အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 3, 2010

ဗုဒ္ဒဘာသာခေတ်နှင့် သိပ္ပံခေတ် နျိင်းယှဉ်ချက်.

ဗုဒ္ဒဘာသာခေတ်== ၀ိမုတ္တိခေတ်..ဟုကြွေးကြော်ခဲ့ကြတယ်ပေါ့..

ဝိမုတ္တိ.ဟူသည် လွတ်မြောက်မှုခေတ်..၀ိဇ္ဖာစရဏ ထွန်းကားရာခေတ်..သတ္တ၀ါအပေါင်း ဖွံ့ဖြိုးတိုးတက်မှု၏ ရင်းမြစ်ဖြစ်သော သိက္ခ ၃ ပါး တို့

အဆင့်ဆင့်တိုးတက်မှုဖြင့်တည်ဆောက်ထားသည့် အပါယ်ဘေးမှ လွတ်မြောက်ရေး ကောင်းမွန်မြင့်မြတ်သော သုဂတိ ဘ၀ရရှိရေး အန္တိမ ရည်မှန်း

နိဗ္ဖာန် သို့မျက်မှောက်ပြုရေးတည်းဟူသော ပါရမီ ဂုဏ်ပုဒ်တို့ဖြင့် ပြယုဂ်တွေထုတ်ပြ၏...။။

သိပ္ပံခေတ်== သိပ္ပံနှင့် နည်းပညာကျွမ်းကျင်သူတို့က မျက်မှောက်ခေတ်ကို သိပ္ပံခေတ်ဟု ကြွေးကြော်လာကြ၏.

ကွန်ပျူတာခေတ် လူသားတို့ဖွံ့ဖြိုးမှု၏ အရင်းမြစ်ဖြစ်သော အင်ဖေါ်မေးရှင်း တက်ခနော်လဂျီ (အိုင်+တီ) အဆင့်ဆင့်တို့ဖြင့် တည်ဆောက်ထားသော

စီးပွားရေးဆိုင်ရာလုပ်ငန်း များဖြင့် သိပ္ပံခေတ် ဟု ပြယုဂ်တွေထုတ်လာကြ၏..။။

ကမ္ဘာသည် ရွာငယ်လေးပမာ...မမြင်ဘူးတာတွေမြင်ရ..မကြားဘူးတာတွေကြားရမှုဖြင့် လူတို့စိတ်နေစိတ်ထားတို့သည်လည်း

ပြောင်းလွဲလာကြ၏..။

အမှန်စင်စစ် ဆန်းစစ်ကြည့်သော်....

ခေတ် နှစ်ခေတ်ကို ၀ိဘဇ္ဖ အမြင်ဖြင့် အနှစ်ရှာ၍ သမ္မာဆန္ဒလေးနဲ့ ပြရမယ်ဆိုရင်............

သိပ္ပံခေတ်သည်...လူသားတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုမျက်မှောက်ဘ၀ရှေ့ရှု၏..

ဗုဒ္ဒခေတ်သည်...လူ..နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရ္ဖှုပါ၏...။။

သိပ္ပံပညာရှင်သည်...ကိလေသာမကင်းသေးသော ပုထုဇဉ် ဖြစ်၏..။

ဗုဒ္ဒသည် အာသဝေါကုန်ခမ်း သဗ္ဖ္ဖညု ဥာဏ်လွှမ်းသော အရိယာ ဖြစ်၏..။

No comments:

Post a Comment