အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, April 3, 2011

ရဟန်းအမကြီး ရဲ့ အိန္ဒိယနိုင်ငံ အမှတ်တရ ဆွမ်းအလှူ





မိမိနှင့် အိန္ဒိယနိုင်ငံဘုရားဖူးဘို့ လွန်ခဲ့သော နှစ်များစွာက ပတ်စ်ပို့လုပ်ပေးခဲ့သော်လည်း သွားဘို့ဖူးဘို့ အခွင့်မကြုံခဲ့။ ပတ်စ်ပို့သက်တမ်းသည်လည်း ကုန်ခါနီးလေတော့ မိမိသည်လည်း ကျောင်း(တက္ကသိုလ်ကိစ္စ ဗိုက်ဗာထိုင်ရန်)တနေ့နေ့နီးလာသည်ဟု အထင်နဲ့အခါအခွင့်မကြုံခဲ့ရပေ။ယ္ခုမူ ရဟန်းအမကြီး၏ ဆန္ဒအကောင်ထည် ဖေါ်လိုက်သည်ပေါ့.။ ဗုဒ္ဓဂယာမြေမြတ်မဟာသို့
(၁၂.၃.၂၀၁၁)နေ့တွင်ရောက်ရှိပြီးသံဝေဇနိယ လေးဋ္ဌာနဘုရားဖူးခရီးစဉ်ကို ၁၄.၃.၂၀၁၁ မှစတင်ပြီးဖူးခဲ့သည်။
၂၅.၃.၂၀၁၁ မှာ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ အမိမြန်မာပြည်သို့ ပြန်ရန် လေယာဉ်တတ်ရန်ပြန်လည်ရောက်ရှိခဲ့သည် ရောက်ရှိစဉ်မှာ မိမိတို့ကျောင်းသားကျောင်း၌ အမှတ်တရဆွမ်းအလှူပွဲလေးတခု အမှတ်တရ အဖြစ်ကပ်ခွင့်ရလိုက်တော့၏။ ရဟန်းအမကြီး၏ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ ထူးမြတ်စွာ မဂဓတက္ကသိုလ်၌ M.A ပညာသင်ရဟန်းတော်များPH.D ပညာသင်ရဟန်းတော်အပါး (၃၀)ခန့်ကပ်ခွင့်ရလိုက်၏။ ကျောင်းသားတွေများမှလည်းအလှူရှင်ရဟန်းအမကြီး၏ ဆွမ်းအလှူကိုမေတ္တာသုတ်ပရိတ်တော်နှင့် ချီးမြှင့်ပြီး ဆုတောင်းမေတ္တာများပို့သပေးလိုက်ကြောင်း..

No comments:

Post a Comment