အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Thursday, April 14, 2011

ကြားမိခဲ့ရသည့်ရွှေမြန်မာတို့၏အသံ

ဒီနေ့ သင်္ကြန်အကျနေ့ သူငယ်ချင်းအရှင်သုန္ဒရ(မဂဓတက္ကသိုလ်)မှ ဖုန်းဆက်ပြီးသူနေသော အိမ်မှာဆွမ်းလာဘုဉ်း
ဘို့ ဖုန်းဆက်ခြင်းကြောင့် မိမိလည်းကဗျာကယာထကာ ဟို ခပ်လှမ်းလှမ်းမှအလွမ်းသီချင်းသီဆိုနေသော
ကိုရွှေဥသြ ရဲ့တွန်ကြူးသံသည်လည်း နွေရာသီရဲ့သဏ္ဍာန်ကိုဖေါ်ကြူးလျက် မိမိလည်းသူငယ်ချင်းအိမ်သို့ မသွားခင်
မဟာဗောဓိစေတီတော်သို့ ရှေ့ရှုပြီး စေတီတော်ရင်ပြင်တွင်လည်း ကုလားလူမျိုးများ ထိုင်းနိုင်ငံမှ လူမျိုးများ
သီရိလင်္ကာမှ ဘုရားဖူးအဖွဲ့များနှင့် ရွှေမြန်မာတို့ ဟိုနေရာတချို့ ဒီနေရာတချို့မြင်တွေ့မိပြန်တော့လည်း
အော် အမိပြန်မာပြည်မှာရွှေတိဂုံရင်ပြင်တော်နှင့်အခြားတန်ခိုးကြီးသော စေတီပုထိုးတို့တွင်လည်း
ပန်း ရေချမ်း ဆီမီးများနံ့သာအမွှေးတိုင်များကို မြတ်စွာဘုရားအားအာရုံပြုပြီးသင်္ကြန်တွင်းမှာ ကုသိုလ်အမှုများ
ပြုလုပ်နေကြသည်မှာ ဧကန်မုချ မြင်တွေ့နေမိပါရဲ့ မဟာဗောဓိပလ္လင်တော်ရှေ့တည့်တည့်မှ ပဋ္ဌာန်းဒေသနာရွတ်
ပွားနေသော မြန်မာပြည်မှ အသက်ခပ်လတ်လတ်တယောက် အသက်ခပ်ကြီးကြီးတယောက်
မိမိသည်လည်း ပလ္လင်တော်ရှေ့မှာ ဘုရားအာရုံပြု မေတ္တာပို့သရင်း စင်္ကမသတ္တာဟနေရာ၌ စင်္ကြန်လျောက်
ပြီးပဋ္ဌာန်းဒေသနာတော်နှင့် မေတ္တာပို့သခြင်းများပြုလုပ်ခဲ့ပါသည်။

မနက်ဖြန် ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ အမိမြန်မာပြည်သို့ ပြန်ရန် ၂၀၁၁ ခုနှစ်ရဲ့ မဟာဗောဓိစေတီတော် အားပါးတရဖူးမျှော်ခဲ့ရပါသည်။
ဟို ခပ်လှမ်းလှမ်းမှ ပဋ္ဌာန်းရွတ်ဖတ်သံကြားနေရသည်။ မဟာဗောဓိစေတီတော်အတွင်း၌ မြန်မာတို့၏
ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်ရွတ်ဖတ်နေကြသည်ကား အံသြဖွယ်ရာကြားမိပြန်တော့လည်း
မြန်မာတို့၏ သင်္ကြန်ကုသိုလ်အမှုတို့သည်ကား...


No comments:

Post a Comment