အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 3, 2010

သင်အိပ်ယာထခဲ့သော်..

လူတိုင်း နံနက် အိပ်ယာထသော်..

ဗုဒ္ဒ၏ ဂုဏ်တော် ၃ ပုဒ်တွင်ပါဝင်သော နမောတဿ ဖြင့်ရွတ်ဆို၍ ဘုရားကို အာရုံပြု ရှိခိုးပါ (ဗုဒ္ဒါနုဿတိဘာဝနာ )

မျက်နှာသစ်၍ ရေကို ထိလိုက်သည်နှင့်တပြိုင်နက် .ဤရေသည်အေးမြသကဲ့သို့ အားလုံးသော သတ္တ၀ါတွေသည်လည်း

အေးမြချမ်းသာကြပါစေ.လို့မေတ္တာပို့ပါ..(မေတ္တာဘာဝနာ )

အပေါ့အလေးသွားသွားနေစဉ်မှာ..ဤကဲ့သို့သော မစင်ကြယ်သောအရာများ ငါ၏ ခန္ဒာကိုယ်ထဲ၍ အပြည့်ရှိနေ၏..

ဟု ဆင်ခြင်မှုကိုပြုပါ.(အသုဘဘာဝနာ )

ငါသည်..ယနေ့မိုးလင်းရောက်လာပြီ မနေ့ကထက်သေဘို့ နီးလာပြီ .ဟု ဆင်ခြင်ပါ..(မရဏဿတိဘာဝနာ )

ငွေရေး မကုန်ကြစေဘဲ မိမိသန္တာန်မှာ မိုးလင်းသည်နှင့်တပြိုင်နက် ကုသိုလ်လေးတွေ ရကြပါစေ..ဆိုသော..

သမ္မာဆန္ဒစိတ်ထားဖြင့်
ကျောင်းသားလေး..ဗာရာဏသီ

No comments:

Post a Comment