အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, May 14, 2010

လေမုန်တိုင်းလို့ခေါ်လေမလား…

ဘုရားပွင့်တော်မူရာ.ဗုဒ္ဓဂယာမြို့.ဘီဟာပြည်နယ်၌.တိုက်ခတ်.
၇.၅.၂၀၁၀.နေ့၌.ဂယာမြို့တ၀ိုက်တွင်.ဖုန်လုံးကြီးတွေဒလဝေါတိုက်ခတ်ကြောင်းဂယာမြို့
မဂဓတက္ကသိုလ်၌ ပညာသင်ယူနေသော.PH.D ကျောင်းသားသူငယ်ချင်းမှပြောပြလို့သိ
ခဲ့ရ၏.ကျောင်းသားလေးတို့ဗာရာဏသီမှာတော့ဒီလောက်ပြင်းထန်မှုမဖြစ်ပေမဲ့.လေတွေတိုက်ခြင်း..မိုးတွေရွာချခြင်းများဖြစ်ခဲ့.မိုးနဲဒေသမို့ ရွာချိန်မဟုတ်ရွာချမှုကြောင့် အပူချိန်တော့နည်းနည်းသက်သာခဲ့ရ၏..သို့သော်ရက်ပိုင်းသာဖြစ်၏.နောက်တရက်ကျော်လို့အပူရှိန်သည်.ပုံမှန်အတိုင်းပူမြဲဖြစ်တော့၏သို့သော်.မြို့ထဲအချို့နေရာများတွင်သစ်ပင်
များအမြစ်မှလေတိုက်မှုကြောင့်လဲပြိုကျခြင်းများတွေ့ခဲ့ရ၏..။
အင်တာနက်လိုင်းများ.သိသိသာသာကျဆင်းသွားတော့၏.ကျောင်းသားလေးအသုံးပြုသော.အင်တာနက်သည်.တပတ်ကျော်ခန့်အသုံးပြု၌မရခဲ့..ဖုန်းများဖြင့်အသုံးပြုသောအင်တာနက်တို့သည်တရက်ကြာခဲ့သော်ပုံမှန်အနေထားသို့ရောက်ခဲ့သော်လည်း.36.နဲ့အသုံးပြုသောအင်တာနက်သမားတို့မှာ.ကွန်နရှင်မရခဲ့.သို့လော..သို့လော.ဖြင့်တွေးတောရင်း.
ပြန်သာလာခဲ့ရတော့၏.ယခု.post တင်နေချိန်.ဗုဒ္ဒဂယာမြေမြတ်မဟာ၌ရောက်ရှိနေခိုက်
အမှတ်တရတင်မိတော့၏.။ ။
ဗုဒ္ဒဂယာမြို့နှင့်ရာဇဂြိုဟ်.ပတ္တနား စသောမြို့တွေမှာမူ.ပစ္စည်းဥစ္စာဆုံးရှုံးခြင်း.လူများသေ
ခြင်းတို့ဖြစ်ကြ၏..ဂယာမြို့တွင်.ဖုန်လုံးကြီးများဖြင့်ဒလဝေါတိုက်ခတ်မှုကြောင့်.ဂယာမြို့ရှိ
ခရီးသွားကိုရွှေကုလားတို့ ဆိုင်ကယ်များ..စက်ဘီးများကိုဥပေက္ခောပြုကာ.ကိုယ်လွတ်ရုံး
ကာ.ထွက်ပြေးရတော့၏.မကြာခင်ပဲ ကိုရွှေမိုးရွာချပေးမှုကြောင့်သက်သာရာရခဲ့လေ
တော့၏.။ရာဇဂြိုဟ်မြို့တွင်မူ လုပ်ငန်းရှင်များဆုံးရှုံးမှုတို့ဖြင့်ကြုံတွေ့ရတော့၏.ဟု.သူငယ်
ချင်းပြောပြလို့သိရတော့၏။ ။

No comments:

Post a Comment