အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, October 22, 2010

တခွန်းထည်းသောသြဝါဒတော်..


စစ်ကိုင်းမင်းနှင့် မိဖုရားခေါင် နန်းမတော်မယ်နုတို့သည်.သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင်သဘင်ကြီးစွာခံ၍ ဆရာတော်ဦးဗုဒ်..အား..စက္ကိန္ဒာဘိသီရိသဒ္ဒမ္မမဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ် ဆက်ကပ်၍ မဟာအောင်မြေအုဌ်ကျောင်းတော်ကြီးကို လှူဒါန်းကာ အလှူတော်ရေစက်သွန်းချပြီးနောက် ဆရာတော်ထံ ဆုံးမသြဝါဒခံရာတွင် ဘုရင်နှင့်မိဖုရားတို့ တသက်လုံးမှတ်လောက်အောင်..
မင်းနှင့်တူအောင်ကျင့်က ငါတို့ဆုံးမသြဝါဒပေးစရာမလို..
မင်းနှင့်တူအောင်မကျင့်က ငါနှင့်မဆိုင်..အဝီစိနှင့်သာဆိုင်သည်..ဟုသြ၀ါဒပေးတော်မူခဲ့သည်..။။

No comments:

Post a Comment