အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 31, 2010

“ဗုဒ္ဒဘာသာဖြစ်ခဲ့သော တရားဓမ္မ”

အပ္ပမာဒေါ အမတံ ပဒံ. ပမာဒေါ မစ္စုနောပဒံ.။
အပ္ပမာဒေါ.မမေ့လျော့ခြင်းသည် (၀ါ)သတိပဌာန်တရားအမြဲရှုမှတ်သောသူသည်.
အမတံ.သေခြင်းကင်းသော (၀ါ)ဘယ်တော့မှမသေတော့တဲ့.ပဒံ.နိဗ္ဖာန်ရောက်ကြောင်းပေတည်း..။
ပမာဒေါ.မေ့မေ့လျော့လျော့နေသောသူသည်.(၀ါ)သတိပဌာန်တရားမရှုမှတ်သောသူသည်.
မစ္စုနော.သေခြင်း၏ (၀ါ)ဘယ်တော့မှသေလို့မဆုံးနိုင်တဲ့.ပဒံ.အကြောင်းတည်း..။။
အို..ဘုရင်မင်းကြီး.အပ္ပမာဒတရားသတိပဌာန်ဆိုတဲ့တရားကိုမှတ်သောသူသည်.သေခြင်းကင်းသောနိဗ္ဖာန်သို့ ရောက်ရသည်.။အပ္ပမာဒတရားသတိပဌာန်တရားမရှုမှတ်သူသည် သေလို့မဆုံးနိုင်သောသူဖြစ်သည်. ဟောကြားလိုက်သောအခါ ဘုရင်ကြီးသည်သေမှာကိုကြောက်သောသူဖြစ်၍ အပ္ပမာဒတရားလက်ကိုင်ထားသူသည် သေခြင်းကင်းသောနိဗ္ဖာန်သို့ရောက်မည် ဟု သိရသောအခါ ငါ သည်အပ္ပမာဒတရားလက်ကိုင်ထားပြီးသတိပဌာန်ကိုရှုမှတ်တော့မည်ဟု.သေရမှာကိုကြောက်သောကြောင့် ဗုဒ္ဒဘာသာဝင်ဖြစ်လာတော့၏..။။
ဒီနေရာမှာအတွေးလေးတခု ဖြစ်မိပါရဲ့..ဘုရင်ကြီးသည် သူ၏စည်းစိမ်များက လူသာမန်တို့ထက်များပြားရကား.သေရမှာကို လူသာမန်များထက်ပို၍ကြောက်ပုံရ၏.ခု..ခေတ် သူဌေးသူကြွယ်တို့သည်လည်းလူသာမန်များထက်သေရမှာကိုကြောက်သည်ဟု ဆိုနိုင်သည်..။။
ဘုရင်ကြီး ဗုဒ္ဒဘာသာဝင်ဖြစ်လာသောကြောင့်သာသနာတော်ကို အလွန်ကြည်ညို၍ ကိုရင်လေးအားမနက်ဆြန်ခါ ဆွမ်းစားသံဃာတော် (၃၂ )ပါးပင့်၍နန်းတော်သို့ကြွပါဟု..ပင့်ဖိတ်သည်.။ကိုရင်လေးသည်လည်း..(၃၂)ပါးသောသံဃာတော်များပင့်ကာနန်းတော်သို့ကြွသည်..ဆွမ်းဘုဉ်းပေးသည်..ဘုရင်ကြီးသည်.
ဆွမ်းဘုဉ်းပေးနေသည်ကို.အလွန်ကြည်ညိုလေတော့၏..ပစ္စေဝေက္ခဏာဆင်ခြင်ခြင်း..အိနြေ္ဒတို့ဖြင့် တည်တည်ညိမ်ညိမ်ဘုဉ်းပေးနေသည်ကို..ဘုရင်ကြီး၏ ရင်ထဲမှာ ကြည်ညိုစိတ်တို့သည်ကား…ပြောလို့မကုန်နိုင်တော့..နောက်တနေ့ ဆက်လက်၍ပင့်ဖိတ်ပြန်သည် (၃၂ ) ပါးထပ်တိုး၍ ပင့်..နေ့စဉ် ( ၃၂ )ပါး အမြဲတိုးတိုးပင့်ခဲ့ရာမှ နောက်ဆုံးတွင်သံဃာတော်ပေါင်းခြောက်သောင်း ပင့်၍ ဆွမ်းကျွေးလေတော့၏.။။
ယ္ခု…တရားဟောဓမ္မကထိကဆရာတော်များဟောပြောနေသောဓမ္မက္ခန္ဒာပေါင်းရှစ်သောင်းလေးထောင် ရှိသည်ဟု သိရသောအခါတွင်မူ ရှစ်သောင်းလေးထောင်အရေအတွက်ကိုရည်စူးပြီး..ကိုးဆယ့်ကိုးကုဋေသောဘဏ္ဍာငွေတို့ကိုယူစေ၍ သံဃာတော်များနေထိုင်ရန် မြို့ကြီးမြို့ငယ်တို့မှာ ကျောင်းပေါင်း..ရှစ်သောင်းလေးထောင်.ရေတွင်းပေါင်းရှစ်သောင်းလေးထောင်.တို့ဆောက်လုပ်စေ၍ သာသနာတော်သို့လှူဒါန်းသည်..။။
ဘုရင်ကြီးလှူါးန်းသော.ယ္ခု (ပတ္တနား. )နဂိုရ် ပါဋလိပုတ်နေပြည်တော်မှာအာသောကာရုံကျောင်းကြီးမှာအရှင်မဟာမောဂ်ဂလိပုတ္တတိဿမထေရ်
သီတင်းသုံးတော်မူ၏..။ထိုအရှင်ထေရ်သည်လည်းရဟန္တာမြတ်ကြီးတည်း..။။
သီရိဓမ္မာသောကမင်းကြီးသည်.အရှင်မဟာမောဂ်၈လိပုတ္တတိဿမထေရ်မြတ်အား..မြတ်စွာဘုရား
သက်ရှိထင်ရှားလက်ထက်တော်မှာ တပည့်တော်လောက်လှူဒါန်းသောသူရှိပါသလား.ဟု လျှောက်ထား၏.အရှင်မြတ်မှလည်း အသင်ဘုရင်မင်းကြီးလောက်လှူဒါန်းသူမရှိကြောင်းပြန်လည်ဖြေကြားတော်မူ၏..။။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်မှာ အနာထပိဏ်သူဌေးကြီးသည် အလှူဒါန်းဆုံးဖြစ်၏.။ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်ကြီးကိုဆောက်လုပ်ရန်မြေ၀ယ်သောတန်ဖိုးသည် ဆယ့်ရှစ်ကုဋေပေးရသည်.။၎င်း..မြေပေါ်မှာကျောင်းဆောက်ရာ ဆယ့်ရှစ်ကုဋ္ဋေ ကုန်ကြသည်.။၎င်း ကျောင်းတော်ကြီးနှင့်ကျောင်းခြံကြီးကိုမြတ်စွာဘုရားအားလှူဒါန်းရာပွဲတော်ကြီးကို ကျင်းပရာ၌ ဆယ့်ရှစ်ကုဋေ ကုန်သည်.။အားလုံးပေါင်း.ဤ အလှူတော်ကြီးမှာ ငါးဆယ့်လေးကုဋေကုန်ကြလေ၏.။
အသင်ဒါယကာကြီးသည် ကိုးဆယ့်ကိုးကုဋေ လှူဒါန်းခြင်းကြောင့် အနာထပိဏ်သူဌေးထက်ပင်များပေသည်.ဟုပြောဆိုလိုက်သောအခါ သီရိဓမ္မာသောကမင်းကြီးသည် အရှင်ဘုရား ဤသို့ဆိုလျှင်တပည့်တော်သည်အလှူဒါန်းဆုံးဖြစ်၍ သာသနာ့အမွေခံထိုက်ပြီလားဘုရား ဟု လျှောက်ထားလေ၏..။။
အရှင်မောဂ်ဂလိပုတ္တမထေရ်မြတ်ကြီးက ဒါယကာကြီး.သာသနာ့အမွေကိုမခံထိုက်ပါ….ထိုအခါ သီရိဓမ္မာသောကမင်းကြီးသည် အရှင်ဘုရားဤသို့ဆိုလျှင် သာသနာ့အမွေခံထိုက်ရန်မည်သို့လှူဒါန်းရမည်နည်းဟု လျှောက်ထားသောအခါ အ၇ှင်မြတ်ကြီးမှ ဒါယကာကြီး.မိမိရင်မှဖြစ်သော သား၊ မြေး သူတပါးရင်မှဖြစ်သောသား.မြေးတို့ကို ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် အံ့ဖွယ်ရှစ်ဖြာသာသနာအတွင်းသို့ သွတ်သင်းလှူဒါန်းမှသာလျှင် သာသနာ့အမွေကိုရသည်ဟု ဟောကြားလိုက်သောအခါ..သီရိဓမ္မာသောကမင်းကြီးသည်.သားတော်မဟိန္ဒ နှင့်သမီးတော်သင်္ကမိတ္တာတို့ကိုသာသနာတော်အတွင်းသို့ရှင်…ရဟန်းအဖြစ်သွတ်သွင်းလှူဒါန်းလိုက်လေ၏.။။
သီဟိုဠ်ကျွန်းသို့သွား၍ပထမဆုံးသာသနာပြုသောသူမှာ ဤ မဟိန္ဒ ပင်ဖြစ်လေတော့၏.။။
ထို့ ကြောင့် သာသနာအစ သီရိဓမ္မာသောကမင်းကြီးက ဟု ဆိုသော်..မှားအံ့မည်မထင်..သူ၏ ရင်ထဲမှာ နိဂြောဓသာမဏေ ဆိုသည့် ကိုရင်ငယ်လေးကိုအကြောင်းပြုပြီး..ဗုဒ္ဒဘာသာဖြစ်လာတော့၏..။
သူ..၏ အတွေးစတို့သည်လည်း.ကောင်းသောတွေးဆတတ်၍ ဘာသာသာသနာကို ကြည်ညိုလေးစားတတ်လာခြင်းပင်ဖြစ်၏..။။သူတော်ကောင်းတရားဓါတ်ခံရှိသူတို့သည်..
တလုံးတပါဒဖြစ်စေကာမူ..ဆင်ခြင်သော.အသိဥာဏ်ဖြင့်..ယ္ခု..မူ..နိဂြောဓသာမဏေကိုရင်လေးသည်..
အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ .ဟူသော..၈ါထာလေးဖြင့် သီရိဓမ္မာသောကမင်းကြီးသန္တာန်ဝယ်…သေရမည်ကိုကြောက်လွန်းရကား…
ယနေ့ ကြားနေရသော ..ရေကန်ပေါင်း..၈၄၀၀၀..စေတီပေါင်း..၈၄၀၀၀ ကျောင်းပေါင်း.၈၄၀၀၀လှူဒါန်းသောသူမှာ.သီရိဓမ္မာသောကမင်းကြီးပင်..ဖြစ်လေ၏..။။

No comments:

Post a Comment