အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 10, 2010

တုနိုင်းမမှီသော မဟာလူသားမြတ်ဗုဒ္ဒ

ဘုရားဖြစ်တော်မူပြီး ဤ သို့ ဓမ္မစင်္ကြာ တရားဦးဟောတော်မူခဲ့တယ်ပေါ့.
ဘုရားအဖြစ်သို့ ဤ သို့ရရှိခဲ့တယ်ပေါ့
ဒုက္ကရစရိယာ (၆)နှစ်ကြာအောင် ဤကဲ့သို့ကျင့်ခဲ့ရတယ်ပေါ့..
မြတ်စွာဘုရားသည် အဘယ်ကြောင့်တုနိုင်းမမှီသလဲလို့မေးရင်.အောက်ကအချက်လက်တွေနဲ့ပြည့်စုံလို့.လို့ အဖြေပေးရမယ်…။။

သတ္တ၀ါအပေါင်းတို့အားသံသရာဝဋ်ဆင်းရဲမှကယ်တင်နိုင်မည့်ဘုရားဖြစ်ရန်အတွက်
လေးသင်္ချေနှင့်ကမ္ဘာတသိန်း တိုင်အောင်ပါရမီဖြည့်ကျင့်ခြင်း..။
ဘုရားဖြစ်ပြီးနောက် ( ၄၅ )၀ါပတ်လုံးနေ့စဉ်အချိန်အနည်းငယ်သာအနားယူပြီး (၂၄ )နာရီနီးပါးမျှ
သတ္တ၀ါတို့၏ကောင်းကျိုးချမ်းသာအတွက်တရားဓမ္မများ ဟောကြားတော်မူခြင်း..။
လူသားတဦးအနေနဲ့မိမိကျင့်ကြံတွေ့ရှိသည့်အမှန်တရားကို တခြားလူသားများလည်း သီလ..သမာဓိ..ပညာ သိက္ခာ
သုံးပါးပြည့်စုံစွာဖြင့်ကျင့်ကြံလျှင်ရနိုင်ကြောင်းကိုဟောကြားပြီး လူ၏စွမ်းအားဂုဏ်သိက္ခာများကိုချီးမြောက်တော်မူခြင်း..။။
မိမိကိုယ်သာအားထားရန် တိုက်တွန်းလမ်းညွှန်ပြတော်မူခြင်း..။။
သာသနာဘောင်တွင် အယုတ်…အလတ်..အမြတ် ဇာတ်.မရွေး ဘုရင် မင်းသား ဆတ္တာသည် မစင်ကျုံးသူများအားလုံးကို
တူညီမျှတစွာ တတန်းတစားထည်း တညီတညွတ်ထည်း သတ်မှတ်ပြီး ၀ါစဉ်အလိုက် ရိုသေလေးစွာ ဆက်ဆံကြရန် စနစ်ချမှတ်ပေးခြင်း..။
ကျေးဇူးတရားသိတတ်ရန် ကိုယ်တော်တိုင် နမူနာပြတော်မူခြင်း..။။
လောကဓံတရားနှင့် အနိစ္စ..ဒုက္ခ..အနတ္တ.တရားသဘောတရားတို့ကိုဘုရားပင်လျှင် လွန်ဆန်နိုင်ခြင်းမရှိကြောင်း
ပြသတော်မူပြီး သဘာဝ သဘောမှန် အရှိတရားများကို ဟောကြားတော်မူခြင်း..။။
လောကသားအပေါင်း၏အမြင့်မြတ်ဆုံးစံထားပြီး ကြည်ညိုကာ လိုက်နာကျင့်သုံးရမည့်ကျေးဇူးရှင် .
မေတ္တာကရုဏာရှင်တော်တွင် တုနှိုင်းမမီသော မဟာလူသားမြတ်စွာဘုရားအား.ရှိခိုးကန်တော့ထိုက်သောကြောင့်..
လောကမှာ..တုနှိုင်းမရှိသော..လူသားမဟာကရုဏာရှင်မြတ်အဖြင့်..ဗုး`းဘာသာတို့၏..အထွဋ်အထိတ်အဖြစ်.
အနုတ္တရောပုရိသဓမ္မသာရထိ..ဂုဏ်တော်..စသည့်ဂုဏ်တော် (၉)ပါးဖြင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား..
အကျွန်ုပ်သည်လည်း..ဤ post ဖြင့် ဦးတင်ကန်တော့လိုက်ပါသည်..။။

No comments:

Post a Comment