အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 10, 2010

ရင်ထဲမှာ ပီတိဖြစ်မိလို့ပေါ့..

ဆယ်ကျော်သက်တို့ ရဲ့ မင်းသားချော Orlando Bloom
ယနေ့ အချိန်အထိ ဆွဲဆောင်နေဆဲ Angelina Jolie
ဗုဒ္ဓဘာသာဝင် မင်းသမီး Jennifer Lopez ရဲ့ တည်ငြိမ်သောအလှ
သူတို့ (၃ ) ဦးဟာ စစ်မှန်သော ဗုဒ္ဒဘာသာဝင်တွေဖြစ်ကြတယ်ပေါ့..
အားကစားဝါသနာ ပါလို့ Premier Eleven sport journal ကို
ဖတ်နေရင်း မမျှော်လင့်ပဲ အရမ်း စိတ်ဝင်စား ဖို့ ကောင်းတဲ့ သတင်းလေး
တစ်ပုဒ်ကို တွေ့ လိုက်ရပါတယ်။
ပြီးတော့ ကိုယ့် ရဲ့ ဗုဒ္ဓဘာသာ အတွက် ရော၊ ဗုဒ္ဓဘာသာ ဖြစ်နေရတဲ့ ဘ၀ လေးကို လည်း အရမ်း ကျေနပ်မိပါတယ်။

ဖတ်လိုက်ရတော့သတင်းလေးကတော့.. အားကစားနယ်ပယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေသူတွေ နဲ့ အနုပညာ နယ်ပယ်
Hollywood မှာ ရေပန်းစားနေဆဲ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့ ရဲ့ ဗုဒ္ဓဘာသာ
ထဲကို သက်ဝင်ယုံကြည်စွာ ကူးပြောင်း လာခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ အထဲမှာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ပုရိသတို့ ရဲ့ အသည်းစွဲ . ညှို့ မင်းသမီးများဖြစ်ကြတဲ့ (Jennifer Lopez) ဂျနီဖာလိုပတ်ဇ် နဲ့ (Angelia
Jolie)အင်ဂျလီနာဂျိုလီ တို့ လို့ လက်ရှိ အောင်မြင်နေတဲ
့ထိပ်တန်းမင်းသမီးတွေကပါ ဗုဒ္ဓဘာသာလို့ ဆိုလာကြပါတယ်.။ ဒီ သတင်းသာ
တကယ်မှန်ကန် ရင်တော့ အတိုင်းထက် အလွန်ပါပဲ ။
Eleven Journal ဆိုတာကလည်းမြန်မာပြည်မှာနာမည်ကြီးပါပဲ ။ ဂုဏ်သိက္ခာရှိတဲ့ သတင်းအဖွဲ့ အစည်းတစ်ခုပါ ။
မဟုတ်မှန်တဲ့ သတင်းကိုတော့ လုပ်ကြံလီဆယ်
ပြီးမထည့်လောက်ပါဘူး..
အမှန်တကယ်ဝမ်းသာဂုဏ်ယူမိတယ်လေ.သိပ္ပံခေတ် နှင့် ဗုဒ္ဒခေတ်နှိုင်းယှဉ်ကြည့်ပြီး.
သူတို့လေးတွေသည်လည်း.ငြိမ်းချမ်းသော.စစ်မှန်သော ဗုဒ္ဒဘာသာအမည်ခံခြင်းဖြစ်ကြတယ်ပေါ့.
သိပ္ပံခေတ်ဆိုသည်မှာလည်း..လူသားတွေအတွက်သာကောင်းကျိုးဖြစ်စေတယ်ဆိုတော့
ဗုဒ္ဒခေတ်သည် လူသားအားလုံးရော လူ နတ်ဗြဟ္မာ သတ္တ၀ါအားလုံးအတွက်ကောင်းကျိုးချမ်းသာ
ပေးနိုင်တယ်ဆိုတာ..
ငြိမ်းချမ်းသောစစ်မှန်သော.ဗုဒ္ဒသားတော် သမီးတော်တွေဖြစ်လာတာနဲ့အမျှ.
သူတို့ရဲ့သန္တာန်မှာသည်လည်း..စစ်မှန်သောတရားတွေရနိုင်ပါစေ..
ဤ.အကြောင်းကို မေးတခုမှတွေ့၍..၀မ်းသာပီတိတို့သည်..ရင်ထဲမှာဖြစ်တည်မိလို့.
ဤ post လေးကို တင်ပြလိုက်ရပါသည်..။။
မေးတခုမှတွေ့ရ၍.ထပ်မံပြန်လည်တင်ပြအပ်ပါသည်ဆိုတာ...

No comments:

Post a Comment