အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, July 10, 2011

ဝါဆိုဝါကပ်ကြရန်မြတ်စွာဘုရားသည်...

ဝါဆို ၀ါကပ်ခြင်း

ဗိမ္ဗိသာရမင်းသည် ဘုရားရှင်ကို ဘုရားမဖြစ်ခင်ကပင် လေးစားကြည်ညိုသူဖြစ်၏၊ ဘုရားမဖြစ်ခင် ကပိလ ၀တ် မင်းနေပြည်တော်ကို စွန့်၍ တောထွက်လာရာ ဝေဘာရတောင်ခြေ ခေတ္တနားနေခိုက် သူ့နိုင်ငံကို တစ် ၀က် ခွဲပေးမည်ဟု မင်းစည်းစိမ်ခြင့် ဖိတ်မာန်ခဲ့ဘူး၏ဘုရားအလောင်းတော်က မင်းစည်းစိမ် မမက်၍ ဘုရားဖြစ်ရန် တောထွက်လာခဲ့သည်ဟုပြန်လည် ဖြေကြားသောအခါ ဗိမ္ဗိသာရ ဘုရင်မင်းမြတ်က သမ္မာသမ္ဗုဒ္ဓ - ဘုရား ဖြစ်လျှင်သူ့နိုင်ငံ သူတိုင်းပြည်သို့ အရင်ဆုံးကြွရောက် ချီးမြှောက်တော်မူ ပါရန် လျှောက်ထားလိုက်၏

သူ့နိုင်ငံ သူ့တိုင်းပြည်ဟူသည် “ ဝေဘာရတောင် ဝေပုလ္လတောင် ပဏ္ဍ၀တောင် ဂိဇ္ဈကူဋ တောင် ဣသိဂိလိတောင် ” ဟူသော တောင်ငါးလုံး ၀န်းရံနေသည့် ရာဇဂဟခေါ် ရာဇဂြိုဟ်မည် မင်းနေပြည်ဖြစ်ပါ၏

မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစားကြွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးမူနေခိုက်ဖြစ်၏၊ ထိုအချိန်က ရဟန်းတော်များ ၀ါဆိုရန် သတ်မှတ်ချက် ပညတ်ချက် မရှိသေးပေ။ ထို့ကြောင့် ရဟန်းတော်များသည် ဥတုသုံးလီ ဒေသစာရီ ကြွချီတော် မူကြ၏၊
မိုးရာသီ မိုးဥတုသည် တောင်သူဦးကြီးများ ကောက်ပဲသီးနှံစုံ အဓိကအားထား၍ စိုက်ပျိုးရာ အချိန်ဖြစ်၏၊ ရဟန်းတော်များသည် တောင်သူဦးကြီးများကို စိုက်ခင်းများကို ဖြတ်ကျော်၍ ခရီးသွားရ၏၊ ထိုအခါ မျက်ပင် များ အပြင် သီးနှံပင်လေးများ နင်းမိ၍ ကြေမွကုန်သည်လည်း ရှိ၏။သစ်ပင်များသည် သိတတ်သည့် နာမ် သက်မရှိသော်လည်း ရုပ်သက်ကား ရှိ၏ဟု တစ်ချို့ လူများက ထင်မြင်ယူဆကြ၏၊

ရဟန်းတော်များ သွားလာ၍ မြက်သစ်ပင် ကောက်ပင် သီးနှံ ပင်များ ပျက်စီးသည်ကို မြင်သော အခါ “ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အဘယ့်ကြောင့် ဆောင်း နွေ မိုး ဥတုသုံး ပါးလုံး စိမ်းရှင်သော မြက်သစ်ပင်တို့ကို နင်းချေကုန်လျှက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲက သေးငယ်သည့် များစွာသော သတ္တ၀ါတို့ကို ပျက်စီးခြင်းသို့ရောက်စေ၍ ဒေသစာရီ လှည့်လည် ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသောအယူရှိသော တိတ္ထိတို့သော်မှ လည်း မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့ (တစ်နေရာထည်း၌ ) စွဲမြဲစွာ နေကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ စွဲမြဲစွာ နေကြ ကုန်သေး ၏၊ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတော်တို့သည် ကား ဆောင်း နွေ မိုး ဥတုသုံး ပါးလုံး စိမ်းရှင်သော မြက်သစ်ပင်တို့ကို နင်းချေကုန်လျှက် အသက်ဟုဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲက သေးငယ်သည့် များစွာသော သတ္တ၀ါတို့ကို ပျက်စီးခြင်းသို့ရောက်စေ၍ ဒေသစာရီ လှည့်လည် ကုန်၏ ”ဟု ကဲ့ရဲ့ ရှုတ်ချ အပြစ်ကြောကြကုန်၏။

လူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောသောစကားကို ရဟန်းတော်များက ကြားကြ၍ မြတ်စွာဘုရား ရှင် ကို လျှောက်ထားကြ၏၊ ထိုအခါ မြတ်စွာဘုရားက တရားစကားများဟောကြားပြီး “ ရဟန်းတို့ကို ၀ါကပ် စိမ့်သောငှာ ( ၀ါဆိုဖို့ရန် ) ခွင့်ပြုတော်မူ၏။
ဘယ်လမှာ ၀ါကပ်ရမှန်း မသိကြ၍ ဘုရားရှင်အား ပြန်လည်လျှောက်ထားကြရာ မိုးလရာသီ၌၀ါကပ်ရန်မိန့်ေ တာ် မူ၏ ထို့နောက် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမ၀ါကပ်ရန်၊ ထိုနေ့၌ အကြောင်းအမျိုး မျိုးကြောင့် ၀ါမကပ်ဖြစ်ခဲ့သော ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ပစ္ဆိမ၀ါကပ်ရန် ခွင့်ပြုတော်မူ၏၊ ( ပစ္ဆိမ ၀ါကပ်သော ရဟန်းတော်တို့မှာ ကထိန်ရာသီကုန်မှ ၀ါကျွတ်ရ၍ ကထိန်ခံစားခွင့် မရရှိတော့ပေ )။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ၀ါတွင်း၌လည်း ဒေသစာရီ ဆက်လက်ကြွချီနေကြရာ လူတို့က ကဲ့ရဲ့ကြသောကြောင့် ၀ါတွင်းကာလ ဒေသစာရီကြွလျှင် ဒုက္ကဋ်အာပါတ်သင့်စေဟု ၀ိနည်းပညတ်ချက်ထုတ်ပြန်တော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ၀ါမကပ်လိုပဲ နေကြပြန်ရာ ၀ါမကပ်သောရဟန်းဒုက္ကဋ်အာပါတ်သင့်စေဟု ပညတ်ချက် ထုတ်ပြန်တော်မူ၏။ထို့နောက် ဗိမ္ဗိသာရ ဘုရင်မင်းမြတ်၏ လျှောက်ထားချက်အရ ၀ါထပ်သော် ဒုတိယ၀ါဆို၌ ၀ါကပ်ရန် ခွင့်ပြုတော်မူ၏။

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးနေတော်မူခိုက်ဖြစ်၏။ကောသလတိုင်း ဇနပုဒ်နေ ဥဒေန ဥပါသကာသည် သံဃာတော်များ သီတင်းသုံးရန် ကျောင်းဆောက်လုပ်၍ ပြီးသောအခါ ရဟန်းတော်များထံသို့ “ အရှင်ကောင်းတို့သည် ကြွလာတော်မူကြပါလော။ အလှူကိုပေးခြင်း တရားတော် ကို နာခြင်း ရဟန်းတို့ကို ဖူးမျှော်ခြင်းငှာ အလိုရှိပါ၏ ” ဟု တမန်ကို စေလွှတ်၍ လျှောက်ထားလေ၏
ရဟန်းတော်များသည် ၀ါတွင်းကာလ ဒေသစာရီမကြွရဟူသော ဘုရားရှင်၏ပညတ်ချက်ကြောင့် ၀ါကျွတ်ပြီး သည့် ကာလတိုင်အောင် စောင့်ဆိုင်းပါအုံး၊ အကယ်၍ အဆောတလျှင် ရှောင်တခင် ပြုဖွယ်ရှိလျှင်လည်း ထိုအရပ်အနီးအနားရှိ ရဟန်းတော်များကို ကျောင်းကို လှူဒါန်းပါစေ “ ဟု အကြောင်းပြန်လိုက်၏။ထိုအခါ ဥဒေန ဥပါသကာသည် “ အဘယ့်ကြောင့် အရှင်ကောင်းတို့သည် ငါသည် ပင့်ဖိတ်အပ်ပါလျှက် မကြွလာ ကုန်ဘိသနည်း၊ ငါသည် ပစ္စည်းလေးပါးကို ပေးလှူတတ်သော ဒါယကာတည်း၊ သံဃာ၏အမှုကြီးငယ် ကို ပြုလုပ်တတ်သူတည်း၊သံဃာ၏ အလုပ်အကြွေးတည်း ” ဟုကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောဆိုလေတော့၏။

ထိုအခါ ရှင်တော်မြတ်ဘုရားက “ ရဟန်း ရဟန်းမ သိက္ခမာန် သာမဏေ သာမဏေမ ဥပါသကာ ဥပါသိ ကာမ ” ခုနှစ်ဦးတို့ ပင့်ဖိသည်ရှိသော် ခုနှစ်ရက်အတွင့်း ပြုဖွယ်ကိစ္စရှိက သွားနိုင်၏ခုနစ်ရက် အတွင်း ပြန်လာရမည်ဟု မိန့်တော်မူ၏

No comments:

Post a Comment