အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, February 21, 2011

ခရီးသွာရာ၌ကောင်းသောခရီးသွားဖြစ်လိုသော်


ခရီးသွားလာရာ၌ကောင်းသောခရီးသွားဖြစ်အောင်သွားလာခြင်း(၃ )မျိုး
(၁)ဘုရားဂုဏ်တော်ပွား၍ခရီးသွားလာခြင်း။
(၂ )မေတ္တာပွား၍ခရီးသွားလာခြင်း။
(၃)တရားရှုမှတ်၍ခရီးသွားလာခြင်း။ဟူ၍ (၃ )မျိုးရှိသည်။
(၁ ) ဂုဏ်တော်ပွား၍ခရီးသွားခြင်းဆိုရာဝယ်မြတ်စွာဘုရား၏ဂုဏ်တော် (၉ )ပါးတို့တွင်ခရီးသွားသောအခါပွားများသင့်သောဂုဏ်တော်မှာ သုဂတော ဂုဏ်တော်ဖြစ်သည်.။သုဂတော.ကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူသောမြတ်စွာဘုရား။
သို့မဟုတ်ကောင်းသောစကားနှစ်ခွန်းကိုဆိုတော်မူတတ်သောမြတ်စွာဘုရားဟုခရီးသွားရင်း
အဖန်ဖန်အထပ်ထပ်ပွားများပါ။
(၂ )မေတ္တာပွား၍ခရီးသွားလာရာဝယ် လေယာဉ် ရထား သင်္ဘော ကားစသည်တို့နှင့်အတူတကွလိုက်ပါလာသောသူတို့နှင့်လမ်းခရီး၌တွေ့ရသမျှသော
သူတို့အပေါ်တွင်စိတ်ထဲကလည်း ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ။ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ စသည်ဖြင့်နှလုံးသွင်း၍သွားကြရမည်။နှုတ်ဖြင့်ဝစီကံမေတ္တာပွားများရသလိုကိုယ်ဖြင့်လည်းမိသားစု
အရင်းအချာကဲ့သို့သိမ်မွေ့သောကိုယ်အမူအရာပြကာမေတ္တာပွားရမည်။
(၃ )တရားရှုမှတ်၍ခရီးသွားလာခြင်းဆိုရာဝယ်ဝိပဿနာအခြေခံရှိသောသူများသည် သွား.ရပ်.ထို.လျောင်းလေးမျိုးလုံးနှင့်ရှုကြည့်နေရသည်။
ဤ ကဲ့သို့ သုဂတော ဟူသောဂုဏ်တော်ကိုပွားများ၍သွားခြင်း။ပါရမီဖြစ်မေတ္တာပွား၍သွားခြင်း။ဝိပဿနာရှု၍သွားခြင်းဟူသော
ခရီးသွားခြင်း (၃ )မျိုးတို့ဖြင့်သွားကြသောသူများတို့သည်ဘေးရန်ကင်းကွာ၍ချမ်းသာစွာဖြင့်မိမိတို့သွားလိုရာအရပ်ကို
ရောက်သွားကြမည်ဖြစ်သည်။ထို့ကြောင့်ကောင်းသောခရီးသွားခြင်းများဖြစ်ကြရလေအောင်အထက်ပါ (၃ )မျိုးတို့ဖြင့်ဆောင်ရန်အဖြစ် ဤ post ကို ရေးသားလိုက်ပါကြောင်း။။။
ကျောင်းသားလေး(ဗာရာဏသီမြို့)

Sunday, February 20, 2011

ကျီးငှက်၏မာယာ(၂ )


အမှန်အားဖြင့် မယုံကြည့်သင့်သည်ကို ယုံကြည်ခြင်းသည် သဒ္ဓါတရား မဟုတ်၊မိစ္ဆာဓိမောက္ခ -
မှားယွင်းစွာ ဆုံးဖြတ်မှုဖြစ်၏၊ ယင်းအမှား၏ရလာဒ် ကောင်းကျိုးမရနိုင်၊ ဆိုးကျိုးသာ ရနိုင်မည်
ဖြစ်ပါ၏၊

ပင်လယ်၏ တစ်နေရာ ကျွန်းငယ်၌ နှစ်ပေါင်းကြာမြင့်စွာ ဘေးကင်းရန်ကင်း စိတ်ချမ်းသာခြင်း
ဖြင့် နေထိုင်လာကြသော ငှက်အပေါင်းသည် မာယာကြွယ်သောကျီးငှက်၏ အဆန်းထွင်
လမ်းစဉ်ဖြစ်သည့် ခြေတစ်ဖက်မြှောက် လေစားကျင့်စဉ်ကို အဟုတ်ကြီး ထင်မှတ်သွားကြ၏
ထင်မှတ်ထားကြ၏၊ သူတို့ကို လမ်းပြမည့် ဆုံးမမည့် ကယ်တယ်ရှင် သူတော်စင် ငှက်ထူးကြီး အဖြစ် အားလုံးက ( စူးစမ်းမှုကင်းမဲ့စွာ ) အသိအမှတ် ပြုလိုက်ကြ၏၊

အရှေ့လောကဓါတ်မှ ထွက်ပေါ်လာစဖြစ်သော် နေရောင်ခြည် နုနုလေးသည် လောကဓါတ် တစ်ခုလုံးကို ဆလိုက်မီးထိုးသလို အလင်းရောင် စတင်၍ ပေးနေလေပြီ။
နံနက်ခင်း ငှက်မျိုးစုံတို့၏ တွန်ကျူး ပျော်မြူးသံတို့ဖြင့် ပင်လယ်ကျွန်းလေးသည် သာယာလှပ
နေတော့၏၊ ပါစက၀မ်းမီးသည် လောင်စာလို၍ ၀မ်းဗိုက်ကို အပူဟပ်နေလေပြီး၊ ငါ့ဝမ်းပူဆာ
မနေသာတော့၊ ငှက်များသည် ချစ်လှစွာသော ရင်သွေးငယ် မွေးကင်းစလေးများ အကောင် အဖြစ်မရောက်သေးသည် ဥကလေးများကို အသိုက်မှာ စောင့်ရှောက်သူမဲ့ ထားခဲ့၍ နေ့စဉ် အစာရှာထွက်ကြရ၏၊မည်သည့် ဘေးရန်မှတော့ ပေါ်မလာ၊ ပျော်စရာ ကမ္ဘာလေး ဖြစ်ခဲ့၏။

ယနေ့လည်း အခါတိုင်းနည်းတူ အစာရှာထွက်ရန် ပြင်ဆင်နေကြ၏၊ တောင်ပန်များဖျန့်၍
ပျံသန်းမည့် ခရီးလမ်းအတွက် အားစမ်းနေကြ၏၊ အခါတိုင်းတော့ အားလုံးအစာရှာထွက်ကြ၍
မှာစရာ မရှိ၊ ယခုတော့ သူတော်စင် ကျီးငှက်ရှိနေပြီဖြစ်၍ ၀မ်းစာအတွက် အစာရှာထွက်ခါနီး သူတို့၏ရင်သွေးငယ်များအား စောင့်ရှောက်ပေးဖို့ အပ်နှံခဲ့ကြ၏၊

ကျွန်းပျော်ငှက်တို့သည် အားလုံး အစာရှာ ထွက်သွားကြတော့၏၊ သူတော်ယောင်ကျီးငှက်
သည် ကျန်ခြေထောက်တစ်ချောင်းကိုပါ မြေပေါ်ထောက်လိုက်၏၊ထို့နောက်တော့ မွေးကင်း
စ ငှက်ငယ်လေးများ ရှိရာသို့ ခပ်သုတ်သုတ် ပြေးသွား၏၊တစ်ကောင်းပြီး တစ်ကောင်၊ဥတစ် လုံးပြီး တစ်လုံး၊ ဆာလောင်မွတ်သိပ်မှု ဝေဒနာ ခုမှ ဖြေသာသွားတော့၏၊ ယနေ့အတွက်
ဝမ်းရေးကိစ္စ ပြီးသွားပြီဖြစ်၍ မူလနေရာသို့ ပြန်သွားကာ“ ခြေထောက် ပါးစပ်ဟ” အယောင်
ဆောင်ပြ ကျင့်စဉ်ကို ဆက်လက်ကျင့်နေလေတော့၏၊

နေသည် တဖြည်းဖြည်း မြင့်တက်လာရာမှ နေ့မွန်းမတည့်မှီ အချိန်သို့ပင် ရောက်လာလေပြီ၊
အစာရှာထွက်သွားသော ငှက်တို့သည်လည်း အစာဝလို့ ဌာနသို့ ပြန်လာကြလေပြီ၊သူတို့နှုတ်
သီးများ၌ ရင်သွေးငယ်များအတွက် အစာများ ချီလာကြ၏၊ တစ်ချို့က စပါးနှံများ ညောင်သီး
လေးများ နေကြာစေ့များ မြေပဲဆံများ တစ်ချို့ ပိုးကောင်းလေးများ စသည်စသည် သယ်ချီလာ
ကြ၏၊ သူတို့၏ ရင်သွေးငယ်လေးများသည် အစာဆာလှ၍ မျှော်နေရှာကြပေရော့မည်၊
အစာဝလို့ ဌာနပြန်လာကြသော ငှက်တို့သည် မိမိတို့ အသိုက်မြုံရှိရာသို့ တန်းတန်းမတ်မတ်
ပြေးဝင်သွားကြ၏၊ တစ်ချို့ငှက်မိခင်များ ရင်သွေးငယ်များကို မတွေ့ရတော့၊ တစ်ချို့ ရင်သွေး
ဖြစ်လာမည့် ဥလေးများ မတွေ့တော့ ၊ တွေ့ရသည်များမှာတော့ ဥခွံကွဲများ သွေးစသွေးနများ။
သားပျောက် ဥပျောက်မိခင်ငှက်တို့၏ ငိုကြွေးမြည်တမ်းသံသည် ကမ္ဘာပျက်သလို ဆူညံသွားတော့၏၊ ကျူးရင်သံတို့ဖြင့် အမြဲတန်း ငြိမ်းချမ်းသာယာနေသော ကျွန်းသာယာလေး
သည် ယနေ့တော့ ငိုးကြွေးသံတို့ဖြင့် အစားထိုးနေလေပြီ၊ အေးမြသော မိခင်တို့၏ ရင်ခွင်သို့
သောက အပူမီးတောက်တို့ နေရာယူလာကြလေပြီ၊ သားသမီးအပေါ်ထားရှိသည့် သံယောဇဉ်
နှင့်ညီမျှသော သောကမီးတောက်တို့၏ အရှိန်သည် နှလုံးကွဲမတတ် ပူလောင်လှချေ၏တကား။

ကိုးကွယ်ရာမှ ဘေးဖြစ်လေပြီ၊ မိခင်ငှက်တို့သည် ဤကျွန်းသို့ တခြားမှ ပျံသမ်းလာသော သိမ်း ငှက်ကြီးများ စွန်ရဲကြီးများ လင်းယုံငှက်ကြီးများသည် မိမိတို့၏ ရင်သွေးငယ်များကိုစားသောက် သွားသည်ဟု ထင်မှတ်နေကြ၏၊ ကျီးသူတော်ယောင်ကိုကား မည့်သည့်ငှက်ကမျှ မိမိတို့၏ ရင်
သွေးများကို စားသည်ဟု မထင်မှတ်ကြ၊သံသယမျှပင့် မဖြစ်ကြပေ၊အကျင့်ပြင်းထန်သော လေစား ငှက်သူတော်စင်ကြီးဟုသာ စွဲမြဲစွာ ယုံကြည်ထားကြ၏၊
“ အိမ်ကိုဖျက်တာ ကြွက်၊ တောကိုဖျက်တာ မျောက်၊ ငှက်ကိုဖျက်တာ ကျီး ” ဟူသော စကား ကို ယင်းကျွန်းနေ ငှက်များ မသင်ဘူး မကြားဘူးကြလေရောင်တကား၊

ဤသို့ဖြင့် နေစဉ် ရက်ဆက်လိုလို အစာရှာသွားခိုက် ကျန်ရစ်ခဲ့သည့် ရင်သွေးငယ်များသည်
ပျောက်ခြင်းမလှ ပျောက်ပျောက် ကုန်တော့၏၊င့ါဝမ်းပူဆာ မနေသာ၍သာ အစာရှာထွက်နေ
ကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များ၏ မျက်နှာ မြင်မှမြင်ရပါ့မလားဟု စိုးရိမ်စိတ်ကိုယ်စီဖြင့်
ဘ၀၀မ်းစာ ရှာနေကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များတွေ့သော မိခင်များမှ တဒင်္ဂစိတ်ချမ်း
သာမှု ရသော်လည်း မတွေ့ရသော မိခင်များခမျာ သောကမိုးစွေ၍ ဒေါသအခိုးတွေ ဝေနေ တော့၏၊( ဤနေရာကို ထောက်ဆ၍ အတွင်းရန်သည် (ပူးသတ်ရန်သည် ) အပြင်ရန်ထက်
သာ၍ ကြောက်စရာကောင်းပါ၏၊ တနည်းအားဖြင့် ရန်သူသည် ရန်သူလို နေခြင်းထက် ရန်သူ
က မိတ်ဆွေရောင်ဆောင်နေခြင်းသည် ( ရှောင်၍မလွယ် မရသောကြောင့် ) ကြောက်စရာ
ကောင်းလွန်းလှပါ၏၊)
ဘုရားလောင်းငှက်မင်းသည် စဉ်းစားရတော့၏၊ မစဉ်းစား၍ မရတော့၊ အားလုံးက သူ့ကို အကြီးအမှူးအဖြစ် တင်မြှောက်ထားသည် မဟုတ်ပါလား၊ မိမိကိုမှီခို အားကိုးနေသော ငှက်အပေါင်း၏ခေါင်းဆောင်ဖြစ်သည့်အားလျှော်စွာ သူတို့အရေးသည် မိမိအရေးပင် ဖြစ်၏။
ဤ အတိုင်းသာ ဆက်လက်၍ သွားလျှင် ငှက်မျိုးနွယ်စုသည် မျိုးပျောက်စရာ ဖြစ်သွားနိုင်၏ ၊ အမှုမှန်ကို စုံစမ်းမှ ဖြစ်ပေတော့မည်။

ယခင်က ဤမြေ ဤရေ ဤကျွန်းသာ၌ ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မပေါ်ပေါက်ဘူးချေ၊
ယခုမှသာ ပေါ်ပေါက်လာခြင်းဖြစ်၏၊ ယခုမှ ဘာဖြစ်လို့ ပေါ်လာတာလဲ၊ လဲပေါင်းများစွာ ဘုရား
လောင်းငှက်မင်း၏ ဥဏှောက်ထဲ၌ ချာချာလည်နေ၏၊ လည်နေရာမှ သဲလွန်စ တစ်ခုကို တွေးမှိ
လိုက်၏၊ မျိုးနွယ်စိမ်းဖြစ်သော ကျီးငှက် ရောက်လာမှ ဤဘေးရန်သည် ပေါ်ပေါက်လာ၏၊ သတ္တ၀ါတို့သည် အသားစားမျိုးနွယ်ရှိ၏၊ အသီးအရွက်စား မျိးနွယ်ရှိ၏၊လေစားမျိုးနွယ်ဟူ၍
ကား မကြားဘူးချေ၊ သို့သော် ဤကျီးသည် လေကိုသာ စားသည်ဟု ပြောနေ၏၊ဤသည်မှာ ကျီးငှက်၏ (သူတပါး အထင်ကြီးအောင် ) မရှိဂုဏ်ကို အရှိထင်အောင် လှည့်စားညာဖျန်း သော မာယာထောင်ချောက်တစ်ခုသာ ဖြစ်တန်ရာ၏၊
မိမိအထင် မိမိသံသယကို ငှက်အပေါင်းကို ပြောလျှင်လည်း သက်သေ မပြနိုင်သေး၍ ယုံကြည် ကြလိမ့်မည်မဟုတ်ချေ၊ သူတို့သည် ကျီးငှက်ကို တကယ့်သူတော်စဉ်အဖြစ် စွဲမြဲစွာ ယုံကြည် ထားကြသည် မဟုတ်ပါလား၊

ယနေ့လည်း ခါတိုင်းလိုပင် ငှက်များသည် သားသမီးများကိုစိတ်မချသော်လည်းဝမ်းစာအတွက် အစာရှာထွက်သွားကြလေပြီ၊ ဘုရားလောင်းငှက်မင်းသည် အစာရှာသွားဟန် ပျံသန်းသွား၍ ကျီးငှက်မမြင်နိုင်သည့် လုံခြုံသော ခြုံပုတ်တစ်ခု၌ ပုန်းအောင်းရင်း ကျီးငှက်ကို လေ့လာအကဲ ခပ်နေ၏၊ ကျီးသူတော်ယောင်သည်လည်း နေ့တိုင်းလိုပင် ငှက်များ အစာရှားသွားပြီးထင်
၍ မြှောက်ထားသော ခြေထောက်တစ်ချောင်းကို မြေပေါ်ချ သွက်လက်သော ချေလှမ်းတို့ဖြင့်
အသိုက်အမြုံသို့ သွား၍ ငှက်ငယ်လေးများ ငှက်ဥများကို စိတ်တိုင်းကြ မြိန်ရေရှက်ရေ စားသုံး လေတော့၏၊ အစာဝသောအခါ မိမိရပ်မြဲတိုင်းသော နေရာသို့ သွားကာ ခြေတစ်ဖက်မြှောက်၍ နှုတ်သီးကိုဟ လေကို ၀အောင်စားနေသည့်ဟန် ဟန်ဆောင်၍ နေလေတော့၏၊တစ်နေရာက
သူ့ကို လေ့လာနေသော ငှက်တစ်ကောင်ရှိနေသည်ကိုတော့ သူမသိလိုက်လေတကား၊

ငှက်အပေါင်းတို့သည် အစာရှာရာမှ ပြန်လာကြလေပြီး၊ ခါတိုင်းကဲ့သို့ပင် သားပျောက်မိခင်တို့
၏ ငိုမြည်သံကို ကြားနေရ၏၊ဘုရားလောင်းငှက်မင်းသည် ငှက်အားလုံးကို စည်းဝေးစေ၏။
စုံညီသောအခါ “ ရင်သွေးတို့၏ဘေးရန် မိမိတို့၏ရန်သူ ” သည် အခြားမဟုတ်၊ တရားမရှိပဲ
တရားရှိသူဟု မိမိတို့ကို လိမ်ညာနေသော ဤကျီးငှက်သူတော်ယောင်ပင် ဖြစ်ပေ၏၊ - ဟု
မိမိ အစာရှာမလိုက်ပဲ လေ့လာအကဲခပ် တွေ့ရှိချက်များကို ပြောကြားလိုက်တော့၏။

ကျီးငှက်၏ ကိုယ်ကျင့်တရား ကိုယ်ရေးရာဇ၀င်ကို မသိရှိကြပဲ အံ့သြဖွယ်ကို အားကိုးစရာ
အဖြစ် ထင်မှတ်ကာ ချီးမွမ်းခန်းဖွင့်၍ ကိုးကွယ်ဆည်းကပ် သူတော်စင်ဟု အသိမှတ်ပြုမှား
ခဲ့ကြ၏၊ ဥနှင့်ငှက်ငယ်များကို အကြင်နာမဖက် ရက်စက်စွာ စားသုံးနေပါလျှက် နှုတ်ကမူ
တရားကျင့်ကြ တရားကျင့်ကြဟု အော်မည်နေသေး၏၊နှုတ်ပြောတစ်ခြား အကျင့်တစ်ခြား ဖြစ်နေသည်ကို ယနေ့ မျက်ဝါးထင်ထင် မိမိတွေ့မြင်ခဲ့လေပြီ၊ တရားသံနှော၍ ချိုမြိန်သည်ဟု ထင်ရသော သူ့စကားလုံးတိုင်း၌ (မာယာအဆိပ်) ပါနေသည်ကို မိမိတို့သည် သတိမထား မှိခဲ့ကြ၊ သတိမထားမှိ၍ အပြစ်မဲ့သော ရင်သွေးငယ်ငှက်ငယ်လေများ၊ ငှက်အဖြစ် မရောက် သေးသည့် ဥကလေးများသည် ဤငှက်လောကမှမပျောက်သင့်သေးပဲ ပျောက်ကွယ် သွားကြရ၏။

ယခု ရန်သူအစစ်ကို မိပေပြီး၊ဆက်လက်လိမ်ညာခွင့် ရပ်တည်ခွင့် ပေးစရာမလိုတော့၊
ဤမြေ ဤရေ ဤကျွန်းသာ၌လည်း ဆက်လက် ထားစရာ ပေါင်းသင်းနေစရာ မလိုတော့၊
သူတော်ယောင် ကျီးငှက် ထွက်လမ်းမရှိအောင် ၀န်းရံပိတ်ဆို့ကြကုန်လော့ - ဟု မိမိ၏
ငှက်မျိုးနွယ်စုများကို အမိန့်ပေးရင်း မိမိကိုယ်တိုင်ပင် စတင်၍ ကျီးငှက်၏ ဥခေါင်းကို ချွန်မြ
နေသာ နှုတ်သီးဖြင့် စတင်ထိုးဆိတ်လေတော့၊ နှုတ်သီးဖြင့်ဆိတ်သံ တောင်ပန်ဖြင့် ရိုက်ခပ်သံ
ခြေသဲများဖြင့် ကုတ်ဖဲ့သံတို့သည် တစ်ကျွန်းလုံး ဆူညံသွားတော့၏၊

ဆူညံသံလည်း တိတ်သွားပေပြီး၊ သူတော်ယောင် ကျီးငှက်သည်လည်း ပျောက်ကွယ်၍ သွား
ချေပြီး၊ပင်လယ်ကျွန်းလေးသည် ရှေးယခင်လိုပင် ဘေးရန်ကင်းစွာဖြင့် ပျော်စရာ “ ငှက်ပျော် ကျွန်း ” တစ်ခုသို့ပင် ပြန်ရောက်သွားပေပြီ။ သူတို့သည် မျိုးနွယ်စု ရင်သွေးငယ်များဖြင့်ရင်း၍ အသိတစ်ရားတစ်ခုတော့ ရရှိသွားကြ၏၊ ပညာမပါပဲ ကိုးကွယ်လျှင် “ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည် ” ဟူ၍။

Friday, February 18, 2011

ကျီးငှက်၏မာယာ

မာယာသည် ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။
သာဌေယျကား မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်၏၊

လွန်လေပြီးသော အတိတ်ကာလ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံစဉ်အချိန်
ဘုရားလောင်းသည် ငှက်မျိုး၌ အကြီးအကဲ အဖြစ်ဖြင့် ဖြစ်ခဲ့ဘူး၏။
( ပုထုဇဉ် ဘ၀ဖြင့် သံသရာကျင်လည်သူမှန်သမျှ ပါရမီဖြည့်နေသူ ပါရမီရှင်ပင်ဖြစ်သော်
လည်း ကိလေသာ အနုသယများကား ကိန်းနေသည်သာ ဖြစ်ပါ၏၊ အာရုံနှင့်အကြောင်းတိုက်
ဆိုင်သော အခါ ထကြွလာသော အနုသယကိလေသာကို မထိမ်းနိုင်၍ ယိမ်းယိုင်ကာ
အကုသိုလ် ပြုမှိသည်လည်း ရှိခဲ့၏၊အကုသိုလ်ဟူသည်လည်း မျက်နှာကြီးငယ်မလိုက်၊လွန်
ကျူးမှိသူကို အကျိုးပေးဖြစ်အောင် ပေးသည်သာ ဖြစ်၏၊ ထို့ကြောင့် ပြုမှားသော အကုသိုလ်
ကံတစ်ခုခုကြောင့် ဘုရားအလောင်းတော်သည် ထိုစဉ်က ငှက်မျိုး၌ ဖြစ်နေရ၏)

ရှေးခေတ်ကာလ သိပ္ပံပညာ မထွန်းကားသေးသော အချိန်ဖြစ်၍ အရပ်မျက်နှာကို တိကျစွာ
ညွှန်ပြသော “ သံလိုက် အိမ်မြှောင်များ ” မပေါ်သေးချေ။ပင်လယ်ခရီး သွားသူများသည်
ကမ်းကြည့် ငှက်ကို မွေးမြူ၍ သွားကြရ၏၊ ကမ်းကြည့်ငှက်အဖြစ် ကျီးကန်းကို အသုံးပြုများ
ကြ၏၊ ဆိုက်ကပ်နားခိုဖို့ ကျွန်းများကို ရှာဖွေလိုသောအခါ ကမ်းကြည့်ငှက်ကို လွှတ်လိုက်၏
ကမ်းကြည့်ငှက်သည် ပျံသန်းသွား၍ အကယ်၍ ကမ်းမြင်လျှင် သို့မဟုတ် ကျွန်းတစ်ခုခုမြင်
လျှင် ပြန်မလာတော့၊ ကမ်း သို့မဟုတ် ကျွန်းသို့သာ ဦးတည် ပျံသန်းသွားတော့၏၊အကယ်၍
နားခိုစရာ မမြင်လျှင် ရွက်လှေသို့သာ ပြန်၍လာ၏၊ ကမ်းကြည့်ငှက်ကို ပျံရာကို ကြည့်၍ ဆိပ်
ကမ်းကို ရှာဖွေရသော ခေတ်ဟောင်းဖြစ်၏။

တစ်နေ့ ပင်လယ်ခရီးသွားသူများသည် ပင်လယ်တွင်း၌ အင်အားပြင်းထန်သော လေမုန်းတိုင်း မိ၍ လေဒါဏ်ကိုကြံ့ကြံ့ခံရင်း အံတုသော်လည်း အားမတန်၍ မာန်လျှော့ရတော့၏။ လှေသည် လေဒါဏ်ကြောင့်အပိုင်းပိုင်း ကျိုးပျက်ကုန်တော့၏၊ လှေပေါ်ရှိ လူအားလုံးတို့သည် လေဒါဏ်ထိ ရေဒါဏ်ပိ၍ ပင်လယ်လိပ်ကြီးများ ငါးကြီးများတို့၏ အစာအဖြစ် ဘ၀တစ်ခုကို နိဂုံးသတ်သွားကြ ရ၏၊ ခေါင်းနေရာ ခြေသိ၏-တဲ့။ သူတို့ခေါင်းချရာသည် သူတို့ ထင်မထားသည် ပင်လယ်ပြင် ဖြစ်သွားတော့၏၊ ကမ်းကြည့်ငှက်သည် ပျံသန်းရင်း ကံကောင်းထောက်မစွာ အနီးရှိ ကျွှန်းငယ် တစ်ခုသို့ ရောက်သွား၏။ထိုကျွန်း၌ ငှက်ပေါင်းများစွာ ဘေးရန်မဲ့ နေထိုင်ကြ၏၊

ကမ်းကြည့်ငှက်သည် အကြံထုတ်၏ငှက်များကို အလွယ်တကူ စားသုံးရန် ဖြစ်၏၊သူ၏ အကြံသည် “ အံ့ဖွယ်သရဲ” ကို ပြုရင်းယုံကြည်သူများကို ရိုက်စားလုပ်ရန်ဖြစ်၏၊
ကျီးငှက်သည် သူ့အကြံအစည်ကို စတင် အကောင်အထည်ဖေါ်လေတော့၏၊
ငှက်များမြင်သာသည့် နေရာ၌ ခြေတစ်ချောင်းကို ထောက်၊ ကျန်ခြေတစ်ချောင်းကို မြှောက်
ကာ ပါးစပ် (နှုတ်သီး ) ကို ဖွင့်ထား ဟထားလေ၏။

ကျီးငှက်၏ ထူးဆန်းသော အမူအယာကြောင့် ထိုကျွန်းရှိ ရိုးသားသော ငှက်များသည် ၀ိုင်းအုံ
လာကြတော့၏၊ ငှက်အုပ်ထဲမှာ နေရာတကာ စပ်စုတတ်သော ငှက်တစ်ကောင်က စတင်၍
မေးလေတော့၏။ အသင်ငှက်၏ နာမည်ကို သိပါရစေ၊ တရားရှိသူဖြစ်၍ အများကတော့
ဓမ္မိက - လို့ ခေါ်ကြပါတယ်၊အဘယ့်ကြောင့် အခြားငှက်များကဲ့သို့ ခြေနှစ်ချောင်းလုံးမရပ်ပဲ
ခြေတစ်ချောင်းမြှောက် ခြေတစ်ချောင်းထောက် ထာားပါသလဲ၊ နောက်ခြေတစ်ချောင်း မြေ
ကြီးပေါ်ထောက်လျှင် မဟာပထ၀ီ မြေကြီးဟာ သူ့ကို ထမ်းဆောင်နိုင်မှာ မဟုတ်လို့ပါ၊
( သူသည် တရားရှိသူဖြစ်၍ တရားအကျင့်က ပြင်းထန်လွန်းသဖြင့် ခန္ဓုာကိုယ် အလွန်လေးလံ
သောကြောင့် မြေကြီးက သူ့ကိုဆောင်မထားနိုင်ဟု ပညာမဲ့သူများ ယုံအောင် တမင်ထွင်လုံး
သုံးလိုက်ခြင်းဖြစ်၏၊)။
ပါးစပ်ကို ဘာကြောင့် အမြဲတန်း ဖွင့်ထားပါသလဲဟု အခြားငှက်တစ်ကောင်က ထပ်မေးခွန်း ထုတ်ပြန်၏၊ ပါးစပ်ကို အမြဲတန်း ဖွင့်ထားတာက အခြားမဟုတ်ပါဘူး၊ အကုသိုလ်ဖြစ်မှာစိုး၍ တစ်ခြားဘာကိုမျှ မစားပဲ လေကိုသာ စား၍ နေပါသည်၊ဟု ပြန်ဖြေလိုက်လေ၏၊
ထို့နောက်တော့ ကျီးငှက်က ငှက်အပေါင်းကို ( ကိုးကွယ်ရာ တစ်ဆူ တင်မြှောက်စေရန် )
သူတော်ကောင်းဂိုက်ဖမ်း၍ အဆုံးအမ စတင်ပေးလေတော့၏၊

အိုဆွေတော်မျိုးတော် ငှက်အပေါင်းတို့ တရားကို ကျင့်သုံးကြကုန်လော့၊တရားကျင့်သုံးလိုက်
နာခြင်းသည် ကောင်းခြင်းမင်္ဂလာဖြစ်၏၊ တရားကျင့်သူသည် ဤဘ၀ နောက်ဘ၀တို့၌ ချမ်း
သာမှုနှင့် ပြည့်စုံနိုင်ပါ၏၊

ကျီးငှက်၏ အဆုံးအမစကား ကြားသောအခါ ရိုးသားသော ရိုးအသော ငှက်အပေါင်းသည်
ကျီး၏ ဇာတ်မြစ်ကိုလည်း မစုံစမ်းတော့၊ ကျီး၏ အမူအယာထူးခြားမှုနှင့် အဆုံးမသံပါသော
ဟန်ပန်ကို ကြည့်၍ ဆုံးဖြတ်လိုက်တော့၏၊ အင်မတန် တရားပြည့်ဝသော ကျီး သူတော် ကောင်းကြီးပါတကား။ ခြေတစ်ချောင်းဖြင့် ရပ်၍ အစာအဟာရအဖြစ် လေဓါတ်ကိုသာ
စားသော ငှက်မြတ်သူတော်စင်ကြီးပါတကား။

ငှက်အပေါင်းတို့သည် ပညာမပါသော ( စူးစမ်းမှုကင်းမဲ့သော ) ယုံကြည်ချက်ဖြင့် ကျီးငှက်
ပြောတိုင်း ယုံကြည်သွားကြတော့၏။ ဤကဲ့သို့သော ယုံကြည်မှုကို မျက်ကန်းယုံကြည်မှုဟု ခေါ်ဆိုပါ၏၊ ထို့နောက်တော့ သူတို့၏ကိုးကွယ်ရာ သူတော်စင်ကြီးအဖြစ် တင်မြှောက်ကာ သူတို့ဘ၀ သူတို့ငှက်မိသားစုအားလုံးတို့၏ ဘ၀ကို ( ယုံမှတ်၍ )ပုံအပ်လိုက်ကြတော့၏၊
ဤသည်မှာ တစ်ချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော ငှက်လောက၏ အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏၊

ငှက်လောက၌သာမဟုတ် လူ့လောက ဘာသာရေး လောက၌လည်း သမိုင်းတစ်လျှောက် ပြန်လှန်၍ကြည့်လိုက်လျှင် “ အံ့ဖွယ်သရဲ ” ကို အားကိုးစရာ အဖြစ်ထင်မှတ်ကာ ဘ၀တစ် ခုလုံး မိသားစုတစ်ခုလုံးကို ပုံအပ်ခဲ့သူများလည်း ရှိပြီး ရှိဆဲ ရှိလတံ့ပင်ဖြစ်ပါ၏၊၊
မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာဟု ခံယူထားပါလျှက် ဘုရားဟော မဟုတ်သည်များကို အဆန်း ထွင်ကာ ဟောနေသူ ကျင့်နေသူများကို အထင်ကြီး၏ လေးစား၏၊ အထူးအဆန်းဆို အရူး
အနှမ်းပမာ ( စူးစမ်းမှုကင်းမဲ့စွာ ) ယုံကြည်နေကြ၏၊ ယုံကြည်သွားကြ၏။ ကိုးကွယ်ဆည်းကပ်ကြ၏၊ထိုသူ၏ ကျင့်စဉ်သည် “ သီလ သမာဓိ ပညာ ” ပါ မပါ မစဉ်းစား၊ မဂ္ဂင်ရှစ်ပါးနှင့် ညီ မညီ မစဉ်းစား၊ပညာမဲ့သော ယုံကြည်ချက်သမား ဖြစ်သွားတော့၏၊
စေတနာဖြင့် ထိုသူ၏ ကျင့်စဉ်မှားယွင်းကြောင်း အထောက်အထားနှင့် တင်ပြလျှင်ပင်
တင်ပြသူကို မနာလိုသူ အပုတ်ချသူဟု သတ်မှတ်ကြ၏၊( တင်ပြသူ၏ အဆို ဟုတ် မဟုတ်
မှန် မမှန်ကိုပင် မစီစစ်တော့ )ဤသည်မှာ ဘာသာရေး ကိုယ်ခံအား နည်းမှုကြောင့် ဖြစ်၏၊

သမ္မာဒိဋ္ဌိ - ဟူသည် ကုသိုလ်ကိုလည်း သိရမည်၊ ဖြစ်ကြောင်းကိုလည်း သိရမည်။
အကုသိုလ်ကိုလည်း သိရမည် ၊ ဖြစ်ကြောင်းကိုလည်း သိရမည်ဟု အတိအလင်း ဟောထားပါ
၏၊ ထို့ကြောင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဟု ခံယူထားလျှင် သမ္မာဒိဋ္ဌိ - မှန်ကန်သော အမြင်
အသိ ရှိဖို့ ရှေးဦးစွာ အထူးပင် လိုအပ်ပါ၏၊။ ပညာမဲ့သူများသည် အထူးအဆန်းထွင်၍ ရိုက်စား
သူများ၏ စားကျက်တစ်ခုအဖြစ် ရောက်သွားနိုင်ပါ၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည်
မိရိုးဖလာ ယုံကြည်ချက်ထက်သာလွန်သော (သမ္မာဒိဋ္ဌိ) ပညာဖြင့် ဆုံးဖြတ် ယုံကြည်သော အနည်းဆုံး ဒုတိယအဆင့် သြကပ္ပနသဒ္ဓါဖြစ်ဖို့ အရေးကြီးပါ၏။(ဤကား စကားညှပ်တည်း)
( ဆက်ရန် ) ကောင်းသစ်
မူရင်းက ဒီမှာ http://newlightmyanmar.blogspot.com/

Thursday, February 10, 2011

သာဝတ္ထိမြို့အကြောင်း

ဇေတ၀န်ကျောင်းတော်ရာဖြစ်ပါတယ်

သာဝတ္ထိမြို့သည်မြတ်စွာဘုရားလက်ထက်တော်အခါကအိန္ဒိယနိုင်ငံတွင်မဂဓတိုင်းနှင့်ကောသလ
တိုင်းတို့သည်စစ်အင်အားအကြီးဆုံး နယ်ပယ်အကျယ်ဆုံးနိုင်ငံကြီးနှစ်နိုင်ငံဖြစ်ကြသည်.။ကောသလတိုင်းမှပသေနဒီကောသလမင်းကြီးနှင့်
မဂဓတိုင်းမှဗိမ္ဗိသာရမင်းကြီးတို့သည်တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီးထံမှပညာသင်ဘက်များဖြစ်ကြသည်။
ကောသလမင်းကြီး၏နှစ်မတော်ဝေဒေဟီမင်းသမီးကိုဗိမ္ဗိသာရမင်းကြီးကတောင်ညာစံဒေ၀ီမိဖုရားကြီးတင်
်မြောက်တော်မူသည်။ထိုအချိန်က သာဝတ္ထိမြို့သည်လူဦးရေ ၅ သန်းရှိသည်။
ပသေနဒီကောသလမင်းကြီးသည်မြတ်စွာဘုရား၏တပည့်သားရဟန်းတော်များအားအမြဲဆွမ်းဝတ်
တည်ထားတော်မူသည်။ရဟန်းသံဃာများသည်ဘုရင်နန်းတော်၌ဆွမ်းဘုဉ်းပေးခြင်းမပြုကြပဲဆွမ်းကိုယူ၍
ဝိသာခါ အနာထကိဏ်အိမ်သို့သွားရောက်ဆွမ်းဘုဉ်းပေးကြသည်။အကျိုးအကြောင်းစုံစမ်းသောအခါနန်းတော်၌
နန်းတော်၌ ရဟန်းသံဃာနှင့်ကျွမ်းဝင်သူမရှိ၍ဖြစ်ကြောင်းသိရလေ၏ကောသလမင်းကြီးသည်ရဟန်းသံဃာ
တော်များနှင့်ဆွေမျိုးတော်စပ်လိုသဖြင့်မြတ်စွာဘုရား၏ဆွေတော်မျိုးတော်သာကီဝင်မင်းတို့ထံသမီးကညာ
တောင်းခံလေတော့၏။မာန်မာနကြီးသောသာကီဝင်မင်းတို့သည်ကျွန်မသမီးတယောက်ကိုမင်းသမီးအဖြစ်
လှည့်ဖြားဆက်သလေ၏.ကောသလမင်းကြီးသည်ထိုမင်းသမီးကိုမိဖုရားအဖြစ်မြှောက်ရာ ၀ိဍ္ဍဍ္ဍူဘအမည်ရှိသားတော်တပါးဖွားမြင်လေ၏.သာကီဝင်မင်းတို့သည်ဝိဍ္ဍဍ္ဍူဘကိုကျွန်မသားဟု အရှက်ခွဲလေ၏။စစ်သူကြီးဒီဃာကာရာယနသည်ကောသလမင်းကြီးကိုနန်းချ၍၀ိဍ္ဍဍ္ဍူဘ ကိုနန်းတတ်စေသည်။ဝိဍ္ဍဍ္ဍူဘသည်သာကီဝင်တို့ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်လေရာထွက်ပြေးနိုင်သူ
ူအနည်းကျဉ်းသာလွတ်မြောက်လေပြီးအသက်ရှင်ကြရ၏။ဝိဍ္ဍဍ္ဍူဘသည်သာကီဝင်အမျိုးနွယ်ကိုသတ်ဖြတ်ပြီး
နောက်သာဝတ္ထိမြို့တော်အနီးသို့ရောက်သောအခါအစီရ၀တီမြစ်သောင်ခုံ၌ယာယီတဲနန်းဆောက်လုပ်၍
တညာဉ့်မျှနားနေ၏။ညအချိန်တွင်မမျှော်လင့်ပဲမြစ်ညာ၌မိုးရွာ၍တောင်ကျရေများရုတ်တရက်စီးဆင်းလာ၏ သောင်ခုံပေါ်၌ရှိသောဘုရင်နှင့်စစ်တပ်ကြီးသည်အစီရ၀တီမြစ်ရေအဟုန်၌မျောပါ၍အသက်ဆုံးရှုံးကြရသည်။။
ထို့နောက်သာဝတ္ထိမြို့ကိုအုပ်ချုပ်သောဘုရင်သည်ဂျိန်းဘာသာဝင်ဖြစ်၍ဗုဒ္ဓဘာသာကိုချီးမြောက်
ထောက်ပန့်ခြင်းမပြုချေ။မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်ဓာတ်တော်ဝေသောအခါကောသလ
တိုင်းသာဝတ္ထိမြို့မှဘုရင်သည်ဓါတ်တော်ဝေစုတောင်းခံခြင်းမပြုချေ ။ဘာသာရေးမရှိသောမင်းသည် မြို့သူမြို့သားတိုင်းပြည်သူ/သားတို့အားဘာသာရေးစသောဦးစားပေးမှုများပျောက်ကွယ်လာတော့၏။
ဆက်လက်မျှော်ပါဦး

သာဝတ္ထိမြို့တော်သို့အလည်ရောက်ရှိခြင်း.

မြတ်စွာဘုရားတန်ခိုးပြာဋိဟာပြတော်မူရာ(သရက်ဖြူကုန်း သာဝတ္ထိမြို့)
စိဉ္စာမာနမြေမြိုရာနေရာ ဇေတ၀န်ကျောင်းအနီး
ဇေတ၀န်ကျောင်းတော်ရာရှေ့၌ သူငယ်ချင်းတွေနှင့်အတူ
မြတ်စွာဘုရားဆွမ်းခံရာမှအပြန်ခြေဆေးတော်မူရာရေတွင်းကြီး
အရှင်အာနန္ဒစိုက်ပျိုးတော်မူသောအာနန္ဒာဗောဓိပင်
မှတ်မှတ်ရရပေါ့.၄.၂.၂၀၁၁ နေ့ သာဝတ္ထိရွှေမြို့တော်သို့ ကားလဲကြုံ၍ မြန်မာပြည်မှလာသောသူငယ်ချင်းများဖြစ်တဲ့ အရှင်တိက္ခဥာဏ နှင့်အရှင်သုနန္ဒ တို့ အားလိုက်ပို့ရင်း.မိမိသည်လည်းလိုအပ်တဲ့ကိစ္စလေးတခုရလိုမှုအတွက်နဲ့လိုက်ပါသွားခဲ့လေ၏။
မောင်တိုးတက်မှလည်းကားကြုံရှိ၍တကြောင်းသာဝတ္ထိမြို့သို့ဒုတိယမ္ပိ ၂ ကြိမ်မြောက်ရောက်ရှိခြင်းဖြစ်၏။မိမိရလိုမှုတခုကား အထူးတော့မဟုတ်ချေ.မြတ်စွာဘုရားရှင်အားစွပ်စွဲသော စိဉ္စာမာနမြေမြိုရာနေရာအမှတ်တရဓါတ်ပုံရလိုခြင်းကြောင့်ဖြစ်၏။တကယ်တော့ဘလော့ဂါ
တယောက်အနေနဲ့အမှတ်တရတခုလိုခြင်တာရယ် .မရောက်ဘူးသူတို့အားလည်းတွေ့ဘူးရလေအောင်တွေ့စေခြင်သောဆန္ဒကြောင့်ပေါ့.သာဝတ္ထိမြို့တော်သည် မြတ်စွာဘုရားဝါတော် ၄၅ ၀ါအနက် ၀ါဆိုများသောမြို့တမြို့ဖြစ်၏.၀ိသာခါကျောင်းအမကြီးလှူထားသောကျောင်းပုဗ္ဗာရုံကျောင်းနှင့် ဇေတမင်းသားနှင့်အနာထပိဏ်သူဌေးတို့ဆောက်လှူသောကျောင်း အစိရ၀တီမြစ်သည်လည်းထင်ရှားသောနားထဲ၌ ကြားဘူးသောမြစ် ၎င်းမြစ်သည် ပဋာစာရီသူဌေးသမီးသားကြီးရေမျောသောမြစ်ဖြစ်၏။ဝိဍ္ဍဍ္ဍူဘမင်းနှင့်စစ်သည်ဗိုလ်ပါတို့တညတာ
အိပ်စက်အနားယူနေစဉ်ရေလွှမ်းမိုးနစ်မြုတ်သုတ်သင်ခံခဲ့ရသည်။စိဉ္စာမာနမြေမြိုခံသည့်မြို့တော်လည်းဖြစ်၏။
မြတ်စွာဘုရားတန်ခိုးပြာဋိကာပြတော်မူသည့်မြို့လည်းဖြစ်၏။၎င်းနောက်အရှင်အာနန္ဒာသည်မြတ်စွာဘုရား
မရှိသည့်နောက်ပိုင်းပရိဘောဂစေတီအဖြစ်စိုက်ထူထားသောအာနန္ဒာဗောဓိပင်လည်းရှိ၏။
အာနန္ဒာဗောဓိဟုခေါ်ဝေါ်ကြ၏။
လမ်းခရီးမှာတော့အယုဒ္ဓမြို့တော်ကိုကျော်ဖြတ်၍သာဝတ္ထိမြို့သို့ဗာရာဏသီကနေကီလိုမီတာ
၃၇၀ကျော်သွားရ၏။တနေကုန်ကားပေါ်တွင်ကားစီးရင်းအထက်ပါအကြောင်းအရာလေးတွေ
ွတွေးပြီးမြတ်စွာဘုရားရှိစဉ်ကထိုနေရာတွေမှာစည်ကားမည်ဟုထင်မိ၏။လမ်းကားပေါ်မှနေ၍မြင
်တွေ့ရလိုက်သောရှုခင်းများမှာ.ဂျုံများ.စပါးခင်းများ ကြံခင်းများနှင့်စိမ်းစိမ်းစိုစိုတွေ့ရှိရ၏။ထိုဒေသသည် လယ်ယာမြေကောင်းသည်ဟူသတတ်.။ရေဖြင့်လွယ်ကူစွာစိုက်ပျိုးနိုင်သည်။ရေသည်လည်း ၁၀တောင်ခန့်တူးလိုက်သည်နှင့်ရေကိုရစေ၏။မြတ်စွာဘုရားလက်ထက်တော်အခါက တရားနာရာ လှည်းတို့ဖြင့်တရားကိုလာရောက်နာယူကြ၏။ဇေတ၀န်ကျောင်းတော်ရာရှေ့တည့်တည့်တွင် မြတ်စွာဘုရားနေ့စဉ်ဟောလေ့ရှိသောပလ္လင်သည်တွေ့မြင်နိုင်၏။ဆွမ်းခံရာမှအပြန်ခြေဆေးရာ
ရေတွင်းသည်လည်းယနေ့တိုင်မြင်တွေ့နိုင်၏။
ဆက်လက်ရေးပါဦးမည်.ဆိုတာ

Sunday, February 6, 2011

ရာဇဂြိုဟ်အမှတ်တရဓါတ်ပုံများ

နာလန္ဒာတက္ကသိုလ်ဟောင်းထဲမှာ သူငယ်ချင်းများနဲ့အတူပေါ့
ဂိဇ္ဈကုဋ်တောင်ခြေမှာ ဒီကားလေးနဲ့လည်ခဲ့ကြတယ်လေ.
နာလန္ဒာတက္ကသိုလ်ဟောင်းကြီး
တောင်၅ လုံးကာခိုထားတဲ့ရာဇဂြိုဟ်ဟာ မြူနှင်းတွေကျနေတယ်ပေါ့
ဇာတ်နိမ့်များရေချိုးရာနေရာလေးပါ..
ဇာတ်မြင့်ခွဲခြားရေချိုးကြသည်
ဗိမ္ဗိသာရမင်း၏ဘဏ္ဍာတော်တိုက်ပါ
ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော် (ဂျပန်နိုင်ငံမှတည်ထား၏)
မြတ်စွာဘုရားကျေင်းတော်ရာ.တောင်၅လုံးကာခိုမြို့ရာဇဂြိုဟ်
ဂိဇ္ဈကုဋ်တောင်ပေါ်တွင်ဤသို့တတ်ခဲ့ရသည်

ဗိမ္ဖိသာရနှင့်အဇာတသတ်

မြတ်စွာဘုရားလက်ထက်တော်အခါက အင်အားကြီးသောနိုင်ငံကြီး ၄ ခုရှိရာ မဂဓတိုင်း ရာဇဂြိုဟ်မြို့ ကောသလတိုင်း သာဝတ္ထိမြို့ဝစ္ဆတိုင်း ကောသမ္ဖီမြို့ အ၀န္တီတိုင်း ဥဇ္ဇေနီမြို့တို့ဖြစ်ကြ၏။အုပ်စိုးသောမင်းများမှာ အစဉ်တိုင်း ဗိမ္မိသာရမင်း .ပသေနဒီကောသလမင်း ဥတေနမင်း စဏ္ဍပဇ္ဇောတမင်း တို့ဖြစ်ကြလေ၏။ဗိမ္ဗိသာရမင်းကြီးသည် ပသေနဒီကောသလမင်းကြီး၏နှစ်မတော်ဝေဒေဟီကိုတောင်ညာစံမိဖုရားခေါင်ကြီးတင်မြောက်သည်။
ဥတေနမင်းသည်စဏ္ဍပဇ္ဇောတမင်းကြီး၏သမီးတော်ကိုမိဖုရားမြှောက်သည်။ဘုရားလောင်းတော
ထွက်လာသောအခါဗိမ္ဗိသာရမင်းကြီးကမင်းစည်းစိမ်တ၀က်ခွဲပေး၍တောမထွက်ရန်တောင်းပန်သည် တောင်းပန်၍မရသဖြင့် ဘုရားဖြစ်က ရာဇဂြိုဟ်သို့ပထမဦးဆုံးကြွလာဘို့ကတိတောင်းခံသည် ထိုကတိအတိုင်းပထမဦးဆုံးရာဇဂြိုဟ်သို့ကြွတော်မူခဲ့သည်။ဗိမ္ဗိသာရမင်းကြီးနှင့်ဝေဒေဟီမိဖုရားမ
ှအဇာတသတ်မင်းသားကိုဖွားမြင်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်မစံမီ ( ၈ )နှစ်အလို၌ အဇာတသတ်သည် ခမည်းတော်ကိုလုပ်ကြံ၍နန်းတတ်တော်မူသည်။ထိုအခါဦးရီးတော်ကောသလမင်းကြီးကအဇာတသတ်ကို
စစ်ကြေငြာပြီးတိုက်ခိုက်ခဲ့သည်။ ဤအချက်ကိုအခွင့်ကောင်းယူပြီးစဏ္ဍပဇ္ဇောတမင်းကရာဇဂြိုဟ်မြို့ကိုတိုက်ခိုက်ရန်စစ်ပြင်ဆင်သည်။
အဇာတသတ်သည်စဏ္ဍပဇ္ဇောတမင်းခုခံတိုက်ခိုက်ရန်ရာဇဂြိုဟ်မြို့တော်ဟောင်းမြောက်ဘက်၌ ခံတပ်မြို့သစ်ကိုတည်ဆောက်ခဲ့သည် ရာဇဂြိုဟ်မြို့တော်ဟောင်းမှာ တံခါးမကြီး ၃၂ ခုနှင့် တံခါးငယ် ၆၄ ခုရှိသည်ဗိမ္ဗိသာရမင်းကြီးနှင်းအဇာတသတ်မင်းကြီးကို ဗုဒ္ဒသာသနာ့ဒါယကာများအဖြစ်ပါဠိစာပေတို့၌ဖေါ်ပြသလို ဂျိမ်းဘာသာတို့ကလည်းဗိမ္ဗိသာရ
ကိုသေနိယဟု၎င်း အဇာတသတ်ကိုကူနိယဟု၎င်းခေါ်ကြသည်.။
ဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာ
ရာဇဂြိုဟ်မြို့၌ဂျိန်းဘာသာနှင့်ဗုဒ္ဓဘာသာတို့ခေတ်ပြိုင်ပေါ်ထွန်းလာခဲ့သည်။ရာဇဂြိုဟ်
တောင်ထိပ်များပေါ်၌ဂျိန်းဘုရားကျောင်းများစွာရှိသည်။ဂျိန်းဘုရားမဟာဝီရသည်ရာဇဂြိုဟ်၌ ၁၄ နှစ်နေထိုင်ခဲ့သည်။တိတ္တံကရ အမှတ်စဉ် ၂၀ ဖြစ်သောမုနိသုဗ္ဗတသည်ရာဇဂြိုဟ်မြို့၌ဖွားမြင်ခဲ့သည်။ထို့ပြင်မဟာဝီရ၏တပည့်ကြီး(ဂဏဓရ)
၁၁ဦးသည်ရာဇဂြိုဟ်တောင်ထိပ်၌ကွယ်လွန်ခဲ့ကြသည်။
ဝေဠုဝန်ကျောင်းတော်
ရာဇဂြိုဟ်မြို့နှင့်ရေပူစမ်းကြားတွင်ဝေဠုဝန်ကျောင်းတော်ရာရှိသည်။အဆောက်အဦ
ဟောင်းများရှာဖွေခြင်းမပြုလုပ်ရသေးချေ။ကျောင်းတော်ရာဟု သတ်မှတ်ထင်မြင်ထားသော
နေရာတ၀ိုက်တွင် ၀ါးရုံများစိုက်ပျိုးထားသည်။အလယ်တွင်ရေကန်ကြီးတခုရှိ၍ရေကန်ဘေးတွင်ဗုဒ္ဓရုပ်ပွားတော်တဆူတွေ့မြင်ရ၏။
ရေပူစမ်း
ဝေဠုဝန်ကျောင်းတော်မှ တောင်ဘက်တနေရာတွင်ရေပူစမ်းသို့ရောက်နိုင်သည်။ရေပူစမ်းမှာဝေဘာရတောင်ခြေတွင်ရှိသည်။ ၎င်းရေပူစမ်းနေရာတွင် အိန္ဒိယနိုင်ငံရှိမြို့တော်သူ/သားတို့ရေချိုးရန်လာရောက်ကြသည်။ဇာတ်မြင့်ဇာတ်နိမ့်ခွဲခြား
ကာရေချိုးရသည်။ထိုနေရာအရောက်တွင် ရေချိုးနေကြသော မိန်းမပျို မိန်းမအိုကြီးများနှင့်လူပျိုလူအိုကလေးလူကြီးမကျန် မိမိ၏ဇာတ်အပေါ်မှာမူတည်ကာရေချိုးကြရ၏.။မိမိသည်လည်းမဇ္ဈိမသားတို့ရဲ့ဇာတ်မြင့်ဇာတ်နိမ့်
ရေချိုးကြသည်များကို ဒုတိယမ္ပိ ၂ ကြိမ်မြောက်လေ့လာခွင့်ရ၏။ဇာတ်မြင့်တို့သည်အပေါ်ဆုံးနေရာ၌ရေချိုးကြ၏။ထို့နောက်ဇာတ်လတ်တို့သည် ဇာတ်မြင့်ရေချိုးပြီးကြလာသောရေများကိုချိုးကြရ၏။ဇာတ်နိမ့်တို့သည် ဇာတ်မြင့်ဇာတ်လတ်တို့ချိုးပြီးကြလာသောရေများကိုတဖန်ချိုးကြရ၏.။၎င်းဇာတ်နိမ့်တို့သည် မြေ၌တတောင်ခန့်ကန်သဘောမျိုးလုပ်ထားပြီး၎င်းရေများကိုကူးခတ်၍၎င်း ခပ်ချိုး၍၎င်းချိုးကြရ၏။ဇာတ်နိမ့်တို့၏ရေသည် ဆပ်ပြာစသည်တိုက်ချွတ်ချိုးပြီးကြလာသောရေဖြစ်၍ ရေ၏အရောင်သည်ဖြူဖတ်ဖတ်အရောင်သန်းနေတော့၏.။ဇာတ်မြင့်တို့ရေချိုးကြခြင်းသည် ပိုက်လုံးတလုံးထည်းမှကြလာသောရေကိုစုပေါင်းလုယက်ပြီးချိုးကြရ၏။မိန်းမရောယောက်ျားပါ ကလေးလူကြီးမရွေးအပြိုင်လုကာချိုးနေကြ၏။မိမိသည်လည်းအမှတ်တရကင်မရာကိုင်ကာ ဟိုဟိုသည်သည်ကြည့်ကာဓါတ်ပုံမှတ်တမ်းတင်မိ၏။ရိုက်ခွင့်ပြုသလားမပြုသလားကိုမတွေးမိ။
တနေရာအရောက် ဘန္တေကြီး ရေချိုးမှာလားဟူသောလူရွယ်တယောက်၏အမေး
မိမိလည်းလက်ခါပြလိုက်၏။သူတို့၏ရေချိုးပုံမှာလည်းအဆန်းသားဆပ်ပြာတိုက်၍ချိုးရသောနေရာ
နှင့်ဆပ်ပြာမတိုက်ရသောနေရာဟူ၍ခွဲခြားပြန်သည်။ရေချိုးရန်နေရာများမှာ သန့်ရှင်းမှုမရှိ။ခေတ်လဲမမှီ။ရေချိုးလာသူများမှာလည်းညစ်ပေနေသူကပို၍များပြား၏။၎င်းရေကိုချိုးပါက မဇ္ဈိမသားတို့၏အယူဝါဒသည် (၉၆)ပါးရောဂါများပျောက်ကင်းသည်ဟုအယူရှိကြ၏။ မိမိသည်လည်းသူတို့၏အယူသည်းမှုတွေကိုစဉ်းစားပြီးဟို ခပ်ရေးရေးမြင်တွေ့နေရသော ပထမသင်္ဂါယနာတင်ရာဝေဘာရတောင်ကိုကြည့်ပြီးအတွေးပေါင်းမြောက်များစွာဖြင့်၎င်း
ဆောင်းလေလေးတချက်တိုက်ခတ်မှုကြောင့်ဘေးဘီမှာကုလားမပျိုများရေချိုးအပြီးတွင်အင်္ကျီများလဲနေကြသောရှုခင်း.ထိုလဲနေရှာသောကုလားမပျိုလေးများကို သွားရည်ရိုကြည့်နေကြသောကုလားအမျိုးသားလေးများ နောက်ပြောင်ရယ်မောနေကြသောလူရွယ်တစု ဒါတွေကိုဥပေက္ခာပြုလျစ်လျူရှုပြီးထိုရေချိုးရာနေရာမှခပ်မြန်မြန်ရှောက်လာခဲ့တော့၏။
တနေရာအရောက် ဟေ့ ဘန္တေကြီးဆိုပြီးဆေးနီရောင်တို့ဖြင့်မိမိနဖူးအားသုတ်ပေးမည့်ဟန်ဖြင့် မိမိသည်လည်းလက်လေးကိုအသာပြပြီးခပ်သုတ်သုတ်လေးလျှောက်ခဲ့ရတော့၏။သူတို့၏
အယူဝါဒများကိုလက်မခံလိုသောကြောင့် ထိုနေရာတ၀ိုက်တွင်တွေ့မြင်ရသည်ကားနဖူးတွင်အနီရောင်တို့ဖြင့်တို့ကာသုတ်လိမ်းထားသော အဖိုးအိုကြီးများအတော်များများတွေ့ရှိရ၏။သူတို့ဓလေ့အရပြောရလျှင်တော့ သူတော်စဉ်လေလား.
ဒါမှမဟုတ် ဘုန်းကြီးလေလားမတွေးတတ်တော့။၎င်း အဖိုးအိုကြီးများသည်မိမိတို့ရဲ့ဝတ်ဆင်ထားသောသင်္ကန်းများကိုအထူးဆန်းအဖြစ်အတော်
များများဝိုင်းကြည့်နေကြ၏။အံ့ဩသောအမူယာတို့ဖြင့်၎င်း တချို့မိမိတို့အနီးမှာလာ၍ပိုက်ဆံတောင်းကြ၏။ခွက်လေးရှေ့ချကာပိုက်ဆံတောင်းနေကြသော
သက်ကြီးရွယ်အိုများတို့ဖြင့်များပြားစွာတွေ့ရှိရ၏။
ဩော် မဇ္ဈိမသားတို့ရယ်လို့ အတွေးလေးတခုရင်ထဲမှာဖြစ်တည်ပြီး.ကားပေါ်သို့တတ်ကာ
ရာဇဂြိုဟ်မြို့နာလန္ဒာတက္ကသိုလ်သို့ ကားလေးသည်အပြေးလေးမောင်းထွက်ကာခရီးဆက်လိုက်ရတော့၏။။