အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, October 19, 2010

စေတီတည်ထိုက်သောပုဂ္ဂိုလ(် ၄ )ပါး

၁။ သဗ္ဗညုဗုဒ္ဓမြတ်စွာဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ စကြာဝတေးမင်း

အဘယ်အကျိုးထူးကိုစွဲ၍ စေတီတည်ခြင်းဌာ ထိုက်သနည်းဟူမူ ဒါယကာတို့သည် သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင် သိမြင်တော်မူသော သဗ္ဗညုတ ရွှေဥာဏ်တော်ရှင် ဘုရားရှင်၏ သရီရဓာတ်တော် တည်ရာပေတကားဟု စေတီ၌ ကြည်ညိုရာ ၀တ္ထုတို့ဖြင့် ဘုရားဂုဏ်ကို အာရုံပြု၍ ပြုပြင်ချီးမြောက်ကုန်လတ္တံ့၊ ထိုဒါယကာတို့သည် ဤကြည်ညိုသော စေတနာကြောင့် ခန္ဓာပျက်ကြွေသောအခါ နတ်ရွာသုဂတိသို့လည်းကောင်း၊ သူဌေးသူကြွယ် စသောလူကောင်းလူမြတ်၏ စည်းစိမ်ချမ်းသာကိုလည်းကောင်း ရကုန်လတ္တံ့၊ ထိုသို့ အကျိုးထူး ရှိသည်ကိုစွဲ၍ စေတီတည်ခြင်းဌာထိုက်၏။ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြာမင်းတို့၏ စေတီ၌လည်း ဤနည်းအတူပင်လူတို့ အကျိုးစီးပွားများဖို့ရာ ဖြစ်ကုန်၏။

စေတီ ၄ ပါး
၁။ မြတ်စွာဘုရား သရီရဓာတ်တော်တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော

စေတီသည် ဓာတုစေတီ။


၂။ မြတ်စွာဘုရားသုံးဆောင်တော်မူတတ်သော သင်္ကန်း၊ သပိတ်၊ ရေစစ်၊ ခါးပန်းစသော

ပရိက္ခရာတို့ကို ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော စေတီသည်

ပရိဘောဂစေတီ။ (မှတ်ချက်။ ဗောဓိပင်လည်း ပရိဘောဂစေတီတွင်ပါဝင်ပါသည်။)


၃။ ပဋိစ္စသမုပ္ပါဒ် စသော တရားတော်တို့ကို ရွှေပြား၊ ငွေပြား၊ ပေရွက်စသည်တို့၌ရေး၍

ထည့်သွင်းဌာပနာ၍ တည်ထားပြုစုအပ်သော စေတီသည် ဓမ္မစေတီ။

၎။ မြတ်စွာဘုရား သဏ္ဍာန်တော်ကဲ့သို့ ကိုယ်စားတော်အဖြစ် ထုလုပ်ရေးသွင်းအပ်သော

ရုပ်ပွားဆင်းတုတော်သည် ဥဒ္ဒိဿကစေတီ။


ထိုမှတစ်ပါး သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားတို့၏ ဓာတ်တော်၊ မွေတော် ပရိက္ခရာ ဓမ္မက္ခန္ဓာတို့၏ ကိန်းဝပ်ရာဟု ရည်မှတ်အာရုံပြု၍ သက်သက်သော မြေပုံ၊သဲပုံတို့ကို သဲပုံစေတီပြု၍ ကိုးကွယ်ပူဇော်အပ်၏။



မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သက်တော်ထင်ရှား ရှိတော်မူသော မြတ်စွာဘုရားကို ရည်မှတ်၍ ကိုယ်စားတော်စားဖြစ်သော စေတီတော်၊ ဓာတ်တော်၊ မွေတော်၊ ရုပ်ပွားဆင်းတုတော် တို့ကို ပစ္စည်းလေးပါးဖြင့် သဒ္ဓါရွှင်လန်း လှူဒါန်းပူဇော်ခြင်း၊ အရိုအသေအလေးအမြတ် ကိုးကွယ် ခြင်း စသည်တို့ပြုသောသူသည် သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားအား လှူဒါန်း ကိုးကွယ်ရသည်မည်၏။

သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကို ပစ္စည်းလေးပါးတို့ဖြင့် လှူဒါန်းပူဇော်ရသောသူနှင့် ယခုအခါ သာသနာတော်အတွင်း၌ ကိုယ်စားတော် ရုပ်ပွားဆင်းတုတော် ဓာတုစေတီများကို ကိုးကွယ်ပြုစု ဒါန၀တ္ထုတို့ဖြင့် လှူဒါန်းပူဇော်ရသောသူတို့သည် သဒ္ဓါကြည်ဖြူသော စိတ်တူမျှလျှင် မူကား တူမျှသောအကျိုး၊ တူမျှသော အာနိသံသ ခံစားရကြပေ၏။

စေတီရင်ပြင်၌ ထီးဆောင်းခြင်း၊ ဖိနပ်စီးခြင်း၊ ကျင်ကြီးကျင်ငယ်နှင့် တံတွေးစွန့်ခြင်း စသည်တို့ကို မပြုအပ်၊ ပြုလုပ်လိုသော စေတနာဖြင့် ပြုလုပ်ခဲ့သော် ဘုရား၌ရိုသေခြင်းမရှိ၊ အဂါဝရဖြစ်၏။

ဗောဓိပင်ကို ဖျက်ဆီးလိုသော စေတနာဖြင့်မဟုတ်ဘဲ ဓာတ်တော်နှင့်တကွ စေတီတို့ကို လည်းကောင်း၊ ဗောဓိပင်ကိုလည်းကောင်း၊ ဆင်းတုတော်ကိုလည်းကောင်း ထိခိုက်နှိပ်စက်အပ် သော ဗောဓိခက်ကို ဖြတ်အပ်၏။ ထိုဗောဓိပင်၌နားသော ဌက်တို့သည် စေတီတော်၏အပေါ်၌ ကျင်ကြီးစွန့်ခဲ့မူ ထိုဌက်နားသော ဗောဓိခက်တို့ကို ခုတ်ဖြတ်အပ်၏။

စေတီ၊ဗောဓိပင် စသည်တို့ကို မသင့်မတင့်သော နှလုံးသွင်း၍ ပြစ်မှားလိုသော စိတ်ဖြင့် ဖျက်ဆီးခြင်း၊ ခုတ်ဖြတ်ခြင်းကြောင့် အပါယ်ကျတတ်၏။

ဟောင်းနွမ်း ဆွေးမြေ့လေပြီးသော စေတီ၊ ဂူ၊ကျောင်း၊ တန်ဆောင်း၊ ဇရပ်တို့ကို စေတနာကောင်း ဖြင့် နှလုံးသွင်းပြီးလျှင် အဟောင်းကိုဖျက်၍ အသစ်ပြုပြင်ဆင်လျှင် သုဂတိလားတတ်၏။

စေတီတည်ထိုက်၊ ကိုးကွယ် ရှိခိုးအပ်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်အား ယခုကဲ့သို့ ရှင်းလင်းတင်ပြရခြင်းမှာ ယခုခေတ်လူငယ်အချို့ (မိစ္ဆာဒိဌိအယူရှိသူတို့) က မြတ်စွာဘုရား၏ ပုံတော်၊ ဆင်းတုတော်၊ ကိုယ်စားတော်တို့အား ရှိခိုးရုံမျှဖြင့် အကျိုးမရှိဟု ပြောဆိုနေကြသော ကြောင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော စေတီ ၄ မျိုးနှင့် စေတီတည်ထိုက်သော ပုဂ္ဂိုလ်များအကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment