အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, February 5, 2011

မြို့ရာဇဂြိုဟ်သို့ဒုတိယမ္ပိအကြိမ်ရောက်ရှိခြင်း


ဂိဇ္ဈကုဋ်တောင်အနီးတွင်မြတ်စွာဘုရား၏ကျောင်းတော်ရာ
ဒုက္ကရစရိယာကျင့်သောဥရုဝေလတောမှအပြန်ကားသမားအားဂိုက်ဆရာ အရှင်ဇနကမှ ရာဇဂြိုဟ်သို့ဆက်လက်သွားကြဘို့ပြော၍ ကားသမားအားညှိလိုက်ရာ ရူပီးငွေ ၁၈၀၀ ဖြင့်အဆင်ပြေခဲ့တော့၏.။ထိုမှဆက်လက်၍ တောင်ငါးလုံးကာခိုရာဇြ၈ိုဟ်သို့မြတ်စွာဘုရား( )၀ါမြောက်ဝါဆိုတော်မူရာကျောင်းတော်ရာရှိသည်.။ကားကလေးသည်လည်းအချိန်ကိုသိနေသလို ခပ်မြန်မြန်လေးဖြင့် မကြာခင်တောင်ငါးလုံးပတ်ချာဝိုင်းလျှက်ရှိသည်.။ကားပေါ်မှတောင်ရိုးတောင်တန်းမှားဖြင့်မြို့ရာဇဂြိုဟ်၏ သရုပ်ကိုဖေါ်ထုပ်ပေးနေသည်.မိမိငယ်ရွယ်စဉ်အခါက ပါဠိတော် အဌကထာများသင်ခဲ့ဘူးသည်.လေ့လာဆည်းပူးဘူးသည်။ဆရာတော်တွေတရားဟောတာနာဘူးသည် ယ္ခုမူ တောင်ငါးလုံးကာခို မြို့ရာဇဂြိုဟ်အားထပ်မံရောက်ရှိတော့မည်..။
ဆောင်းရာသီမို့ နှင်းဖြူဖွေးဖွေးတို့ဖြင့်တောင်တန်းကိုမပီဝိုးဝါးခဲ့.နှင်းများဖုံးလွှမ်းနေခြင်းသည်လည်းတောင်ရိုးတောင်တန်းမှားကို
သာ၍ကြည့်လို့တမျိုးကောင်းသည် ဟုတွေးမိနေသည်.။စိတ်အာရုံတို့သည်ကား.ဒေ၀ဒတ်သည် မြတ်စွာဘုရားအားကျောက်မောင်းဆင်သော ဂိဇ္ဈကုဋ်တောင်သို့ အာရုံရောက်လို့နေပြီ အရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရားအားသေစေလိုသော စိတ်ဆန္ဒဖြင့် အသက်ဇီဝိန်ခြွေခဲ့သည်။သို့သော် မြတ်စွာဘုရား၏တန်ခိုးရှိန်စော်အာနုဘော်ကြောင့် သေစေလိုသောလည်း ခြေမသွေးစိမ်းတည်ခဲ့သည်.။ခေတ်စကားတွေရှိသည် ဒေ၀ဒတ်လိုမယုတ်မာနှင့်ဟု ရှေးလူကြီးများစာဆိုစာဖွဲ့ခဲ့ကြသည်.။အရှင်ဒေ၀ဒတ်သည် ယ္ခုအချိန်ဝယ် လောဟကုမ္ဘီငရဲ၌ ခံနေရသည်.။အဖြေကြည့်သော် အာဏာရလိုမှုတခုတည်း.။၎င်းအာဏာသည် သူ့အားဒဏ်ခတ်စေခဲ့သည်.။အမှန်စင်စစ်ဇစ်မြစ်ကြည့်သော် အာဏာသည် ထိုက်တန်မှသာကောင်း၏.။သူ၏ တပည့်အရှင်ဇာတသတ်သည်လည်း အဖေအားခြေကိုဒါးခွဲ ရှားမီးခဲကင်ကာထောင်ထဲအကျဉ်းကျစေသည်.အမှန်အားဖြင့်အာဏာရလိုမှုသည် ဖအေကိုသတ်ဘို့ဝန်မလေး.ဖအေ သတ်ဘို့ဝန်မလေးဟု ဆိုခဲ့သော အခြားသောမျက်နှာစိမ်းကိုကားမတွေးရဲ.သူသည်လည်းလူပေါင်းမှားခဲ့လေပြီ ဆရာဒေ၀ဒတ်ကို အထင်ကြီးသည် ကိုးကွယ်သည် ဆရာဒေ၀ဒတ်သည်အဖေကိုသတ်ဘို့အမိန့်ပေးသည် သူသည်လည်းဘုရားကိုသတ် တပည့်ဖြစ်သူအဇာတသတ်အားအဖေကိုသတ်ခိုင်းစေသည်.။လူပေါင်းမှားခဲ့လေပြီ.။
်ထိုရာဇဂြိုဟ်မြို့သည် ယနေ့ထက်တိုင်ဗိမ္မိသာရ ထောင်ချသောနေရာနှင့် သူ၏ ဘဏ္ဍာတော်တိုက်တို့မှာတွေ့မြင်နိုင်၏..။လွန်ခဲ့သော၃ နှစ်ခန့်ကရောက်ခဲ့ဘူးသည်တို့ကိုပြန်လည်တွေးတောရင်းအတွေးစကိုဖြတ်နေချိန် အပြင်မှ တိုက်ခတ်လာသောလေအေးတချက်ကြောင့်အတွေးစကိုဖြတ်ကာ ကားကလေးသည်လည်း ဝေဘာရတောင်.ပဏ္ဍ၀တောင်.ဝေပုလ္လတောင်.အိသိဂိလိတောင်နှင့်ဂိဇ္ဈကုဋ်တောင် အရောက်တွင် ကားကလေးသည်အချိန်ပြည့်လို့ရောက်ပြီလို့ မိမိတို့အဖွဲ့အားသတိပေးကာထိုးရပ်လိုက်တော့၏.။ကားပေါ်မှဆင်းခဲ့ကြသည်.မြတ်စွာဘုရားအား ဒေ၀ဒတ်သည် ကျောက်မောင်းဆင်ရာ ဂိဇ္ဈကုဋ်တောင်ပေါ်သို့ စတီးဓါတ်ကြိုးဖြင့်တတ်ရ၏ ခြေလျင်တတ်လို့လဲရ၏.မြတ်စွာဘုရားကျောင်းတော်ရာသည်လည်းတွေ့မြင်ခဲ့ရသည်.။ထိုတောင်ထိပ်တွင်
ဂျပန်နိုင်ငံမှတည်ထောင်လှူဒါန်းထားသော ကမ္ဘာငြိမ်းချမ်းရေးစေတီတော်တဆူတည်ထားကိုးကွယ်ထားသည်.။၎င်း ရာဇဂြိုဟ်မြို့သည် ဂျိမ်းဘာသာနှင့်ဗုဒ္ဒဘာသာတို့ ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည်။
ဗိမ္ဖိသာရနှင့်အဇာတသတ်
မြတ်စွာဘုရားလက်ထက်တော်က အင်အားကြီးသောနိုင်ငံကြီး ၄ ခုရှိသည်။ မဂဓတိုင်း ရာဇဂြိုဟ်မြို့။ကောသလတိုင်း.သာဝတ္ထိမြို့။ဝစ္ဆတိုင်း.ကောသမ္ဖီမြို့။အ၀န္တိတိုင်း ဥဇ္ဇေနီမြို့တို့ဖြစ်ကြသည်.။
ဆက်လက်တင်ပြပါမည်ဆိုတာ..

Wednesday, February 2, 2011

အမေပြောခဲ့ဘူးခဲ့တဲ့ ဦးတော်.



ငယ်စဉ်ကလေးဘ၀အရွယ်.. ဘာမှမသိနားမလည်သေးတဲ့အရွယ်တုန်းက အမေ အမြဲမှာတဲ့ စကားလေးတစ်ခွန်း သတိရမိပါတယ်။ ဘုရားစင်(ဘုရားကျောင်းဆောင်)ရှေ့ရောက်ရင် သားရေ.. လက်လေးနှစ်ဖက်ကိုပူးပြီး ဦးတော်လုပ်ရတယ်ဆိုပြီး နှဖူးနဲ့ကြမ်းပြင်ကို ထိပြီး ရှိခိုးဖို့ အမြဲမှာတယ်။ လမ်းမှာ ရဟန်းသံဃာတွေ တွေ့ရင်လည်း လက်အုပ်လေးချီပြီး သားရေ.. ဦးတော်လုပ် ဦးတော်လုပ်။ ညအိပ်ရာဝင်ရင်လည်း ဖေဖေနဲ့မေမေကို ဦးတော်လုပ်အိပ်ရတယ်ဆိုပြီး အမြဲမှာခဲ့တယ်။ အသက်အရွယ်အနည်းငယ်ရောက်လာပြီး ကျောင်းစနေတဲ့အချိန်တုန်းကလည်း ဆရာဆရာမတွေ အခန်းထဲဝင်လာရင် လက်အုပ်လေးချီပြီး မင်္ဂလာပါဆရာမ ဆိုပြီး နှုတ်ဆက်ရပြန်ပါတယ်။ အမေမှာကြားတဲ့ ဦးတော်လုပ်ရတယ်ဆိုတဲ့ စကားလုံးနဲ့တော့ ရင်းနှီးခဲ့တာ ကြာခဲ့ပါပြီ။ ဦးတော်လုပ်ရတဲ့အကြောင်းကိုတော့ သေချာနားမလည်ခဲ့မိပါဘူး။ ဘာလို့လုပ်ခိုင်းရတာလဲပေါ့။ အသက်အရွယ်လေး နည်းနည်းကြီးလာပြီး သိတတ်နားလည်တတ်တဲ့အချိန်ကျမှ အမေဦးတော်လုပ်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေဟာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေ ဆိုတာ သိလာရပါတယ်။ ဘာလို့ကျေးဇူးရှိရတာလဲဆိုတာတော့ သေချာမသိခဲ့ရပြန်ပါဘူး။ ဒီလိုနဲ့ ဘာမှန်းမသိဘဲ ဦးတော်လုပ်ခဲ့တာ ကြာခဲ့ပြီပေါ့။

ဦးတော်အကြောင်းစဉ်းစားရင်း ဆရာတော်တစ်ပါး မေးလိုက်တဲ့ မေးခွန်းနဲ့မှ ကိုယ်စဉ်းစားတာ သွားတိုက်ဆိုင် နေပါတယ်။ ဆရာတော်ဘုရားကမေးပါတယ်.. ဘာလို့ ဘုရားကို ရှိခိုးတာလဲတဲ့။ တန်ခိုးကြီးလို့လား၊ ကိုယ်က အကုသိုလ်တွေ ဘယ်လောက်လုပ်လုပ်.. ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ကျေအေးပေးစေနိုင်တဲ့ပုဂ္ဂိုလ် မို့လို့လား၊ ဒါမှမဟုတ်.. အရာရာကို ဖန်းဆင်းပေးနိုင်တဲ့ တန်ခိုးရှင်မို့လို့ အားကိုးရှာတာလား၊ လူကြီးမိဘတွေက ဘုရားဆိုရှိခိုးလိုက် ဆိုလို့သာ ရှိခိုးနေရတာလား ဆိုပြီး လားပေါင်းများစွာနဲ့ ဆရာတော်က မေးခွန်းတွေ ထုတ်လိုက်ပါတယ်။ ဒီတော့မှာ့ ကိုယ့်ကိုယ်ကိုလည်း ဘုရားကိုရှိခိုးနေတာ ဘာအတွက်လဲဆိုပြီး စဉ်းစားမိတယ်။ ဦးငါးကြိမ်သာ ချလိုက်တယ် ဘာကိုရည်ညွှန်းပြီး ဘာအတွက် ချတာလဲ။ ဘုရားရှိခိုးဆိုရင် ဘုရားရှင်ရဲ့ပုံတော်ကြီးမျက်စိထဲမြင်ပြီး ရှိခိုးနေတာလား..။ ဒီလိုဆို စေတီတော်တွေသွားပြီး ဘုရားဖူးရင် ဘယ်ဟာကို မျက်စိထဲမြင်ပြီး ရှိခိုးရမှာလဲ..။ ဘုရားပုံတော်လား၊ စေတီတော်ပုံလား။ အဲ့လိုမေးလိုက်တော့ ကိုယ့်မှာ စဉ်းစားစရာတွေက အများကြီး ထွက်လာပါတယ်။

ကိုယ်ကသာအများကြီး စဉ်းစားနေတာ ဆရာတော်ပြောတော့လည်း ရှင်းလင်းလိုက်ပါဘိ။ ဘုရားကိုရှိခိုးတာဟာ ကျေးဇူးရှိလို့ ရှိခိုးတာ။ ဘယ်လိုရှိခိုးကန်တော့ရလဲဆိုတော့ ကျေးဇူးသိပြီး ကျေးဇူးတရားကို တန်ဖိုးထားတဲ့စိတ်ကို နှလုံးသွင်းပြီး ကန်တော့ရတယ်တဲ့။ မှန်လိုက်ပါဘိ။ အင်မတန် မှတ်သားသင့်တဲ့ စကားပါပဲ။ ဒီတော့ ကျေးဇူးတရားကို ဘယ်လိုတန်ဖိုးထားရမလဲ။ ဘယ်လိုတွေ ကျေးဇူးရှိတာလဲဆိုတာသိဖို့အတွက် အရေးကြီးပြီပေါ့။ ဘုရားရှင်ရဲ့ကျေးဇူးတွေကို နားမလည်ရင် ဘုရားကိုတန်ဖိုးထားရမှန်းလည်း မသိသလို.. ဦးတော်လုပ်နေတာတွေဟာလည်း ပုဆိန်ပေါက်သလိုပဲ ဖြစ်နေအုံးမှာပါ။ ဦးငါးကြိမ်သာပြီးသွားတယ် ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို ရည်ညွှတ်တဲ့စိတ်တွေက ပျောက်နေမှာပါပဲ။ ဘုရားကိုရည်ညွှတ်တဲ့ စိတ်တွေပျောက်နေရင်လည်း ဦးတော်လုပ်နေတာဟာ ဘုရားကိုကန်တော့တာ မဟုတ်တော့ပြန်ပါဘူး။ ဒီတော့ ဘုရားကန်တော့တတ်ဖို့ဆိုရင်.. ကျေးဇူးတရားကိုသိအောင် အရင်ဆုံး နှလုံးသွင်းတတ်ဖို့ အရေးကြီးပြီပေါ့။

ကျေးဇူးတရားကို သိဖို့ပြောမိတော့.. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ” တဲ့။ ဒါဟာ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို မြင်သာအောင် မီးမောင်းထိုးပြပေးလိုက်တဲ့ အဆုံးမစာသားပါပဲ။ မြတ်ဗုဒ္ဓသာ ကုသိုလ်အကုသိုလ်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အကြောင်းအကျိုးဆက်စပ်ပြီး ဝေဖန်ပိုင်းခြား ဆုံးမမပေးခဲ့လျှင် သတ္တလောကကြီးဟာ လူ့တိရိစ္ဆာန်ဘ၀တွေနဲ့ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။ မိဘဆိုတာနားမလည်၊ ဆရာဆိုတာ တန်ဖိုးထားရမှန်းမသိနဲ့ ကျေးဇူးရှင်ဆိုတာလည်း အလကားထင်သွားမှာပါပဲ။ ဒီ့အပြင် လူ့ဘ၀ကို ရရှိလာတာဟာ ပျော်ပျော်နေပြီး ကာမဂုဏ်အာရုံတွေခံစားဖို့လို့ ထင်သွားမှာပါ။ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတွေနဲ့ မပြတ်နှိတ်စက်နေတဲ့ကြားထဲက လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်း တောက်လောက်နေကြမယ်ဆိုရင်ဖြင့် အပူပေါ်အပူဆင့်ကြရအုံးမှာပါ။ မိုက်ပြီးရင်း မိုက်ရင်း အမှောင်သံသရာထဲမှာ ကျင်လည်ကြရအုံးမှာပါ။ အိပ် စား ကာမဆိုတဲ့သုံးခုနဲ့တင် လူ့ဘ၀ကြီးကို အသုံးချသွားကြရတော့မှာပါ။

ယခုအချိန်ခါမှာလည်း ဘုရားရှင်ရဲ့ တရားနဲ့ ဝေးကွာနေတဲ့သူတွေဟာ ဒီလိုတွေပဲဖြစ်နေတာကို မျက်မြင်တွေ့နေရတာပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ပါဘူးနော်.. ဘယ်ဘာသာဝင်ပဲ ဖြစ်နေပါစေ.. အရှက်တရား အကြောက်တရားဆိုတာ ကင်းမဲ့ပြီးတော့ ပျော်လိုက်ပါးလိုက် မူးလိုက်ရူးလိုက်နဲ့ ဘ၀ကိုအကျိုးမဲ့ အသုံးချသွားမယ်ဆိုရင် တိရိစ္ဆာန်တစ်ကောင်နဲ့ ဘာမှမထူးပါဘူး။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ လူသားချင်းစာနာထောက်ထားတတ်တဲ့ ကိုယ်ချင်းစာတရားတွေမှ မရှိရင်ဘယ်လောက်ကြီးပဲ တိုးတက်ပါတယ်ပြောပြော.. ဘယ်လောက်ကြီးပဲ ကြွယ်ဝချမ်းသာပါတယ်ပြောပြော လူ့အဆင့်တန်း တိုးတက်တယ်လို့ကို မဆိုနိုင်ပါဘူး။ အမြဲနိမ့်ကျနေတယ်လို့ ဆိုရမှာပါပဲ။ လူ့ဘ၀ရဲ့အနှစ်သာရ လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်တွေ နားမလည်ရင် လူ့ဘ၀ရဲ့အဓိပ္ပါယ်ကို သဘောမပေါက်ရင်တော့ အဲ့ဒီ့ပုဂ္ဂိုလ်ဟာ လူဖြစ်ရက်နဲ့ တိရိစ္ဆာန်တစ်ကောင်ဘ၀ကို ရောက်နေရတာပါပဲ။

သီတဂူဆရာတော်ဘုရားကြီး ဆုံးမစကားနဲ့ ပြောရရင်တော့ “နွားတွေဟာ တနေ့တခြား အသားတွေသာတိုးပြီး အသိဥာဏ်တိုးမလာကြဘူး.. နွားလိုမဖြစ်ချင်ရင်တော့ အသားတိုးသလို အသိဥာဏ်ပညာတွေ တိုးအောင်လုပ်ကြ” ဆိုတာပါပဲ။ “အသိဥာဏ်ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်တာကို ဆိုလိုတာပါ”။ မှား၏ မှန်၏ တော်၏ မတော်၏ကို ဝေဖန်ပိုင်းခြားပြီး လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ နေထိုင်ကျင့်ကြံနေတာဟာ အသိဥာဏ်နဲ့ နေထိုင်နေတာပါပဲ။ ဒီလိုအသိဥာဏ်နဲ့ နေထိုင်တတ်လာအောင် လူ့ဘ၀ကို တန်ဖိုးထားတတ်လာအောင် ဆုံးမပြုပြင်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကတော့ အနန္တပါပဲ။ ဒီလိုကျေးဇူးတရားတွေမြင်ပြီး ဘုရားရှင်ကို ကန်တော့မှသာ ကျေးဇူးသိပြီး ကန်တော့တဲ့အတွက် တကယ်ကန်တော့တတ်လာမှာပါ။

ကျွန်တော့်အနေနဲ့ ဘုရားရင်ရဲ့ ကျေးဇူးတရားတွေကို အနည်းငယ်မြင်သာအောင်သာ ပြောပြလိုက်တာပါ။ ဖြန့်တွေးနိုင်ရင် တွေးနိုင်သလောက် ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေက အနန္တပါပဲ။ အဓိကပြောလိုတာကတော့ ဘုရားရှင်ကိုကန်တော့တဲ့အခါမှ ကျေးဇူးသိပြီး ကျေးဇူးတရားကို တန်ဖိုးထားတတ်တဲ့ စိတ်ထားတွေနဲ့ ကန်တော့တတ်ဖို့ပါ။ လက်အုပ်လေးချီပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီးတော့. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့လိုသာ တိရိစ္ဆန်တစ်ကောင်ရဲ့ဘ၀နဲ့ ဘာမှမထူးတဲ့ ငါ့ဘ၀လေး လူ့ဘ၀မှာ နေရတာ ပိုပြီး အဓိပ္ပါယ်ရှိလာပါလား.. လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူမီးတွေကနေ ကင်းဝေးစေရန် ဟောပြဆုံးမပေးခဲ့တာဟာ အင်မတန်မှပဲ စိတ်ကိုနူးညံ့အေးချမ်းစေပါလားဆိုပြီး ကျေးဇူးတရားတွေကို စိတ်ထဲမှာ ရည်ညွှတ်ပြီး ဘုရားရှင်ရဲ့ကျေးဇူးတွေ မြင်အောင် ကန်တော့ပေးနိုင်ကြပါစေ။ မိမိကိုယ်တိုင်လည်း ကိလေသာ အပူမီးတွေ ငြိမ်းအေးသလို.. သတ္တ၀ါအားလုံးကိုလည်း ကိလေသာအပူမီးတွေ ငြိမ်းအေးပေးစေတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို မြင်သိနိုင်အောင် နှလုံးသွင်းပြီး ရှိခိုးနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ အမေပြောခဲ့တဲ့ ဦးတော်တွေ ပိုပြီး အသက်ဝင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…
မူရင်းက ဒီမှာ...www.dhammamitta.com/

Friday, January 28, 2011

ဥရုဝေလတောရိပ်အလွမ်း(သို့)တရားအမှန်ရှာဖွေရာနေရာ

ဒီ.လို ဒုက္ကရစရိယာ(၆)နှစ်ကြာကျင့်တော်မူခဲ့တဲ့ ရှင်တော်ဗုဒ္ဒ


ဥရုဝေလတောရပ်တောင်တန်းတနေရာပေါ့

မှတ်မှတ်ရရနေ့.အမိမြန်မာပြည်မှသူငယ်ချင်းများဖြစ်ကြသော အရှင်တိက္ခဥာဏ နှင့်အရှင်သုနန္ဒ တို့သည် အိန္ဒိယနိုင်ငံသို့ ပညာသင်ရန်ရောက်ရှိလာခဲ့၏.၁၇ ရက်နေ့တွင်ရောက်ရှိပြီး ၁၈ ရက်နေ့တွင် မြို့ရာဇဂြိုဟ်နှင့်နေရဉ္ဖနာမြစ်စသည့်နေရာလေးတွေကို လိုက်ပို့ရန် ဂိုက်အဖြစ်အရှင်ဇနက (နာလန္ဒာတက္ကသိုလ်)နှင့်မိမိရော ၄ ပါးအဖွဲ့တို့သည် ဥရုဝေလတောအုပ်မြတ်စွာဘုရားဒုက္ကရစရိယာ

( ၆)နှစ်ကြာကျင့်ကြံခဲ့သောနေရာသို့
ကားကလေးကို ရူပီး ၅၀၀ ဖြင့် ငှားကာသွားခဲ့တော့၏.။။ကားကလေးသည်လည်းတာဝန်ကျေပြွန်စွာမိမိတို့ကားပေါ်ရောက်သည်နှင့်အရှိန်
်ပြင်းစွာမောင်းထွက်တော့၏.။ ဂယာမြို့ကိုကျော်ဖြတ်၍ ရာဇဂြိုဟ်သို့သွားရာလမ်းမကြီးသို့ရောက်လာခဲ့ပြီကော.ဂယာမြစ်ကိုကျော်ဖြတ်ကာ မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံခဲ့သောနေရာဥရုဝေလတောအုပ်တနေရာသို့ကားလေးသည်ဖြေးညှင်းစွာ
တဖုံ လျင်မြန်စွာတမုံ့ လမ်းဘေး၌တွေ့မြင်ရသော ကားသေးကားကြီးများစက်ဘီးဆိုင်ကယ်များဖြင့် ရောပြွမ်းရှုတ်ထွေးကာမိမိအလိုရှိရာနေရာသို့သွားလာနေကြသော ကုလားများနှင့် လမ်းဘေးမြင်တွေ့ရသော စိုက်ခင်းများ.မိမိတို့သည် တဦးနှင့်တဦးစကားမပြောဖြစ်ပဲ
အတွေးကိုယ်စီဖြင့် ကားလေးခေါ်ဆောင်ရာသို့ လိုက်ပါခဲ့ကြလေပြီ.။မိမိသည်.မြတ်စွာဘုရားရှိစဉ်က ဒီနေရာတွေခြေလျင်ခရီးဖြင့်ဆွမ်းခံထွက်ပုံ ပုံရိပ်များနှင့် စိတ်အစဉ်အာရုံတို့သည်ကြည်ညိုမှုအနှိုင်းမဲ့စိတ်ဖြစ်တည်ကာ အတွေးထဲနစ်မြောနေခဲ့သည်.အပြင်မှတိုက်ခတ်လာသောဆောင်းလေနုတချက်ကြောင့်အတွေးဆကိုဖြတ်ပြီး ကားဘေးဘီကိုကြည့်မိတော့၏.ကျေးရွာလေးတရွာထဲသို့ရောက်နေပြီ ရွှံ့တို့ဖြင့်၎င်း.နွားချေးတို့ဖြင့်၎င်း ဖန်တီးထားသောအိမ်လေးများ.တချို့တိုက်တာများ
လမ်းဘေးတွင်မြင်တွေ့ရသောအဖိုးကြီးအဖွားကြီးများ ကလေးလူငယ်လူရွယ်များဖြင့်ဆောင်းရာသီအအေးဒဏ်ကိုကာကွယ်ပြီးနေဆာလှုံနေကြသည်
တနေရာအရောက်ကလေးတယောက်မှ မိမိတို့ကားအားလက်ဖြင့်ပွတ်တိုက်ပြီးလုပ်ရပ်ကိုမြင်တွေ့လိုက်တော့ အော် မဇ္ဈိမသားတို့ရယ် မတော်လို့များကားတိုက်မိလိုက်ရင်.ဟု တွေးမိ၏.။များမကြာမီ ဥရုဝေလတောင်တန်းကြီးမြင်တွေ့နေရလေပြီ..။ကားလေးသည်လည်းတာဝန်ကျေပြွန်ခဲ့သည်မို့ တရှိန်ထိုးရပ်သွားတော့၏.။ကားပေါ်ကဆင်းသည်နှင့်တပြိုင်နက် နှုတ်ဆက်လိုက်သည်ကား.စုတောင်းစားများဖြစ်တော့၏.မိမိတို့သည်လည်း အရှင်ဇနက.ဂိုက်ခေါ်ဆောင်ရာသို့ ဥရုဝေလတောအုပ်ဖြစ်သော မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံရာတောင်တန်းပေါ်သို့ ခြေလျင်တတ်ရတော့၏.။လမ်းဘေးမတွင် အိပ်လျက်တောင်ရမ်းနေသော အဖွားအိုများ.ကလေးကိုပိုက်ပြီးတောင်ရမ်းနေသောအမျိုးသမီးများနှင့်ကလေးသူငယ်တို့သည်လည်း ပိုက်ဆံတောင်းနေကြတော့၏.၁၅ မိနစ်ခန့်တတ်ပြီးသည်နှင့် မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံသောလှိုဏ်ဂူထဲသို့ဝင်ကာအမှတ်တရဓါတ်ပုံများရိုက်ပြီး.ဘုရားကို
အာရုံပြုဆုတောင်းမေတ္တာပို့သမှုပြုလိုက်မိပါသည်.။ထိုနေရာတွင် ထိုင်းဘုန်းတော်ကြီးနှင့်ဒကာ/မများ..နေပါလီမြို့သူ/သားများ..တိဘက်များနှင့် ဘုရားဖူးများအများအပြားတွေ့ရှိခဲ့ရ၏.။ထိုနေရာတွင် မြတ်စွာဘုရားဘုရားမဖြစ်ခင်က
ဘာသာပေါင်းစုံ အယူပေါင်းစုံနှင့်တွေ့မြင်ခဲ့ရ၍ ၎င်း ဥရုဝေလတောအုပ်သို့ရောက်ရှိကာ အမှန်တရားရှာဖွေခဲ့ရာ ၆နှစ်တိုင်တိုင် ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့သောနေရာဖြစ်တော့၏.။ရာဇဂြိုဟ်တခွင် တရားမှန်ရှာဖွေလာခဲ့ရာမှ ဘုရားမဖြစ်မီဘုရားအလောင်းတော်ဘ၀တွင် အယူပေါင်းစုံ အလွှာပေါင်းစုံကို လိုက်လံလေ့လာဆည်းပူးပါသော်လည်းလိုခြင်သောပန်းတိုင်မရရှိခဲ့ပေ.။ဘုရားအလောင်းလျာသည် တရားကျင့်သောရသေ့ရဟန်းကျောင်းများကိုလှည့်လည်ရှာဖွေဆည်းပူးခဲ့သည်.လက်တွေ့ကျင့်သုံးခဲ့သည်.။
တွေ့သမျှ ရသေ့ဆရာကြီးများအနက် အာဠာရ ရသေ့နှင့်ဥဒကရသေ့ကြီးမှာသမထအကျင့်လမ်းစဉ်ကိုထိပ်ဆုံးသို့ရောက်အောင်ပို့ဆောင်နိုင်ပါသော်လည်း သမထလမ်းစဉ်ဖြင့် ကိလေသာမကုန်ခမ်းနိုင်.။ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာနိဗ္ဖာန်သို့မရောက်နိုင်ဟု သိရသဖြင့်ထိုဆရာကြီးများထံမှဖဲခွာခဲ့သည်။။မြောက်ပိုင်းရှိ ဟိမ၀န္တာတောင်ရိပ်ခိုသောရသေ့ကျောင်းသင်္ခန်းများကိုချဉ်းကပ်ခဲ့ပြီးနောက်ရာဇဂြိုဟ်တ၀ိုက်အနှံ
လှည့်လည်ဆည်းပူးရှာဖွေခဲ့သည်.တဖန်ရာဇဂြိုဟ်မြို့မှတောင်ဘက်သို့ မိုင် ၄၀ ခန့်စုန်ဆင်းလာခဲ့ရာဂယာမြစ်သို့ရောက်သည်။ဂယာမြစ်ကားဖြူစဉ်မြင့်မြတ်လှသည်ဟု ကျော်ကြားသည်.။ထိုမြစ်ရေဖြင့်ရေချိုးပါက(ဆေးကြောပါက)လူတို့၏၀ိညာဉ်မှာကိလေသာစဉ်ကြယ်သည်ဟ
ုယူဆနေကြသည်.။မြစ်ကမ်းပါးရှိညောင်ပိန္နဲပင်ကြီးသည်လည်းရှိ၏။ထိုညောင်ပိန္နဲပင်ကြီးကိုယဇ်ပူဇော်ပါက သံသရာမှလွတ်မြောက်နိုင်သည်ဟုယူဆကာနေ့စဉ်ပူဇော်ပသနေသောအယူဝါဒရှိသူများရှိကြသည်.။
ဘုရားအလောင်းတော်သည်ဆင်ခြင်တုံတရားလက်ကိုင်ထားကာအသိဥာဏ်ရှိသူဖြစ်ရကားထိုထို
အယူဝါဒများကိုဥပေက္ခာပြုလျစ်လျူရှုကာလက်မခံချေ။ဂယာကဿပရသေ့ကြီးကား ဂယာမြစ်၌အချိန်မှန်ရေချိုး၍ မကောင်းမှုကိလေသာတွေကိုဆေးကြောနေသည်.။ဂယာတောင်ဘက်ဆက်လက်ထွက်လာခဲ့ရာ နေရဉ္ဖနာမြစ်ညာပိုင်း၌ နဒီကဿပနှင့် ဥရုဝေလကဿပတို့သည်လည်း ရေငုတ်မီးလှုံ တုန်းခုန်ဖယ်ခတ် လမ်းစဉ်ကိုကျင့်နေကြသည်ဟု ဘုရားလောင်းသည်ကြားသိနေရသည်.။သို့ရာတွင် ထိုအကျင့်လမ်းစဉ်တွေကိုဖယ်ရှားစွန့်ပစ်ပြီးဖြစ်၍ထပ်မံစုံစမ်းရန်မလိုတော့ဟု ဆုံးဖြတ်ကာ နေရဉ္ဖနာမြစ်၏အရှေ့ဘက်ရှိဥရုဝေလတောအုပ်တွင်တတ်ခါတောင်ခါးပန်းတွင်သဘာဝအလျှောက်ဖြစ်
်ပေါ်နေသောကျောက်ဂူငယ်တခုတွေ့လေသည်။။ဂူငယ်မှာအလျား ၁၀ တောင် အနံ ၆ တောင်ခန့်ကျယ်ဝန်း၍ ဂူငယ်ရှေ့၌ပြန့်ပြူးသော မြေဥပစာမြေကွက်လပ်လည်းရှိ၏.။၎င်း နေရာကိုရွေးခြယ်ကာ .ဒုက္ကရစရိယာ အကျင့်ကိုကျင့်ကြံအားထုတ်ခဲ့သောနေရာပင်ဖြစ်တော့၏.။။

Wednesday, January 19, 2011

သုဒတ္တ၏ ဘ၀ပုံရိပ် ( ၂ )



မိရိုးဖလာ ယုံကြည်မှု ( ဘာသာရေးကို ခပ်ပေါပေါ့ သဘောထားသူ ) ပသာဒသဒ္ဓါ၊
ရတနာသုံးပါးဂုဏ်တော်တို့ကို သိ၍ နှစ်နှစ်ကားကား သက်ဝင်ယုံကြည်မှု (ဘာသာတရား အလေးထား သူ) သြကပ္ပနသဒ္ဓါ၊အရိယာမဂ်ဥာဏ်နှင့်ယှဉ်၍ ယုံကြည်မှု ( သစ္စာတရား ထိုးထွင်းသိသူ ) အဓိဂမသဒ္ဓါ၊ယင်းသုံးမျိုးတွင် သုဒတ္တသည် “ ဘုရားရှင်အပေါ် ” ဘာသာတရား အပေါ် အဓိဂမသဒ္ဓါဖြင့် ချဉ်းကပ်ယုံကြည်သည့်အဆင့်အထိ ရောက်သွားပေပြီး။
သူ၏ယုံကြည်ချက်သည် လူမှုရေး စီးပွါးရေး အိမ်ထောင်ရေးစသည့် မည့်သည့် အရေးကြောင့်မှ ပျက်စီးနိုင်ခြင်းမရှိတော့၊နောက်ဆုံးအနေအားဖြင့် ဘာသာစွန့်
မလား အသက်စွန့်မလား ကြိုက်ရာရွေးဆိုလျှင် အသက်ကိုသာ စွန့်မည် ဘာသာ
တရားကိုတော့ လုံးဝ စွန့်မည်မဟုတ်တော့၊
သူသည် သောတာပန်မျှသာ ဖြစ်သေး၍ နောက်ဘ၀ပြောင်းရပေအုံးမည်၊ သို့သော်
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း ဘယ်လောက်ပြောင်းပြောင်း ယုံကြည်ချက်ကတော့
ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ဘ၀နှင့်ချီ၍ပင် ခိုင်မြဲသော သဒ္ဓါတရား သူရသွား
လေပြီ။

သူ၏ ယုံကြည်ချက်သည် ကြောက်၍ ယုံကြည်ခြင်းလည်း မဟုတ်၊ အပြောကောင်းလွန်း၍ ဟုတ်များဟုတ်လေမလားဟု သံသယဖြင့် ယုံကြည်ခြင်း လည်းမဟုတ်၊ လူများစု ယုံကြည်သည့်ဘာသာဖြစ်ရကား အများယုံလို့ ယုံသည့် ယုံကြည်ခြင်းလည်း မဟုတ်၊ ရုပ်နာမ်ခန္ဓာတို့၏ သဘာဝဓမ္မကို ကိုယ်တိုင်ထိုးထွင်း
သိရှိ၍ ယုံကြည်ခြင်း ဖြစ်၏။ တနည်းအားဖြင့် သမ္မုတိသစ္စာကို ပရမတ္ထထိ ရောက်
အောင် အတွင်းသိ သိ၍ ယုံကြည်ခြင်းဖြစ်၏။
ထို့ကြောင့် သုဒတ္တသည် နှုတ်မှ ထုတ်ဖေါ်၍ပင် ရှင်တော်ဘုရားကို လျှောက်ထား
လေတော့၏။

အရှင်ဘုရား ရှင်တော်မြတ်ဘုရား၏ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ ပေ၏။ အရှင်ဘုရား ရှင်တော်မြတ်ဘုရား၏ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။
ဥပမာထား၍ တပည့်တော်လျှောက်ထားရလျှင် မှောက်ထားသော အိုးကို လှန်
ပြဘိသကဲ့သို့ . တစ်စုံတစ်ခုဖြင့် ဖုံးလွှမ်းသည့်ပစ္စည်းကို ဖွင့်လှစ်၍ ပြဘိသကဲ့သို့ .
မျက်စိလည် လမ်းမှားသူအား လက်ကိုကိုင်ဆွဲ ဤလမ်းပဲဟု ညွှန်ပြသကဲ့သို့
မျက်စိအမြင်ရှိသူတို့သည် အဆင်းမျိုးစုံ ( ရှုခင်းမျိုးစုံ ) ကို မြင်ကြပါစေဟု ဆီးမီး
ကို ညှိထွန်းပြသကဲ့သို့ ထို့တူ ရှင်တော်မြတ်ဘုရားသည် အကြောင်းနည်း ပရိယာယ်များစွာတို့ဖြင့် အရိယသစ္စာတရား( ပရမတ္တသစ္စာ ) ကို ထင်ရှား သိသာအောင် ညွန်ပြတော်မူပါပေ၏။အ၀ိဇ္ဇာကိုပယ်ရှား၍ ၀ိဇ္ဇာနယ်ခြားသို့
ရောက်စေတော်မူပါပေ၏။သံသရာတစ်ဖက်ကမ်းသို့ တက်လှမ်းရန် လက်ကမ်း
တော်မူပါပေ၏။ ရှင်တော်မြတ်ဘုရား၏ ကျေးဇူကြောင့် “ ပညာမျက်လုံးနှင့် သဒ္ဓါ
လက်ရုံး ” တို့ကို တပည့်တော် သုဒတ္တ ကောင်းစွာ ရရှိပါပြီဘုရား။

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်သည် (အရိယသစ္စာ တရားကို ညွှန်ပြ၍ ဘ၀သံသရာမှ ထုတ်ဆောင် ကယ်တင်တော်မူသော ) ရှင်တော်မြတ်ဘုရားကိုလည်းကောင်း၊ (အပါယ်မကျအောင် ဆောင်ထားခြင်း၊ လူ့ရွာနတ်ဌာန်နိဗ္ဗာန်အထိ သုဂတိသို့လည်း ဆောင်ပို့ခြင်းငှာစွမ်းဆောင်နိုင်သော) တရားတော်မြတ်ကိုလည်းကောင်း၊ (အယူသီလ အကျင့်တူမျှတော် မူကြကုန်သော) သံဃာတော်အရှင်မြတ်အပေါင်းကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ် သိမှတ်ပါ၏အရှင်ဘုရား၊ ရှင်တော်မြတ်ဘုရားသည် ယနေ့မှစ၍ အသက်နှင့်ခန္ဓာ တည်ရှိနေသမျှ ကာလပါတ်လုံး (ရာသက်ပန် ) ဘုရားတပည့်တော် သုဒတ္တကို “ ဥပါသကာ ” ဟူ၍ အသိအမှတ် ပြုတော်မူပါဘုရား။

သုဒတ္တ၏ ပင်ကိုယ်သဘာဝစိတ်ဓါတ်သည်ပင် ပေးချင်ကမ်းချင် လှူဒါန်းချင်
သည့် (ဒါနာဘိရတာ - ပေးကမ်းမှု၌ ပျော်မွေ့သူ ) ဗီဇမျိုးစေ့ပါလာသူ ဖြစ်၏။ ထို့ကြောင့်ပင် လူအများက သူ့ကို နာမည်ရင်းဖြစ်သည့် သုဒတ္တဟူသော နာမည်ကို မခေါ်ကြပဲ ( အခြေမဲ့ အနေမဲ့ ဘ၀ယဲ့နေသူများအား အမြဲ ထာဝရ အစားအသောက် ဖန်တီးပေးနေသူ ဖြစ်၍ ) အနာထပိဏ်ဟုပင် ခေါ်ကြ၏။
အမှန်အားဖြင့် ကိုးကွယ်ရာ မဲ့သူတို့၏ အားထားရာသာ မဟုတ်၊ လောကအတွက်
လူထုအတွက် လိုအပ်ရင် လိုအပ်သလို လိုအပ်သည့်နေရာ၌ လိုအပ်သလောက် ကူညီထောက်ပန့်နေသူဖြစ်ပါ၏။
ထို့ကြောင့် ဘုရားရှင်နှင့်တကွ သံဃာတော်အရှင်မြတ်များကိုလည်း ဆွမ်းဆက်
ကပ်လှူဒါန်းလိုစိတ် ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာခြင်းပင် မြတ်စွာဘုရားရှင်ကို
လျှောက်ထားလေတော့၏။
ရှင်တော်မြတ်ဘုရားသည် ရဟန်းသံဃာနှင့်အတူ မနက်ဖန်၌ ဖြစ်လတ္တံသော ပီတိ ပါမောဇ္ဇ ကုသိုလ်တရား တိုးပွါးစေရန်အလို့ငှာ တပည့်တော်၏ ဆွမ်းကို လက်ခံတော်မူ ပါဘုရားဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူလိုက်၏။
သုဒတ္တသည် မြတ်စွာဘုရား(ဆိတ်ဆိတ်နေခြင်းခြင့် )လက်ခံတော်မူသည်ကို သိ၍ နေရာထမှထကာ “ ခြေလက်နှဖူးတံတောင်ဒူး ” ငါးခုအညီ အဉ္ဖလီဂါရ၀ ကျကျနန ရှိခိုး၍ လက်အုပ်ချီ အရိုအသေပြုကာ မိမိတည်းရာ ရာဇဂြိုဟ်သူဌေး ( ယောက်ဖ အိမ်သို့ ) ပြန်လာ၏။
သူ၏ အပြန်လမ်းသည် ကြောက်စိတ်မရှိ တွန့်စိတ်မရှိ ရွန့်စိတ်မရှိ၊ မနက်ဖန် ဘ၀သံ
သရာမှ ကယ်မထုတ်တင်၍ “ ဒိဋ္ဌိ ၀ိစိကိစ္ဆာ သီလဗ္ဗတပရာမသ ဣဿာ မစ္ဆရိယ ”
ဟူသော အကုသိုလ်အညစ်အကြေးကို သုတ်သင်သန့်ရှင်းပေးတော်မူသော အနန္တ
ကျေးဇူးရှင် မဟာကရုဏာသခင် ရှင်တော်မြတ်ဗုဒ္ဓကို ကျေးဇူးဆပ်သောအားဖြင့်
ဆွမ်းဆက်ကပ်ရပေတော့မည်၊ ဆက်လက်လျှောက်လှမ်းရန် ကျန်နေသေးသည့်
သံသရာခရီးအတွက်လည်း ဒါနရိက္ခာထုပ် အနုဂါမိကဥစ္စာကို သာသနာတော်၌ မြှုပ်နှံခွင့် ရပေတော့မည်၊မနက်ဖန်လှူဖို့ရေး တွေး၍ ၀မ်းသာနေသော ပုဗ္ဗစေတနာများ
တစ်ဖွါးဖွါးပင် ဖြစ်ပေါ်နေတော့၏။

သုဒတ္တသည် မြတ်စွာဘုရားရှင်ကို သံဃာတော်အရှင်မြတ်တို့နှင့်တစ်ကွ ဆွမ်းစား
ပင့်လျှောက်ခဲ့သည့်သတင်းကို အိမ်ရှင် ရာဇဂြိုဟ်သူဌေး ကြားသိရ၏။
ထို့ကြောင့် သုဒတ္တကို သူပြောကြည့်၏ သုဒတ္တ သင်ဟာ ဧည့်သည်ဖြစ်၏၊ သင့်အား
လုပ်ဖေါ်ကိုင်ဘက်အဖြစ် အကူအညီရအောင် အိမ်ရှိလူများကို ကူညီခိုင်းမယ်ဟု
ပြော၏၊ သုဒတ္တက လက်မခံပေ၊
အခုလို့ ကူညီပေးမည်ဆိုတာကို အထူးကျေးဇူးတင်ပါတယ်၊၊လိုအပ်ရင်လည်း ပြောပါ့ မယ်၊ လောလောဆယ်တော့ အကူအညီ မလိုသေးပါ၊ ကျနော့မှာ လုပ်ဖေါ် ကိုင်ဖက် ပါပါတယ်၊ သူတို့နှင့်ပဲ ဘုရားအမှုးရှိသော သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း
ပါမယ်ဟု ပြန်လည် ပြောပြ၏( သူ့မှာ သွားလေရာ အသိုင်းအ၀ိုင်းပါ၏၊ရောက်လေရာ
မိတ်ဆွေများ၏၊ သူကသာ ဘာလုပ်ချင်သည် ပြောလိုက် ဘာမဆို ကူညီလုပ်ကိုင်ပေး
မည့် လုပ်တတ်ကိုင်တတ် အခြွေအရံက သူနားမှာ အရံသင့်၊ သူလူများ အကြောင်းကို သူ ကောင်းကောင်းသိ၏၊ယုံ၏၊ ထို့ကြောင့်လည်း ရာဇဂြိုဟ်သူဌေးလူရင်းသူ့ယောက်ကို
ပင် ငြင်းပယ်လိုက်ခြင်းဖြစ်၏။
ရာဇဂြိုဟ်သူဌေးသာမက၊ ရာဇဂြိုဟ်ပြည်နေ နိဂုံးသူဌေးကလည်း သုဒတ္တ ဆွမ်းကပ်
မည့်အကြောင်း သတင်းကြား၏၊ထို့ကြောင့် သူလည်း အကူအညီပေးဖို့ကမ်းလှမ်း၏၊ သုဒတ္တကား လက်မခံ၊ အကူအညီပေးမယ်ပြောတာ ကျေးဇူးတင်ပါတယ်၊ လိုအပ်ရင်ပြောပါ့မယ်ဟုသာ ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းပယ်လိုက်ပြန်၏။

“ ဂိဇ္ဈကုဋ်တောင် ပဏ္ဍ၀တောင် ဣသိဂိလိတောင် ဝေပုလ္လတောင် ဝေဘာရတောင် ” တောင်ငါးလုံး ကာခို ရာဇဂြိုဟ်မြို့(မဂဓတိုင်း)၏ အရှင်သခင်ဖြစ်သော သေနိယမင်း
သည်လည်း သုဒတ္တ ဘုရားအမှုးရှိသော သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း
မည့်အကြောင်း သတင်းကြား၏။(ရွေစင်ရွှေနှစ်ကဲ့သို့ ၀ါဝင်းသောအဆင်းရှိသော ကြောင့် ပြည်သူများက တလေးတစား နာမည်တပ်၍ “ ဗိမ္ဗသာရမင်းဟုလည်း ခေါ်ကြ၏၊ပြည်သူကို တရားသဖြင့် အုပ်ချုပ်သော သောတာပန် မင်းကြီးဖြစ်၏)။
ထို့ကြောင့် မင်းကြီးသည်လည်း သုဒတ္တကို ( ဧည့်သည်ဖြစ်နေ၍ ) အကူပေးရန် ကမ်းလှမ်းပြန်၏ ဘုရင်မင်းကြီးကိုလည်း လက်မခံ ၊ ကျေးဇူးတင်ကြောင်းပြော၍
ယဉ်ကျေးသိမ်မွေ့စွာပင် ငြင်းပယ်လိုက်ပြန်၏၊(သုဒတ္တသည် အပေါင်းအသင်း မိတ်ဆွေ ၀င်ဆန့်ရုံသာမက မင်းပေါက်စိုးပေါက် လူတစ်ယောက်ဖြစ်ကြောင်းကို ဤနေရာ ကြည့်၍လည်း သိနိုင်ပါ၏၊ ဤသည်မှာလည်း သူက လောကအတွက် ခြွေသူဖြစ်၍ လောကကလည်း ပြန်လည်၍ ၀န်းရံကြခြင်းဖြစ်ပါ၏၊

သုဒတ္တသည် ရာဇဂြိုဟ်သူဌေးအိမ်မှာပင်နေ၍ မနက်ဖန်အတွက် လိုအပ်သည်များကို
ဝယ်ချမ်းရန် သူ့လူများကို စီမံနေ၏။သူ့လူများသည်လည်း တက်ကြွနေကြ၏၊သူတို့၏
အကောင်းဆုံးလက်ရာများကို သူတို့ ပြခွင့်ရပေတော့မည်။
ဤသို့ဖြင့် နံနက်မိုးသောက် အလင်းသို့ပင် ရောက်ခဲ့ပေပြီး၊ ဆွမ်းခဲဖွယ်ဘောဇဉ်များကို
လည်း အကောင်းဆုံးလက်ရာ အသန့်ရှင့်ဆုံးသော ပြင်ဆင်မှုတို့ဖြင့် ပြင်ဆင်၍
ပြီးပေပြီး။ မိမိတို့နှင့် သင့်တော်မည့် (ကျန်းမာရေးအရ - သပ္ပါယဖြစ်မည့် ) ဆွမ်းဟင်း များကို ဘုဉ်းပေးနိုင်ရန်ချိုချဉ် စပ်ငန် ဖန်ခါး အရသာများလည်း စုံလင်လှ၏
မြင်ရသူများ လက်ဖျားခါယူရလောက်အောင်ပင် ဆွမ်းဘောဇဉ်များကို စီမံ ပြင်ဆင်
ထားကြ၏၊ ပြင်ဆင်မှု အားလုံးပြီးသော အခါ သုဒတ္တသည် သူကိုယ်တိုင်ပင် သွားရောက်၍ “ မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတော်မူရန် အချိန်တန်ပါပြီး၊ ဆွမ်းခဲဖွယ်
ဘောဇဉ်များ အားလုံးပြင်ဆင်၍ ပြီးပါပြီး ” ဟု လျှောက်ထားလေ၏
မြတ်စွာဘုရားသည် သင်္ကန်းကို ကောင်းစွာ ၀တ်ရုံတော်မူပြီးလျှင် သပိတ်သင်္ကန်းကို
ယူဆောင်တော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျှက် သုဒတ္တတည်းခိုရာ ရာဇဂြိုဟ် သူဌေးအိမ်သို့ ကြွရောက်တော်မူကာ ခင်းထားအပ်သော နေရာ၌ သီ
တင်းသုံး ထိုင်နေတော်မူ၏၊
သံဃာတော်များ နေရာအသီးသီး သီတင်းပြီးသော အခါ၌ သုဒတ္တသည် ဘုရားအမှုး
ရှိသော သံဃာတော်အရှင်များအား မွန်မွန်မြတ်မြတ် စီမံချက်ပြုတ်၍ကြော်လှော်၍
ထားသော ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကိုဆက်ကပ်လှူဒါန်းလေတော့၏။ ရဟန်းတော် များက ပြည့်စုံပါပြီ တော်ပါပြီးဟု လက်ကာ၍ တားရလောက်အောင်ထိ ကိုယ်တိုင် ပြုစုလုပ်ကျွေး ဆက်ကပ်လှူဒါန်း၏။အားလုံးဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ
သုဒတ္တသည် “ ဝေးနီးလေညာ မြင့်ရာရှေ့နောက် ” ဟူသော အပြစ်ခြောက်ပါးလွတ်
သော နေရာ၌ ထိုင်လျှက် လက်ဦချီကာ မြတ်စွာဘုရားအား “ ရှင်တော်မြတ်ဘုရား
မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များနှင့်အတူ တပည့်တော်တို့၏ သာဝတ္ထိ
ပြည်၌ ၀ါကပ်ခြင်း ၀ါဆိုခြင်းကို လက်ခံတော်မူပါအရှင်ဘုရား ” ဟု လက်လျှောက်လေ
တော့၏

ဂဟပတိ ( သုဒတ္တကို - ခေါ်ခြင်းဖြစ်၏ ) “ မြတ်စွာဘုရားတို့သည် ဆိတ်ငြိမ်ရာ၌ မွေ့လျှော်ကုန်၏ ” ဟု မိန့်တော်မူ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား သိပါပြီ၊ ရှေးဘုရားရှင်တို့ကဲ့သို့ လာခြင်း
ကောင်းတော်မူသော မြတ်စွာဘုရား သိပါပြီဟု ပြန်လည်လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် သုဒတ္တအား တရားစကားဖြင့် ( ပစ္စုပ္ပန်သံသရာ အကျိုးစီးပွါးကို )
သိမြင်စေလျှက် ( တရားကို ) ဆောက်တည်စေကာ (တရားတော်ကို ကျင့်သုံးလိုက်နာ
ရန် ) ထက်သန်ရွှင်လန်းစေပြီး ပြန်လည်ကြွသွားတော်မူ၏။

ဗုဒ္ဒဂယာမြို့သို့ ရောက်ရှိခြင်း..


၁၄.၀၁.၂၀၁၁ နေ့မှ ဗာရာဏသီမြို့မှ ထွက်ခဲ့ပြီး.ဗုဒ္ဒဂယာမြေမြတ်မဟာသို့ ၄င်းနေ့တွင်ရောက်ရှိခဲ့ပါ၏.။

Sunday, January 16, 2011

ဘုန်းကြီးသာခေါ်တယ်.တကယ်တော့ ..

[သင်တန်းမှူးဘုန်းကြီးအိဒ္ဒိပါလ]

မြန်မာစစ်အစိုးရ မှ ငွေကြေးထောက်ပံ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီမှ မကြာမီက
ထူးထူးခြားခြား ဖွင့်လှစ်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဗုဒ္ဓဘာသာ ကပွဲသင်တန်းကြီးတွင် သင်တန်းမှူး ဘုန်းကြီး
အိဒ္ဒိပါလရဲ့ ညွှန်ကြားချက်အတိုင်း စစ်တိုင်းမှုးကတော်များပါ ထူးထူးခြားခြား ကခုန်ကြတဲ့ ဗွီဒီယိုခြောက်ခု


facebook အင်တာနက် ကွန်ယက်တွင် ပျံ့နှံနေသည်။



စစ်ဌာနချုပ် ဗိုလ်မှုးချုပ် ထွန်းသိန်းအပါအ၀င် စစ်အစိုးရ အရာရှိများ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သော


သင်တန်းကြီး ဖြစ်သည်။ အဆိုပါ စိတ်ဓာတ် မြှင့်တင်ရေး သင်တန်းသို့ ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာနှင့် မြို့နယ် အချို့ မ
ှ အာဏာပိုင်အဖွဲ့ အစည်းဝင်များ၊ စစ်တပ်နှင့် နယ်ဘက်မှ အရာရှိကတော်များ၊ သားသမီးများ တက်ရောက် ကြသည်။
သင်တန်းကို ရန်ကုန် မြို့ Asia Plaza၊ MCC ခန်းမ နှင့် ဘုရင့်နောင်ခန်းမတို့တွင် ကျင်းပပြီး၊ မွန်ပြည်နယ် သထုံနှင့် မော်လမြိုင်၊
ပဲခူးမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့ များ တွင်လည်းကျင်းပခဲ့သည်။
အဆိုပါသင်တန်း တွင် သင်တန်းမှုး ဘုန်းကြီးက အဆိုးနှင့် အဆိပ်များကို ခါချရန် ကကြဖို့ ပြောပြီး၊ သင်တန်း
ဖွင့်လှစ်သည့် နေ့တွင် လာရောက် သြ၀ါဒ ပေးသူများက စိတ်ဓာတ်မြှင့်တင်ရန်နှင့် နိုင်ငံ့သားကောင်းများ
ပေါ်ထွက်လာရန် ဆရာတော်ရဲ့ အကညွှန်ကြားချက်များ လိုက်နာဖို့ ပြောကြားခဲ့သည်။
"စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာ စောင့်သိ ရိုသေတဲ့ စိတ်ဓာတ်၊ တိုင်းတစ်ပါးကို
အထင်ကြီးသော မှီခိုအားထားလိုသော စိတ်ဓာတ်များ ကင်းဝေးပြီး မိမိကိုယ်ကိုယ် မိမိယုံကြည်မှု၊ မိမိတိုင်းပြည်ရဲ့ ပြည်တွင်းအားကို
ယုံကြည်မှု၊ ... နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဖော်ဆောင်လိုမှု စတဲ့ စိတ်ဓာတ် အင်အားတွေကို နိုင်ငံသားတိုင်းက ပိုင်ဆိုင်ထားဖို့၊
ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီးစိတ်ဓာတ်နူးညံ့ သိမ်မွေ့တဲ့ မိမိလူမျိုးရဲ့ မွန်မြတ်တဲ့ ဓလေ့ စရိုက်ကို ဂုဏ်ယူနိုင်ကြဖို့အတွက်
ထူးခြားတဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဗုဒ္ဓဘာသာ အကသင်တန်းကြီး ရည်ရွယ်ချက်ကြီးကြီးဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
" အဖွင့်စကားပြောသူမှ ပြောကြားသွားသည်။ အောက်တွင် အဖွင့်စကားနှင့် အကဗွီဒီယိုများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါလင့်ကတော့အကတွေဖြင့်စည်းရုံးနေတာဖြစ်ပါတယ်.
မြန်မာတွေကလည်း ဘာလို့ ဘာသာရေးကို အကဖြင့် စည်းရုံးခြင်းကိုကြိုက်နေကြပါသလဲ.?
http://www.youtube.com/watch?v=PsFOZxkIK6Q&feature=player_embedded

Thursday, January 13, 2011

ကျေးရွာနေဆရာတော်ဘုရားကြီး၏ နေထိုင်ရာဒေသသို့ ရောက်ရှိခဲ့စဉ်က

သက်တော်(၉၈)နှစ်ရှိဆရာတော်ကြီး ရေစကြိုမြို့နယ် မအူကတိုးစုရွာ
သက်တော်ရှည်ဆရာတော်ကြီးအား မိမိ၏ဆရာတော်မှ ကျမ္မာရေးမေးမြန်းလျှောက်ထားစဉ်
မှတ်မှတ်ရရနေ့..မိမိ အိန္ဒိယနိုင်ငံမှပြန်ရောက်ပြီးတပတ်ခန့်အရောက်ကျေးဇူးတော်ရှင်မုံရွာမြို့၌သြ၀ါဒ ခံယူပွဲအပြီး.သူငယ်ချင်းဖြစ်သူနှင့်အတူ မိမိ၏ ဇာတိသို့
ပြန်လာခဲ့၏။ မိမိ၏ ရပ်ရွာသို့ရောက်ရှိ၍ မကြာခင် ဂေါစဂါမ်ဖြစ်သော ပေကုန်းကျေးရွာဘုန်းကြီးပျံတခုသို့ ယခုတမူးတွင်ကျောင်းထိုင်နေသော အရှင်စန္ဒာသီရိ
မှ လုပ်စရာများလုပ်ရန်အတွက်၎င်း.ပင့်သံဃာအနေဖြင့်ပင့်၍ သွားရောက်ခဲ့တော့၏.။၎င်းမှတဖန် မိမိ၏ဆရာသမားနှင့်အတူ မအူလေးရွာဟုမိမိတို့ဒေသတွင်
နာမည်သာကြားဘူးမရောက်ဘူးသည်ကတကြောင်း.မိမိ စစ်ကိုင်းမြို့ဇေယျသိန်ပါဠိတက္ကသိုလ်၌ ပညာသင်စဉ်က ဆရာဖြစ်သော အရှင်ဝိစိတ္တ(ဓမ္မာစရိယ)
အားလည်း.မတွေ့ရတာကြာပြီဖြစ်၍ ကျေးရွာဆရာသမားဘုန်းတော်ကြီးဦးဇေယျသေန နှင့်အတူ မအူလေးရွာတွင်..တရွာဖြစ်သော.မအူကတိုးစုရွာသို့
အန္တိမဈာပနပြီးဆုံးပြီးသည်နှင့် ဆရာတပည့်သွားရောက်ခဲ့ကြတော့၏.။လမ်းခရီးမှာစေတီပုထိုးပျက်များ.ပြုပြင်မွမ်းမံဆဲဖြစ်သောစေတွပုထိုးများနှင့်အတူ
စိုက်ပျိုးနေကြသောတောင်သူဦးကြီးများ.ရှေးအချိန်ခါကအလောင်းစည်သူရှင်မင်းတရားကြီးသည် ဘာသာသာသနာတွင်အရေးပေးဆောင်ရွက်ခဲ့သည့်နေရာ
ဖြစ်သည့်အလျောက်ရှေးဟောင်းပုထိုးစေတီများ..ရှေးဟောင်းလက်ျာများအတော်များများတွေ့ရှိခဲ့ရ၏.။များမကြာမှီ .မိမိငယ်စဉ်ကကြားဘူးခဲ့သော စကားများ
သုံနှုန်းခဲ့သော..မအူလေးရွာတရှူပေးကွာ..မအူဈေးတန်းတရှူပေးစမ်း.ဆိုသော ရှေးလူကြီးများ ဈေးလိပ်သောက်ရာတွင်ပညာသားပါပါ ဆေးလိပ်ကို
တောင်းယူသောက်တတ်ကြသော ရှေးဟောင်းစကားများမြစ်ဖျားခံရာ မအူကတိုးစုရွာသို့ရောက်ရှိခဲ့၏.။။
မတွေ့တာကြာပြီဖြစ်သော ဆရာ အရှင်ဝိစိတ္တ သည်လည်း.၁၂ နှစ်ကြာခဲ့လေပြီ.။ပုံမပြောင်းပဲ ပင်ကိုယ်တွေ့ရှိခဲ့စဉ်ကအတိုင်းတွေ့မြင်ခဲ့ရတော့၏.။။ထိုမှ
ကျောင်းထိုင်ဆရာတော်ကြီးအား ကန်တော့ရန်သွားခဲ့ကြ၏.။ဆရာတော်ကြီးမှာ အသက် (၉၈) နှစ်သို့ရောက်ခဲ့ချေပြီ.မျက်မှန်တပ်ရုံကလွဲပြီးကျမ္မာလျက်
ဘုဉ်းပေးမြဲဆွမ်းများကိုလည်း.ပုံမှန်မပျက်ဘုဉ်းပေးလျက်ဖူးမြင်ခွင့်ရရှိတော့၏.။ဆရာအရှင်ဝိစိတ္တမှ ပြောပြ၍ သိခွင့်ရတော့၏.။၎င်းဆရာတော်သည်
ဘွဲ့အမည်မှာဆရာတော်ဦးအိန္ဒက ဖြစ်၏။အသက် (၉၈) နှစ်ရှိပြီဖြစ်သော်လည်း အပ်ပေါက်ထိုး၍ ယနေ့မိမိတွေ့မြင်ချိန်တွင်လည်း အပ်ချုပ်မြဲ.။ရှေးရှေး
ဆရာတော်ကြီးများသည် လက်မှုပညာအတတ် တတ်ကြ၏.။၎င်း ဆရာတော်သည်လည်း.အပ်ချုပ်ခြင်းအလုပ်လုပ်နေရမှ စိတ်ချမ်းသာမှုတခုဖြစ်၏ ဟု
သိခွင့်ရခဲ့၏.။တောင်းများရက်လုပ်ခြင်းဖြင့်လည်းမကြာမကြာပြုလုပ်လေ့ရှိ၏။ ဆရာတော်သည် သူ၏ သင်္ကန်းများကို ကိုယ်တိုင်ချုပ်ခြင်းဖြင့်၎င်း မိမိကျောင်း
တွင်လည်းအမှိုက်ကျုံးစရာ တောင်းများခြင်းများရပ်ခြင်းပြုလုပ်ဆဲဖြစ်၏.။မိမိ ၏ရပ်ရွာဆရာသမားမှ အနီးသို့ကပ်ခါ ဆရာတော် မှတ်မိပါသေးလားဘုရား
ဟု လျှောက်တင်ခဲ့ရာ..ဘုန်းကြီးဦးဇေယျသေန လား.ဟု အသံကြားရုံဖြင့်မှတ်ဥာဏ်ကောင်း၏.။ဆရာသမားမှ အပ်တွေချုပ်သေး တောင်းတွေရက်သေးလား
ဆရာတော်ဟု လျှောက်ထားရာ ပြုံးလျှက်နှင့်ပင် ၀ိစိတ္တ က သင်္ကန်းတွေ တဘက်တွေ သိမ်းထားတော့ မချုပ်ဖြစ်ဘူးဟူသတဲ့.။
ဆရာတော်သည် အလုပ်မရှိလျှင် သင်္ကန်းများတဘက်မှားကို ဖြတ်ကာ ချုပ်နေတတ်အကျင့်ရှိ၏။ ကျမ္မာရေးအခြေနေမေးမြန်းကြည့်ရာ မသေလောက်သေးဘူး
နေရအုံးမယ်ထင်တယ် ဟု မိန့်တော်မူ၏.။ခဏနေ ရေချိုးတော့၏.။မချမ်းဘူးလားဆရာတော်ဟု လျှောက်တင်ခဲ့ရာ.ချမ်းနိုင်ခြင်းဆိုတဲ့ အသားမရှိဟု မိန့်၏။
ဆရာတော်ဘုရားအား ဆရာသမားမှ ၀တ္ထုငွေ (၁၅၀၀၀)ကျပ် မိမိမှ (၅၀၀၀)ကျပ်ဆေးအဖြစ်လှူဒါန်းခဲ့၏.။
ယနေ့ ဆရာတော်သည်လည်းကျမ္မာစွာရှိနေမည်ဟု ယုံကြည်မိပါ၏.။