစောငြိမ်းအေး.=မငြိမ်း နှင့်တကွ.ဓမ္မမိတ်ဆွေများအား..ဒီ ..post လေးတခုဖြင့်
မှတ်တမ်းတင်အပ်ပါ၏...(၁၇)ရက်နေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင်လည်း.ဓါတ်ပုံနှင့်တကွ.တင်ပြမည်ဆိုတာ
သုခိအတ္တာနံ ပရိဟာရန္တု..


Tuesday, April 6, 2010

သူတို့ဒီလိုပြောကြတယ်ပေါ့..


ဗုဒ္ဒ..၏နည်းလမ်း.
အကယ်၍ ပြဿနာတခုခု ဖြေရှင်းဘွယ်ရာရှိလျှင် ဗုဒ္ဒဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်.။ ။(နေရူး)
ဗုဒ္ဒဘာသာထက်.သာလွန်သည့်အရာဟူ၍မရှိပါ.
ဗုဒ္ဒဘာသာဝင်ဟုပင်ဆိုဆို.မဟုတ်ဟုပင်ပြောပြော. ကွှန်ုပ်သည်.ကမ္ဘာ့ကိုးကွယ်မှုပိုင်းဆိုင်ရာ ဘာသာရေးစနစ်အသီးသီးကို လေ့လာဆန်းစစ်ဘူးပါ၏။ သို့သော်..သို့သော်. ဗုဒ္ဒ၏အရိယမဂ္ဂင်(၈)ပါးနှင့်သစ္စာ(၄)ပါးတရားထက် ထူးကဲသာလွန်သည့်လှပစွာခြုံငုံမိသောအရာကို. မည်သည့်ဘာသာဝင်မျှမတွေ့ရှိရချေ. ကွှန်ုပ်အနေနဲ့ ထိုလမ်းစဉ်အတိုင်း မိမိ ဘ၀ကိုပြုပြင် နေထိုင်ရသည်ကိုကျေနပ်နေမိပါသည်။ ။(ပါမောက္ခ ရီးစ်ဒေးဇစ်)
လာလှည့်ရှုလှည့်ပါလို့သာ.
ဗုဒ္ဒဘာသာသည်သိခြင်းမြင်ခြင်းသည်သာလျင် ပဓာနဖြစ်၍ ယုံကြည်ခြင်းငှာအရာမဟုတ်ချေ..
ဗုဒ္ဒ၏ဒေသနာတော်များတွင်လည်း
ဧဟိပဿိကော.ဟုပါရှိရာ.လာ၍ ရှုကြည့်လော့.ဟူ၍သာ.
ဖိတ်ခေါ်ထာထားလေ၏.
လာ၍ ယုံကြည်လက်ခံပါဟု.မဆိုပေ။ ။(ဒေါက်တာဝါပိုလာ)

သူတို့ဘာတွေပြောကြတာလဲ.??


ဖြောင့်မှန်သည့်ဓမ္မတာလွန်လူသား.
ဤ ကမ္ဘာတွင် ဗုဒ္ဒသည် ထာဝရတည်မြဲ၍ တန်ခိုးရှိသောသစ္စာတရားတို့ကိုဖေါ်ထုတ်ခဲ့သည်.။ အိန္ဒိယနိုင်ငံသားတို့
ကိုသာမက.လူသားတရပ်လုံးကိုပါ.စာရိတ္တတရားမြင့်မားတိုးတက်စေခဲ့သည်.။ဗုဒ္ဒသည်.ကမ္ဘာပေါ်တွင်.အမြင့်မြတ်
ဆုံး အဖြောင့်မှန်ဆုံးလူသားစာရင်းဝင်တဦးဖြစ်သည်။ ။(အဲလ်ဘတ်ဆွစ်ဇာ)
ကမ္ဘာ့ ယဉ်ကျေးမှု
ဗုဒ္ဒ.၀ါဒသည် လူသမိုင်းတွင်.ကမ္ဘာယဉ်ကျေးမှုတိုးတက်မြင့်မားရေးနှင့်.စစ်မှန်သောယဉ်ကျေးမှု ထွန်းကားရေး
အတွက် အခြားသောသြဇာသက်ရောက်မှုများထက် ပိုမိုသြဇာသက်ရောက်စေခဲ့သည်။ ။(အိပ်ခ်ျ ဂျီ ၀ဲလ်)
အကြင်နာကင်းသောစကားကိုမဆို
ဗုဒ္ဒမြတ်စွာတွင်.ဒေါသအလျံထွက်သောအခါဟူ၍ မည်သည့်အခါမှမရှိချေ.ဘုရားရှင်၏နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမှ မရှိချေ။(DR အက်စ်ရာဓခရစ်ရှ်နန်)
လူသားပန်းတပွင့်ပါ.
ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေကုဋာ တကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များ လောကကိုပြည့်ဝစေတာ. လူသားပန်းတပွင့်ပါ.. ဘယ်..သူလဲ ?? ဗုဒ္ဒ..ဘုရား.ဂေါတမ ဘုရားပင်တည်း။ ။
(ဆာ-အက်ဒွင်အာနိုး)

Sunday, April 4, 2010

ပြန်လာခဲ့ပါ..သားတော်မောင်.

စာပေပရိယတ် ကျမ်းဂန်တတ်မှ

မြင့်မြတ်ပေသည် ကြံတွေးရည်၍

ထိုဤ မြို့သို့ သားတော်ပို့သည်

လွမ်းလို့နေရပါတယ်ဘုရား။


ဖခမည်းနှင့် သားကြီးမယ်တော်

လွှမ်းခါမျှော်လည်း

ပေါ်လာလိမ့်နိုး လာလိမ့်နိုးနဲ့

လက်ချိုးရေတွက် နေရပါတယ်ဘုရား။


ကလေးအများ ချောင်းလျှိုကြားမှာ

ငါးရှာ ဖားလိုက် ကစားလိုက်နဲ့

ငယ်ကချိန်လေး စာနဲ့ဝေးသည်

တွေးရင်း ရင်လေးနေရပါတယ်ဘုရား။


ရပ်သူ ရွာသား လူအများမှာ

တရားရေအေး တိုက်ကျွေးမဲ့သူ

မရှိမူ၍

လူသည် လူ့အသိ မရှိကြတော့ပါဘုရား။


သားတော်ငယ်ပေါင်း

ရွာကကျောင်းမှာ


ကျောင်းသားကိုပင် မတွေ့မြင်ရ

ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်

သာမဏေ၀ါဝင်း မရှိလျင်းသော်

ရဟန်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်

ပင်သာသက်သက်

ခက်လက်မဖြာ သာသနာသည်

တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။


သာသနာရင်းမြစ် တောမှဖြစ်လျက်

တောပစ်မြိုပေါ် သားတော်ပျော်က

တော်မတော်ပင် ကြံတွေးဆင်ရန်

လျင်လျင်မြန်မြန် တောရပ်ထံသို့

ပြန်လာခဲ့ပါ သားတော်မောင်ပဉ္ဖင်းဘုရား။