အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, February 20, 2010

ပါဝါမြို့ဟောင်းတနေရာသို့ရောက်ရှိခဲ့စဉ်

အချိန်ကား.၁၈.၂.၂၀၁၀.ညနေ ၄ နာရီလောက် ကားလေးတစီးကို ရူပီး၃၅၀- ဖြင့် အရှင်ဇောဦးစီးပြီး မပါမဖြစ်အန်ကယ်ဥာဏ်ကြီးရောပေါ့သူကခေါင်းထည်းနေရာယူပြီး သွားခဲ့ကြတယ်လေ။ ကားလေးကတော့ သူတာဝန်ကြေအောင်ပို့ဆောင်မယ်ဆိုတဲ့ သဘောနဲ့အရှိန်ပြင်းစွာ မောင်းနှင်လို့ ကုသိနာရုံမြို့ ကနေ ထွက်ခဲ့ပါတယ်။ ထွက်လိုက်တဲ့တပြိုင်နက် များမကြာမီ ပြင်ဆင်နေသောလမ်းကြယ်ကြီးများ နှင့်ဖြတ်ထားသော တိုက်ခန်းများတွေ့ရှိရလေသည်။ ၄င်းလမ်းသည်အာရှသို့ တိုက်ရိုက် ဆက်သွယ် မည်ဟုသိရှိရ၏။

ဧရာမလမ်းကြီးပါလား…. တနေ့သောအခါ အမိမြန်မာပြည်ကိုတောင် ထိုလမ်းမှတိုက်ရိုက်သွားနိုင်
မည်လို့လဲသိရခဲ့ရတယ်။ တစ်ချိန်က ကုသိနာရုံသည် မြို့မဟုတ်ရွာငယ်တရွာ ယ္ခုတော့ ကုသိနာရုံသည်မြို့အဖြစ် ထင်ရှားလာ၏။ ပါဝါမြို့နှင့် (၁၄) ကီလိုမီတာဝေး၏။ လမ်းတွင် အော်.. မြတ်စွာဘုရားပရိနိဗ္ဖာန်မပြုမီ ခြေလျင်ခရီး ၂၅- ကြိမ်နားပြီး သွားခဲ့သောနေရာဟု စာပေကျမ်းဂန်တို့ဆိုထား၏။ လမ်း၌ ပါဝါမြို့သူ တွေမြို့သားတို့ကားဘယ်လိုလဲဆိုတဲ့ အတွေးလေးကဖြစ်ခဲ့၏။ မြတ်စွာဘုရားအား နောက်ဆုံးဝက်သားဟင်းဖြင့် ချက်ကာလှူဒါန်းရသော စုန္ဒရွာလေးကတော့ ချစ်စရာလေးလားဆိုပြီး အတွေးပေါင်းမြောက်များစွာနဲ့ ကားလမ်းဘေး သဘာဝရှုခင်းများကို ငေးကာနှုတ်ဆိတ်နေမိ၏။ ရှေ့ခဏ်းမှအန်ကယ်ဥာဏ်ကြီး ကတော့ပါးစပ်မှလဲ ကွမ်းလေးမြုံ့ပြီး ခေါင်းတညိမ့်ညိမ့်ဖြင့်ပေါ့။ သူညိမ့်ခြင်းကား ပါဠိတော် အဌကထာတွေသင်ခဲ့စဉ်က တွေ့ဘူးခဲ့သော စာပေသဘောဖြင့် ကိုက်ညီမှုလေးတွေကို အောက်မေ့ပြီး ကလေးဘ၀က သင်ခဲ့သောစာပေကို ဒီနေ့ငါ ကိုယ်တိုင်ရောက်နေတာပါလားဆိုပြီး.ပီတိဖြာလို့ ခေါင်းလေးညိမ့်သည်ဟုဆို၏။ ကားလေးသည် ကကုဓာမြစ်အပေါ်မှ ဖြတ်ကျော်ကာ ပါဝါမြို့သို့ ဦးတည်မောင်နှင်နေ၏။ လမ်းတွင်မှုန့်ညှင်းပင်များ တိုက်ကြီးတိုက်ငယ်များ၊ စပါးစိုက်ပျိုးခင်းများနှင့်တွေ့ရ၏။ အမိမြန်မာပြည်ကိုတမ်းတမိ၏။ လွမ်းလည်း လွမ်းမိပြန်၏

တွေ့လိုက်ပါပြီပါဝါနဂရလို့ ဟိန္ဒီစာဖြင့်ရေးထားတာ တွေ့တော့အော်.ပါဝါရွှေမြို့တော်ကြီးကို
ရောက်ပါပြီ။ ၄င်းမြို့သည် စည်စည်ကားကားတော့မဟုတ်လှ သို့သော်…….မြတ်စွာဘုရား၏ နောက်ဆုံးဆွမ်း ဘုဉ်းပေးသွားသော ဒေသတရပ်မို့ အရောက်သွားခဲ့ရတယ်ပေါ့။ ပါဝါမြို့သူလေးတွေရဲ့ ကရုဏာမျက်လုံးလေး တွေနဲ့အကြည့်တချက် ပါဝါမြို့ဟောင်းတနေရာ၌ တနေရာအရောက်တွင် ပါဝါမြို့သူလေးတယောက်ရဲ့ အကြည့်သည်စူးရှလွန်း၏။ ရင်ထဲမှာတော့တမျိုးကြီး ခံစားလိုက်ရ တယ်ပေါ့။သူ့ရဲ့အကြည့်သည်ကား မမြင်ဘူးသော အကြည့်သာ ဖြစ်နိုင်လောက်၏။ ထိုအကြည့်ကို လျှစ်လျူရှုပြီး စေတီဟောင်းတနေရာကို ကားသမားရဲ့ ခေါ်ဆောင်မှုဖြင့် ရောက်ပါပြီ။ အော်..စေတီဟောင်းဆိုသလိုအုဌ်ရိုးမျှသာ မြင်တွေ့ရ၏။

ယ္ခု..မူပါဝါမြို့ဟောင်းကို မြို့သစ်တည်နေကြ၏။ ထိုစေတီဟောင်းအနီးတွင် မူဆလင်ရဲ့ ဘာသာရေး တခုတွေ့ရှိခဲ့၏။ ရိုးရာဆုတောင်းမှုတွေ ပြုလုပ်နေတာလဲတွေ့ရှိခဲ့ရ၍ စိတ်ထဲမှာတော့ဘ၀င်မကြခဲ့။ သြော်.ဘာလို့သူတို့ နေရာယူကြတာလဲဆိုတဲ့အတွေးတခု ရင်ထဲသို့ရောက်ရှိခဲ့၏။ နေရာအပြီးပိုင် လိုခြင်၍သာဖြစ်နိုင်၏။ မိမိတို့လာခြင်းကို မနှစ်သက်သော အပြုမူတို့ဖြင့်သိသာလှ၏။ သို့သော်…. မြတ်စွာဘုရားနှင့်ပတ်သတ်သော နေရာများအားစူစမ်းလိုသည်၊ ဖူးမြင်လိုသည့်စိတ်တွေနဲ့ထပ်တူ ထိုစေတီတော်အတွင်းသို့ ဓါတ်ပုံများမှတ်တမ်းတင်ပြီး ရင်ထဲမှာတော့..သြော်……. မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိနေမယ်ဆိုရင် ဒီအဆောက်ဦးသည် ဒီထဲမှာရှိနိုင်ပါမည်လော.?အတွေးလေးနဲ့ ထွက်ခွာလာတယ်ပေါ့၊ အ၀င်ဝမှာ.နိုင်ငံခြားများနှင့်တွေ့၏။ သူတို့သည် ၀င်ခွင့်ရသလော.မရသလော ဆိုတဲ့ အတွေးနဲ့အကဲခတ်နေ၏။ မိမိတို့ထွက်လာတော့မှ လက်အုပ်လေးတွေချီ ပြီးအပြုံးတို့ဖြင့် နှုတ်ဆက်ကာ ပါလာတဲ့အန်ကယ်ဥာဏ်ကြီးကတော့ဘာသာရေးနဲ့ပတ်သတ်တာတွေပြောပြ၏။

လော့အိန်းဂျယ်မှာသူ့ရဲ့ဆရာရှိကြောင်းပြောပြနေ၏။ သူတို့သည်လည်း ဒီတော့မှအတွင်းပိုင်းသို့ ၀င်ရောက်ကာ ကြည့်ရှုတော့၏။ ဘိုင်..ဆိုပြီး နှုတ်ဆက်ကာမိမိတို့သည်လည်း စုန္ဒသူကြွယ်အိမ်သို့ သွားရပေတော့၏။ ပါဝါမြို့သူ/သားတို့သည်စူးရှသောမျက်လုံးတို့ဖြင့် ကြည့်ကြ၏။ မမြင်ဘူးသော နိုင်ငံခြားသား မိမိတို့အား ရီပြခြင်း.လက်ပြခြင်းစသော အမူအရာတို့ဖြင့် နှုတ်ဆက်ကြိုဆိုမှုကိုမူကား မျက်စိထဲမှမထွက်။ ထိုမှ ရောက်ခဲ့ပါပြီ…စုန္ဒရွှေပန်းတိမ်သည်၏အိမ်.. လားလား.အင်္ဂလိပ်.. တရုတ်စာတို့ဖြင့် အိမ်ဟုခေါ်ဆို သတ်မှတ်ထားတာတွေ့ရ၏။ အိမ်ကိုမူမတွေ့ခဲ့ရ။ ထိုရွာကား စုန္ဒရွာဟုခေါ်၏။ ဒေသခံကလေးတို့သည်လည်း မိမိတို့ကားပေါ်မှဆင်းတာနဲ့တပြိုင်နက် အပြေးလွှား ရောက်လာကာ သူတို့စကားတွေ ဝေဆာနေအောင် ပြောတော့၏။ သူတို့ပြောခြင်းကား… စုန္ဒသူကြွယ်၏ အကြောင်းတည်း။ အမိမြန်မာပြည်ကို လွမ်းစိတ်လေးတမ်းတမိ၏။ ပုဂံညောင်ဦးဘုရားဖူး သူတိုင်းတွေ့ ရှိနိုင်၏။ ကလေးသူငယ်တို့သည် ဘုရားသမိုင်းကြောင်းလေးများပြောကာ မုန့်ဘိုးတောင်းတတ်ကြ၏။ ထိုစုန္ဒရွာသူ၊ သားတွေသည်လည်း ရေပက်မ၀င်ပြောပြီး မန်းနီး မန်းနီး ဆိုပြီးတောင်း၏။ပါလာသူမိမိတို့သည်လည်း မသိခြင်ရင်ဆောင်ကာ ကားပေါ်သို့တတ် ခရီးနှင်ခဲ့တော့၏။
စုန္ဒသူကြွယ်၏နေအိမ်ဟု စုန္ဒကျေးရွာသူတို့ပြော ၄င်းနေရာ၌မြတ်စွာဘုရားနောက်ဆုံးဆွမ်းဘုဉ်းပေးလဲ့သည်.

ထိုစုန္ဒရွာလေးရဲ့အ၀င်မုခ်ဝမှာ ဘုရားပုံတြော်ဖင့်တွေ့ရှိခဲ့ရ၏။ ရင်ထဲမှာတော့ မြတ်စွာဘုရားသက်တော် ထင်ရှားရှိခဲ့မည်ဆိုလျင် စုန္ဒရွာလေးသည် ဘယ်လိုလေးများဖြစ်မလဲဆိုတဲ့ အတွေးလေးပေါ့။ အခုရောက် ခဲ့တဲ့အိမ်သည် မြတ်စွာဘုရားဝက်သားဆွမ်းဖြင့် နောက်ဆုံးဘုဉ်းပေးသောအိမ်ဖြစ်၏။ ထိုဝက်သား ဘုဉ်းပေးပြီး ၀မ်းတော်လာ၏လို့ စာပေတို့၌ တွေ့ရှိမှတ် သားဘူး၏။ ကားလေးသည်လည်း ပါဝါမြို့လေးမှ ထွက်ခဲ့လေတော့၏။ ကျန်ရစ်နေကြပေတော့ပါဝါမြို့သူ/ သားတွေရယ်…..လမ်းခုလတ်မှာ မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား. ထိုစုန္ဒအိမ်မှဆွမ်းဘုဉ်းပေးပြီးအပြန်ရေဆာတော်မူ၍ အရှင်အာနန္ဒာအား ချောင်းငယ်တခုမှ ရေခပ်ခိုင်း၏။ မြတ်စွာဘုရားကတော့ တခုသောသစ်ပင်ရင်း၌ ၂-ထပ်သင်္ကန်းကြီးကို လေးခေါက်ခေါက်ခင်းကာ ထိုင်နေတော်မူ၏။ အာနန္ဒာသည်ရေများသည် လှည်းအစီးပေါင်း၅၀၀- ဖြတ်သွားထားခြင်းကြောင့် နောက်နေကြောင်း ပြန်လည်လျှောက်ထား၏ ရှေ့တနေရာမှာကကုဓာမြစ်ရှိ၏။ ၄င်းမြစ်ရောက်မှသာလျှင် ဘုဉ်းပေးတော် မူပါရန်လျှောက်ထားသော်လည်း အာနန္ဒာခပ်သာခပ်ခဲ့ပါလေဟုပြောတော့ ချောင်းငယ်အတွင်းမှ ရေကိုခပ်လိုက်လျှင် ရေသည်နောက်နေရာမှ ကြည်လင်လာ၏။ အရှင်အာနန္ဒာသည် အံ့သြခြင်းများ စွာဖြင့်ရေကိုခပ်ကာ မြတ်စွာဘုရားအား ကပ်တော်မူ၏။ မြတ်စွာဘုရားသည် ရေကိုသောက်သုံးပြီး သစ်ပင်ရင်း၌ နားတော်မူစဉ် ပုက္ကုသမင်းရောက်လာ၍ တရားဟောတော်မူသည်။ ထို့နောက်ဘုရားရှင်သည် ကကုဓာမြစ်သို့ ခရီးဆက်တော်မူ၏။ ထိုကကုဓာမြစ်ထဲ၌ ရေချိုးသပ္ပါယ်ပြီးသရက်ဥယျာဉ် အတွင်းဝယ် ခေတ္တမျှ လဲလျောင်း တော်မူ၏။ ထိုအချိန်တွင်စုန္ဒသူကြွယ်၏။ ဆွမ်းအကျိုးတရားဟော တော်မူ၏။ မြတ်စွာဘုရား ဘုဉ်းပေး တော်မူခဲ့သော စုန္ဒကပ်လှူသောဆွမ်းမှာ နောက်ဆုံးဖြစ်တော့၏။ ဘုရားဖြစ် တော်မူသည့်နေ့၌ သုဇာတာ သူဌေးသမီး လှူသောဆွမ်းသည်ဘုဉ်းပေးပြီးသည်နှင့် သဗ္ဖညုတ ရွှေဥာဏ်ကိုရတော်မူသည်။
မြတ်စွာဘုရားသည်စုန္ဒသူကြွယ်အိမ်မှ ဆွမ်းစားပြီးအပြန်တွင် ၄င်းကကုဓာမြစ်ထဲတွင်ရေချိုးသန့်စဉ်ခဲ့သည်
ယ္ခုစုန္ဒလှူသောဆွမ်းကို ဘုဉ်းပေးပြီးသည်နှင့် ပရိနိဗ္ဖာန်ဝင်စံတော်မူ၏။ ထိုနှစ်ဦး၏တူမျှသော ကုသိုလ် တူမျှသောအကျိုးကိုရကြ၏…သုဇာတာကပ်လှူသော ဆွမ်းကို ဘုဉ်းပေးပြီးသည်နှင့် (၄၉)ရက်တိတိ နောက်ထပ်ဆွမ်းမဘုဉ်းပဲ နေတော်မူခဲ့သည်။ ယ္ခုမူ စုန္ဒကပ်လှူသောဆွမ်းကို ဘုဉ်းပေးရသော ကြောင့်သာ ၁၄-ကီလိုမီတာဝေးသောနေရာ ကုသိနာရုံမြို့သို့ ကြွတော်မူနိုင်ခြင်းဖြစ်၏။ ယ္ခု..ပြောနေကြသောစကားသည် တကယ်လို့မြတ်စွာဘုရားဟာ စုန္ဒသူကြွယ်လှူသော ၀က်သား ဟင်းနှင့်ဆွမ်းမဘုဉ်းလျှင် ပရိနိဗ္ဖာန်စံမှာ မဟုတ်ဘူးဟု..ပြောသံတွေကြားဘူးခဲ့သည်။ နားနှင်ပင်မဆန့် သို့သော်…၀က်သားဟင်းစားလို့ ၀မ်းတော်လာ ခြင်းကားမှန်၏။ ဘုရားအလောင်းတော် နုစဉ်အခါက ဆေးသမားဘ၀၌ ဆေးဖိုးဝါးခမပေးလိုသော သူဌေးသားတစ်ဦးအား ၀မ်းလားဆေး တိုက်ကျွေး ခဲ့ဘူးသည်။ ထိုအကုသိုလ်ကံ အကြွင်းအကျန်က နောက်ဆုံးဘ၀တွင် အကျိုးပေး၍ ၀ဋ်တော် ဆိုက်ခြင်းသာဖြစ်၏။

ပါဝါမြို့ဟောင်းတနေရာ၌တွေ့မြင်ခဲ့ရသောစေတီဟောင်းတစ်ဆူ

စုန္ဒဆွမ်းကို မဘုဉ်းပေးသော်လည်း ထိုအချိန်ကျလျှင် ၀မ်းတော်လာရမည်သာဖြစ်၏။ ထိုအခါ အားအင် ကုန်ခမ်း၍အားပြတ်သွားနိုင်၏။ ယ္ခု..စုန္ဒကပ်လှူသောဆွမ်းကို ဘုဉ်းပေးလို့သာလျှင် ကုသိနာရုံမြို့ တော်သို့အရောက်ကြွနိုင်၏။ မြတ်စွာဘုရားသည်ပါဝါမြို့နှင့်ကုသိနာရုံအကြား…၂၅-ကြိမ်တိတိ ရပ်နား တော်မူရ၏။ မိမိတို့သည် ပါဝါမြို့နှင့်ကုသိနာရံမြို့ကို သွားလာခဲ့စဉ် မြတ်စွာဘုရား၏ ခြေလျင်ကြွ ခရီးစဉ်တွေကို မှန်းဆပြီး စိတ်အစဉ်သည် မြတ်စွာဘုရားသည် သက်ရှိထင်ရှားရှိခဲ့သလို ခံစားမိပါ၏။ ရင်တွင်း မှလည်း..အော်မြတ်စွာဘုရား. တကယ်သက်ရှိထင်ရှားရှိမည်ဆိုလျှင်.. ဆိုပြီး အတွေးစ တို့သည်လည်း….. ပြန့်လွင့်လျက်..သာ

No comments:

Post a Comment