အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, October 31, 2010

“ဗုဒ္ဒဘာသာဖြစ်ခဲ့သော တရားဓမ္မ”

အပ္ပမာဒေါ အမတံ ပဒံ. ပမာဒေါ မစ္စုနောပဒံ.။
အပ္ပမာဒေါ.မမေ့လျော့ခြင်းသည် (၀ါ)သတိပဌာန်တရားအမြဲရှုမှတ်သောသူသည်.
အမတံ.သေခြင်းကင်းသော (၀ါ)ဘယ်တော့မှမသေတော့တဲ့.ပဒံ.နိဗ္ဖာန်ရောက်ကြောင်းပေတည်း..။
ပမာဒေါ.မေ့မေ့လျော့လျော့နေသောသူသည်.(၀ါ)သတိပဌာန်တရားမရှုမှတ်သောသူသည်.
မစ္စုနော.သေခြင်း၏ (၀ါ)ဘယ်တော့မှသေလို့မဆုံးနိုင်တဲ့.ပဒံ.အကြောင်းတည်း..။။
အို..ဘုရင်မင်းကြီး.အပ္ပမာဒတရားသတိပဌာန်ဆိုတဲ့တရားကိုမှတ်သောသူသည်.သေခြင်းကင်းသောနိဗ္ဖာန်သို့ ရောက်ရသည်.။အပ္ပမာဒတရားသတိပဌာန်တရားမရှုမှတ်သူသည် သေလို့မဆုံးနိုင်သောသူဖြစ်သည်. ဟောကြားလိုက်သောအခါ ဘုရင်ကြီးသည်သေမှာကိုကြောက်သောသူဖြစ်၍ အပ္ပမာဒတရားလက်ကိုင်ထားသူသည် သေခြင်းကင်းသောနိဗ္ဖာန်သို့ရောက်မည် ဟု သိရသောအခါ ငါ သည်အပ္ပမာဒတရားလက်ကိုင်ထားပြီးသတိပဌာန်ကိုရှုမှတ်တော့မည်ဟု.သေရမှာကိုကြောက်သောကြောင့် ဗုဒ္ဒဘာသာဝင်ဖြစ်လာတော့၏..။။
ဒီနေရာမှာအတွေးလေးတခု ဖြစ်မိပါရဲ့..ဘုရင်ကြီးသည် သူ၏စည်းစိမ်များက လူသာမန်တို့ထက်များပြားရကား.သေရမှာကို လူသာမန်များထက်ပို၍ကြောက်ပုံရ၏.ခု..ခေတ် သူဌေးသူကြွယ်တို့သည်လည်းလူသာမန်များထက်သေရမှာကိုကြောက်သည်ဟု ဆိုနိုင်သည်..။။
ဘုရင်ကြီး ဗုဒ္ဒဘာသာဝင်ဖြစ်လာသောကြောင့်သာသနာတော်ကို အလွန်ကြည်ညို၍ ကိုရင်လေးအားမနက်ဆြန်ခါ ဆွမ်းစားသံဃာတော် (၃၂ )ပါးပင့်၍နန်းတော်သို့ကြွပါဟု..ပင့်ဖိတ်သည်.။ကိုရင်လေးသည်လည်း..(၃၂)ပါးသောသံဃာတော်များပင့်ကာနန်းတော်သို့ကြွသည်..ဆွမ်းဘုဉ်းပေးသည်..ဘုရင်ကြီးသည်.
ဆွမ်းဘုဉ်းပေးနေသည်ကို.အလွန်ကြည်ညိုလေတော့၏..ပစ္စေဝေက္ခဏာဆင်ခြင်ခြင်း..အိနြေ္ဒတို့ဖြင့် တည်တည်ညိမ်ညိမ်ဘုဉ်းပေးနေသည်ကို..ဘုရင်ကြီး၏ ရင်ထဲမှာ ကြည်ညိုစိတ်တို့သည်ကား…ပြောလို့မကုန်နိုင်တော့..နောက်တနေ့ ဆက်လက်၍ပင့်ဖိတ်ပြန်သည် (၃၂ ) ပါးထပ်တိုး၍ ပင့်..နေ့စဉ် ( ၃၂ )ပါး အမြဲတိုးတိုးပင့်ခဲ့ရာမှ နောက်ဆုံးတွင်သံဃာတော်ပေါင်းခြောက်သောင်း ပင့်၍ ဆွမ်းကျွေးလေတော့၏.။။
ယ္ခု…တရားဟောဓမ္မကထိကဆရာတော်များဟောပြောနေသောဓမ္မက္ခန္ဒာပေါင်းရှစ်သောင်းလေးထောင် ရှိသည်ဟု သိရသောအခါတွင်မူ ရှစ်သောင်းလေးထောင်အရေအတွက်ကိုရည်စူးပြီး..ကိုးဆယ့်ကိုးကုဋေသောဘဏ္ဍာငွေတို့ကိုယူစေ၍ သံဃာတော်များနေထိုင်ရန် မြို့ကြီးမြို့ငယ်တို့မှာ ကျောင်းပေါင်း..ရှစ်သောင်းလေးထောင်.ရေတွင်းပေါင်းရှစ်သောင်းလေးထောင်.တို့ဆောက်လုပ်စေ၍ သာသနာတော်သို့လှူဒါန်းသည်..။။
ဘုရင်ကြီးလှူါးန်းသော.ယ္ခု (ပတ္တနား. )နဂိုရ် ပါဋလိပုတ်နေပြည်တော်မှာအာသောကာရုံကျောင်းကြီးမှာအရှင်မဟာမောဂ်ဂလိပုတ္တတိဿမထေရ်
သီတင်းသုံးတော်မူ၏..။ထိုအရှင်ထေရ်သည်လည်းရဟန္တာမြတ်ကြီးတည်း..။။
သီရိဓမ္မာသောကမင်းကြီးသည်.အရှင်မဟာမောဂ်၈လိပုတ္တတိဿမထေရ်မြတ်အား..မြတ်စွာဘုရား
သက်ရှိထင်ရှားလက်ထက်တော်မှာ တပည့်တော်လောက်လှူဒါန်းသောသူရှိပါသလား.ဟု လျှောက်ထား၏.အရှင်မြတ်မှလည်း အသင်ဘုရင်မင်းကြီးလောက်လှူဒါန်းသူမရှိကြောင်းပြန်လည်ဖြေကြားတော်မူ၏..။။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်မှာ အနာထပိဏ်သူဌေးကြီးသည် အလှူဒါန်းဆုံးဖြစ်၏.။ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်ကြီးကိုဆောက်လုပ်ရန်မြေ၀ယ်သောတန်ဖိုးသည် ဆယ့်ရှစ်ကုဋေပေးရသည်.။၎င်း..မြေပေါ်မှာကျောင်းဆောက်ရာ ဆယ့်ရှစ်ကုဋ္ဋေ ကုန်ကြသည်.။၎င်း ကျောင်းတော်ကြီးနှင့်ကျောင်းခြံကြီးကိုမြတ်စွာဘုရားအားလှူဒါန်းရာပွဲတော်ကြီးကို ကျင်းပရာ၌ ဆယ့်ရှစ်ကုဋေ ကုန်သည်.။အားလုံးပေါင်း.ဤ အလှူတော်ကြီးမှာ ငါးဆယ့်လေးကုဋေကုန်ကြလေ၏.။
အသင်ဒါယကာကြီးသည် ကိုးဆယ့်ကိုးကုဋေ လှူဒါန်းခြင်းကြောင့် အနာထပိဏ်သူဌေးထက်ပင်များပေသည်.ဟုပြောဆိုလိုက်သောအခါ သီရိဓမ္မာသောကမင်းကြီးသည် အရှင်ဘုရား ဤသို့ဆိုလျှင်တပည့်တော်သည်အလှူဒါန်းဆုံးဖြစ်၍ သာသနာ့အမွေခံထိုက်ပြီလားဘုရား ဟု လျှောက်ထားလေ၏..။။
အရှင်မောဂ်ဂလိပုတ္တမထေရ်မြတ်ကြီးက ဒါယကာကြီး.သာသနာ့အမွေကိုမခံထိုက်ပါ….ထိုအခါ သီရိဓမ္မာသောကမင်းကြီးသည် အရှင်ဘုရားဤသို့ဆိုလျှင် သာသနာ့အမွေခံထိုက်ရန်မည်သို့လှူဒါန်းရမည်နည်းဟု လျှောက်ထားသောအခါ အ၇ှင်မြတ်ကြီးမှ ဒါယကာကြီး.မိမိရင်မှဖြစ်သော သား၊ မြေး သူတပါးရင်မှဖြစ်သောသား.မြေးတို့ကို ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် အံ့ဖွယ်ရှစ်ဖြာသာသနာအတွင်းသို့ သွတ်သင်းလှူဒါန်းမှသာလျှင် သာသနာ့အမွေကိုရသည်ဟု ဟောကြားလိုက်သောအခါ..သီရိဓမ္မာသောကမင်းကြီးသည်.သားတော်မဟိန္ဒ နှင့်သမီးတော်သင်္ကမိတ္တာတို့ကိုသာသနာတော်အတွင်းသို့ရှင်…ရဟန်းအဖြစ်သွတ်သွင်းလှူဒါန်းလိုက်လေ၏.။။
သီဟိုဠ်ကျွန်းသို့သွား၍ပထမဆုံးသာသနာပြုသောသူမှာ ဤ မဟိန္ဒ ပင်ဖြစ်လေတော့၏.။။
ထို့ ကြောင့် သာသနာအစ သီရိဓမ္မာသောကမင်းကြီးက ဟု ဆိုသော်..မှားအံ့မည်မထင်..သူ၏ ရင်ထဲမှာ နိဂြောဓသာမဏေ ဆိုသည့် ကိုရင်ငယ်လေးကိုအကြောင်းပြုပြီး..ဗုဒ္ဒဘာသာဖြစ်လာတော့၏..။
သူ..၏ အတွေးစတို့သည်လည်း.ကောင်းသောတွေးဆတတ်၍ ဘာသာသာသနာကို ကြည်ညိုလေးစားတတ်လာခြင်းပင်ဖြစ်၏..။။သူတော်ကောင်းတရားဓါတ်ခံရှိသူတို့သည်..
တလုံးတပါဒဖြစ်စေကာမူ..ဆင်ခြင်သော.အသိဥာဏ်ဖြင့်..ယ္ခု..မူ..နိဂြောဓသာမဏေကိုရင်လေးသည်..
အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ .ဟူသော..၈ါထာလေးဖြင့် သီရိဓမ္မာသောကမင်းကြီးသန္တာန်ဝယ်…သေရမည်ကိုကြောက်လွန်းရကား…
ယနေ့ ကြားနေရသော ..ရေကန်ပေါင်း..၈၄၀၀၀..စေတီပေါင်း..၈၄၀၀၀ ကျောင်းပေါင်း.၈၄၀၀၀လှူဒါန်းသောသူမှာ.သီရိဓမ္မာသောကမင်းကြီးပင်..ဖြစ်လေ၏..။။

ပြေး၍မတင့်တယ်သူ ( ၄ )မျိုး.

( ၁ )ရှင်. ရဟန်း.( ၂ )မိန်းမ. ( ၃ )ဘုရင်..( ၄ )ဘုရင်၏စီးတော်ဆင်.
တို့သည်.ပြေး၍ မြန်မြန်သွား၍ မတင့်တယ်အပ်.။။
ရဟန်း..မိန်းမ.တ၀ ရှင်ဘုရင်.စီးတော်ဆင် ပြေးလျှင်မတင့်တယ်.ဟု.ငယ်စဉ်က
ဆရာသမားရဲ့သြ၀ါဒ ကြားနာမှတ်သားဘူး၏..။
ရှင်းလင်းအံ့…ရှင် ရဟန်းများသည်ပြေးလွှား၍သွားလျှင်မတင့်တယ်ပါ..။
မိန်းခလေးများသည်လည်းပြေးလွှား၍သွားလျှင်မတင့်တယ်ပါ..။
ဘုရင်သည်လည်းမြို့ထဲရွာထဲ၍ပြေး၍သွားလျှင် ဤဘုရင်ကြီးသည်ဘယ်ကရန်သူနှင့်တွေ့၍ပြေးသနည်းဟု ပြည်သူလူထုတို့မြင်ကာ မတင့်တယ်ပါ.။
ဘုရင်စီးတော်ဆင်သည်လည်း.မြို့ထဲရွာထဲ၍ပြေးလွှား၍သွားလျှင်လည်း ဤဆင်ကြီးသည် ဘယ်တိုက်ပွဲ၍ ရှုံးနိမ့်၍ထွက်ပြေးလာသနည်းဟုထင်၍ မတင့်တယ်ပါ..။
နိဂြောဓသာမဏေသည်လည်း အချက် လေးချက်ကိုသိ၍နှေးနှေးလေးပင်လိုက်ခဲ့ခြင်းဖြစ်၏.။ကိုရင်နှေးနှေးလေးလိုက်လာသည်ကိုဘုရင်ကြီးမြင်လျှင် ဤကိုရင်သည်တော်တော်ထူးသောကိုရင်ဖြစ်ရမည် ဟုဘုရင်ကြီးတွေးထင်မိသည်.။ ဒီနေရာမှာ.
ဘုရင်ကြီးရဲ့သန္တာန်မှာ.သူတော်ကောင်းဓါတ်ခံကိန်းပြီးဖြစ်၍လား..ကိုရင်လေးသည် ဘုရင်ကြီးအားပညာပြလေရော့လား..စိုးစဉ်းမျှမဟုတ်.ဘုရားသားတော်တို့မည်သည်.အိနြေ္ဒရင့်ကျတ်သော..
သိက္ခာရှိစွာသောအပြုမူတို့ဖြင့် ဖေါ်ပြခဲ့သည်..။ဤ ဖေါ်ပြခြင်းကိုပင်.ဘုရင်ကြီး.ကြည်ညိုမှုတို့သည်ကား..သူ့ ရဲ့အတွေး သူရဲ့အမြင်ကား ထူးဆန်းသောသူ.ဟူ၍ တွေးမိသည်နှင့်တပြိုင်နက်.သူတော်ကောင်းတရားသူ့ရဲ့သန္တာန်မှာ.ကိန်းခဲ့လေပြီတည်း..။။
ဘုရင်ခေတ်မှာ ဘုရင်ကြီးကမြန်မြန်လိုက်ခဲ့ပါဆိုရင် ယောက်ျားဖြစ်စေ.မိန်းမဖြစ်စေ.ဘယ်သူမဆိုသတ်ပစ်မှာကြောက်၍ပြေး၍လိုက်လာကြသည်သာ.
ထို့ကြောင့်ဘုရင်ကြီးသည် ကိုရင်လေးလိုက်လာသည်ကိုတွေ့သောအခါ ဤ ကိုရင်သည်တော်တော်ထူးသောကိုရင်ဖြစ်သည်ဟု.တွေးမိ၏..မှတ်ယူမိ၏..။။
ကိုရင်လေး..နန်းတော်သို့ရောက်သောအခါ.ကိုရင်လေးကိုစမ်းသောအနေနဲ့ ကိုရင်လေး.ကိုရင်နှင့်သင့်တော်သောနေရာမှာနေပါ ဟု ပြောဆိုလိုက်၏.။ဤအချက်မှာလည်းသာမန်လူများအနေဖြင့်နေရာရွေးရန်အလွန်ခက်ခဲလှ၏.။
အဘယ်ကြောင့်ဆိုလျှင်ဘုရင်ကြီးထိုင်နေသောနေရာထက်ကောင်းသောနေရာ မြင့်သောနေရာ၍နေမိလျှင်ဘယ်သူမဆိုအသက်ခံရမည်ဖြစ်သည်..။ ထို့ကြောင့်သာမန်လူများသည်.နေရာရွေးရန်အလွန်ပင်ခက်ခဲပေမည်.
.ကိုရင်လေးနေရာရွေးပုံမှာတော့လူသာမန်များနှင့်မတူပေ..နေရာရွေးပုံမှာ ငါသည်.ဘုရားသားတော်ကိုရင်ဖြစ်၍ငါ့ထက်ကြီးသောဆရာတော်ကြီးများ နန်းတော်ထဲမှာရောက်နေရော့သလား ဟု ဟိုကြည့်ဒီကြည့် ကြည့်မိသောအခါ ဆရာတော်ကြီးများနန်းတော်ထဲမှာမရှိ.ဘုရင်ကြီးမှာ လူဝတ်ဖြစ်သည်.။။မူးကြီးမတ်ရာသေနာပတိကြီးတို့မှာလည်းအားလုံးလူဝတ်များပင်ဖြစ်ကြ၏. ဤကဲ့သို့တွေ့ရသောအခါ.နိဂြောဓသာမဏေသည် ပရိတ်သတ်အားလုံးလူဝတ်တွေချည်းဖြစ်၍ လူဝတ်များနှင့်စာလျှင် ငါသည်.ဤအထဲမှာငါသည်အကြီးဆုံးဖြစ်သည်ဟုသိလိုက်ရတော့၏.။။
ဒီနေရာမှာ ကိုရင်လေးတပါးရဲ့ စောင့်ထိန်းရသောသိက္ခာပုဒ်များကိုသိစေခြင်ပါ၏..
လိင် (၁၀ )ပါး..ဒဏ် (၁၀ )ပါး စုဒ္ဒကခန္ဒက၀ဂ် (၁၄ )ပါး သေခိယ ( ၇၅ )ပါး ပေါင်း.၁၁၉ ပါးဖြစ်၏.ထို့ကြောင့် ကိုရင်သည် ဤအထဲမှာငါသာအကြီးဆုံးဖြစ်၍ အကောင်းဆုံးထီးဖြူများမိုးထားသော ရာဇပလ္လင်ပေါ်မှာတက်၍ ထိုင်လေသည်..။ထိုအခါ ဘုရင်ကြီးသည် ရာဇပလ္လင်ပေါ်တက်ထိုင်သောကိုရင်အားအလွန်တရာအံ့သြသောအကြည့်ဖြင့်ကိုရင်ကိုပြောသည်.။
ကိုရင်..ကိုရင်ရဲ့ဆရာ သြ၀ါဒကို ကိုရင်သိပါလား.ဟု မေးသောအခါ ကိုရင်လေးက ..အို ဒကာဘုရင်မင်းကြီး…ကိုရင်ရဲ့ဆရာသြ၀ါဒကို ကိုရင်အကုန်တော့မသိပါ..။။နည်းနည်းတော့သိသည်ဟု.ပြောလိုက်လေ၏.ထိုအခါဘုရင်ကြီးက
ကိုရင်သိသည်ကို နည်းနည်းပါးပါးပြောပြပါဟု ပြောဆိုသောအခါ……
ဆက်လက်ဖတ်ရှုတော်မူပါ..ဆိုတာ…

သီရိဓမ္မာသောကမင်းကြီးရဲ့အတွေးစတခု..

သီရိဓမ္မာသောကမင်းကြီး၏အဖေမှာ ဗိန္ဒုသာရမင်းကြီးပေါ့..ထိုဗိန္ဒုသာရမင်းကြီး၏အဖေကတော့စန္ဒဂုတ္တမင်းဖြစ်၏.။၎င်းမင်းသည်
ဗုဒ္ဒဘာသာဝင်မဟုတ်ဗြဟ္မဏဘာသာကိုးကွယ်သည်။ တနေ့တနေ့လျှင်ပုဏ်ဏားခြောက်သောင်းဆွမ်းပင့်၍လှူဒါန်းသည်.။ကျွေးမွေးသည်.။
၎င်း..မင်းကြီးသေဆုံးသွားသော်..သားတော်ဗိန္ဒုသာရမင်းနန်းတတ်၍လာ၏..။
၎င်း..ဗိန္ဒုသာရမင်းကြီးသည်လည်း..အဖေ့ရဲ့အမွေအတိုင်းဆက်လက်၍ဗြဟ္မဏဘာသာကိုသာကိုးကွယ်သည်..
ထို့အတူ တနေ့တနေ့ ပုဏ်ဏားခြောက်သောင်း နန်းတော်သို့ပင့်ဆောင်၍ဆွမ်းကျွေးသည်..။ဗိန္ဒုသာရမင်းကြီးသေဆုံးသွားသောအခါတွင် သားတော်.သီရိဓမ္မာသောကမင်းနန်းတတ်လာ၍အဖေ့ပုံစံ အဖိုးရဲ့ထုံးတမ်းအတိုင်း..ဗြဟ္မဏဘာသာကိုသာကိုးကွယ်သည် ချဉ်းကပ်သည်.တနေ့တနေ့ ပုဏ်ဏားခြောက်သောင်းကိုနန်းတော်ထဲသို့ပင့်ကာဆွမ်းကျွေးသည်.ဗုဒ္ဒဘာသာမဟုတ်ချေ..။။
သီရိဓမ္မာသောကမင်းကြီးမှာတနေ့မှာပုဏ်ဏားများဆွမ်းစားနေသောအချိန်တွင်အတွေးတခုပေါ်လာသည်..။ ၄င်း..အတွေးမှာ..ငါ၏အဖေသည်လည်းထိုအလှူမျိုးလှုခဲ့၏..။ငါ၏..အဖိုးဖြစ်သူစည်လည်း.ထိုအလှူမျိုးလှူခဲ့၏.
.ငါသည်လည်း..ယ္ခု..ဤအလှူမျိုးကိုပင်လှူနေရချေ၏။ ။သို့သော်..အလှူတော့ စဉ်းစဉ်းစားစားလှူသင့်သည်..ဟု..အတွေးစတခု သူ့ရင်ထဲပေါ်လာသည်…။။
၎င်းအတွေးကို အတုယူသင့်သည်.တနည်း..အတုယူဖွယ်ကောင်းလှသည်..အလှူသည်.စဉ်းစဉ်းစားစားလှူမှသာ အကျိုးပို၍ရနိုင်သည်.။မင်း.ကြီးသည်.ဤသို့နေ့စဉ်လှူနေ၍ပုဏ်ဏားများထမင်းစားပြီးပြန်ကြသော နေ့တနေ့တွင်နန်းတော်အမြင့်ကြီးမှခပ်လှမ်းလှမ်းသို့အတွေးတခုနှင့်ကြည့်နေသောအချိန်တွင် နိဂြောဓသာမဏေကို ဘုရင်ကြီးမြင်လေသည်။ထိုအခါ ဘုရင်ကြီး၏စိတ်ထဲမှာအတွေးတခုပေါ်လာသည်..။။
လောက၍ သူတော်ကောင်းဆိုသည်မှာဒီလိုပုံစံမျိုးဖြစ်လေမလား..ဟု..ဘုရင်ကြီးတွေးထင်သည်.
ဘုရင်ကြီးသည်သူတော်ကောင်းဆိုသောစကားကိုကြားဖူးသိဖူးသော်လည်း..
သူတော်ကောင်းများသည်ဘယ်လိုပုံစံရှိသည်ကိုဘုရင်ကြီးမသိပေ.နိဂြောဓသာမဏေသည် ခေါင်းတုံးဖြစ်၍လူသာမန်များလိုဆံပင်ဆံထုံးမရှိပေ။မျက်စိမှာလည်းသူတပါးလို တောကြည့်တောင်ကြည့်မကြည့်ပဲ လေးတောင်ခန့်မျှသာကြည့်ပြီးငြိမ်သက်သောအိနြေ္ဒနှင့်သွားလာနေသည်..။
ဝတ်ထားသောအဝတ်မှာလည်း လူများကဲ့သို့ အစိမ်း.အပြာ.အ၀ါ စသည်ဖြင့်ဘာကာလာမျှရှုတ်ထွေးမှုမပါပဲ.
အ၀ါရောင်သင်္ကန်းဖြစ်သည်.။။သိမ်မွေ့သောအိနြေ္ဒရှိသော နိဂြောဓသာမဏေကိုမြင်၍ဘုရင်ကြီးသည်.သူတော်ကောင်းများဖြစ်လေမလားဆိုပြီး.
ဟဲ့..မင်းကြီးများ.တယောက်သောအမတ်ကို.နိဂြောဓသာမဏေကိုပြ၍ အဲဒီ ကိုရင်ကိုသွားခေါ်ချေ ဟု ခိုင်းလေ၏.။။ဤကိုရင်သည်.သူတော်ကောင်းဖြစ်လေသလား.သူတော်ကောင်းမဟုတ်လား.သိခြင်လို၍ဖြစ်၏.။
အမတ်ကြီးသည်လည်း..မဆိုင်းမတွသွားနေသည်ကို နှေးသည်ဟုထင်မှတ်..သိခြင်ဇောတို့သည်လည်းများနေရကား.နှေးသည်ဟုထင်ကာ.
.နောက်အမတ်တယောက်အား ခေါ်ကာ.၄င်း.အမတ်ကိုလည်း ကိုရင်ကိုပြကာ မင်းမြန်မြန်သွားခေါ်ချေ.ဟု ထပ်မံလွှတ်ပြန်သည်။ ထိုအမတ်ကြီးသည်လည်း ကိုရင်…ကိုရင်..ဘုရင်ကြီးကမြန်မြန်လိုက်ခဲ့ပါ ဟု ပြောလေသည်..။ကိုရင်လေးသည်လည်း.မြန်မြန်လိုက်ခဲ့ပါပြောသော်လည်း နှေးနှေးလေးပင်လိုက်လာသည်..။။
အဘယ်ကြောင့်ဆိုသော်.. ငါသည်..ဘုရားသားတော်ဖြစ်၍သာသနာ့ဝန်ထမ်းလည်းဖြစ်သည်။မြန်မြန်သွား၍မတင့်တယ်ဟု မြတ်စွာဘုရားဆုံးမထားသည်ဟု အသိဥာဏ်ရှိသောကြောင့်ဖြစ်သည်..။
ဤ နေရာ၍မြန်မြန်သွားလျှင်မတင့်တယ်သောသူ လေး မျိုးကိုမြတ်စွာဘုရားဟောထားတော်မူ၏..။။
ဆက်လက်တင်ပြပါမည်..။။

Friday, October 29, 2010

မဇ္ဈိမသုခကျောင်း၏အနာဂါတ်မှာ..


မမျှော်လင့်ပဲ မဇ္ဈိမသုခဆရာတော်မှ ဆွမ်းစားပင့်၍ ရောက်သွားမိပြန်တော့.တွေ့လိုက်ရတဲ့ မြင်ကွင်း.မျက်စိတွေတောင်လည်မိပါရဲ့လား..ဗျာ.ဆွမ်းစားပင့်တယ်ဆိုတော့မွေးနေ့လား..လို့ မေးပြန်တော့လဲ..မဟုတ်ပါဘူး..တဲ့ သံဃာတော်တွေတွေ့ခြင်ဖူးခြင်လို့ပါတဲ့..သူ.ရဲ့စိတ်ထား

နိုင်ငံခြားမှာ အလကားဆိုတာဘာမှမရတဲ့နေရာမှာ သူ..ရဲ့ စိတ်ထားလေးကြောင့်အကြိမ်ကြိမ်ရင်ထဲမှ

ကြိတ်ပြီးသာဓု ခေါ်လိုက်မိပါရဲ့လား..အင်း..သူကတော့ ကုသိုလ်ပေးလိုက်ရတာရသွားပြီ.ဒို့.များက မေတ္တာနဲ့ပြန်လည်ပေးဆပ်ရမှာပါလားဆိုပြီး..မေတ္တာကိုလည်း.စိတ်ထဲ ရင်ထဲက ပို့မိပါရဲ့လား..ဗျာ..

ကျောင်းကလဲ အို..ဆောက်ထားလိုက်တာ အကြီးကြီးပေါ့..နောင်တချိန်ရွှေမြန်မာတို့ဘုရားဖူးလာရင်တည်းခိုဖို့မခက်ခဲရလေအောင်ရယ်..

သံဃာတော်များမပင်မပန်းနေရလေအောင်

.မဟာစီမံကိန်းကြီးပေါ့..ကျောင်း..ပတ်ခြာလည်မှာတော့ .လည်ကွင်းများ..ဟိုနားတလုံး ဒီနားတလုံး တိုက်လေးများ..ခပ်ဝေးဝေးမနီးနားလေးမှ ဥသြတချက်ခပ်ရှည်ရှည်ဆွဲတာကြားလိုက်ရတော့ ..အော်..ရထားလမ်းနဲ့လဲနီးတယ်ဆိုတာသတိထားမိလိုက်ရဲ့..

နွေမှသည် မိုး..မိုးမှသည် ဆောင်း..ရာသီဥတုတွေပြောင်းလဲခဲ့ချေပြီ..အိန္ဒိယ ရာသီဥတုသည်ကား..ပူရင်လဲ အရမ်းပူပြီး..အေးပြီဆိုလဲ အရမ်းအေးတယ်ပေါ့..

ထို..ကျောင်းတော်ကြီးနေရာကား..ရာသီဥတုရဲ့ဆိုးဝါးမှုဒါဏ်ကိုအံတုကာ..အေးသော .ပူသော.

ရာသီဥတုကို မျက်ကွယ်ပြု.နောင်တချိန်မှာသာသနာပြုသူတို့ကောင်းစားရေး.တနည်းအားဖြင့် အမိမြန်မာပြည်မှ ဘုရားဖူးလာသူတို့အားမပင်ပန်းစေရန်..ရည်ရွယ်ချက်ကြီးမားစွာဖြင့်၎င်း..ကျောင်းတတ်နေကြသော

သံဃာတော်တွေကိုလည်း.

နေမှုထိုင်မှုအဆင်ပြေစေခြင်းငှာ၎င်း.တဲ့ သူ့စိတ်နေစိတ်ထား.ချီးကျူးမိပါရဲ့လား.ဗျာ.ရောက်လာတဲ့သံဃာတိုင်း တပြုံးပြုံးနဲ့ကြိုဆိုပြီး.အမြဲလာကြဘို့ နှုတ်မှတဖွဖွပြောပြီး.အိန္ဒိယ နိုင်ငံရဲ့အကြောင်းလေးတွေများ.စသည်စသည်လေးတွေပြောလို့..ရောက်လာသူတိုင်း..မဇ္ဈိမသုခဖေါင်ဒေးရှင်း ကို သွားပြီးသွားခြင် ရောက်ပြီးရောက်ခြင်စိတ်တို့သည်ကား..သူရဲ့မေတ္တာဓါတ်ခေါ်လေမလားမပြောတတ်..။

အတိတ်ကိုပြန်ကြည့်သော်..

တချိန်က.ကျောင်းသားတွေရဲ့ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး.ဗုဒ္ဒဂယာမြေမြတ်မဟာမှာလည်း.ကျောင်းသားများပိုင်

ဆိုင်သော.အဖွဲ့ပိုင်ကျောင်းကိုလည်းဦးဆောင်ကာ ဆောက်လုပ်ခဲ့လို့ ခု ဆို မြေမြတ်မဟာမှာ.ဂယာရောက်လေတိုင်း.အပြုံးပန်းတွေနဲ့ကြိုဆိုနေလျှက်ပါ လို့မပြောသော်လည်းပြောသကဲ့သို့.နှစ်စဉ်နှစ်တိုင်းအစည်းဝေးတွေလုပ် ..သင်တန်းတွေဖွင့်လှစ်လို့..

အို..ဗုဒ္ဒဂယာမြေမြတ်မှာလည်း..သူစတင်ပြီး..ပြုစုပျိုးထောင်ပေးခဲ့လို့..မပင်မပန်းသံဃာတွေနေနေကြပြီပေါ့..

ဟော…ခု..ဗာရာဏသီရွှေမြို့တော်..မိဂဒါဝုန်နဲ့မနီးမဝေးမှာလဲ..သူ..ဖန်ဆင်းတည်ထောင်နေပြီလေ..

သူ..ပြောတဲ့စကားလေး…ကိုယ်ရရှိထားတဲ့ ဂုဏ်သတင်းတွေ မြန်မာရဟန်းတော်များဟာ အရာရာမှာတော်တယ်ဆိုတဲ့..(Reputation) ဂုဏ်သတင်းတွေဟာ..(Slowly Slowly Progress)

ဖြည်းဖြည်းကနေတတ်လာတဲ့ ဂုဏ်သတင်းတွေဖြစ်ပါတယ်တဲ့.

( Bad news trave fast )ဒေါသောနာမ ခဏေနေ၀ ပတ္ထရတိ.

မကောင်းသတင်းတွေကတော့ခဏလေးနဲ့ပျံ့သွားတတ်တာ အဲဒါကလဲ လောကမှာ ကိုယ်လုပ်တဲ့လုပ်ငန်း အောင်မြင်ဘို့အတွက် အထူးသတိထားရမဲ့အချက်ပါ တဲ့..

ခု လဲဘဲ သူ လုပ်ဆောင်နေသော ကျောင်းတော်ကြီးကလဲ သက်သေပြလို့ အကောင်ထည်ဖေါ်ဆောင်နေပြီလေ..ဒီနေရာမှာ စကားလေးတခွန်းထည့်ပြောလိုက်ပရစေ.

The end justi fies the means ပါ… ပီတိတို့သည်ကား…….

ခု..ဟို တချိန်က မဇ္ဈိမသုခနှင့် ယခု မဇ္ဈိမသုခသည် နာမည်တူပါ၏..သို့သော်..အမြင်အာရုံသည်မတူတော့ပါ .အဆောက်ဦးကြီးကသက်သေထူခဲ့လေပြီ..

အကျွန်ုပ်သည်ပင်မျက်စိလည်သွားခဲ့၏..အဘယ်ကြောင့်ဆိုသော်…အဆောက်ဦးကြီးက ဗြုန်းစားကြီးမြင်လိုက်ရတော့…ရင်ထဲမှာ.....

Tuesday, October 26, 2010

မဇ္ဈိမသုခဖေါင်ဒေးရှင်းအမှတ်တရပုံရိပ်များ.

ဤသို့အောင်မြင်စွာပြီးဆုံးအပြီးသံဃာတော်များအမှတ်တရပေါ့.

ဟော..ရတနာရွှေမိုးငွေမိုးရွာသွန်းသည်ကလဲမမောရှာ
ကိုယ်တိုင်ပန္နက်ရိုက်နေသော..ဒေါက်တာနန္ဒ၀ံသ
ဗုဒ္ဒသာသနံ စိရံတိဌတု..ရွတ်ဆို၍.ရွှေဖလားကိုကိုင်ကာ.ဒေါက်တာနန္ဒ၀ံသ.
ဤ သို့ အုဌ်မြစ်ချရန်ဝမ်းသာပီတီနှင့်အတူ..

ဒေါက်တာနန္ဒ၀ံသ .နှင့် ကျောင်းအမကြီး ဒေါ်မြရှင်..

မဇ္ဈိမသုခဖေါင်ဒေးရှင်းကျောင်း.စတင်ခြေလှမ်း

Remove Formatting from selectionအိန္ဒိယနိုင်ငံ..ဗာရာဏသီမြို့.စရဏဘူတာနဲ့မနီးမဝေးမှာ.သူပိုင်ဆိုင်ထားတယ်ပေါ့..သူ..ဆိုတဲ့နာမ်စားလေးသုံးမှိလိုက်တာ..လွန်လေမလား...မဇ္ဈိမသုခ ဖေါင်းဒေးရှင်းကျောင်း..တဲ့ အားပါး ကောင်းလိုက်တဲ့သူ့နာမည်လေး.မဇ္ဈိမဒေသတနေရာမှာ ..သူဒီနာမည်လေးပိုင်ဆိုင်ရယူထားပြီပဲ..နော်..
ဘာ..လဲ မဇ္ဈိမသုခဖေါင်းဒေးရှင်းကျောင်း..ဟို..အတိတ်ကစာမျက်နှာကိုပြန်လန့်ကြည့်မိ.မပီဝိုးတ၀ါး..စမ်းတ၀ါးဝါးနဲ့ပေါ့.
၂၀၁၀ ခု.နှစ်ဆန်းပိုင်းလောက်က.စရောက်ခဲ့တဲ့.ဒီနေရာလေး.အို…ဟင်..လို့ .အာမေဋိတ်လေးနဲ့ပေါ့..ကျယ်ဝန်းလိုက်သည်ဖြစ်ခြင်း..မဇ္ဈိမတနေရာမှာ ရွှေမြန်မာတည်ဆောက်ကျောင်းဖြစ်မြောက်ခဲ့ပြီပေါ့လေ..တွေးကြည့် ပီတီဖြစ်မိ..ရောက်ရောက်ခြင်း.ကျောင်းထိုင်ဆရာတော် ဒေါက်တာ နန္ဒဝံသ.ရဲ့စကား..ပြန်လည်ကြားယောင်မိ.
မဇ္ဈိမသုခဖေါင်ဒေးရှင်းရောက်လိုက်လျှင် အရာရာ ပြီးပြည့်စုံရမယ်တဲ့လေ..တခုသော.ဆောင်းတွင်း.မီးဖိုဘေးမှာထိုင်..ဆိုးဝါးသောဗာရာဏသီရွှေမြို့တော် ရဲ့ ဆောင်းရာသီကိုအံတုပြီးထွေရာလေးပါး..ရောက်တတ်ရာရာပြောဖြစ်ခဲ့..အနားမှာ ဦးအောင်ကြီးလို့ခေါ်ဆိုသော.မကြာခင်အတော်တွင်းဒေါက်တာအလျှောင်းလျာကလဲ အရွှန်းဖေါက်စကားပြန်လည်ကြားမိလို့ အတိတ်က စကားလေးကို ပြန်လည်ကြားယောင်.ဖေါ်ရွှေသော.ညီအကိုရင်းခြာ ဧည့်ခံစကားပြောသော..အကျွန်ုပ်..အဟုတ်..မညာဘူးပြောမိတယ်.၀မ်းသာမိတယ်လို့….ဒီလိုနဲ့ နေမင်းကြီးသည်လည်းအနောက်ဂေါ်ရာဆီသို့ ရဲရဲနီလို့.မြောက်လေးလေးကလဲ တသုတ်သုတ်..နဲ့
လာလမ်းပြန်ဘို့အချိန်နီးခဲ့တော့လဲ..စကားလေးဖြတ်လို့ မိမိနေရာသို့ ခပ်သော့သော့လေးပြန်လာခဲ့ရပါပြီပေါ့.
ဟော…မိမိလည်း..၂၀၁၀ ခု စက်တင်ဘာလ.(၄) ရက်မှတ်မှတ်ရရပေါ့..ဗာရာဏသီရွှေမြို့ကြီးပြန်ရောက်.
ဟော..ကိုခေမာစာရ မှ၎င်း..ကိုယူရိုမှ ၄င်း..ဒီနေ့ မဇ္ဈိမသုခဖေါင်ဒေးရှင်းပရိတ်ရွတ်ဖတ်.ကျောင်းပန္နက်ချမည်တဲ့.
အို.၀မ်းမြောက်စရာသတင်း.မိမိသည်လည်း.ကြားသည်နှင့်တပြိုက်နက်.အပြေးလွှားသွားမိတယ်ပေါ့..
အလို…စုံစုံလင်လင် အပေါင်းသင်းတွေ..ဒေါက်တာတွေ..မကြာမီတင်တင်တော့မည်..ပူပူနွေးနွေးဒေါက်တာများ.
M.A ပထမနှစ် ..ဒုတိယနှစ်သံဃာတော်များ.မဇ္ဈိမနေရာတနေရာမှာ လှုပ်လှုပ်ရွရွ.ကျောင်းပန္နက်ချပွဲမှာစည်စည်ကားကားတွေ့ရှိရ၍ ၀မ်းမြောက်မိကြောင်း.ဤ post ဖြင့်သက်သေပြုမိပါ၏.နေ့..နံ အလိုက် ပန္နက်ချ.ဒေါင့်အလိုက်ပန္နက်ချ. အလား..ဟို..အဝေးတနေရာ ဗုဒ္ဒဂယာ သံဃာတွေတောင်ပါမိရဲ့ဗျာ..ကျောင်းထိုင်ဆရာတော် ဒေါက်တာနန္ဒ၀ံသ ကတော့ ငွေဖလားကြီးကိုကိုင်တပြုံးပြုံး နဲ့မြင်မိပြန်တော့လဲ ရင်ထဲနှင့်တကွ ပီတိတို့သည်ကား.
နမောတဿ ၃ကြိမ်ရွတ် ရွှေအုဌ်ချက်ငွေအုဌ်ချက် တို့ဖြင့် ပြုလုပ်စီမံပေါ့..သံဃာတော်တွေကလဲ အခြင်းခြင်း
တပါးမျက်နှာတပါးဖူး..အလို…ချစ်စရာကြည်ညိုစရာလေးတွေပါလား..အုဌ် တချက်ချလေတိုင်း ဗုဒ္ဒ သာသနံ စိရံတိဌတု.(၃ )ကြိမ် ညီညီညာညာရွတ်..ဓါတ်ပုံရိုက်သူတို့သည်လည်း တဖြတ်ဖြတ်..တ၀င်းဝင်းနဲ့..
မိမိသည်လည်း..ထို ပန္နက်ချပွဲတွင် ၄ နိုင်ငံ နိုင်ငံခြားငွေများအမှတ်တရ ထည့်လိုက်ပြီးအမှတ်တရ၇ယူလိုက်တယ်ပေါ့..
ထို..အုဌ်ချက်တို့ချအပြီး.မဇ္ဈိမသုခဖေါင်ဒေးရှင်းဆရာတော် ဒေါက်တာနန္ဒ၀ံသ မှ ရွှေမိုးငွေမိုးသွန်းပြီး..မိမိလည်း
မှတ်တမ်းတင်ရင်း.မိမိအနားရောက်လာသောရူပီးကောက်လိုက်တာ အဟား..ရူပီး ၇၀ ရလိုက်ပါ၏..။
ထိုမှဆက်လက်၍ တနင်္ဂနွေ.တနင်္လာ..စတဲ့ နေရာတွေကို အသီးသီးပန္နက်ချခဲ့ပြီး.အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်..။
ထို ကျောင်းမြေကိုတော့ ကဌ ၃၀ ဟု ဒေါက်တာနန္ဒ၀ံသ မှပြောပြလို့ သိခွင့်ရပါ၏…။
ကျောင်းစတင်တည်ထောင်ပြီးမတည်ထောင်သူ.ပစ္စည်းလေးပါး.တန်ဆောင်း..သိမ်..ကျောင်း..ကျောင်းသားများတို့ရဲ့ မယ်တော်ကြီး သီရိသုဓမ္မသိင်္ဂီ မဇ္ဈိမမာတာ ဟု အမည်ရသော..ဒေါ်မြရှင် ဖြစ်လေတော့၏..။။
ဤ post.တင်ချိန် ကွန်နရှင်ဆိုးဝါးမှုကြောင့်အိမ်မှထွက်ကာ ကွန်ပြူတာကို လက်မှာပိုက် လမ်းလှောက်ရင်း ကိုရွှေခြင်ကိုအဖေါ်ပြုကာ.အမှတ်တရ တင်မိလိုက်ပါကြောင်း..

Friday, October 22, 2010

တခွန်းထည်းသောသြဝါဒတော်..


စစ်ကိုင်းမင်းနှင့် မိဖုရားခေါင် နန်းမတော်မယ်နုတို့သည်.သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင်သဘင်ကြီးစွာခံ၍ ဆရာတော်ဦးဗုဒ်..အား..စက္ကိန္ဒာဘိသီရိသဒ္ဒမ္မမဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ် ဆက်ကပ်၍ မဟာအောင်မြေအုဌ်ကျောင်းတော်ကြီးကို လှူဒါန်းကာ အလှူတော်ရေစက်သွန်းချပြီးနောက် ဆရာတော်ထံ ဆုံးမသြဝါဒခံရာတွင် ဘုရင်နှင့်မိဖုရားတို့ တသက်လုံးမှတ်လောက်အောင်..
မင်းနှင့်တူအောင်ကျင့်က ငါတို့ဆုံးမသြဝါဒပေးစရာမလို..
မင်းနှင့်တူအောင်မကျင့်က ငါနှင့်မဆိုင်..အဝီစိနှင့်သာဆိုင်သည်..ဟုသြ၀ါဒပေးတော်မူခဲ့သည်..။။