အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, June 29, 2011

ရှင်ဒေ၀ဒတ်အကြောင်း

အရှင်ဒေ၀ဒတ် - ဟု ကြားလျှင် လူတိုင်းက ရဟန်းကြမ်းကြီး ဆရာမှားကြီးဟု ထင်ကြ၏၊ ထင် လည်း ထင်စရာပင်ဖြစ်၏။အရှင်ဒေ၀ဒတ်သည် သူမတူအောင် မိုက်တွင်းနက်ခဲ့သူလည်း ဖြစ်ခဲ့ပါ
၏၊ ယခု တင်ပြမည့် အကြောင်းအရာသည် ( လူသိများသော မိုက်ကွက်များကို ) တင်ပြမည် မ
ဟုတ်ပါ။ ကောင်းကွက်များကိုသာ ရွေးချယ်၍ တင်ပြသွားမည် ဖြစ်ပါ်၏၊

မိမိ မြတ်နိုးသူအကြောင်း ရေးလျှင် (မကောင်းကွက်များကို ချန်တတ်၍ ) သမိုင်းမှန် မဖြစ်နိုင်တဲ့၊
မိမိ မုန်းသူအကြောင်း ရေးပြန်လျှင်လည်း (ကောင်းကွက်များကို ချန်တတ်၍ ) သမိုင်းမှန် မဖြစ်
နိုင်ပါတဲ့။ စာရေးသူသည် အရှင်ဒေ၀တ်ကို မြတ်နိုး၍ မကောင်းကွက်များကို ချန်ထားခြင်း မဟုတ်ပါ၊ လူအများ ဂရုမပြုမိသော ကောင်းကွက်လေးများကို မြင်စေလို၍ တင်ပြခြင်းမျှသာ ဖြစ်ပါ၏၊ ထို့ကြောင့် ယခုတင်ပြချက်များသည် အရှင်ဒေ၀ဒတ်၏ သမိုင်း (အပါဒါန်) အပြည့်အစုံ မဟုတ်သည်ကို ရှေးဦးစွာ အသိပေးအပ်ပါ၏

အရှင်ဒေ၀ဒတ်သည် ပုဗ္ဗေစ ကတပုညတာစက်နှင့် ပြည့်စုံသူ ဖြစ်ပါ၏၊ တနည်းအားဖြင့် ရှေးကောင်း မှုကံ ပါလာသူဖြစ်ပါ၏၊ အဘယ့်ကြောင့် ဆိုသော အမျိုးဇာတ်အားဖြင့် မြင့်သော (သကျ) သာကီဝင် မင်းမျိုး၌ ဖြစ်သောကြောင့် ဖြစ်၏။ “ ခတ္တိယ ဗြဟ္မဏ ဝေဿ သုဒ္ဒ ” ဟူသော အမျိုးလေးပါး တို့တွင် ယင်းအချိန်က ခတ္တိယကို အမြတ်ဆုံးဟု သတ်မှတ်ကြ၏ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂု ကိမိလတို့သည် အရှင်ဒေ၀ဒတ်၏ အပေါင်းအသင်း လက်တွဲဖေါ် သူငယ်ချင်း ကစားဖေါ် ကစား ဖက်များလည်း ဖြစ်ကြပါ၏၊

တစ်နေ့ မြတ်စွာဘုရား အနုပိယမည်သော မလ္လာမင်းတို့၏ နိဂုံး သရက်ဥယျာဉ်၌ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်၏၊ ဝေဒကျမ်းတတ် လက္ခဏပညာရှင်များသည် ဘုရားအလောင်းတော်ကို ဘုရားသော်လည်း စကြာဝတေးမင်းသော်လည်း ဖြစ်ပါလိမ့်မည်ဟု နိမိတ်ဖတ်စဉ်အခါက “ ဆွေတော်ရှစ်သောင်းတို့သည် စကြာဝတေးမင်းဖြစ်ဖြစ် သမ္မာသမ္ဗုဒ္ဓဘုရားပဲဖြစ်ဖြစ် ခတ္တိယ ပရိ သတ်ဖြင့် ၀န်းရံကြရမည်ဟု သဘောတူခဲ့ကြ၏။ ယခု ဤခြောက်ယောက်တို့သည် မင်းဆွေ မင်းမျိုး မဟုတ်ကြလေယောင်တကားဟု ဆွေမျိုးများက ပြောကြသောကြောင့် သူတို့ခြောက် ယောက်သည် ထီးနန်းစည်းစိန်ကိုစွန့်၍ ရဟန်းပြုခဲ့ကြ၏၊ ထိုအထဲတွင် ဒေ၀ဒတ္တလည်း တစ် ယောက်အပါအ၀င် ဖြစ်၏၊

( ထိုနန်းကို စွန့်နိုင်ခြင်း တနည်းအားဖြင့် ကာမအာရုံမှ ထွက်မြောက်ခြင်းသည် “ နေက္ခမဓာတ် ”
ဖြစ်ပါ၏၊ထီးနန်းကို မခွဲနိုင် မခွါရက် ဖြစ်မနေပဲ စွန့်ပယ်နိုင်ခြင်းသည် “ အလောဘ” ဓာတ် သဘောဖြစ်ပါ၏ထိုဓာတ်များသည် အများနည်းတူ ဒေ၀ဒတ္တ၏သန္တာန်၌လည်း ကိန်းအောင်း နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါ၏။ )။

ဥပါလိဆတ္တာသည်နှင့်အတူ မင်းညီမင်းသား ခြောက်ယောက်တို့ ရဟန်းပြုပုံကို အနည်းငယ် တင်ပြ ပါအုံးမည်။သကျရာဇာဖြစ်သော ဘဒ္ဒိယ အနုရုဒ္ဓါ အာနန္ဒာ ဘဂုကိမိလ ဒေ၀ဒတ္တဟူသော မင်းညီ မင်းသား ခြောက်ယောက်တို့သည် ဥပါလိဆတ္တာသည်နှင့်အတူမင်းစည်းစိမ်ကို ခုနှစ် ရက်ပတ်လုံး ခံစား စံစားကြပြီးလျှင် ဥယျာဉ်တော်ကို ( ဥယျာဉ်ကစား ) သွားသကဲ့သို့ အင်္ဂါ လေးပါးရှိသော စစ်တပ်ဖြင့်ခြံရံလျှက် ထွက်လာကြရာ တိုင်းတစ်ပါးနယ်စပ်ရောက်သောအခါ မင်းအာဏာဖြင့် စစ်တပ် ကို ပြန်ခိုင်းလိုက်ကြ၏၊

ထို့နောက် မိမိတို့ ၀တ်ဆင်ထားသော မင်းညီမင်းသား လက်ဝတ်ရတနာမှန်သမျှကို တစ်ခုမကျန်
ချွတ်ကြပြီးလျှင် အထုပ်ကြီးထုပ်လျှက် မိမိတို့၏၊ အလုပ်အကြွေး ဆတ္တာသည် ဥပါလိအား ပေး
လိုက်ကြ၏၊ ဥပါလိ အသင်လည်းပဲ ပြန်ပေတော့ ၊ ယခုပေးလိုက်သော ရတနာများသည် သင့်
အတွက် ချမ်းချမ်းသာ အသက်ရှင်နေနိုင်ဖို့ လုံလောက်ပါတယ်၊ ဥပါလိသည် မင်းညီမင်းသား တို့၏ချေရင်း၌ ၀ပ်စင်းလျှက် ငိုကြွေးလေ၏၊ သို့သော် မင်းညီမင်းသားတို့၏ အမိန့်ကို မဖီဆန် လို၍ ရတနာထုပ်ကို ယူကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရ၏။ မင်းညီမင်းသား ခြောက် ယောက်နှင့် ဥပါလိဆတ္တာသည်တို့ ခွဲခွါတယ်ဆိုရင်ပဲ တောအုပ်ကြီးသည် ငိုကြွေးသလို တော ဟိန်းသံများ ဆူညံသွားခြင်းနှင့် မဟာပထ၀ီတုန်လှုပ်ခြင်းများသည် ထူးခြား အံ့သြဖွယ်ရာ ဖြစ် ပေါ်ခဲ့ပါ၏၊ သို့သော် ယင်းအဖြစ်အပျက်ကို သတိမူမိသူကား နည်းပါးလှပါ၏။
ဥပါလိသည် ပြန်လှည့်လာ၍ အနည်းငယ်ရောက်သော အခါ အတွေးတစ်ချက် ပေါ်လာ၏။ စဏ္ဍာ ခေါ သာကိယာ - သာကီဝင်တွေဟာ ကြမ်းတမ်းတယ်၊ မင်းသားတွေသတ်ဖြတ် ညှင်းဆဲ ပြီး ရတနာတွေ ယူလာတယ်ထင်ပြီး ငါ့ကို သတ်ချင်လဲ သတ်နိုင်တယ်၊ နောက်ပြီး သာကီ ၀င်မင်းသားဖြစ်တဲ့ သူတို့သော်မှ ကြီးကျယ်ခမ်းနားသော မင်းစည်းစိမ်ကို ပယ်စွန့်ပြီး အဖိုး အနဂ္ဃ ထိုက်တန်လှသော ဤလက်ဝတ်ရတနာတို့ကို တံတွေးပေါက်ကဲ့သို့ ပယ်စွန့်ကြ၍ ရှင်ရဟန်း ပြုနိုင်ကြသေး၏၊(သူတို့၏ အလုပ်အကြွေးဖြစ်သော ) ငါသည် အဘယ်ကြောင့် ရတနာထုပ်ကို စွန့်၍ ရဟန်း မပြု နိုင်ရအံ့နည်းဟု စဉ်းစား၍ရတနာထုပ်ကို ဖြည်၍ ရတနာတို့ကို သစ်ပင်၌ ချိတ်ဆွဲလျှက် “ အလို ရှိသူ ယူကြစေ” ဟု ဟစ်အော်ပြောဆို၍ ရဟန်းပြုရန် ထွက်ခွါသွားသော မင်းညီမင်းသား ခြောက် ယောက်နောက်သို့ ချေရာခံ၍လိုက်သွားလေတော့၏။ မင်းညီ မင်းသား များကို မှီသောအခါ အဘယ့် ကြောင့် လိုက်လာသလဲဟုမေးသောအခါ သူအတွေးပေါက်ပုံကို ပြောပြပြီးလျှင် မိမိလည်း ရှင်ရဟန်းပြုလိုကြောင်း ပြောကြားလေတော့၏ ၊ ဒေ၀ဒတ္တအပါအ၀င် မင်းညီမင်းသား ခြောက်ယောက်တို့သည် ဥပါလိ ဆတ္တာသည်နှင့်အတူ ရှင်တော်မြတ်ဘုရား ထံသို့ ဦးတည်၍ ခရီးဆက်ကြလေ၏။ဘုရားရှင် ထံတော်ပါးသို့ ရောက်သောအခါ “ မြတ်စွာ ဘုရား တပည့်တော်တို့ သာကီဝင်မင်းမျိုးတွေဟာ မာန်မာနကြီးကြပါ၏၊၊ဤဥပါလိသည် တပည့် တော်တို့၏ အလုပ်အကြွေးဖြစ်ပါ၏၊ သူ့ကို ရှေးဦးစွာ ရှင်ရဟန်းပြုပေးပါဘုရား၊ တပည့်တော် တို့သည် ဥပါလိကို ရှိခိုးခြင်းအရိုအသေ ပြုခြင်းစသည်တို့ကို ပြုလုပ်ကြ၍ မာန်မာနတရားဆိုးကိုး ဖျက်ချိုးကြပါမည်ဘုရား ” ယင်းသို့ လျှောက်ထားကြပြီး ဥပါလိကို ရှေးဦးစွာ ရှင်ရဟန်းပြုစေ၍ နောက်မှ သူတို့က ရှင်ရဟန်းပြုကြ၏။

(သာသနာတော်၌ အသက်သည် အဓိက မဟုတ်၊ ရဟန်းသိက္ခာတည်ခြင်းသည်သာ အဓိက ဖြစ်၏ရဟန်းသိက္ခာ အရင်တည်သူကို နောက်မှ တည်သူက အရိုအသေပေးရ၏။ တနည်း အားဖြင့် ရဟန်းအရင်ပြုသူကို နောက်မှပြုသူက အရိုအသေ ပေးရ၏၊ ဥပါလိသည် အရင် ရဟန်းပြု၍ မင်းညီမင်းသား ခြောက်ယောက်ထက် အဓိသီလသိက္ခာ အရင်တည်သူ ဖြစ်သွား၏၊ ထို့ကြောင့် အရှင်သခင် ဖြစ်ခဲ့ဘူးသော မင်းညီမင်းသား ခြောက်ယောက်တို့သည် အရှင်ဥပါလိ ကို အရိုအသေပြုရ၏)။

အရှင်ဒေ၀ဒတ္တအပါအ၀င် မင်းညီမင်းသား ခြောက်ယောက်နှင့် အရှင်ဥပါလိတို့သည် ရဟန်းဖြစ်
ကြသောအခါ ရဟန်းကောင်းများ ဖြစ်အောင် ရဟန်းတာဝန်ကျေအောင် လိုက်နာ နေထိုင်ကြ၏
ရဟန်းသိက္ခာကို လုံအောင် ထိမ်းကြ၍ ရဟန်းတာဝန်ဖြစ်သော ပရိယတ် ပဋိပတ်ကိုလည်း သင်ယူကျင့်ကြံကြသည်သာဖြစ်၏၊ တနည်းအားဖြင့် ပရိယတ် မကင်းသော ပဋိပတ်စနစ်ကို ဦးစားပေး၍ ကျင့်သုံးကြ၏၊ ဤသို့ဖြင့် “ သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဉ္စ ဘာဝယေ - သီလကို အခြေခံ၍ သမာဓိ ပညာကို ပွါးများကြရာ ” အရှင်ဘဒ္ဒိယသည် ထိုရဟန်း ပြုသော ၀ါတွင်းမှာပင် “ တေ၀ိဇ္ဇ ” ရဟန္တာဖြစ်တော်မူ၏။အရှင် အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခုအရာ သူမတူအောင်ထူးချွန်၍ မဟာဝိတက္ကသုတ္တန်ကို နားကြားရာရဟန္တာဖြစ်တော်မူ၏။(မူရင်းက )...အလင်းသစ်..ကပါ..

No comments:

Post a Comment