သမီး
Sophomania-ဆိုတာ ငါသာ အတော်ဆုံး၊ ငါသာ အတတ်ဆုံးဆိုပြီး ဘ၀င်မြှင့်နေတဲ့ စိတ်ရောဂါတမျိုးပဲ။ ဒီလိုရောဂါမျိုး ၀င်လာရင် သတိထားပေတာ့။ ဒါဆိုရင် အရူးတမျိုး။ ဒိဋ္ဌုမ္မတ္တက-ဖြစ်တယ်။ မာန-လို့လဲခေါ်တယ်။ အမှန်ကတော့ မိမိထက် တော်တဲ့လူ၊ တတ်တဲ့လူ၊ မြတ်တဲ့လူတွေ ရှိနေပါတယ်ဆိုတာ မသိလို့ဘဲ။ ပညာ-မာနဆိုတာ အဆိုးဆုံးပဲ။ မာန-ဟာ သကဒါဂါမ် အနာဂါမ် ပုဂ္ဂိုလ်ထိ ရှိနေသေးတယ်။
ပုထုဇဉ်ဆိုတာ ပုထုဇ္ဇနော ဥမ္မတ္တကော-ဆိုတဲ့အတိုင်း လုံးဝဥဿုံ ပြည့်စုံတတ်သိ နားလည်သူဆိုတာ မရှိဘူး။ မသေမချင်း အသိတရားကို ရှာဖွေ ဖြည့်ဆည်းနေရတာပဲဆိုတာ သတိပြုစမ်းပါ။ ဒီလိုသိရင် မာန-မရှိတော့ဘဲ နိဝါတောစ-မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့ ပြည့်စုံပေလိမ့်မယ်။
အနိစ္စမြင်လျှင် မာနကွာပါတယ်-တဲ့။
ဘယ်ပုဂ္ဂိုလ် ဘယ်အရာဝတ္ထုမှ မမြဲဘူးဆိုလျှင် သိလျှင် ငါဆိုတဲ့မာန ကွာသွားတာပါပဲ။ အရူးရောဂါ ပျောက်သွားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက-
အတ္တာဟိ ကိရဒုဒ္ဒမော-လို့ ဟောကြားခဲ့တယ်။ အဓိပ္ပါယ်က ကိုယ့်ကိုယ်ကို ဆုံးမလို့ ခက်တယ်လို့ ဟောကြားတော်မူခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင် ဆုံးမပါ။ မိမိကိုယ်ကို နှိမ့်ချပါ။
မောင်စန်းသော်
( ချစ်သမီးသို့ စာအုပ်မှ)
မူရင်းကဒီမှာပါ
No comments:
Post a Comment