ကောသမ္ဖီမြို့ဃောသိတာရုံကျောင်းတော်၌ ၀ိနည်းဓိုရ်ဦးဆောင်သောရဟန်းက ၅၀၀ ဓမ္မကထိကဦးဆောင်သောရဟန်းက ၅၀၀ စုစုပေါင်း သံဃာပေါင်း ၁၀၀၀ သီတင်းသုံးတော်မူသည်.။အချင်းချင်းညီညွတ်ကြ၏။ စည်းလုံးကြ၏.။သို့ဖြစ်၍ကြည်ညိုဖွယ်ရှီလှ၏။ကောသမ္ဖီမြို့သူမြို့သားတို့၏ ကောင်းမှုကိုစိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ်ဖြစ်၏။ကောင်းမှုကိုလယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်းကို.ပုညခေတ္တ ဟု ဆိုလိုသည်။။
ဃောသိတာရုံကျောင်းတော်ကြီး၌ သံဃာ ၁၀၀၀ သီတင်းသုံးတော်မူသည်..။တနေ့တွင် သံဃာအချင်းချင်း ပဋိပက္ခဖြစ်၍ မြတ်စွာဘုရားသည်.၂ ကြိမ်တိုင်တိုင်စေလွှတ်၍မိန့်တော်မူခဲ့သည်..သို့သော်.အချင်းချင်းညီညွတ်မှုက မရခဲ့..မရခြင်းကြောင့် ၃ကြိမ်မြောက်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်ကြွတော်မူပြီးပညတ်သင့်သည်ကိုပညတ်ပြီးညီညွတ်စေ၏။နောက်တကြိမ်ပြန်လည်ခိုက်ရန်အငြင်းပွားဟု ကြားတော်မူ၍ မြတ်စွာဘုရားသည် ဒုတိယအကြိမ် ကိုယ်တော်တိုင်ကြွတော်မူပြီး…
ချစ်သားတို့….ခိုက်ရန်ကွဲပြားငြင်းခုံကြခြင်းသည် အကျိုးမဲ့ကိုပြုတတ်ကုန်၏.။ခိုက်ရန်ြပြုခြင်းကိုမှီ၍ နှံစုတ်ငှက်မသည် ဆင်ပြောင်ကြီးကိုပင်အသက်ကုန်ခြင်းသို့ရောက်စေဘူးပြီ..ဟု လဋုကိက ဇာတ်ကို၎င်း ငြင်းခုံကွဲပြားငြင်းခုံကွဲပြားခြင်းကြောင့်များစွာသော ငုံးငှက်တို့ကိုအသက်ကုန်ရသောဝဋဋ္ဋက ဇာတ်တော်ကို၎င်းဟောတော်မူ၏..။။ထိုသို့ဟောတော်မူသော်လည်း.ကောသမ္ဖီမြို့ဃောသိတာရုံကျောင်းတော်ကြီး၍ အုပ်စု ၂ အုပ်စုရှိသံဃာတော်တို့သည်မြတ်စွာဘုရား၏အဆုံးအမကိုမခံယူပဲငြင်းခုံမြဲငြ်းခုံလျက်ပင်ရှိကြ၏ ။နောက်ဆုံး၌ ငြ်းခုံကွဲပြားခိုက်ရန်ဖြစ်ပွားခြင်းမပြုဘဲ အချင်းချင်းစည်းလုံးညီညွတ်မှုကြောင့်မင်းစည်းစိမ်ကိုရရှိသော..ဒီဃီတိကောသလမင်းကြီး၏သားတော်ဒီဃာဝုမင်းသားအကြောင်းကိုဟောတော်မူပြန်၏..။သို့သော်လည်း..ထိုပဋိပက္ခကားမငြိမ်းခဲ့ပေ.။။
အရိုင်းနဲ့အယဉ် သို့မဟုတ် ကုသိုလ်နှင့်အကုသိုလ်.
ပုထုဇဉ်တို့၏ သန္တာန်၍ကုသိုလ်နှင့်အကုသိုလ်တို့သည်အခွင့်သင့်သလိုဖြစ်ကြလေရာ အကုသိုလ်ဖြစ်ချိန်တွင် လူသည် တိရစ္ဆာန်သဖွယ်ဖြစ်၏။တိရစ္ဆာန်စိတ်ပေါက်၏။တိရစ္ဆာန်လိုရိုင်းပြ၏။အတ္တဆန်၏.။သည်းမခံ.ခွင့်မလွှတ်။ထို့ကြောင့်လူသည် မျောက်မှဆင်းသက်လာ၏ ဆိုသော အဆိုသည်အကျင့်သိက္ခာရှုထောင့်မှကြည့်လျှင်မှန်၏။။ကုသိုလ်ဖြစ်ပွားချိန်၌မူ.ဗြဟ္မာသဖွယ်ဖြစ်၏.။ယဉ်ကျေး၏။။အတ္တမဆန် ဗြဟ္မစိုရ်တရားနှင့်အညီကျင့်၏။သည်းခံ၏။။ခွင့်လွှတ်၏.။ထို့ကြောင့်လူသည်ဗြဟ္မာမှဆင်းသက်၏ ဟူသောအဆိုသည်.အကျင့်သိက္ခာရှုထောင့်မှကြည့်လျှင်မှန်၏။…။ထို့ကြောင့် ရဟန်း ၁၀၀၀ တို့သည် ပုထုဇဉ်ဖြစ်သည့်အလျှောက်.ရိုင်း၏.။သည်းမခံ မြတ်စွာဘုရားစကားကိုသော်မှ မလိုက်နာကြ.။အရိုင်းနှင့်အယဉ်.သို့မဟုတ် အကုသိုလ်နှင့်ကုသိုလ်တို့တွင်အရိုင်းသို့မဟုတ်အကုသိုလ်က..အယဉ်သို့မဟုတ်ကုသိုလ်အပေါ်၌မည်မျှပင်အောင်ပွဲခံစေကာမူ ထိုအောင်ပွဲသည်ထာဝရအောင်ပွဲမဟုတ်.ခေတ္တမျှသာ။။ဗုဒ္ဒဒေသနာတော်အရထာဝရအောင်ပွဲခံနိုင်သောစိတ်ကားကုသိုလ်စိတ်တည်း။။ဤသို့ကုသိုလ်စိတ်ကအကုသိုလ်စိတ်အပေါ်ထာဝရအောင်ပွဲခံခြင်းကို( အရိယာ )ဖြစ်သွားပြီဟူ၍ဆိုပေသည်.။ထို့ကြောင့်ဓမ္မနှင့်အဓမ္မ တို့တွင်ဓမ္မသည်အကြောင်းမညီညွတ်၍ မည်မျှပင်ရှုံးစေကာမူနောက်ဆုံးတနေ့၌ဓမ္မသည်အဓမ္မအပေါ်မလွဲမသွေထာဝရအောင်ပွဲကိုရနိုင်မည်သာဖြစ်၏။
ဤ သဘောကိုသိတော်မူသောမြတ်စွာဘုရားသည်.ကောသမ္ဖီမြို့မှဃောသိတာရုံကျောင်းတိုက်တော်ကြီးမှရဟန်း.
၁၀၀၀ ကို စွန့်၍ပါလိထေယျကတောအုပ်သို့ကြွတော်မူပြီးတပါးထည်းသီတင်းသုံးနေတော်မူ၏.။ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းသည်မြတ်စွာဘုရားအားလုပ်ကျွေး၏။မက္ကဋမျောက်သည်လည်းလုပ်ကျွေးပြုစု၏.မြတ်စွာဘုရားသည် ဆင်နှင့်မျောက်တို့၏ ပြုစုလုပ်ကျွေးမှုကိုခံယူကာ တပါးထည်းချမ်းသာစွာသီတင်းသုံးနေခဲ့၏.။။

No comments:
Post a Comment