ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ..ဆိုတဲ့ ဖုန်းမည်သံကြောင့် ဖတ်လက်စ စာအုပ်ကိုလက်မှချပြီး.ဖုန်းကိုင်လိုက်တယ်ပေါ့..BHU တက္ကသိုလ်မှ မောင်ဥာဏ ဆီမှ HAPPY NEW YEAR မှာ ဆွမ်းကပ်မည်တဲ့ လာရောက်ဘုဉ်းပေးပါလို့ နှစ်သစ်မှာအမှတ်တရ ကုသိုလ်လေးပြုလုပ်ခြင်းနဲ့ထပ်တူ.လက်ဆုံဆွမ်းစားဝိုင်းလေးတခုအဖြစ် ဖန်ဆင်းပေးလိုက်တဲ့ မောင်ဥာဏလေး.နှစ်သစ်မှာအမှတ်တရ ထာဝရကုသိုလ်လေးပိုင်ဆိုင်သွားပြီပေါ့.။
၃ ဘီးကားလေးငှားပြီး..သီ ၂ သီ ချီတတ်လာခဲ့တယ်ပေါ့.လမ်းမှာမြင်တွေ့လိုက်ရတဲ့မြင်ကွင်း.စက်ဘီးလန်ချားမော်တော်ကားတဖုံ.ဆိုင်ကယ် ကားကြီးအသီးသီးတို့ဖြင့် ရှုတ်ရှတ်ခတ်နေသောလမ်းခရီးမှာ အမြင်အာရုံတို့သည်လည်းငြီးငွေ့စရာလိုလို ပျော်ရွှင်စရာလိုလိုနဲ့အတွေးလေးတခုရင်ထဲဖြစ်တည်မိတယ်ပေါ့..။အော်.တနှစ်တောင်ကုန်တော့မှာပါပဲလား.ဆိုပြီးတနေ့ထက်တနေ့ အသက်တွေလဲကြီးလာပြီဆိုတာ
သိလိုက်ခဲ့တယ်ပေါ့..။မြောက်လေလေးတချက်ခပ်ဖွဖွလေးတိုက်ခတ်မှုကြောင့်
အတွေးစကိုဖြတ်တောက်…သြော်.BHU တက္ကသိုလ်သို့တောင်ရောက်နေပါပြီကောလား..
BHU တက္ကသိုလ်မြေသို့ ၀င်လိုက်သည်နှင့်အလွှာပေါင်းဆုံတွေ့လိုက်ရတဲ့ရှုခင်း.စိမ်းလမ်းစိုပြေသောသစ်ပင်ကြီးများနှင့်ကျောင်းသူကျောင်းသားများ..ဆရာ ဆရာမများနှင့် အစုလိုက်အဖွဲ့လိုက်.ဆေးရုံ ရှေ့တည့်တည့်မှာ နေဆာလှုံပြီးအိပ်နေကြသောကုလားပုလားမများ ဆိုင်ကယ်ကို ဝေါ ခနဲ မောင်းနေကြသော ကိုကုလားများ.ပရိယေသနအတွက်ဝမ်းစာရှာနေကြသော ဆိုက်ကားသမားများနှင့် အဆောင်တဆောင်မှ စကားတွတ်ထိုးပြီးထွက်လာနေကြသော
ကုလားမလေးများ.ဖြင့် အလွှာပေါင်းစုံမြင်တွေ့မိပြန်တော့လည်း.ငါလည်းပဲကျောင်းသားတယောက်ပါပဲလား..? သို့သော် မိမိသည်.သူတို့နှင့်မတူညီလှ.မိမိကား သူတို့နိုင်ငံစကားအရ {ဆာဒူး} ဘုန်းကြီးတည်း..အရောင်မျိုးစုံ အလွှာပေါင်းစုံကြားမှ မိမိသည်လည်း.
အညိုရောင်မြတ်သင်္ကန်းဖြင့်ကျောင်းသားတယောက်ဖြစ်ခွင့်ရခဲ့၏.။လမ်းလေးတခုကွေ့လိုက်နှင့် မြန်မာရဟန်းတော်များနေထိုင်ရာ .internation hostel ဟူသော အဆောင်ရှေ့ကားလေးရပ်လိုက်သည်နှင့် နွေးထွေးစွာကြိုနေသော ဆွမ်းအလှူရှင်မောင်ဥာဏလေးသည် အပြုံးပန်းဖြင့်ကြိုဆိုပြီး.ကွန်ပြူတာဆေးရုံ.ဟု တင်စားမိသော ကိုအစ္ဆရိယ (မကြာခင်ဒေါက်တာဖြစ်တော့မည့်) အခဏ်းသို့ဝင်ရောက်အနားယူပြီး.အမိမြန်မာပြည်အလွမ်းပြေ မုန့်ဟင်းခါးနှင့်နွားနို့လေးကို အဆာပြေအဖြစ် ရောက်ရောက်ခြင်းအမိမြန်မာပြည်မှထွက်လာကထဲက ပထမဆုံးစားရသော မုန့်ဟင်းခါးမို့ ခု.post တင်နေချိန်မှာပဲ သတိရနေမိခဲ့.စကားတမည်ပြောပြီး.
ရေမချိုးရတာကြာပြီဖြစ်လေတော့ ရေချိုးလိုက်သည်.လန်းဆန်းမှုတို့သည်လည်း.ပြောမပြတတ်အောင်ပဲပေါ့..
နေ့ဆွမ်းအဖြစ် ဆိတ်သားကြော် .၀က်သားချက်.အရည်သောက် ငြုပ်သီးထောင်း..အတို့အမြှူတ်တို့ဖြင့် ဖွယ်ဖွယ်ရာရာဖြင့် အမိမြန်မာပြည်ကိုလွမ်းနေမိသည် တမ်းတနေမိသည် အမိမြန်မာပြည်မှာကား ဒကာမတို့ချက်ပြုတ်သော ဆွမ်းကိုစားရသော မိမိတို့ကျောင်းသားတွေမှာ ခုတော့.
ကိုယ်တိုင်ချက် ကိုယ်တိုင်ခူး၍ HAPPY NEW YEAR အဖြင့် ဆွမ်းဝိုင်းလက်ဆုံစားခွင့်ရအောင် အလှူရှင်မောင်ဥာဏလေးအား.အမှတ်တရအဖြစ် ဤPOST လေးကို ဖန်ဆင်းမိပါကြောင်း..။
ကျောင်းသားလေး..

No comments:
Post a Comment