အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 3, 2010

မုံရွာမြို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရား၏.သြ၀ါဒ ခံယူပွဲ

မှတ်မှတ်ရရအမှတ်တရ.၁၃၇၂ ခု နယုန်လပြည့်နေ့.မိမိ ငယ်ရွယ်စဉ်ကပညာသင်ယူ ပညာနို့သောက်သုံးခဲ့သော.
ကျေးဇူးတော်ရှင် မုံရွာမြို့..ပဇ္ဇောတာရုံကျောင်းတိုက်သို့.
ဆရာအရှင်ဖြစ်သော.မင်္ဂလာဒုံ စိတ္တသုခတပ်ဦးဆရာတော် ဘဒ္ဒန္တ ကုမာရနှင့်အတူ.
သြ၀ါဒခံယူပွဲသို့ ရောက်ရှိခဲ့ပါ၏.၁၃၄၉ ခုမှ မိမိနေစဉ်ကနှင့် လားလားမျှမတူတော့.
တိုက်တာအဆောက်ဦးများ.တပည့်သံဃာတော်တွေများဖြင့် ကျေးဇူးရှင်ဆရာတော်ဘဒ္ဒ န္တ နာဂ၀ံသ ၏
နှစ်စဉ်သြ၀ါဒ ခံယူပွဲ ကိုလာရောက်ကြသော ရပ်ဝေးရပ်နီးမှ ဆရာတော်
သံဃာတော်များဖြင့်စည်ကားလျှက်ရှိ..ညီညာသောသင်္ကန်းရောင်များဝတ်ဆင်ပြီး.
ဘုရားဝတ်ပြု ဆွမ်းဘုဉ်းပေး သြ၀ါဒခံယူ နေစဉ် မတွေ့ရတာကြာပြီဖြစ်သော သံဃာ
ပရိသတ်ကြီးတွေ့မြင်ရ၍ ရင်ထုမှာ ပီတိသောမနဿတို့ဖြင့် ဖြစ်တည်ခဲ့ရ၏.
ဆရာတော်ခဲ့ဘူးသော..ယ္ခု..နာယက ဆရာတော် အရှင်ဇောတိပါဘာလင်္ကာရ.နှင့်
အရှင်နန္ဒိမာလင်္ကာရတို့သည်လည်း.နွေးထွေးစွာကြိုဆိုခြင်းသည်.အမိပဇ္ဇောတာရုံတိုက်မကြီး၏.ညီညွတ်ရေးတို့သည်
ရင်ထဲမှာပျော်ရွှင်မှုတို့သည် ပြောမပြတတ်အောင်
ဖြစ်ခဲ့ရ၏..တိုက်ခွဲမှဆရာတော်များ..ယခု ကျေးဇူးတော်ရှင်မုံရွာပဇ္ဇောတာရုံဆရာတော်ဘုရားကြီးသည်
တိုက်ခွဲထားသောမြို့များမှာ.များပြားလျှက်.တိုက်တာတို့သည်လည်း..
အစီအရီ.တပည့်ဒကာ/မ တို့သည်လည်း သေမခွဲ မိသားစု စိတ်ဓါတ်အပြည့်ဖြင့် တွေ့မြင်ခဲ့ရ၍ ရင်ထဲမှာ
ပြောမပြတတ်အောင် ဖြစ်မိခဲ့ပါ၏..
ကျေးဇူးတော်ရှင်မုံရွာ ဆရာတော်ဘုရားကြီးသည်လည်း.သက်တော်ရှည်ဆရာတော်ကြီး
ဖြစ်သည့်အလျှောက် အိုမှု ဇရာတရား၏.ပြယုဂ်ဖြစ်သော အိုမင်းရင့်ရောခြင်းသို့ အစဉ်ရောက်နေသည်ကို တွေ့မြင်ခဲ့ရ..
သြော်..ဇရာတရားသည်လည်း..မျက်နှာမလိုက်တတ်.ငါသည်လည်း..တနေ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးလို
အိုမှု ဇရာတရားဖြစ်လာမှာပါလားဆိုပြီး.အသိတရားလေးဝင်ပြီး
သံဝေဂတရားလေးရင်ထဲမှာဖြစ်မိတယ်ပေါ့..လေ.ညနေ နေ၀င်ရီတရော.နေမင်းကြီးသည်လည်းအနောက်ဂေါ်ရာဆီသို့တနေတာရဲ့
လိုအပ်သောအလင်းရောင်ပေးလို့တာဝန်ကျေခဲ့ပြီဖြစ်လို့.
မိမိတို့ သံဃာပရိသတ်ကြီးသည်လည်း ဆရာတော်အား.သွားရောက်ဝတ်ပြုခဲ့.တိုက်ခွဲ..တိုက်မ.စုံလင်စွာဖြင့်.
သင်္ကန်းကိုလက်ကန်တော့ထိုး.နေယာထိုင်ကိုတင်ပြီးညီညီညာညာ
.ဆရာတော်အား ဂါရ၀ပြု ခဲ့.
ထိုစဉ်..အမှတ်မထင်နာယကဆရာ အရှင်ဇောတိပါလမှ.ဆရာတော် ဒီ.ဦးဇင်းကိုသိလား
ဟုမေးသော်.ဆရာတော်သည် ခေါင်းကို တွင်တွင်ခါလျှက်.နောက် အရှင်ဇောတိပါလမှ.
မိမိ၏..ငယ်စဉ် ကိုရင်ဘ၀က အမှတ်ရစေသောအပြုမူလေးပြောပြတော့၏.
ထို..စဉ်ဆရာတော်သည်.ခပ်ညှင်းညှင်းရယ်သံလေးနဲ့ထပ်တူ.မိမိအား အသိမှတ်ပြုသော.ရယ်သံသည်လည်း..
(ကိုရင်ငယ်ဘ၀မှ.သေးငယ်သောအပြစ်တခုလုပ်မိ၍.ဒါဏ်ပေးခြင်းခံရသည်ကို
အမှတ်ရကာ..မိမိသည်လည်း.ရင်ထဲမှာ.ဆရာတော်ပေးသောဒါဏ်ကို တာဝန်ကျေထမ်းဆောင်ခဲ့ပါ၏..ဆိုတာ.)
အ၇ှင်ဇောတိပါလမှ မောင်သီလာ..ဆရာတော် ကိုရယ်အောင်လုပ်နိုင်တာ..မောင်ရင်ပဲ..ဟူ၏..
ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏.သြ၀ါဒ.မှာ.
မိမိငယ်စဉ်ကကြားဘူးနားဝဖြစ်နေတော့၏…
ဆရာမပါ ဘယ်ဟာမပြီး ဆရာမပြီးတော့လဲ ဘယ်ဟာမပြီး..
ဒကာမပါ ဘယ်ဟာမပြီး ဒကာမပြီးတော့လဲ ဘယ်ဟာမပြီး.
တပည့်မပါဘယ်ဟာမပြီး တပည့်မပြီးတော့လဲဘယ်ဟာမပြီး
တပည့်..ဒကာ ဆရာစုံမှအလုံးစုံ အကုန်ပြီး..
ဟူ၍ သြ၀ါဒကို လိုရင်းတိုရှင်းစွာဖြင့် တပည့်တို့အား ဆုမ္မသြ၀ါဒပေးခဲ့တော်မူ၏..။။
ဤ post လေးဖြင့် ကျေးဇူးတော်ရှင်မုံရွာမြို့ဆရာတော်ဘုရားကြီး၏.သီလ ဂုဏ် ပညာဂုဏ်.တို့အား.
.အဝေးရောက်တပည့် ဂါရ၀ပြုလျှက်..

No comments:

Post a Comment