၁၃.၅.၂၀၁၀.နေ့.ဗာရာဏသီရွှေမြို့တော်မှနေ့လည်အချိန်လောက်မိမိနေရာအိမ်လေးကိုလွမ်းမောတသစွာအပြီးပိုင်နှုတ်ဆက်ခြင်းမဟုတ်သော်လည်း.နေခဲ့ပေဦးတော့ဆိုတဲ့သမင်လည်ပြန်အကြည့်တချက်ဖြင့်နှုတ်ဆက်ကာ.အိန္ဒိယနိုင်ငံကျောင်းသားအဖွဲ့ကြီး၏လေး
လခန့်အစည်းဝေးများသွားရာကားဖြင့် ဗုဒ္ဓဂယာမြို့သို့စုရပ်ဖြစ်သော.ဆေးဝင်္ကဘာမြန်မာ
ကျောင်း၌မိမိ၏.၀န်စည်စလွယ်အိပ်များကိုမနိုင်တနိုင်မလို့.ကားလေးဖြင့်ထွက်လာခဲ့တော့၏.မနက် ၉ နာရီခန့်အချိန်တွင်.မြတ်စွာဘုရားတရားဦးဟောတော်မူရာမိဂဒါဝုန်ဓမ္မေ
ခစေတီတော်ကြီးအားလည်း.အပြေးလွှားဦးချရန်သွားခဲ့ရသေး၏.မိမိလည်း.ဘုရားအတွင်းသို့မ၀င်ဘဲအပြင်မှနေ၍ဦးချမှုကိုပြုရတော့၏.။ကိုရွှေကုလားတို့သည်လည်း.စူးစမ်းသောအကြည့်တို့ဖြင့်မိမိအား.ကြည့်နေကြတော့၏.။
ကားလေးသည်လည်းတာဝန်ပေးလိုက်သည်နှင့်တဟုန်ထိုးပြေးထွက်တော့၏.အင်း.ခဏတာခွဲခွာရပေမဲ့လဲပဲ.ရင်ထဲမှာလွမ်းသလိုလိုနဲ့နေခဲ့ပေဦးတော့.စရဏရပ်ကွက်လေးရေ..လို့.နှုတ်မှမထွက်သော်လည်း.ရင်ထဲမှာတော့..ပြောနေမိပါတယ်လေ..
ထုံးစံအတိုင်း.လမ်းတွင်ကားကြီးကားငယ်အသွယ်သွယ်.စက်ဘီး..ဆိုင်ကယ်.ကျွဲ.နွားတို့
ဖြင့်.ရှုတ်ရှတ်ခတ်နေသောဗာရာဏသီရွှေမြို့တော်ကိုလွမ်းနေသရောင်ရောင်.အလွမ်းဓါတ်ခံရှိတတ်တဲ့ကျောင်းသားလေးမှာ.မျက်ရည်ဥလေးတွေဝဲလို့အတွေးလေးနဲ့ကားလေးခေါ်ဆောင်ရာသို့လိုက်ပါရင်း.ရောက်ခဲ့ပြီပေါ့…ဆေးဝင်္ကဘာမြန်မာကျောင်း.ပေါ့..
ရောက်ပြီးလို့မကြာလိုက်ပါ.ဆွမ်းဘုဉ်းရန်တဲ့.ခေါ်ဆောင်ကြသောသူငယ်ချင်းများနှင့်
အတူ.ကြက်သားဟင်း..သရက်သီးထောင်း.ချဉ်ရည်ဟင်းတွေနဲ့.အသားမစားရတာကြာ
ပြီဖြစ်တဲ့မိမိမှာ..၃ ပုဂံတိတိဘုဉ်းပေးလိုက်တော့၏.များမကြာမီ.ကားဆရာသည်လည်း.
တတီတီဖြင့်.သတိပေးတော့၏.အမိမြန်မာပြည်ပြန်မဲ့ဦးဇင်းမိမိအပါဝင် ၅ ပါး ကားပေါ်သို့
နေရာယူတော့၏.အစည်းဝေးတတ်ရောက်ရန်ဦးဇင်း ၇ ပါးပေါ့.ကားလေးသည်လည်းအ
ချိန်မဆွဲတော့ပဲ.မိမိတတ်ရောက်သင်ယူခဲ့သော Sanskrit တက္ကသိုလ်သို့ ၁၁ကြိမ်မြောက်စာမူစာအုပ်များယူရန်မောင်းလေတော့၏.။ထိုမှာလည်း.ဆေးရောင်တို့ဖြင့်တောက်ပစွာခြယ်မုန်းထားသောအမိတက္ကသိုလ်ကြီးကိုလည်းနှုတ်ဆက်ခွင့်ပေးလို့ပေါ့..ထိုမှ.BHU.တက္ကသိုလ်မှ အစည်းဝေးလိုက်ရန်နှင့်မြန်မာပြည်ပြန်ရန်သွားရောက်ခေါ်
ဆောင်ရတော့၏.လမ်းတွင်ကားလမ်းများအတော်ကြပ်၏.အတော်နဲ့မရောက်နိုင်ရှေ့ခန်းမှပြန်ကြားရေးမှူးအရှင်ဝါယမိန္ဒမှာတော့ ဖုန်းတလုံးဖြင့်အလုပ်ရှုတ်နေတော့၏.ကားဘယ်သို့ရောက်နေပြီ အဆင်သင့်ပြုလုပ်ဘို့
တဂွမ်ဂွမ်ဆက်သွယ်တော့၏..ရောက်ပါပြီ..BHU.တက္ကသိုလ်ကြီး..ကျောင်းသူ။ကျောင်းသားတို့ဖြင့်စည်ကားနေတော့၏.အဆင်သင့်စောင့်ဆိုင်းနေသောဦးဇင်းတို့မှာလည်းအရန်သင့်အထုပ်ပိုးကာတတ်လာတော့၏.နှုတ်ဆက်နေကြသောသူငယ်ချင်းများ.တို့သည်လည်းအားရစရာကောင်းလှတော့၏.လက်ပြနှုတ်ဆက်ကာအပြီးပိုင်မဟုတ်သော်လည်း
တခဏတာတော့ခွဲခွာရပြီပေါ့လေ..အရှင်အစ္ဆရိယမှလည်း..ဖုန်းဆက်ဘို့.လ်ာညှိုးနဲ့လက်မလေးကိုနားမှာကပ်ကာသတိပေးခဲ့သော်လည်း..ယ္ခုထိ.ဖုန်းမဆက်ဖြစ်ပါ..ဖက်လို့လဲမရခဲ့..ထိုမှလမ်းကြိုလမ်းကြား အဝေးပြေးလမ်းမကြီးသို့ကားကလေးသည်အရှိန်ပြင်းစွာ
ထွက်ခွာခြင်သော်လည်း.လမ်းရဲ့လူဦးရေပေါများမှုကြောင့်ဖြည်းဖြည်းမောင်းရတော့၏
ဟော..အဝေးပြေးလမ်းမကြီးသို့ ရောက်ပေတော့မည်.ကားပေါ်တွင်လိုက်ပါလာကြသော
မိမိတို့မှာ.ရောက်ပြီ.ဆိုပြီး.အော်လိုက်တော့မှမိမိလည်းတွေးနေသောအတွေးစကိုဖြတ်ပြီး
အဝေးပြေးလမ်းမကြီးရဲ့.မိမိရောက်စနှင့်မတူတော့ ကျယ်ဝန်းသောလမ်း.နူးညက်သော
လမ်းဟု.သတိထားမိတော့၏..လမ်းတွင်မှောက်နေသောကားကြီးများ.ကြေမွပျက်စီးနေသောကားကြီးများ..၇.၅.၂၀၁၀ နေ့မှတိုက်ခတ်သောလေကြောင့်ပြိုကျနေသောတိုက်အို
များ.လဲကျနေသောသစ်ပင်များတို့တွေ့ရှိရတော့.အော်..ဒီလောက်တောင်တိုက်သွားပါလားဆိုပြီးအံ့အားသင့်မိပါရဲ့.ကားလေးသည်လည်း.အဝေးပြေးလမ်းမကြီးရောက်တာနဲ့တပြိုင်နက်တရှိန်ထိုးမောင်းလေတော့၏.အပြင်မှအပူဒဏ်ကြောင့်ကားထဲမှာလည်းပူစပ်စပ်နဲ့
မကြာခင် အိပ်ငိုက်တော့၏.လမ်းတွင်.အရှင်မောဒန်မှလည်းစုံလှသောဗဟုသုတတွေကို
နောက်သို့လှည့်ကာလှည့်ကာဖေါက်သည်ချတော့၏.ရီစရာတမျိုး.ဗဟုသုတကတဖုံပေါ့.
ဒီကြားထဲအရွှန်းဖေါက်တတ်သောကိုနော ကလဲ အားကြမခံပေါ့..ကားပေါ်မှာအပူဒဏ်ကို
အံတုပြီး.ပွဲကြနေတာတော့ ဘယ်သူတွေလဲ…………..??
ဒီကြားထဲ တချက်တချက်ဝင်ရောက်ရွှန်းသူကတော့ ကိုမုတ်ဆိတ်ပေါ့.အတည်ပေါက်နဲ့
ရီစရာပြောတတ်သူတည်း..။မိမိမှာတော့ ကွမ်းလေးမြုံ့နေရင်းနဲ့ပြင်ပမှရှုခင်းများ.သူတို့
ပြောနေသောစကားများနားထောင်ရင်းအဝေးမှမြင်နေရသောတောင်တန်းကြီးများနှင့်
အပူဒဏ်ကိုပမာမခန့်နေပူထဲရေချိုးနေကြသောကိုရွှေကုလားများ.နေပုကြဲကြဲအလုပ်လုပ်နေသူများကိုကြည့်ရင်း..အော်..ဒို့မှာတော့ပူလို့..သူတို့မှာတော့..လ များသာနေရော့.
သလား..ဆိုပြီး..ခေါင်းတညိမ့်ညိမ့်ဖြင့်ကားခေါ်ဆောင်ရာသို့လိုက်ပါနေရတော့၏..။
မကြာမီ.ကြက်သားရဲ့သတ္တိပြတော့၏..အိပ်ငိုက်တော့၏…။
တနေရာအရောက်ကားလေးသည်.ခဏရပ်နားတော့၏.မိမိလည်းအိပ်နေရာမှလန့်နိုးလာတော့၏..ကျမ္မာရေး ဆင်းကြတော့၏.ပြင်ပလေသည်.ပူလောင်လွန်းလှ၏.ခြစ်ခြစ်
တောက်ပူလှ၏..။
အာကာသဂင်္ဂါ..တဲ့.တိုနေရာ၌ခဏနားကြတော့၏.ထိုအာကာသဂင်္ဂါသည်အပြင်မှကြည့်
သော်အထဲမှာအတော်အေးမှာပဲဟုထင်မြင်ကြ၏..သို့သော် အထင်နဲ့အမြင်တို့သည်တခြားဆီ ပူလိုက်သာ.ထိုအာကာသဂင်္ဂါမှာ အအေးတပုလင်းဆီ
သောက်..ရေသန့်တဘူးဆီ.သောက်လိုက်တော့၏.ထိုမှပြန်ထွက်လာသော်.အပြင်မှာလေပူတွေတိုက်လို့.စပ်ဖြင်းဖြင်းနဲ့..အော်..ငရဲပြည်မှာငရဲခံနေတဲ့ဒေ၀ဒတ်တယောက်တော့..ဆိုပြီး.အတွေးလေးတချက်ဝင်လာမိခဲ့…ဟော..ဂယာမြေသို့ဝင်လာနေပြီ.အော်..ဘုရားပွင့်တော်မူရာမြေမြတ်မဟာရဲ့ဒေသသို့ရောက်လာခဲ့ပြန်ပြီကော.လို့တွေးကာ.နေရဉ္ဖရာ
မြစ်တံတားကိုကျော်လာခဲ့ချေပြီးမကြာမီ မြန်မာရွှေကျောင်းသားတို့အဖွဲ့ပိုင်ကျောင်းတော်
ကြီးသို့ရောက်တော့မည်ဆိုတဲ့အသိတို့သည်.တွေးရင်းတွေးရင်းနဲ့..ဟော.သာသနာ့အလံတို့ဖြင့်ကြိုဆိုနေသောကျောင်းတော်ကြီး..ဆေးရောင်တို့ဖြင့်..ခန့်ညားထည်ဝါလှသောကျောင်းတော်ကြီး….အော်..ကျောင်းသားတိုင်းကိုမငြီးမငြူဧည့်ခံတတ်သောကျောင်းတော်ကြီး..ထိုကျောင်းတော်ကြီးမှာနွေးထွေးစွာကြိုဆိုနေသော.ဥက္ကဋ္ဌကြီးနှင့်မမဝေ.မွေးထုတ်ထားသောကျောင်းသားတို့သည်လည်း..ပြုံးရွှင်စွာကြိုဆိုနေသောမြင်ကွင်းဟာ..မေ့နိုင်ပါတော့မည်လား..ယ္ခုလည်းမမေ့..နောင်လဲ…မမေ့နိုင်တော့ပါ..လို့….
No comments:
Post a Comment